• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

X က Media Matters အလှူရှင် အချက်အလက် တောင်းဆိုမှု ပယ်ချခံရဖွယ်ရှိ

by ဧရာဝတီ
27 October 2024
in သတင်း
A A
X က Media Matters အလှူရှင် အချက်အလက် တောင်းဆိုမှု ပယ်ချခံရဖွယ်ရှိ

သရုပ်ဖော်ပုံ ရေးဆွဲ ထားတဲ့ အမေရိကန် အလံ၊ X logo နဲ့ တရားသူကြီးသုံး တူ တို့ကို ပြီးခဲ့တဲ့ သြဂုတ် လဆန်းက တွေ့ရစဉ် / Reuters

852
VIEWS
Share on FacebookShare on Twitter

ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ် ရဲ့ X ဆိုရှယ်မီဒီယာက Media Matters ကို အသရေဖျက်မှု နဲ့ တရားဆွဲဆိုထားပြီး အမှု ရင်ဆိုင်နေကြပါတယ်။

အဲဒီ အမှုမှာ X (Twitter အမည်ပြောင်း) ဘက်က Media Matters ကို ငွေကြေး ထောက်ပံ့ ကူညီ လှူဒါန်းသူတွေရဲ့ အချက်အလက်တွေ ဖော်ထုတ်ဖို့ တောင်းဆိုကြောင်း သိရပါတယ်။

အီလွန်မတ်စ် ကို ဆန့်ကျင်တဲ့ လူတဦးချင်းစီထံမှ အလှူငွေတွေ တောင်းခံခဲ့ခြင်း ရှိမရှိ အဲဒီ လက်ဝဲယိမ်း စောင့်ကြည့်ရေး အဖွဲ့က သိနိုင်တာကြောင့် Media Matters ရဲ့ အလှူရှင် အချက်အလက်တွေ ရရှိနိုင်ဖို့က အရေးကြီးကြောင်း X က ပြောကြားထားတယ် လို့လည်း ဆိုပါတယ်။

အမေရိကန် ဝါရှင်တန် ဒီစီ အခြေစိုက် Media Matters for America အဖွဲ့ကို လက်ဝဲယိမ်း စောင့်ကြည့် လေ့လာရေး အဖွဲ့ ဖြစ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

အဲဒီ အကျိုးအမြတ်မယူ သတင်းမီဒီယာတွေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း Media Matters ကို X က ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အဆိုပါ အလှူရှင် အချက်အလက်တွေ ဖော်ထုတ်ဖို့နဲ့ ပတ်သက်ပြီး မှားယွင်းနိုင်တယ်လို့ အယူခံ တရားရုံးက ယူဆတဲ့ အတွက် Media Matters ထံမှ အလှူရှင် အချက်အလက်တွေကို X အနေနဲ့ ရယူဖို့ ဆိုင်းငံ့ခံထားရတယ် လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယူးအော်လင်း အခြေစိုက် ငါးခုမြောက် အယူခံတရားရုံးက Media Matters ဘက်က အယူခံ ဝင်နေစဉ် အတွင်းမှာ အလှူရှင် အချက်အလက်တွေ ဖော်ပြရမည်လို့ ချမှတ်ထားတဲ့ တက္ကဆက် ဖက်ဒရယ် တရားသူကြီးရဲ့ အမိန့်ကို ဆိုင်းငံ့ထားမှာ ဖြစ်ကြောင်း စီရင်ချက် ချခဲ့တယ်လို့ ဆိုပါတယ်။

X အနေနဲ့ သူတို့ရဲ့ယူဆချက်တွေ ပြည့်စုံ မှန်ကန်ကြောင်းပြဖို့ အတွက် Media Matters ရဲ့ အလှူရှင်တွေ အကြောင်း သိဖို့ လိုအပ်တာနဲ့ ပတ်သက်လို့ သံသယ ရှိကြောင်း၊ အဲဒီ အချက်အလက်တွေ ဖော်ထုတ်လိုက်တာဟာ Media Matters ကိုပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ အလှူရှင်တွေကိုပဲ ဖြစ်ဖြစ် တခြားသူတွေက ခြိမ်းခြောက် အနိုင်ကျင့်လို့ ရအောင် လုပ်ပေးသလို ဖြစ်သွား နိုင်တယ်လို့ တရားရုံးက ပြောကြားကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပတဲ့ နည်းပညာ ဆိုင်ရာ ပြပွဲ တခုမှာ တွေ့ရတဲ့ အီလွန်မတ်စ် / Reuters

X နဲ့ Media Matters ရဲ့ ပြောရေးဆိုခွင့် ရှိသူတွေကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို တုံ့ပြန်သွားခြင်း မရှိဘူးလို့ ဆိုပါတယ်။

X အနေနဲ့ Media Matters ဟာ သူတို့ကို အပုပ်ချကာ ကြော်ငြာရှင်တွေနဲ့ ဆက်ဆံရေးကို ထိခိုက်စေတယ်လို့ စွပ်စွဲခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ Media Matters ကို တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

Media Matters က ခေတ်သစ် နာဇီ (neo-Nazi) အကြောင်းအရာတွေနဲ့ အဓိက ကြော်ငြာရုပ်ပုံတွေကို သိသာ ဆိုးရွားစွာ ဘေးချင်းကပ် ဖော်ပြခဲ့မှုကြောင့် ကုမ္ပဏီတချို့ဟာ X မှာ ကြော်ငြာဖို့ ရပ်တန့်သွားကြတယ်လို့ အမှုမှာ ဖော်ပြထားကြောင်း သိရပါတယ်။

အဲဒီ ခေတ်သစ် နာဇီ အကြောင်းအရာတွေဟာ ဂျူးဆန့်ကျင်ရေးနဲ့ သက်ဆိုင်နေတယ် လို့လည်း ဆိုပါတယ်။

ဂျူး ဆန့်ကျင်ရေး ပျံ့နှံ့လာပြီးနောက်ပိုင်း X မှာ ကြော်ငြာ မထည့်ဖို့ ဆော်သြမှုတွေလည်း ရှိလာပါတယ်။

IBM ကုမ္ပဏီကြီးက ပြီးခဲ့တဲ့ နိုဝင်ဘာ လလယ်ပိုင်းလောက်မှာပဲ သူ့ရဲ့ X က ကြော်ငြာကို ရုပ်သိမ်းခဲ့ကြောင်း၊ Apple၊ Disney ၊ Paramount ၊ Lionsgate ၊ Comcast နဲ့ Warner Brothers Discovery စတဲ့ ကုမ္ပဏီတွေကလည်း X မှာ ကြော်ငြာ ထည့်သွင်းခြင်း ရပ်ဆိုင်းလိုက်ကြောင်း မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

Media Matters ကတော့ တရားစွဲဆိုမှုကို အကျိုးမရှိတဲ့ လုပ်ရပ်လို့ ပြောဆိုထားပြီး သူတို့ ထုတ်ပြန်ခဲ့တာဟာ ဆိုရှယ် မီဒီယာ ပလက်ဖောင်းရဲ့ အစွန်းရောက်မှုအပေါ် တိကျတဲ့ အစီရင်ခံခြင်း ဖြစ်တယ်လို့ ခုခံပြောဆိုထားကြောင်း သိရပါတယ်။

အဲဒီ အစီရင်ခံ ဖော်ပြချက်ကြောင့် စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုတွေ အတွက် သူတို့မှာ တာဝန် မရှိကြောင်း ပြောဆိုတယ် လို့လည်း ဆိုပါတယ်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

တက္ကဆက် ပြည်နယ် Fort Worth မြို့မှာရှိတဲ့ ခရိုင်တရားသူကြီး ရိဒ် အိုကော်နာက ဩဂုတ်လတုန်းက X ရဲ့ တရား စွဲဆို လျှောက်ထားမှုကို လက်ခံခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အောက်ခြေ တရားရုံးရဲ့ အမိန့်ဟာ အလှူရှင်တွေ အတွက် အမေရိကန်နိုင်ငံ အခြေခံဥပဒေ ပထမ ပြင်ဆင်ချက်က ရရှိ ခံစားရမယ့် အခွင့်အရေးကို ပျက်စီးစေတယ်လို့ Media Matters က အယူခံမှာ ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

Ref : Reuters

Your Thoughts …
Tags: Media Mattersneo-NaziXခေတ်သစ် နာဇီဘာသာပြန်အမေရိကန်အသရေဖျက်မှုအီလွန်မတ်စ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

by ဧရာဝတီ
25 March 2025
11.6k

မစ္စတာ အီလွန်မတ်စ်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက စကားမပြောတော့သည့် မစ္စ ဝီလ်ဆင်သည် ဘီလျံနာ မတ်စ်ကို လူသိရှင်ကြား ဝေဖန်သည်မှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပေ။

Next Post
နွေဦးတော်လှန်ရေးအတွက် ကြီးထွားလာနေသော အတွင်းအန္တရာယ်များ

နွေဦးတော်လှန်ရေးအတွက် ကြီးထွားလာနေသော အတွင်းအန္တရာယ်များ

စစ်ကောင်စီကို တရုတ်က ထောက်ခံလာသောအခါ

စစ်ကောင်စီကို တရုတ်က ထောက်ခံလာသောအခါ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved