• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီတပ်သားများ ကော့ကရိတ်ရှိ ဖူ့ချိမူစခန်းအား စွန့်ခွာထွက်ပြေး

by စောလွင်
20 May 2024
in သတင်း
A A
စစ်ကောင်စီတပ်သားများ ကော့ကရိတ်ရှိ ဖူ့ချိမူစခန်းအား စွန့်ခွာထွက်ပြေး

၂၀၂၁ ခုနှစ်က ဖာပွန်ခရိုင်ရှိ အူးသူးထာ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် သိမ်းဆည်းရရှိခဲ့သည့် စစ်အသုံးဆောင်တချို့

3k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဖူ့ချိမူစစ်ကောင်စီစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော် (KNLA) နှင့် ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်ရာ စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ပူးပေါင်း တပ်များထံက သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်းရှိ အဆိုပါစခန်းသည် စစ်ကောင်စီခြေမြန် တပ်ရင်း (ခမရ ၅၅၈)၊ (ခမရ ၅၆၁) နှင့် ခြေလျင်တပ်ရင်း (ခလရ ၉၉၃)တို့ အခြေချတပ်စွဲထားသည့် စခန်းဖြစ်သည်။

အင်အား ၁၀၀ ဝန်းကျင်ရှိ ထိုစခန်းကို ပူးပေါင်းတပ်များက ရိက္ခာလမ်းကြောင်းများ ဖြတ်တောက်၍ ယခုရက်ပိုင်းတွင်း ၌ စီးနင်းပစ်ခတ်မှုများဖြင့် ထိုးစစ်ဆင်ခဲ့သည်။

နယ်မြေခံ KNLA တပ်ဖွဲ့ဝင်တဦးက “ပြီးခဲ့တဲ့ ၁၇ ရက် ၁၈ ရက်တွေမှာ သွားတိုက်ခိုက်တော့ စခန်းစွန့်ခွာ ထွက်ပြေး ကုန်တာ။ သူတို့ သယ်လို့မနိုင်တဲ့ လက်နက်ကြီးတွေနဲ့ လက်နက်တချို့ကို ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်” ဟု ပြောသည်။

ထိုစခန်းကို KNLA နှင့်ပေါင်းတပ်များ လနှင့်ချီ၍ ရိက္ခာဖြတ်တောက်ထားပြီး ဝိုင်းထားသည့်အခြေအနေတွင် လက်နက်နှင့်တကွအလင်းဝင်လာမှုများအပြင် ဖမ်းဆီးရမိသူတချို့လည်း ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ထို့နောက် လက်ရှိနောက်ဆုံး တိုက်ခိုက်ချိန်၌ စခန်းတွင်း ကျန်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေရာများခွဲ၍ စခန်းစွန့်ခွာထွက်ပြေးသွားကြကြောင်း ၎င်းက ဆိုသည်။

ထိုင်းနယ်စပ်ဘက် ဦးတည်ထွက်ပြေးနေသော ဖူ့ချိမူစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခဲ့သော ကိုယ်ဝန်ဆောင်အမျိုးသမီး ရုပ်အလောင်း/CJ

စခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ထိုင်းနယ်စပ်ဘက် ဦးတည်ထွက်ပြေးနေသော အင်အား ၂၀ ကျော်ရှိအဖွဲ့မှာ ယမန်နေ့တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့် အမျိုးသား ၃ ဦးကို သတ်ဖြတ်သွား သည်ဟု ဒေသခံအမျိုးသမီးတဦးက ပြောသည်။

၎င်းက “သူတို့က ပြေးတာ နယ်စပ်ထိမရောက်သေးဘူး။ နယ်မြေထဲရှိ ကျေးရွာတို့လမ်းတို့ဘက်မှာပဲ ရောက်သေး တယ်။ ရောက်တဲ့နေရာမှာတော့ ဒေသခံတွေကို လုပ်တာပဲ။ သေနတ်နဲ့ ပစ်သတ်တာ ၃ ယောက်၊ သေနတ်ဒင်နဲ့ ရိုက်သတ်တာ လူငယ် ၁ ယောက်” ဟု ဆိုသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံနယ်စပ်ရွာ ပိုင်ခလန်ကျေးရွာဘက်သို့ ဦးတည်သွား နေခြင်း ဖြစ်သည်။

“အဲဒီစခန်းက နယ်စပ်နဲ့ တအားတော့ မဝေးဘူး။ တအားလည်း မနီးဘူး။ ကျိုက်ဒုံကနေလာပြီး အဇင်းရွာ အရင် ရောက်မယ်။ ပြီးတော့ ရွာတွေဆက်ရှိတယ်။ ပြီးတော့မှ ဖူ့ချိမူ၊ ပြီးရင်ရွာဆက်ရှိတယ်။ ပြီးမှ မှနယ်စပ်” ဟု ဒေသခံအမျိုးသမီးတဦးက ပြောသည်။

ဖူ့ချိမူစခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်မှုများလည်းရှိနေပြီး ထိုစခန်းမှ ထိုင်းနယ်စပ်ဘက်ထွက်ပြေးသည့် အဖွဲ့သည် ထိုင်းဘက်ခြမ်းကို ရောက်ရှိခြင်း မရှိသေးဟု သိရသည်။

ပြီးခဲ့သောမတ်လက စခန်းစွန့်ခွာ၍ ထိုင်းနယ်စပ်ဘက် ထွက်ပြေးခဲ့ကြသည့် မယ်သရောထ စစ်ကောင်စီတပ်စခန်းနှင့် ရေတလျောက်တပ်စခန်းတို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိုင်းနိုင်ငံက စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

You may also like these stories:

KIA ထိုးစစ် ဝိုင်းမော်မြို့ကို ခြိမ်းခြောက်လာ

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

Your Thoughts …
Tags: KNLA ပူးပေါင်းတပ်ကော့ကရိတ်ထိုင်းနယ်စပ်ဖူ့ချိမူစခန်း
စောလွင်

စောလွင်

Similar Picks:

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

မြဝတီ တက်လာသည့် စစ်ကူယာဉ်တန်း KNLA ပူးပေါင်းတပ်များ တိုက်ခိုက်

မြဝတီ တက်လာသည့် စစ်ကူယာဉ်တန်း KNLA ပူးပေါင်းတပ်များ တိုက်ခိုက်

by စောလွင်
15 April 2024
11.6k

ကျားဖြူစစ်ကြောင်းမှ ကျုံဒိုးချောင်းဖျား၊ မြပတိုင်၊ ကော့နွဲနေရာ များသို့ ဆက်တိုက် လိုက်လံသုတ်သင်ရာ ၃၀ နီးပါး သေဆုံးကာ ဖောကား ၁ စီး ပျက်စီးခဲ့ပြီး အများအပြား ထွက်ပြေးသွားခဲ့သည်

ဒေါနတောင်ကျော်ပြီး အောင်ဇေယျစစ်ကြောင်း မြဝတီရောက်နိုင်မလား

ဒေါနတောင်ကျော်ပြီး အောင်ဇေယျစစ်ကြောင်း မြဝတီရောက်နိုင်မလား

by စောလွင်
10 May 2024
11.5k

အထိအခိုက် အကျဆုံးများနေသည့် အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်ပေါ် တကုန်းပြီး တကုန်း သိမ်းပိုက်ထိန်းချုပ်ပြီး မြဝတီသို့ ရောက်ရှိလာနိုင်ရန် မလွယ်ကူပေ။

မြဝတီကို KNLA ပူးပေါင်းတပ်များ ထိန်းချုပ်

မြဝတီကို KNLA ပူးပေါင်းတပ်များ ထိန်းချုပ်

by ဧရာဝတီ
6 April 2024
10.3k

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် ကရင်ပြည်နယ်၊ မြဝတီမြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူပေါင်းတပ်များက ထိန်းချုပ်လိုက်ကြောင်း သိရသည်။

ဒု စစ်ခေါင်းဆောင် အမိန့်ကြောင့် ထိုင်း တရုတ်ကုန်များ အဖမ်းအဆီးကြမ်း

ဒု စစ်ခေါင်းဆောင် အမိန့်ကြောင့် ထိုင်း တရုတ်ကုန်များ အဖမ်းအဆီးကြမ်း

by ဧရာဝတီ
17 October 2024
9.1k

ကုန်သွယ်ရေးမှာ တရားမဝင်ဆိုပြီး ဖမ်းရင် ကုန်သည်နဲ့ သုံးစွဲတဲ့ ပြည်သူပဲခံရမှာ။ လက်နက် ကိုင်က ဘာမှမနစ်နာသွားဘူး။ လက်နက်ကိုင်တွေက ကားတစီး သိန်း ၃၀၊ သိန်း ၄၀၊ အစားစားပဲ ကားဘီးအမျိုး အစား အပေါ် မူတည်ပြီး...

ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်

ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်

by စောလွင်
22 April 2024
6.6k

မြဝတီတွင် ပိတ်မိနေသည့် အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို ကူမည့် တပ်များသည် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မှ အဓိကသွားနေခြင်းဖြစ်ပြီး လမ်းဟောင်းအပါအဝင် အခြားတောလမ်းများ ၄ ခုခန့်တွင် စစ်ကြောင်းများခွဲ၍ တက်နေ သည်ဟုလည်း ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများကပြောသည်။

Next Post
ဘူးသီးတောင်တိုက်ပွဲကြောင့် ရိုဟင်ဂျာများ ထွက်ပြေးရ

ဘူးသီးတောင်တိုက်ပွဲကြောင့် ရိုဟင်ဂျာများ ထွက်ပြေးရ

ဘူးသီးတောင်တိုက်ပွဲနှင့် ရခိုင် လူမျိုးရေးပဋိပက္ခ စစ်တမ်း

ဘူးသီးတောင်တိုက်ပွဲနှင့် ရခိုင် လူမျိုးရေးပဋိပက္ခ စစ်တမ်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved