• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငါန်းမြာကြီးကို လက်မလွှတ်ရေး ကာကွယ်ရေးတို့ အင်အားဖြည့်

by ဧရာဝတီ
20 October 2024
in သတင်း
A A
ငါန်းမြာကြီးကို လက်မလွှတ်ရေး ကာကွယ်ရေးတို့ အင်အားဖြည့်

လတ်တလော တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသော ပြည်သူများ/ Myaung PDF- CDsom

3.2k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် အနောက်ဘက် ဆီမီးခုံရေနက်ဆိပ်ကမ်း အနီးမှ စစ်ရေးအချက်အချာကျသည့် ငါန်းမြာကြီး ရွာပြန်ရရန် စစ်ကောင်စီက စစ်ဆင်နေသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များကလည်း အင်အားဖြည့်တင်းထားကြောင်း သိရသည်။

ငါန်းမြာကြီးရွာသည် မန္တလေးမြို့ အနောက်တောင်ဘက် မိုင် ၄၀ ကျော်အကွာ တိုက်နယ်အဆင့် ရွာကြီးဖြစ်ပြီး တောင်ဘက် ၌ စစ်ကောင်စီ ရေတပ်စခန်းချထားသည့် ဆီမီးခုံရေနက်ဆိပ်ကမ်းနှင့် ၆ မိုင်ခန့်သာ ဝေး၍ မြစ်တဘက်ကမ်း တော်လှန်ရေး တပ်များ အားကောင်းသည့် မြောင်မြို့တည်ရှိသဖြင့် စစ်ရေးအရာ အချက်အချာကျသဖြင့် စစ်ကောင်စီက ပြန်လည်ရရန် ကြိုးစားလာခြင်း ဖြစ်သည်။

ထို့အတွက် ဒေသကာကွယ်ရေးတပ်တို့ကလည်း ငါန်းမြာကြီးကို ကာကွယ်ရန် မြို့နယ် ပြည်သူကာကွယ်ရေးတို့အပြင် တခြားသော မဟာမိတ်တပ်များဖြင့် အင်အားဖြည့် ကာကွယ်ထားကြောင်း သိရသည်။

“အခုထိတော့ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက ငါန်းမြားကြီးဘက်ကနေ ကာကင်းတွေ ကာမိုင်းတွေနဲ့ တောင့်ခံထား နိုင်ကြတာမို့ တိုးမရဖြစ်နေကြတယ်၊ ငါန်းမြာကြီးကို အခုအချိန်ထိ ကျနော်တို့ ထိန်းထားနိုင်ပါတယ်၊ ပြီးတော့ မြို့နယ် ပကဖ နဲ့ မဟာမိတ်တွေလည်း ရောက်နေပြီမို့ မိုးတောင်မှာ ရောက်နေတဲ့ စစ်ကြောင်းကို အမြစ်ဖြတ်နိုင်ဖို့အထိ ပြင်ဆင်နေတာ မျိုးတွေ ရှိပါတယ်”ဟု ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ဗိုလ်ဗေဒါက ပြောသည်။

စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့်ဖြင့် အောက်တိုဘာ ၁၁ ရက်က ငါန်းမြာကြီးရွာဘက်သို့ ဝင်လာရာ အောက်တိုဘာ ၁၄ ရက်ထိ တော်လှန်ရေးအင်အားစုများက ပိတ်ဆို့တိုက်ခိုက်သဖြင့် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လတ်တလော တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသော ပြည်သူများ/ Myaung PDF- CDsom

တိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူသာမက ဆီမီးခုံဆိပ်ကမ်း ဧရာဝတီမြစ်အတွင်း ဆိုက်ထား သည့် ရေတပ်စစ်သင်္ဘောမှ ငါန်းမြာကြီးရွာဘက်သို့ လက်နက်ကြီး ပစ်ကူများ ပေးခဲ့ကြောင်း၊ ထိုသို့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ရှေ့ဆက်တိုးလာရာ ယခုအခါ ငါန်းမြာကြီးရွာနှင့် တမိုင်ကျော် သာ ကွာဝေးသည့် မိုးတောင် ရွာ၌ အထိုင်ချတပ်စွဲထားသည်ဟု ဒေသတွင်း သတင်းများ ဖော်ပြပေးနေသည့် ဆီမီးခုံသတင်းက ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၄ ရက်က မိုးတောင်ရွာအနီး တော်လှန်ရေးအင်အားစုများ တပ်စွဲထားသည့် နေရာများကို ဗုံးကြဲရာ အသက် ၂၀ အရွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး သေဆုံး၍ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
29
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
45

ငါန်းမြာကြီးရွာအပါအဝင် ကောင်းဇင်၊ ကြာကန်၊ သရက်ချိုပင်၊ ကုလကြီး၊ ပေါက်တောချောင်၊ မိုးတောင်၊ သာယာအေး၊ လက်ပံသာ၊ လယ်ချင်းဦး၊ ဒုံဒင်၊ သဖန်းသာ၊ ကုန်းလည်၊ မြေနီစသော ကျေးရွာများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင် နေ ကြရသလို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ပျက် စီးခဲ့ကာ ဖမ်းဆီးခံရသော ဒေသခံများလည်း ရှိကြောင်း သိရသည်။

“အခုလောလောဆယ်မှာတော့ မိုးတောင်အနောက်ဘက် ငါန်းမြာအနောက်ဘက် ပေါက်တောချောင်ဘက်တို့ နံ့သာလှိုင်တို့ အထိတော့ ဝင်လိုက် ထွက်လိုက် လုပ်နေကြတာတွေ ရှိတယ်၊ ပြည်သူတွေကို တိုက်ပွဲမဖြစ်ခင်နဲ့ တိုက်ပွဲကြားကနေ ထုတ် ပေးတာမျိုးတွေ လုပ်ပေးထားတာရှိတယ်၊ အဲဒီကြားထဲကနေ ပြည်သူတွေ ဖမ်းဆီးခံရတာ သတ်ဖြတ်ခံရတာမျိုးတွေတော့ ရှိနိုင်ပါတယ်”ဟု ငါန်းဇွန်မြို့နယ်ပကဖအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ငါန်းမြာကြီးရဲစခန်းကို ဩဂုတ် ၁၉ ရက်တွင် တော်လှန်ရေး တပ်များက စီးနင်းဝင်ရောက်ပြီးနောက် တွေ့ရပုံ/ Myaung PDF- CDsom

ငါန်းမြာကြီးရဲစခန်းကို ဩဂုတ် ၁၉ ရက်တွင် တော်လှန်ရေး တပ်များက စီးနင်းဝင်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၇ ဦးအား အရှင်ဖမ်းမိခဲ့ပြီး စက်လက် ၁ လက်၊ (G-3) အမျိုးအစား သေနတ် ၅ လက်၊ ရိုင်ဖယ် ၁ လက်၊ အူဇီ ၂ လက်၊ ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၅၀၀၊ ဗုံးသီး ၁ လုံး၊ ကျည်ဘောက်များ အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာလ ၂၀၊ ၂၁ ရက်များက ငါန်းမြာကြီးရွာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၂ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

You may also like these stories:

မတ္တရာ လေကြောင်းရန်တပ်နှင့် ဆည်တော်ကြီး ပြန်ရရေး စစ်တပ်ကြိုးပမ်းနေ

မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ

Your Thoughts …
Tags: ငါန်းမြာကြီးစစ်ကြောင်းထိုးဒရုန်းပျူစောထီးမဟာမိတ်မီးရှို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

by စွယ်တော်
23 May 2025
20k

ထိုမကျေနပ်မှုကြောင့် မိတ္ထီလာပြည်သူ့စစ်က ရုပ်သံကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး မေလ ၂၂ ရက်တွင် မိတ္ထီလာပြည်သူ့စစ် ၁၇ ဦး နုတ်ထွက်တော့မည့်အကြောင်းလည်း ထွက်ပေါ်လာသည်။

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

by ဧရာဝတီ
28 July 2023
17k

ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

by စောလွင်
21 November 2024
13.8k

ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးရာတွင် ရုရှားပညာရှင်များကူညီနေသည့် သတင်းများကြားနေရကြောင်း

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

by ဝတ်ရည်ခိုင်မာ
7 February 2025
12.5k

တကယ်တမ်းတွင် လက်ရှိ မြန်မာပြည်၌ ကျားဖြန့်များ ရှိနေသည်မှာ စစ်တပ် အုပ်ချုပ်နေသည့် နေရာများဖြစ်၏။

Next Post
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ရန်ပုံငွေ ထိုင်း ပါဝင်မယ်

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ရန်ပုံငွေ ထိုင်း ပါဝင်မယ်

တရုတ်က စစ်ခေါင်းဆောင်ဘက်ကို ရပ်တည်လိုက်သလား (ရုပ်/သံ)

တရုတ်က စစ်ခေါင်းဆောင်ဘက်ကို ရပ်တည်လိုက်သလား (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved