• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အီလွန်မတ်စ် က ထရမ့်ကို ထောက်ခံပေမယ့် သူ့ ဝန်ထမ်းတွေကတော့ ဟဲရစ်ပဲတဲ့

by ဧရာဝတီ
22 September 2024
in သတင်း
A A
အီလွန်မတ်စ် က ထရမ့်ကို ထောက်ခံပေမယ့် သူ့ ဝန်ထမ်းတွေကတော့ ဟဲရစ်ပဲတဲ့

အီလွန်မတ်စ်ကို ပြီးခဲ့တဲ့ မေလ ၆ ရက်က ကယ်လီဖိုးနီးယား ပြည်နယ် ဗီဘာလီ ဟေးလ်မှာ ကျင်းပတဲ့ Milken Conference 2024 ကမ္ဘာလုံး ဆိုင်ရာ ညီလာခံ အစည်းအဝေးမှာ တွေ့ရစဉ် / Reuters

1.4k
VIEWS
Share on FacebookShare on Twitter

ဘီလီယံနာ တဦးဖြစ်တဲ့ အီလွန်မတ်စ်က ရစ်ပတ်ဘလစ်ကန် ပါတီ သမ္မတလောင်း ဒေါ်နယ် ထရမ့်ကို လာမယ့် အမေရိကန် ရွေးကောက်ပွဲ အတွက် ထောက်ခံ အားပေးသော်လည်း သူ့ ဝန်ထမ်းတွေထဲမှာတော့ ဒီမိုကရက် သမ္မတလောင်း ကမ်မလာ ဟဲရစ်ကို ထောက်ခံ အားပေးနေပါတယ်။

အီလွန်မတ်စ် ပိုင်တဲ့ ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ တက်စ်လာ (Tesla) ဝန်ထမ်းတွေဟာ ကမ်မလာ ဟဲရစ်ရဲ့ မဲဆွဲပွဲ အတွက် ၄၂၈၂၄ ဒေါ်လာ ရန်ပုံငွေထည့်ဝင် လှူဒါန်းခဲ့ပြီး ထရမ့်ရဲ့ မဲဆွယ်ပွဲ အတွက်ကိုတော့ ဒေါ်လာ ၂၄၈၄၀ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို မျှဝေပေးနေတဲ့ အကျိုးအမြတ် မယူ၊ ပါတီစွဲမရှိ အဖွဲ့အစည်း ဖြစ်တဲ့ OpenSecrets ရဲ့ အဆိုအရ သိရပါတယ်။

ဒါ့အပြင် အီလွန်မတ်စ်ပိုင် အာကာသ စူးစမ်း လေ့လာရေး ကုမ္ပဏီ Space X ရဲ့ ဝန်ထမ်းတွေကလည်း ဟဲရစ် အတွက် ၃၄၅၂၆ ဒေါ်လာ လှူဒါန်းခဲ့ပြီး ထရမ့် အတွက် ၇၆၅၂ ဒေါ်လာသာ လှူဒါန်းခဲ့ကြောင်း၊ ၎င်းပိုင် ဆိုရှယ်မီဒီယာ X ရဲ့ (Twitter အမည်ပြောင်း) ဝန်ထမ်းတွေကလည်း ဟဲရစ် အတွက် ၁၃၂၁၃ ဒေါ်လာ လှူဒါန်းခဲ့ပြီး ထရမ့်အတွက်ကိုတော့ ဒေါ်လာ ၅၀၀ သာ လှူဒါန်းမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

မဲဆွယ်ပွဲ ရန်ပုံငွေအတွက် နည်းပါးတဲ့ ပမာဏဖြစ်သော်လည်း ဒါဟာ အီလွန်မတ်စ် နဲ့ ဆန့်ကျင်နေတဲ့ နိုင်ငံရေး ထောက်ခံမှု ဆန္ဒသဘောထားတွေကို တွေ့မြင်ခဲ့ရတာပါ။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် တဦး ဖြစ်တဲ့ အီလွန်မတ်စ် အနေနဲ့ X ပေါ်မှာ ထရမ့်အတွက် အားပေး ထောက်ခံမှု တွေကို မြှင့်တင်ပေးခဲ့ပြီး Woke Mind Virus လို့ ခေါ်ကြတဲ့ လက်ဝဲယိမ်း အတွေးအခေါ်နဲ့ ပတ်သက်တာတွေကို ဖယ်ရှားပစ်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၀ မေ ၃၀ က ဒေါ်နယ် ထရမ့် နဲ့ အီလွန်မတ်စ်ကို အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ရှိ အာကာသ အေဂျင်စီ NASA ရှိ Kennedy Space Center မှာ တွေ့ရစဉ် / Reuters

ဝန်ထမ်းတွေရဲ့ ထောက်ခံမှု သဘောထားအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို အီလွန်မတ်စ်က တုံ့ပြန်မှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

၎င်းဟာ ၂၀၂၀ မှာ သမ္မတ ဂျိုးဘိုင်ဒန်ကို ထောက်ခံခဲ့သော်လည်း အဲ့ဒီနောက်ပိုင်းက စပြီး လက်ယာယိမ်း သမား ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

သမ္မတဟောင်း ထရမ့်ကလည်း လာမယ့် နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ သူသာ အနိုင်ရခဲ့ရင် အီလွန်မတ်စ်ကို Government Efficiency Commission အား ဦးဆောင်ခိုင်းမယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
45
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
36
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
246

OpenSecrets ရဲ့ အချက်အလက်တွေ အရ မဲဆွယ်ပွဲ ဖြစ်မြောက်ရေး အတွက် ကုမ္ပဏီ ဝန်ထမ်းတွေ၊ ကုမ္ပဏီ ပိုင်ရှင်တွေနဲ့ မိသားစုဝင်တွေရဲ့ လှူဒါန်းမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။

မဲဆွယ်ပွဲ ဘဏ္ဍာရေး ဥပဒေမှာတော့ ကုမ္ပဏီများကို ကုမ္ပဏီနာမည်နဲ့ လှူဒါန်းခွင့်မပြုဘဲ တာမြစ်ထားတယ်လို့ ဆိုပါတယ်။

တက်စ်လာ ကုမ္ပဏီရဲ့ ရှယ်ယာရှင် တဦးဖြစ်တဲ့ Gerber Kawasaki Wealth and Investment Management ရဲ့ CEO ဖြစ်သူ ရော့စ်ဂါဘာကတော့ မတ်စ် ရဲ့ ဝန်ထမ်းအများစုက ဒီမိုကရက်တွေ အားကောင်းတဲ့ ကယ်လီဖိုးနီးယားမှာ အခြေစိုက်ကြတာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဂါဘာ ဟာ X မှာလည်း ရင်းနှီး မြှုပ်နှံထားကြောင်း သိရပါတယ်။

Last straw လို့ အီလွန်မတ်စ်ခ် က ခေါ်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ် ကျား မ ခွဲခြားမှု ဥပဒေကြောင့် X နဲ့ Space X ကုမ္ပဏီ ရုံးချုပ်တွေကို ကယ်လီဖိုးနီးယား ကနေ တက်ဆက် ပြည်နယ်ကို ရွှေ့ပြောင်းတော့မယ်လို့ ဂျူလိုင်လမှာ မတ်စ်ခ် က ပြောကြားတယ် လို့လည်း ဆိုပါတယ်။

ဂါဘာကတော့ အဆိုပါ ပြောင်းရွှေ့မှုဟာ အလားအလာရှိတဲ့ လူတော်များစွာကို ဆုံးရှုံး သွားစေလိမ့်မယ်လို့ ပြောကြားပါတယ်။

Ref : Reuters

Your Thoughts …
Tags: ကမ်မလာ ဟဲရစ်ဒေါ်နယ် ထရမ့်ဘာသာပြန်ရွေးကောက်ပွဲအမေရိကန်အီလွန်မတ်စ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
သီပေါကို အပြီးသတ်သိမ်းရန် TNLA အပြင်းအထန် ထိုးစစ်ဆင်

သီပေါကို အပြီးသတ်သိမ်းရန် TNLA အပြင်းအထန် ထိုးစစ်ဆင်

လူမျိုးစုအမျိုးသားရေးဝါဒနှင့် မြန်မာ့အနာဂတ်

လူမျိုးစုအမျိုးသားရေးဝါဒနှင့် မြန်မာ့အနာဂတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

21 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved