• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အင်းတော်ကြီးမှ အရေးပါသော တပ်စခန်းများ KIA တို့ သိမ်း

by ဧရာဝတီ
24 June 2024
in သတင်း
A A
အင်းတော်ကြီးမှ အရေးပါသော တပ်စခန်းများ KIA တို့ သိမ်း

အင်းတော်ကြီးဒေသရှိ ချောင်းဝစခန်းကို KIA တိုက်ခိုက်စဉ်

1.6k
VIEWS
Share on FacebookShare on Twitter

ဖားကန့်နှင့် မိုးညှင်း- ဟိုပင် ဆက်သွယ်ရာလမ်းပေါ်ရှိ အရေးပါသော ညောင်ပင်၊ ချောင်းဝနှင့် ဝှေလုံ စစ်တပ်စခန်း ၃ ခုအား ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော် (KPDF) ပူးပေါင်း တပ်တို့က ဇွန် ၂၃၊ ၂၄ ရက်များတွင် တပြိုင်နက်တိုက်ခိုက် သိမ်းပိုက်လိုက်သည်။

KPDF ပြောခွင့်ရှိသူ ကိုမင်းကိုက “သုံးနေရာကို တပြိုင်တည်းတိုက်တာပေါ့။ မနေ့က ည ၇ နာရီလောက်မှာ ညောင်ပင်ကိုအရင်ရတယ်၊ ပြီး တော့ ၈ နာရီကျော်လောက်မှာ ဝှေလုံရတယ်၊ ဒီနေ့မနက် ၄ နာရီလောက်မှာ ချောင်းဝကို ရတယ်။ အထက်ပိုင်း ဒီဘက် မှာဆိုရင် အဓိကကျတဲ့ လမ်းပိုင်းတွေလို့ ပြောလို့ရတယ်၊ အရင်တုန်းက ဒီဘက်ကနေ စစ်ကူလာပေးတယ်။ အခုတော့ ကျနော်တို့က ဖြတ်တောက်ထားနိုင်တယ်” ဟု ဆိုသည်။

ထိုစခန်းများသည် မြန်မာနိုင်ငံရှိ အကြီးဆုံး သဘာဝအင်းကြီးဖြစ်သော အင်းတော်ကြီးကန် အရှေ့မြောက်ဘက်ထိပ် တွင်ရှိပြီး စခန်းတခုလျှင် အင်အား ၃၀ ဝန်းကျင်ဖြင့် အထိုင်ချထားသည့် စခန်းများ ဖြစ်သည်။

တိုက်ပွဲတွင် နန့်မွန်းမြို့ အခြေစိုက် စစ်တပ်က လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူပေးခဲ့သော်လည်း သေဆုံး ဒဏ်ရာရမှုများဖြင့် စခန်းကို စွန့်သွားသဖြင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ဝှေလုံစခန်း သိမ်းတိုက်ပွဲ၌ KIA ပူးပေါင်းတပ်ဖွဲ့ဘက် ထိခိုက်မှုအချို့ ရှိခဲ့ကြောင်း KPDF ဘက်က ဆိုသည်။

သိမ်းပိုက်လိုက်သည့် စခန်းသုံးခုထဲမှ ညောင်ပင်စခန်းသည် ရွာအလယ်တွင် ရှိ၍ ပြည်သူများ တိမ်းရှောင်နိုင်စေရန် လက်နက်ကြီးနှင့် ဒရုန်းသုံးကာ ဦးစွာပစ်ပြီး ပြည်သူများ ထွက်ခွာပြီးချိန်မှသာ သိမ်းပိုက်ခဲ့ရကြောင်းလည်း KPDF က ပြောသည်။

အင်းတော်ကြီးဒေသရှိ KIA သိမ်းပိုက်ထားသည့် စစ်ကောင်စီစခန်းများ

ကချင်ပြည်နယ်အနှံ့ ထိုးစစ်ဆင်နေသည့် KIA ပူးပေါင်းတပ်အနေဖြင့် အင်းတော်ကြီးဒေသကို တကျော့ပြန် ထိုးစစ် ဆင်လာမှုသည် မိုးညှင်း- ဟိုပင်- မြစ်ကြီးနား (ရထားလမ်း၊ ကားလမ်း) လမ်းကြောင်းအား အနောက်ဘက်မှ ပိတ်ဆို့ လာသည့်အခြေအနေဖြစ်ပြီး ထိုလမ်းကြောင်းတလျောက် တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း စစ်ရေးလေ့လာသူတဦး က သုံးသပ်သည်။

၎င်းက “ညောင်ပင်၊ ဝှေလုံ၊ ချောင်းဝစခန်းတွေကို ထိန်းချုပ်လိုက်တော့ ဟိုပင်တို့ မိုးညှင်းတို့ကနေ ဖားကန့်ကို တက်ဖို့ လမ်းပိတ်သွားတယ်။ တဖက်ကလည်း သံလမ်းရိုး (မိုးညှင်း- မြစ်ကြီးနားလမ်းပိုင်း) ကို အနောက်ဘက်ကနေ ရံထားတဲ့ သဘောမျိုး ဖြစ်သွားတယ်။ သံလမ်းရိုးကို တိုက်မှာလား မတိုက်ဘူးလားဆိုတာတော့ ပြောရခက်တယ်၊ KIA ရဲ့ စစ်ရေး အခြေအနေက နေရာတကာ တိုက်လို့ရတဲ့ အနေအထားရှိတယ်” ဟု ပြောသည်။

မိုးညှင်းဒေသတဝိုက်ရှိ KIA သိမ်းထားသည့် စစ်စခန်းများပြ မြေပုံ

အင်းတော်ကြီးဒေသတွင် KIA ပူးပေါင်းတပ် သိမ်းပိုက်လိုက်သည့် ညောင်ပင်တပ်စခန်းအောက်ဘက်၌ လုံးတုံတပ် စခန်းနှင့် နန့်မွန်မြို့အခြေစိုက်တပ်များကျန်ရှိသည့်အပြင် ချောင်းဝတပ်စခန်းမှ နန့်ယားဘက်သို့ သွားရာလမ်းတွင်လည်း ဂျာရာယန်စစ်တပ်စခန်းတခု ကျန်ရှိသေးသည်။

နန့်မွန်းမြို့နှင့် အင်းတော်ကြီးဒေသကြီး စစ်စခန်းများတွင် စစ်တပ်နှင့် ရှမ်းနီပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းတပ်စွဲကြပြီး ယခုနှစ် ဇန်နဝါရီ ၂၃ ရက်ညပိုင်းက နန့်မွန်းမြို့အခြေစိုက် ပြည်သူ့စစ်စခန်းတခုအား KIA က ဒရုန်းနှင့်တိုက်ခိုက်ခဲ့ရာက မြို့တွင်းပစ်ခတ်မှုဖြစ်ပွားကာ ဒေသခံများ ယာယီတိမ်းရှောင်ခဲ့ကြရသည်။

အင်းတော်ကြီးဒေသအား အလုံးစုံသိမ်းပိုက်ရန် စစ်တပ်စခန်းများ ကျန်ရှိနေသေးသော်လည်း ထိုဒေသအတွင်း မြေပြင် စစ်တပ်ရိက္ခာနှင့် စစ်ကူလမ်းကြောင်းများ ဖြတ်တောက်ထားနိုင်ပြီး စိုးမိုးနယ်မြေများ ပိုမို လမ်းပွင့်လာကြောင်းနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုမင်းကိုက ပြောသည်။

၎င်းက “စစ်တပ်စခန်းတခုနဲ့တခု ချိတ်ဆက်ဖို့က ကျနော်တို့ တခုချင်း ဖြိုလိုက်တဲ့အခါမှာ နောက်ထပ်နေရာတွေကို သူတို့ တပ်ကူမလာနိုင်တော့ဘူး။ ကျနော်တို့က ဖြတ်တောက်ထားနိုင်တယ်ပေါ့၊ လက်ရှိ စစ်ရေးလှုပ်ရှားမှုက သံလမ်းရိုး တလျောက် ဦးတည်လာတယ်တော့ ပြောလို့ရတယ်။ ဒီနှစ်ပိုင်းမှာပဲ အရွေ့တခု၊ အပြောင်းအလဲတခုဖြစ်ဖို့ကို ကျနော်တို့ ကြိုးစားနေတယ်” ဟု ပြောသည်။

မိုးညှင်းဒေသတဝိုက်ရှိ KIA သိမ်းထားသည့် စစ်စခန်းများပြ မြေပုံ

အင်းတော်ကြီးဒေသတွင် တကျော့ပြန် တိုက်စစ်ဖွင့်လာသည့် KIA ပူးပေါင်းတပ်များအနေဖြင့် အင်းတော်ကြီးဒေသမှ မော်လူး- ပင်ဘောအထိ ကားလမ်း၊ ရထားလမ်းကြောတလျောက် တိုက်ပွဲဆက်ဖြစ်လာနိုင်ပြီး မိုးညှင်းအခြေစိုက် သံချပ်ကာတပ်ရင်းမှ သံချပ်ကာယာဉ်များ စစ်ရေးလှုပ်ရှားမှုရှိနေကြောင်း CDM ဗိုလ်ကြီးတဦးဖြစ်သူ ဇင်ယော်က သုံး သပ်ထားသည်။

KIA ပူးပေါင်းတပ်များအနေဖြင့် ကချင်ပြည်နယ်အတွင်း အဓိကမြို့ကြီးများကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မရှိသေး သော်လည်း လမ်းကြောင်းများ ဖြတ်တောက်တိုက်ခိုက်ကာ မြေပြင်စစ်ကူ၊ ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းများအား ပိတ်ဆို့ထားလျက် ရှိသည်။

You may also like these stories:

ကသာတွင် စစ်ကောင်စီ ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြန်ဖြစ်

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
49
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

ကန်ပိုက်တီ ကုန်သွယ်ရေးလမ်း KIA စစ်ဆင်၊ စခန်း ၃ခု ရရှိ

KIA အုပ်ချုပ်ရေးယန္တရား ရှမ်းမြောက်ဒေသ၌ တိုးချဲ့

Your Thoughts …
Tags: KIAKPDFစစ်ကောင်စီတပ်စခန်းဝှေလုံအင်းတော်ကြီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
ငပလီအရေး ခရိုနီများ ရတက်မအေး

ငပလီအရေး ခရိုနီများ ရတက်မအေး

စစ်ခေါင်းဆောင် ဉာဏ်ရည်နိမ့်ပါးတယ်လို့ ရေတပ် CDM ပြော (ရုပ်/သံ)

စစ်ခေါင်းဆောင် ဉာဏ်ရည်နိမ့်ပါးတယ်လို့ ရေတပ် CDM ပြော (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved