နိုင်ငံ၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက် သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) သည် စစ်ကောင်စီ၏ အများပြည်သူဖိနှိပ်ရေး ယန္တရားတွင် အရေးပါသော အစိတ်အပိုင်း ဖြစ်လာသည်။ ၎င်းသည် စစ်ကောင်စီကို စစ်တိုက်ရန် ဘဏ္ဍာရေး ရင်းမြစ်များပေးသည့် အဓိက အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို တားဆီးရန် စစ်ကောင်စီက ကြိုးစားသည့် အဓိက အသုံးချခံ ဖြစ်လာသည်။
ဗဟိုဘဏ်ကို အရေးယူပိတ်ဆို့ခြင်းသည် စစ်ကောင်စီကို ငွေကြေးထောက်ပံ့မှုကို ကန့်သတ်ပြီး နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများအား ပိုထိရောက်စေသောကြောင့် ဦးစားပေး ဖြစ်သင့်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ၏ မကြာသေးမီက အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း မြန်မာဘဏ်များကို အရေးယူပိတ်ဆို့ခြင်းသည် လက်နက်ဝယ်ယူမှုကို ငွေကြေးထောက်ပံ့သည့် စွမ်းရည်ကို လျှော့ချရာတွင် ထိရောက်ကြောင်း ပြသနေသော်လည်း ငွေကြေးပံ့ပိုးမှု လမ်းကြောင်းပြောင်းခြင်း၊ ဘဏ်တခုချင်းစီနှင့် လိုက်တမ်းပြေးတမ်း အမြဲတမ်းပြုလုပ်နေရမှုကို ဖြစ်စေသည်။
ဗဟိုဘဏ်ကို အရေးယူပိတ်ဆို့ခြင်းသည် ဘဏ်လုပ်ငန်းစနစ်တခုလုံးကို ထိရောက်စွာ ပိတ်ပင်မည်ဖြစ်ပြီး မြန်မာစစ်ကောင်စီက ပြည်သူများကို ဖိနှိပ်ရာတွင် အသုံးပြုသည့် ရင်းမြစ်များကို ကန့်သတ်လိုက်မည် ဖြစ်သည်။
ဗဟိုဘဏ်ကို အရေးယူပိတ်ဆို့ခြင်းသည် ဘဏ်လုပ်ငန်းစနစ်တခုလုံးကို ထိရောက်စွာ ပိတ်ပင်မည်ဖြစ်ပြီး မြန်မာစစ်ကောင်စီက ပြည်သူများကို ဖိနှိပ်ရာတွင် အသုံးပြုသည့် ရင်းမြစ်များကို ကန့်သတ်လိုက်မည် ဖြစ်သည်။
ဗဟိုဘဏ်၏ အခန်းကဏ္ဍ
၁။ စစ်ကောင်စီကို ပြည်တွင်း ဘဏ္ဍာငွေထောက်ပံ့သူ
စစ်ကောင်စီက မြန်မာ့စီးပွားရေးကို အကြီးအကျယ် လွဲမှားစီမံခြင်းသည် စစ်ပွဲများကို ငွေကြေးထောက်ပံ့ရန် ဗဟိုဘဏ်အပေါ် အကြီးအကျယ် မှီခိုမှုဖြစ်စေသည်။ အခွန်ဝင်ငွေစနစ် ပြိုလဲခြင်းနှင့် စစ်အသုံးစရိတ် မြင့်မားခြင်းကြောင့် ဖြစ်လာသော ကြီးထွားလာသည့် ဘဏ္ဍာငွေ လိုငွေပြမှုကို ဗဟိုဘဏ်မှ ချေးယူခြင်းဖြင့်သာ ငွေကြေးထောက်ပံ့နိုင်သည်။ ယနေ့တွင် မြန်မာဘဏ္ဍာငွေ လိုငွေ၏ ၇၀ ရာခိုင်နှုန်းကျော်ကို ထိုနည်းဖြင့် ငွေကြေးပံ့ပိုးနေသည်။
ကမ္ဘာတဝန်းမှ ဗဟိုဘဏ်အများစုသည် ငွေစက္ကူပုံနှိပ်စက်များကို ထိန်းချုပ်ထားသည်။ သို့သော် အဆိုးရွားဆုံး အခြေအနေများတွင်မှအပ နိုင်ငံတော်ဘဏ္ဍာငွေ ထောက်ပံ့ရန်ကိစ္စအတွက် ငွေစက္ကူကို ပုံနှိပ်ထုတ်ဝေခြင်း မပြုကြတော့ပေ။
စစ်ကောင်စီကို ငွေကြေးထောက်ပံ့ရန် ဗဟိုဘဏ်၏ လိုအပ်ချက်ကြောင့် အဓိကအားဖြင့် ငွေစက္ကူ ရိုက်ထုတ်ရန် စဉ်းစားသုံးသပ်မှုများ ဖြစ်စေသည်။ ထိုအလေ့အထ၏ တိကျမှုကို တိုင်းတာရန် ခက်သော်လည်း ဗဟိုဘဏ်နှင့် မြန်မာဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ၏ သက်သေခံချက်များအရ အလွန်ကြီးမားကြောင်း ပြသနေပြီး စာရင်းပြင်ပ ငွေစက္ကူပုံနှိပ်ခြင်းသည် တရားဝင် ထုတ်ဝေထားသည့် ငွေစက္ကူနှင့် အကြမ်းအားဖြင့် တူညီနေသည်။
စစ်တပ်က ကနဦးလည်ပတ်သည့် ဗဟိုဘဏ်၏ ငွေစက္ကူထုတ်လုပ်မှုကို ပုံနှိပ်ပြားများ ပျက်စီးခြင်းနှင့် ငွေစက္ကူရိုပ်နှိပ်ရန် အရည်အသွေးရှိ စက္ကူရရှိမှုကသာ ကန့်သတ်နိုင်သည်။ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေသည့် စက္ကူရောင်းချခြင်းကို လွန်ခဲ့သော နှစ်နှစ်ကျော်တွင် ဂျာမန်လုပ်ငန်းတခုက ရပ်ဆိုင်းလိုက်ခြင်းကြောင့် ထိုသို့သော စဉ်းစားသုံးသပ်ချက်သည် တခါတရံ ထိရောက်ပြီး စစ်ကောင်စီအတွက် ထူးခြားသော ထိခိုက်လွယ်မှုဖြစ်သည်။
အာဏာသိမ်းစဉ်က တန်ဖိုး၏ သုံးပုံ တပုံအောက်သာ တန်တော့သော မြန်မာကျပ်ငွေသည် ယနေ့တွင် မြန်မာမှ ကုန်စည်နှင့် ဝန်ဆောင်မှု အများအပြားအတွက် ဖလှယ်ရေးကိရိယာ မဟုတ်တော့ဘဲ မှီခိုအားထားနိုင်ခြင်း မရှိသည့် ငွေစာရင်းယူနစ်တခုနှင့် ကျဆုံးသွားသော တန်ဖိုးသိုမှီးသည့် ကိရိယာ ဖြစ်လာသည်။
နိုင်ငံတော်ငွေစက္ကူ အကန့်အသတ်မဲ့ ချဲ့ထွင်ခြင်းသည် မြင့်မားသော ငွေကြေးဖောင်းပွမှု (၂၀၂၄ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်း နီးပါး) ကိုသာမက ငွေကြေး မတည်ငြိမ်မှုကိုလည်း ဖြစ်စေသည်။ အာဏာသိမ်းစဉ်က တန်ဖိုး၏ သုံးပုံ တပုံအောက်သာ တန်တော့သော မြန်မာကျပ်ငွေသည် ယနေ့တွင် မြန်မာမှ ကုန်စည်နှင့် ဝန်ဆောင်မှု အများအပြားအတွက် ဖလှယ်ရေးကိရိယာ မဟုတ်တော့ဘဲ မှီခိုအားထားနိုင်ခြင်း မရှိသည့် ငွေစာရင်းယူနစ်တခုနှင့် ကျဆုံးသွားသော တန်ဖိုးသိုမှီးသည့် ကိရိယာ ဖြစ်လာသည်။
စစ်ကောင်စီကို တိုက်ရိုက် ငွေကြေးထောက်ပံ့ခြင်းအပြင် ဗဟိုဘဏ်သည် စစ်တပ်ကို ထောက်ပံ့ရာတွင် မြန်မာဘဏ္ဍာရေးကဏ္ဍကိုလည်း လမ်းညွှန်သည်။ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံမှ ပုဂ္ဂလိကဘဏ်များသည် စစ်ကောင်စီ၏ ငွေချေးစာချုပ် ကျပ် ၁၀ ထရီလီယံကျော်ဖိုး (အာဏာမသိမ်းမီက ဘဏ်များ၏ ထုတ်ချေးငွေ သုံးပုံ တပုံ) ကို ဝယ်ယူရန် ဗဟိုဘဏ်၏ အတင်းအကျပ် ဖိအားပေးခံရသည်ဟု စာရေးသူက တွက်ချက်သည်။
အလားတူကာလအတွင်း နိုင်ငံပိုင်ဘဏ်များသည် နောက်ထပ် ကျပ် ၃ ထရီလီယံဖိုး ဝယ်ယူသည်။ ယခုအခါ စစ်တပ်သို့ ဘဏ်များက ငွေကြေးထောက်ပံ့ခြင်းသည် ဘဏ်လုပ်ငန်းကဏ္ဍ၏ အခြားငွေချေးသူ အားလုံးသို့ စုစုပေါင်း ထုတ်ချေးငွေထက် ကျော်လွန်နေပြီဖြစ်သည်။ ဗဟိုဘဏ်နှင့် ၎င်းကြီးကြပ်ကွပ်ကဲသည့် ကူးသန်းရောင်းဝယ်ရေး ဘဏ်များသည် စစ်တပ်၏ ဘဏ္ဍာရေးကဏ္ဍတွင် အဓိက အစိတ်အပိုင်း ဖြစ်သည်။
၂။ စစ်ကောင်စီ၏ နိုင်ငံခြားငွေရင်းမြစ်
စစ်ကောင်စီ၏ နိုင်ငံခြားငွေလဲလှယ်မှု ကြီးကြပ်ရေးကော်မတီ (SESC) နှင့်အတူ ဗဟိုဘဏ်သည် ပြည်ပမှ လေယာဉ်များနှင့် ဗုံးများကဲ့သို့သော အဆင့်မြင့် လက်နက်များ ဝယ်ယူရန် စစ်ကောင်စီ လိုအပ်သည့် နိုင်ငံခြားငွေ ရရှိရေးအတွက် စစ်တပ်၏ အဓိက ယန္တရားဖြစ်သည်။ ထိုလေယာဉ်များနှင့် ဗုံးများသည် တော်လှန်ရေး အင်အားစုများအပေါ် စစ်ကောင်စီ၏ အဓိက အားသာချက်ဖြစ်သည်။
သို့သော် မြန်မာတွင် နိုင်ငံခြားငွေ ရှားပါးသည်။ စစ်ကောင်စီသည် နိုင်ငံခြားအရန်ငွေကို ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံအထိ နိမ့်ကျစေပြီး ၂၀၂၀ ပြည့်နှစ်က ပမာဏ၏ ထက်ဝက်ကျော်သာ ရှိတော့သည်။ ၂၀၂၁ ခုနှစ်မှ စတင်ပြီး စစ်ကောင်စီသည် မူဝါဒလမ်းကြောင်းများ အားလုံးကို နိုင်ငံခြားငွေ များနိုင်သမျှ များများရရေးဘက် အရေးပေးသည်။
လက်တွေ့တွင်လည်း အခြားအစီအစဉ် များများမရှိတော့ဘဲ နိုင်ငံခြားငွေ ဝယ်ယူခြင်းသည် စစ်ကောင်စီလက်အောက် စီးပွားရေးမူဝါဒ ချမှတ်ခြင်း၏ အလုံးစုံသာဖြစ်သည်။ ထိုနယ်ပယ်တွင် ဗဟိုဘဏ်၏ အသိပေးအကြောင်းကြားစာများ၊ ညွှန်ကြားချက်များနှင့် အခြားလမ်းညွှန်ချက်များ တဒါဇင်ကျော်ရှိသည်
လက်တွေ့တွင်လည်း အခြားအစီအစဉ် များများမရှိတော့ဘဲ နိုင်ငံခြားငွေ ဝယ်ယူခြင်းသည် စစ်ကောင်စီလက်အောက် စီးပွားရေးမူဝါဒ ချမှတ်ခြင်း၏ အလုံးစုံသာဖြစ်သည်။ ထိုနယ်ပယ်တွင် ဗဟိုဘဏ်၏ အသိပေးအကြောင်းကြားစာများ၊ ညွှန်ကြားချက်များနှင့် အခြားလမ်းညွှန်ချက်များ တဒါဇင်ကျော်ရှိသည်ဟု စာရေးသူ မှတ်သားထားသည်။ ထိုကိစ္စအတွက် စစ်ကောင်စီက လုပ်ဆောင်သည့် လုပ်ရပ်များကို ဖော်ပြသော အစီအမံများတွင် အောက်ပါတို့ ပါဝင်သည်။
-စစ်ကောင်စီအလိုကျ အငြင်းပွားဖွယ် ငွေလဲနှုန်းဖြင့် နိုင်ငံခြားငွေစာရင်းများကို ကျပ်ငွေသို့ အတင်းအကျပ် လဲလှယ်စေခြင်း၊
-စစ်ကောင်စီအလိုကျ အငြင်းပွားဖွယ် ငွေလဲနှုန်းဖြင့် မြန်မာလုပ်ငန်းများ၏ ပို့ကုန်နှင့် အခြားဝင်ငွေများကို ကျပ်ငွေသို့ အတင်းအကျပ် လဲလှယ်စေခြင်း၊
-အလုပ်သမားများ၏ လွှဲပို့ငွေများကို ကျပ်ငွေသို့ အတင်းအကျပ် လဲလှယ်စေခြင်းနှင့် ထိုဝင်ငွေများကို အခွန် ပိုမို ကောက်ခံခြင်း၊
-စစ်ကောင်စီ၏ ဦးစားပေးများကို ငွေကြေးထောက်ပံ့ရာတွင် ကုန်သွယ်ဘက်၏ အသုံးဝင်မှုအရ ကျင့်သုံးသည့် ငွေလဲနှုန်းအမျိုးမျိုး ဖန်တီးခြင်း၊
-စစ်ကောင်စီ မဟာမိတ် အဓိကလုပ်ငန်း အနည်းငယ်မှအပ အခြား နိုင်ငံခြားငွေ ရောင်းဝယ်ရေးလိုင်စင် အားလုံးကို ဖျက်သိမ်းခြင်းနှင့် အခြားငွေကြေး ရောင်းဝယ်သူများကို အလုံးအရင်းဖြင့် ဖမ်းဆီးခြင်း၊
-မြန်မာတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ပြည်ပသို့ အမြတ်ခွဲဝေခြင်းနှင့် ငွေပေးချေခြင်း လုပ်ရာတွင် အငြင်းပွားဖွယ် ကန့်သတ်ချက်များ၊
-ပြည်ပ ငွေထုတ်ချေးသူများက ခွင့်ပြုချေးငွေများ အတိုးနှင့်အရင်း ပေးချေမှု ဆိုင်းငံ့ရန် မြန်မာလုပ်ငန်းများကို ညွှန်ကြားပြီး နိုင်ငံတော်လမ်းညွှန်သည့် ကြွေးမြီမဆပ်သော အမိန့်တို့ ဖြစ်သည်။
၃။ အရေးယူပိတ်ဆို့မှုများ ရှောင်ရှားရန် စစ်ကောင်စီကို လွယ်ကူအောင် ပြုလုပ်ပေးခြင်း
စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ပြီးနောက် အမေရိကန် ပြည်ထောင်စု ဦးဆောင်သည့် နိုင်ငံအများအပြားက မြန်မာစစ်ကောင်စီ၊ စစ်ကောင်စီခေါင်းဆောင်များနှင့် အဖွဲ့အစည်းများကို အရေးယူပိတ်ဆို့မှုများ ချမှတ်သည်။
တုံ့ပြန်သည့်အနေဖြင့် ဗဟိုဘဏ်သည် မြန်မာ့ကုန်သွယ်ရေးနှင့် နိုင်ငံတကာငွေပေးချေမှုကို အမေရိကန်ဒေါ်လာမှ လမ်းခွဲပြီး တရုတ်ရီမင်ဘီ (၎င်းတို့အကြိုက်)၊ ထိုင်းဘတ်၊ ရုရှားရူဘယ်နှင့် အခြားငွေများသို့ ပြောင်းရန် ရည်ရွယ်သည့် ကြေညာချက် အများအပြား ထုတ်ပြန်သည်။ သို့သော် စစ်ကောင်စီ၏ မိတ်ဆွေများက ငွေမာဖြင့်ပေးရန်နှင့် ရုရှားဆိုလျှင် ရွှေဖြင့်ပေးရန်သာ တောင်းဆိုသောကြောင့် ထိုသို့သော အားထုတ်မှုများသည် ထူးထူးခြားခြား ထိရောက်မှုမရှိဘဲ ဒီမိုကရက်တစ်ကမ္ဘာကို စစ်ကောင်စီ၏ ရန်လိုမှုသင်္ကေတသာ ဖြစ်သည်။
၄။ စုံစမ်းထောက်လှမ်းရေးနှင့် ဖိနှိပ်ရေး ကိရိယာ
ဗဟိုဘဏ်သည် စစ်ကောင်စီက ၎င်းတို့အုပ်ချုပ်ရေးကို ဆန့်ကျင်တော်လှန်မှုအား ခြေရာခံ ဒဏ်ခတ်ရန် မိုဘိုင်းငွေကြေးနှင့် အခြားဘဏ္ဍာရေး နည်းပညာ (fintech) များ သုံးရန်အတွက် အဓိကကျသည့် အသုံးချခံ ဖြစ်လာသည်။ စီးပွားရေး တိုးတက်မှုနှင့် ဘဏ္ဍာရေးတွင် အားလုံးအကျုံးဝင်မှုကို မောင်းနှင်ရန်အတွက် မြန်မာကဲ့သို့သော နိုင်ငံတခုတွင် fintech ကို မည်သို့သုံးနိုင်ကြောင်း ပြသသည့် ဥပမာအဖြစ် တခါက မြင်ခဲ့ကြသော်လည်း ဗဟိုဘဏ်သည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည်ဟု သတ်မှတ်ခံရသည့် ဘဏ်စာရင်းပေါင်း ၁၈,၀၀၀ ခန့်ကို ပိတ်ပြီး ပိုင်ဆိုင်မှုများကို သိမ်းယူနိုင်သည့် နည်းလမ်းတခုအဖြစ် မိုဘိုင်းငွေကြေးကို ပြောင်းလဲပစ်လိုက်သည်။
မူလက ငွေကြေးခဝါချမှုကို ဖော်ထုတ်ရန် ပြုလုပ်ထားသည့် “သင့်ဖောက်သည်အကြောင်း သင်သိပါ” ဆိုသည့် စည်းကမ်းများသုံးပြီး ဗဟိုဘဏ်က ဘဏ်များအားလုံး၊ မိုဘိုင်းပိုက်ဆံလုပ်ငန်းများ အားလုံးနှင့် ဆက်သွယ်ရေး ကုမ္ပဏီအားလုံးကို အချိန်နှင့် တပြေးညီ စောင့်ကြည့်ထောက်လှမ်းခြင်းတွင် အတင်းအကျပ် ပါဝင်စေသည်။
မူလက ငွေကြေးခဝါချမှုကို ဖော်ထုတ်ရန် ပြုလုပ်ထားသည့် “သင့်ဖောက်သည်အကြောင်း သင်သိပါ” ဆိုသည့် စည်းကမ်းများသုံးပြီး ဗဟိုဘဏ်က ဘဏ်များအားလုံး၊ မိုဘိုင်းပိုက်ဆံလုပ်ငန်းများ အားလုံးနှင့် ဆက်သွယ်ရေး ကုမ္ပဏီအားလုံးကို အချိန်နှင့် တပြေးညီ စောင့်ကြည့်ထောက်လှမ်းခြင်းတွင် အတင်းအကျပ် ပါဝင်စေသည်။
ငွေစာရင်းအားလုံးသည် မှတ်ပုံတင်ထားသည့် ဆင်းမ်ကတ်၊ အမျိုးသားမှတ်ပုံတင်၊ အခြားမှတ်ပုံတင်များနှင့် ချိတ်ဆက်ထားရန် လိုအပ်ပြီး မြန်မာ၏ မိုဘိုင်းငွေကြေးကဏ္ဍကို စစ်ကောင်စီ၏ စောင့်ကြည့်ထောက်လှမ်းသည့် စနစ်နှင့် ပြည်သူကို စစ်ဆင်ခြင်းတွင် အဓိက အစိတ်အပိုင်း ဖြစ်စေသည်။
၅။ စစ်ကောင်စီ၏ ရာဇဝတ်မှုများတွင် ကြံရာပါ
နိုင်ငံရေးရန်သူများကို ဖိနှိပ်ရန် fintech ကို တစိုက်မတ်မတ် အသုံးချနေသော်လည်း စစ်ကောင်စီသည် fintech ကို ရာဇဝတ်မှုအတွက် အသုံးပြုခြင်းနှင့် ပတ်သက်ပြီး မည်သည်ကိုမှ လုပ်ဆောင်ခြင်း မရှိပေ။ တရားမဝင် စီးပွားရေးနှင့် နိုင်ငံ၏ ဘဏ္ဍာရေးစနစ်ကို အဆက်ဖြတ်ရန် အတိတ်က အားထုတ်မှုများအား ဗဟိုဘဏ်က ထိထိရောက်ရောက် စွန့်လွှတ်လိုက်သည်။ မသိနားမလည်ခြင်းနှင့် လျစ်လျူရှုခြင်းသည် ထိုကိစ္စတွင် တစိတ်တပိုင်း ပါဝင်သော်လည်း ဆိုက်ဘာရာဇဝတ်မှု ပုံစံသစ်များတွင် ကြံရာပါဖြစ်ခြင်း (အထူးသဖြင့် မြန်မာနိုင်ငံသား မဟုတ်သူများကို ပစ်မှတ်ထားသော ဆိုက်ဘာရာဇဝတ်မှုများ) သည် ပြောင်းလဲရမည့် အဓိကအချက်ဖြစ်သည်။
ထို့ကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ကမ္ဘာ့ထိပ်တန်း အေဂျင်စီဖြစ်သည့် Financial Action Taskforce က ယခုအခါ မြန်မာကို အီရန်၊ မြောက်ကိုရီးယားတို့နှင့်အတူ အမည်ပျက်စာရင်း သွင်းထားသည်။
ဗဟိုဘဏ် အသွင်သဏ္ဍန်သည် လုပ်ရပ်များကြောင့် စစ်တပ်၏ ခေါင်းဆောင်မှုနှင့် ဝန်ထမ်းခန့်ထားမှုအတွက် ဖန်တီးထားသည့် အင်စတီကျူးရှင်း အဖြစ် ပြောင်းလဲသွားသည်မှာ အံ့သြစရာ မဟုတ်ပေ။ ယခုအခါ ဗိုလ်ချုပ်ဟောင်း သုံးဦးတို့သည် ဗဟိုဘဏ် ဒုဥက္ကဋ္ဌရာထူး သုံးနေရာကို ယူထားပြီး ဒုဗိုလ်မှူးကြီး အများအပြားသည် မူဝါဒနှင့် လုပ်ငန်းလည်ပတ်မှု ကဏ္ဍများတွင် အကြီးအကဲများ ဖြစ်ကြသည်။ နိုင်ငံပိုင် အခြားဘဏ်များတွင်လည်း အခြေအနေသည် အလားတူပင်ဖြစ်ပြီး နိုင်ငံပိုင်ဘဏ်များအနက် အကြီးဆုံး ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်ကို အဆင့်အသီးသီးတွင် ဗိုလ်မှူး၊ ဗိုလ်ကြီးများ စီမံနေသည်။
ဗဟိုဘဏ်ကို အရေးယူပိတ်ဆို့ခြင်း
ဗဟိုဘဏ်သည် စစ်ကောင်စီ စစ်ယန္တရား၏ အဓိကကျသည့် အစိတ်အပိုင်းဖြစ်သည်။ ရက်စက်ကြမ်းကြုတ်မှုကို ငွေကြေးထောက်ပံ့သည့်၊ ကျူးလွန်သူများ အရေးယူ မခံရစေရန် ကူညီသည့် အသုံးချခံဖြစ်သည်။ မတရားအုပ်ချုပ်ခြင်းနှင့် လူ့အခွင်ရေး ချိုးဖောက်မှုကို ဖြစ်စေပြီး နိုင်ငံတကာစံနှုန်းများကို ဆန့်ကျင်ရာတွင် ငွေကြေးထောက်ပံ့သည်။ နိုင်ငံတော်ဗဟိုဘဏ်သည် ရာဇဝတ်မှုတွင် ကြံရာပါဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ရုရှား၊ အီရန်နှင့် အာဖဂန်နစ္စတန် ဗဟိုဘဏ်များကို အရေးယူပိတ်ဆို့မှုများ ချမှတ်သကဲ့သို့ပင် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ကို အရေးယူပိတ်ဆို့မှု ချမှတ်သင့်သည်။
မကြာသေးမီနှစ်များအတွင်း ရုရှား၊ အီရန်နှင့် အာဖဂန်နစ္စတန် ဗဟိုဘဏ်များကို အရေးယူပိတ်ဆို့မှုများ ချမှတ်သကဲ့သို့ပင် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ကို အရေးယူပိတ်ဆို့မှု ချမှတ်သင့်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်တွင် ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများကို နယူးယောက် ဗဟိုဘဏ်တွင် ထိန်းသိမ်းလိုက်ခြင်းဖြင့် အမေရိကန် ပြည်ထောင်စုသည် လိုအပ်သည့် ခက်ခဲသော အလုပ်အများအပြား လုပ်ဆောင်ခဲ့ပြီး ဖြစ်သော်လည်း အသိအမှတ်ပြုမှု များစွာမခံရသေးပေ။ ယခုအချိန်သည် ဗဟိုဘဏ်ကို အမေရိကန် ပြည်ထောင်စုက တရားဝင် အရေးယူပိတ်ဆို့မှုလုပ်ရန်နှင့် အခြားနိုင်ငံများက ထိုအရေးယူပိတ်ဆို့ရာတွင် ပါဝင်ရမည့်အချိန် ဖြစ်သည်။
ဗဟိုဘဏ်ကို အရေးယူခြင်းသည် သာမန်နိုင်ငံသားများကို ထိခိုက်စေနိုင်သည်ဟု အချို့က ပြောကောင်းပြောနိုင်သည်။ လက်တွေ့တွင် စစ်ကောင်စီသည် သာမန်ပြည်သူများကို အန္တရာယ်ပေးရန် ဗဟိုဘဏ်ကို အသုံးချနေပြီး စီးပွားရေး တည်ငြိမ်စေရန် တခုတည်းသော နည်းလမ်းမှာ ညံ့ဖျင်းပြီး ရက်စက်ကြမ်းကြုတ်သော မြန်မာစစ်တပ်ကို အာဏာမှ ဖယ်ရှားရေးသာ ဖြစ်သည်။
အရေးယူပိတ်ဆို့မှုများသက်သက်သည် မြန်မာတွင် အပြောင်းအလဲဖြစ်စေမည် မဟုတ်သော်လည်း မြန်မာသို့ လွတ်လပ်မှု ပြန်လည် ဆောင်ယူပေးနေသူ အများအပြားနှင့် ပိုမိုနီးကပ်သည့် လက်တွဲမှု ဖြစ်သည်။
(USIP ပါ Sean Turnell ၏ How Myanmar’s Central Bank Facilitates the Junta’s Oppression ကို ဘာသာပြန်သည်။ ရှောင်တာနဲလ်သည် ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီရှိ လိုဝီအင်စတီကျုတွင် ဝါရင့်သုတေသီနှင့် မြန်မာအရပ်သားအစိုးရ (၂၀၁၆-၂၀၂၁) ၏ စီးပွားရေး အကြံပေးဟောင်း ဖြစ်သည်။ မြန်မာတွင် အာဏာသိမ်းမှုဖြစ်ပြီးနောက် သူ့ကို ဒေါ်အောင်ဆန်းစုကြည်၊ အခြားအစိုးရအဖွဲ့ဝင်များနှင့်အတူ ထောင်ချသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ပြန်လည် လွတ်မြောက်သည်။)
You may also like these stories:
စစ်ကောင်စီက ရိုးမဘဏ်ပိုင်ရှင်ကို ဖမ်းဆီး
စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်
ပြည်တွင်းဘဏ်များ၌ ငွေအပ်နှံသူမရှိ ဖြစ်လာ
ဘဏ်များကို ဗဟိုဘဏ် ငွေထုတ်မပေးနိုင်တော့
ဘဏ်များ အရေးယူမည့်ကိစ္စ အိမ်ခြံမြေ ဈေးကွက် ထိခိုက်နိုင်
ဘဏ်တွေကို အရေးယူတာ စရဖလက်ချက် (ရုပ်/သံ)