• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘန်ကောက်မြို့ကြီး စိမ်းလန်း စိုပြည်ရေး သစ်ပင်ပေါင်း ၁ သန်း ထပ်စိုက်မယ်

by ဧရာဝတီ
13 July 2024
in Weekend Reading, သတင်း
A A
ဘန်ကောက်မြို့ကြီး စိမ်းလန်း စိုပြည်ရေး သစ်ပင်ပေါင်း ၁ သန်း ထပ်စိုက်မယ်

ဘန်ကောက် မြို့တော်ခန်းမ ဝန်ထမ်းများ အပါအဝင် ပြည်သူ့ဝန်ထမ်းများနှင့်အတူ ဘန်ကောက်ရှိ Bang Bon ခရိုင်၊ Chalerm Phrakiat ပန်းခြံမှာ သစ်ပင်များ စိုက်ပျိုးနေကြတာကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်က တွေ့ရစဉ် / Bangkok Post

444
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကြီး စိမ်းလန်း စိုပြည်ရေး အတွက် အာဏာပိုင်တွေက သစ်ပင်ပေါင်း ၁ သန်း ထပ်မံ စိုက်ပျိုးရေး စီမံချက် ဖော်ဆောင်လိုက်ပါတယ်။

ကနဦး ရည်မှန်းချက် အပင်ရေ ၁ သန်းကို စီစဉ်ထားတဲ့ အချိန်ထက်စောပြီး အောင်မြင်စွာ စိုက်ပြီးသွားတဲ့ အတွက် အပင်ရေ ၁ သန်း ထပ်စိုက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ သစ်ပင် ၁ သန်း စိုက်ပျိုးဖို့ စည်းရုံးလှုပ်ရှားမှုဟာ သတ်မှတ်ထားချိန်ထက် ၂ နှစ်စောကာ ရည်မှန်းချက် ပြည့်မီ ခဲ့ကြောင်း ဘန်ကောက်မြို့တော် အာဏာပိုင် အဖွဲ့ (BMA) က လူမှုကွန်ရက်ပေါ်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ပြန် ခဲ့ပါတယ်။

အခုလို အပင်ရေ ၁ သန်း စိုက်ပျိုးရခြင်းဟာ ဘန်ကောက်မြို့တော်ကို သစ်ပင်ကြီးငယ်များနဲ့ စိမ်းလန်း စိုပြေစေရေး ဖြစ်ပြီး ဘန်ကောက် မြို့တော်ဝန် Chadchart Sittipunt ရဲ့ အရေးကြီး ပေါ်လစီများထဲက တခုဖြစ်တယ် လို့လည်း ဆိုပါတယ်။

မြို့တော်ဝန် အနေနဲ့ ၂၀၂၆ ခုနှစ်မှာ သူ့ရဲ့ မြို့တော်ဝန် တာဝန် ၄ နှစ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်လို့ သက်တမ်း မကုန်ဆုံးခင် အခုလို အပင်ရေ ၁ သန်းအထိ စိုက်ပျိုးနိုင်ဖို့ ရည်မှန်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့ Bangkok Post သတင်းမှာလည်း ဖော်ပြထားပါတယ်။

ရည်မှန်းချက် ပြည့်မီခဲ့ပေမယ့်လည်း ၎င်းတို့အနေနဲ့ လုပ်ဆောင်ချက်များကို မရပ်ပစ်ဘဲ နောက်ထပ် သစ်ပင် ၁ သန်း ဆက်လက် စိုက်သွားမှာ ဖြစ်ကြောင်း BMA ပြောရေး ဆိုခွင့်ရှိသူ Aekvarunyoo Amrapala ကလည်း ပြောကြား ပါတယ်။

ဘန်ကောက် ချက်တူချက် ခရိုင်မှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ အတွင်းက ပြုလုပ်တဲ့ သစ်ပင် စိုက်ပျိုးပွဲမှာ ပါဝင် ဆင်နွှဲတဲ့ ကနေဒါ သံရုံး အဖွဲ့ကို တွေ့ရစဉ် / The Nation

BMA ရဲ့ အဆိုအရ စီမံချက်အတိုင်း စိုက်ပျိုးထားတဲ့ အပင်အများစုဟာ အပင်ငယ်များသာ ဖြစ်တယ်လို့ သိရပါတယ်။

ကျန်အပင်များမှာ ချုံပင်နဲ့ မြေလျှောက်ပင်များ ဖြစ်လို့ အပင်ကြီး အမျိုးအစား သုံးသိန်းခွဲ (၃၅၀၀၀၀) ကို ဘန်ကောက် မြေပေါ်မှာ ထည့်သွင်း စိုက်ပျိုးထားတယ် လို့လည်း ဆိုပါတယ်။

မြို့တော်တွင်း ခရိုင်များ အားလုံးက ၈၀ ရာခိုင်နှုန်း စိုက်ပျိုးခဲ့ခြင်း ဖြစ်ပြီး ၂ ရာခိုင်နှုန်းမှာ မြို့တော်မှာ နေထိုင်တဲ့ သစ်ပင်စိုက် ဝါသနာပါသူ ၁ ဦးချင်းက စိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ အခြား ပုဂ္ဂလိက အဖွဲ့အစည်းများ နဲ့ BMA ရဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဌာန တို့က ပါဝင်စိုက်ပျိုးခြင်း ဖြစ်ကြောင်း စီမံကိန်း အတွက် ပြုလုပ်ထားတဲ့ BMA ရဲ့ ဝက်ဘ်ဆိုက် tree.bangkok.go.th မှာလည်း ဖော်ပြထားပါတယ်။

သစ်ပင် ၁ သန်းကို စိုက်ပျိုးခဲ့သူတွေကတော့ –

ဘန်ကောက် ခရိုင်အားလုံး – ၈၀၄,၇၉၁ ပင်

BMA ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဌာန – ၇၅,၄၃၆ ပင်

အခြား BMA အဖွဲ့အစည်းများ – ၉,၇၅၉ ပင်

ပုဂ္ဂလိက အဖွဲ့အစည်းများ၊ Private firms, အစိုးရအဖွဲ့အစည်းများ – ၁၁၀,၆၇၀ ပင်

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
10
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
430
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
33

တဦးချင်း စိုက်ပျိုးသူများ – ၂,၂၈၁ ပင်
တို့ ဖြစ်ပါတယ်။

Bang Khae ခရိုင်မှာ သစ်ပင်ပေါင်း ၆ သောင်းကျော် (၆၃,၆၆၇ ပင်) စိုက်ပျိုးခဲ့ပြီး ခရိုင်များ အားလုံးအနက် အပင်ရေ အများဆုံးဖြစ်ကာ Taling Chan ခရိုင်၊ Nong Chok ခရိုင်၊ Chom Thong ခရိုင်၊ Bueng Kum ခရိုင် နဲ့ Kannayao ခရိုင်တို့က အစဉ်လိုက် ပါဝင်ခဲ့တယ် လို့လည်း ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လ အတွင်းကလည်း သစ်ပင် ၁ သန်း စီမံကိန်းအရ သစ်ပင်များ စိုက်ပျိုးရာတွင် ကနေဒါ သံရုံး အဖွဲ့ဝင်များကလည်း ဗောဒိ ညောင်ပင် နဲ့ ပျဉ်းကတိုး အမျိုးအစား သစ်ပင်များ ပါဝင် စိုက်ပျိုးခဲ့ကြောင်း၊ သစ်ပင် ၇ သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း The Nation သတင်းမှာလည်း ဖော်ပြထားပါတယ်။

Your Thoughts …
Tags: BMAဘန်ကောက်ဘာသာပြန်မြို့တော်ဝန်သစ်ပင် ၁ သန်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

by ကြာဖက်နှင်း
24 August 2024
17.2k

မိမိကိုယ်ကို ခြောက်ပြစ်ကင်း သဲလဲစင်ဟု ကြွေးကြော်ခဲ့သူကြီး။ ဒီလိုနဲ့ လောဘကို မသတ်နိုင်တော့ မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ဖြစ်သွားခဲ့ရသည်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.9k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

by ဧရာဝတီ
22 December 2024
9.6k

သူဟာ ChatGPT အပါအဝင် AI စနစ်တွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ OpenAI ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဖွင့်ချရင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့်…

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.8k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

by ဧရာဝတီ
15 March 2025
7.4k

မကြာသေးခင် ကလည်း ဖက်ဒရယ် လုပ်သား အင်အားလျှော့ချမှုမှာ မတ်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်မှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

by ကြာဖက်နှင်း
4 May 2024
6.7k

အာဏာ မသိမ်းခင်ကလည်း ဒီခရိုနီတွေပဲ ဗိုလ်ချုပ်ကြီးတွေနဲ့ အတူတူ စီးပွားရေး လုပ်ခဲ့ကြတယ်။ တိုင်းပြည်ရဲ့ ဘတ်ဂျက်တွေကို၊ စီမံကိန်းတွေကို ခွဲဝေ စားသုံးခဲ့ကြတယ်။

Next Post
စစ်ကောင်စီ ဗဟိုဘဏ်ကို ပိတ်ဆို့အရေးယူချိန် တန်ပြီ

စစ်ကောင်စီ ဗဟိုဘဏ်ကို ပိတ်ဆို့အရေးယူချိန် တန်ပြီ

အသံတွေကြားနေရတယ် … ၆ လသက်တမ်းတိုးရင် တရုတ်လက်ခံပါ့မလား (ရုပ်/သံ)

အသံတွေကြားနေရတယ် … ၆ လသက်တမ်းတိုးရင် တရုတ်လက်ခံပါ့မလား (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved