• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့အရေး အိန္ဒိယချဉ်းကပ်မှု အတိုက်အခံတို့ အကောင်းမြင်

by စောလွင်
7 November 2024
in သတင်း
A A
မြန်မာ့အရေး အိန္ဒိယချဉ်းကပ်မှု အတိုက်အခံတို့ အကောင်းမြင်

၂၀၂၁ခုနှစ် မတ်လအတွင်းက တွေ့ရသည့် အိန္ဒိယ-မြန်မာနယ်စပ် (Reuters)

1.7k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီနှင့် ဆက်ဆံရေး ပိုမိုနီးကပ်သည့် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာ့ အရေးကို စိတ်ဝင်စားလာမှုအပေါ် ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အတိုက်အခံ အင်အားစုများက ဆိုသည်။

အိန္ဒိယနိုင်ငံတွင် ကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာများ ဆွေးနွေးရန် အိန္ဒိယက မြန်မာ အတိုက်အခံအင်အားစုတချို့ကို ဖိတ်ကြားထားသလို တဖက်၌လည်း စစ်ကောင်စီနှင့် လက်တွဲလုပ်ကိုင်နေသော အစုအဖွဲ့များအား ယခုရက်ပိုင်းအတွင်း ဖိတ်ခေါ်ဆွေးနွေးလျက်ရှိသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ဆလိုင်းထက်နီက “အိန္ဒိယရဲ့ ပေါ်လစီက ဗဟို မှာ ဘယ်သူပဲအာဏာရရ အဲဒီဗဟိုကို ချိတ်ဆက်ပြီးတော့ ဆက်ဆံခြင်းမျိုးကို အသားပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနေ့ ဒီအချိန်ခါမှာ အိန္ဒိယကနေ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အနောက်ဘက်မှာအခြေစိုက်တဲ့ NUG ကို ဖိတ်ကြားမှုကတော့ အကောင်းဘက်ကနေ ဦးတည်သွားမယ်လို့ ယူဆတယ်။ လမ်းပိုပြီးတော့ ပွင့်လာတယ်။ မြန်မာ့ နိုင်ငံရေးအခင်းအကျင်းမှာ အိန္ဒိယက ပိုပြီးစိတ်ဝင်စားလာတယ်လို့ မြင်လို့ရတယ်” ဟု သုံးသပ်ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “တဖက်မှာ အိမ်နီးချင်းနိုင်ငံတွေ လုပ်လေ့ရှိတာက သူတို့ဒေသတွင်းလုံခြုံရေး၊ နယ်စပ်ဒေသ လုံခြုံရေးနဲ့ သူတို့ရဲ့အကျိုးစီးပွား ထည့်တွက်လေ့ရှိပါတယ်။ အဲဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေး အတွေ့အကြုံအရ သူတို့ ပေါ်လစီကို အမြဲတမ်းသတိထား ကြိုးပမ်းဆောင်ရွက်နေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိန္ဒိယရဲ့ ချဉ်းကပ်လာမှုကို ကြိုဆိုပါတယ်” ဟု ဆိုသည်။

အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားမှုအရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌလည်းဖြစ် စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီးလည်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အပါအဝင် ကော်မတီဝင်များ၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ (၁၁) ခုမှ ကိုယ်စားလှယ်များ နယူးဒေလီမြို့ကို နိုဝင်ဘာ ၄ ရက်မှ ၇ ရက်ကြာ သွားရောက်နေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲရန်ဟု သိရပြီး အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီအစုအဖွဲ့ အလှည့်ကျခေါင်းဆောင်ဖြစ်သူ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးလည်း တက်ရောက်လျက်ရှိသည်။

အိန္ဒိယ ဆွေးနွေးပွဲသို့ သွားရောက်သည့် NSPNC, အပစ်ရပ် EAOs နှင့် နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ်များ

ပြည်သူ့ပါတီနှင့် နီးစပ်သူတဦးက “အဓိကကတော့ ဖက်ဒရယ်နဲ့ မြန်မာပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးမယ်ဆိုပြီး သွားကြတာပဲ။ ဟိုဘက်ကလည်း သူတို့ဆီမှာ ဘယ်လိုကျင့်သုံးနေတယ်ဆိုတာ ပြောဆိုကြမှာပဲဆိုတော့ ဘာမှ ထူးထူးခြားခြား ဖြစ်လာမယ်လို့တော့မထင်ဘူး” ဟု ပြောသည်။

အိန္ဒိယနိုင်ငံသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေသည့် ဒီမိုကရေစီနိုင်ငံဖြစ်သောကြောင့် မြန်မာ့နိုင်ငံရေး ပဋိပက္ခများ ဖြေရှင်းရာတွင် တိုးတက်မှုဘက်သွားချင်သည့် သဘောမျိုးတွေ့ရကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
56

၎င်းက “သူတို့ အခု Organized လုပ်တဲ့အခါမှာ မတူညီတဲ့ နိုင်ငံရေးအခြေခံစဉ်းစားပုံ၊ ရပ်တည်ပုံ မတူညီတဲ့အဖွဲ့တွေကို တစားပွဲတည်းမှာ ထိုင်ဖို့လို့ အနေအထားက အခက်အခဲရှိနေသေးတော့ Building Block လို ပုံစံမျိုးနဲ့ အစုအဖွဲ့လိုက်တွေကို သူတို့တွေ Deal လုပ်နေတာကို တွေ့ရပါတယ်။ ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ပဋိပက္ခဖြစ်မှုတွေဟာ အိမ်နီးချင်း နိုင်ငံတွေကို သက်ရောက်မှုရှိပါတယ်။ ဒါကြောင့်မို့ ကျမတို့ရဲ့ကြိုးစားအားထုတ်မှုတွေကို အိမ်နီးချင်းနိုင်ငံတွေက စိတ်ဝင်စားတယ်လို့ မြင်တယ်။ ဒီလို စိတ်ဝင်စားလာတာဟာ ကောင်းတဲ့လက္ခဏာလို့တော့ မြင်ပါတယ်” ဟု ဆိုသည်။

အိန္ဒိယ အပါအဝင် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသည် ပထဝီနယ်နိမိတ်ချင်း ဆက်စပ်နေမှုအရ အားလုံးအရေး ပါပြီး အိမ်နီးချင်းနိုင်ငံများ၏ မြန်မာ့အရေးကို စိတ်ဝင်စားမှုနှင့် ချဉ်းကပ်မှုများသည် မြန်ပြည်သူလူထုတရပ်လုံးကို လွှမ်းခြုံသည့်အရာမျိုးဖြစ်ရန် မှန်မှန်ကန်ကန် ထင်ဟပ်ဖို့လိုကြောင်းလည်း ဒေါ်ဇင်မာအောင်က ပြောသည်။

ကမာ္ဘ့အင်အားကြီး နိုင်ငံနှစ်ခုက မြန်နိုင်ငံအပေါ် အပြိုင်ချဉ်းကပ်မှုများရှိနေပြီး တရုတ်က စီးပွားရေး၊ စစ်ရေးဘက် ဖိအားပေးမှုများနှင့် စစ်ကောင်စီအား ပိုမိုထောက်ပံ့ အကာအကွယ်ပြုနေသည်ကို တွေ့ရကာ အိန္ဒိယနိုင်ငံ၏ ချဉ်းကပ်မှုများက ပိုမိုညင်သာပျော့ပျောင်းကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက မှတ်ချက်ပြုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “အိန္ဒိယကတော့ တတ်နိုင်သလောက် သူ့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားမှပါပဲ။ ဒါပေမယ့် စစ်ရေးနဲ့ပတ်သက်ပြီး ထောက်ခံတဲ့သဘောထား ပါမှာမဟုတ်ပါဘူး။ အခုလိုအင်အားစုတွေ စစ်ကောင်စီနဲ့ ပတ်သက်တဲ့သူရော၊ မပတ်သက်တဲ့သူရော သူတို့ခေါ်တယ်ဆိုတာက ဗမာပြည်ရဲ့ အခြေအနေနဲ့ အနေအထားကို အပြည့်အစုံသိရဖို့အတွက် ဘက်အသီးသီးကို ဖိတ်ကြားတာပါပဲ။ ဒီထက်မပိုပါဘူး” ဟု ပြောသည်။

အိန္ဒိယနိုင်ငံသို့ သွားရောက်နေသည့် နိုင်ငံရေးပါတီများမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP)၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF)၊ မွန်ညီညွတ်ရေးပါတီ (MUP)၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၊ နာဂအမျိုးသားပါတီ (NNP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ပါတီ (PP) နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ ဖြစ်သည်။

ဆွေးနွေးပွဲတွင် ပါဝင်သည့် EAOs ၇ ဖွဲ့၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မပါဝင်ဘဲ ကျန် ၆ ဖွဲ့ဖြစ်သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့မှ ခေါင်းဆောင်များ တက်ရောက်လျက်ရှိသည်။

အရှေ့မျှော်ဝါဒ ကျင့်သုံးနေသည့် အိန္ဒိယသည် အာရက္ခတပ်တော် (AA)တို့ စိုးမိုးထားသည့် ရခိုင်ပြည်နယ်တွင် ကုလားတန် မြစ်၀ စီမံကိန်းကို အကောင်အထည်ဖော်နေရာ ယခုအခါ စစ်တွေဆိပ်ကမ်းမှအပ ကုလားတန်မြစ်ကြောင်းတလျှောက် မှ အိန္ဒိယနယ်စပ် ပလက်ဝတိုင် AA က သိမ်းယူထားသည်။

You may also like these stories:

မြန်မာစစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုကို အိန္ဒိယက စိတ်ဝင်စားနေပြီလား

မြန်မာ့တော်လှန်ရေး အင်အားစုများအား အိန္ဒိယ ဖိတ်ခေါ်မှု ဆန်းစစ်ချက်

စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို အိန္ဒိယက မကြုံစဖူး ဖိတ်ခေါ်

Your Thoughts …
Tags: NUGဒီမိုကရေစီနိုင်ငံရေးပါတီဖက်ဒရယ်မြန်မာ့အရေးအတိုက်အခံအင်အားစုအပစ်ရပ်အိန္ဒိယ
စောလွင်

စောလွင်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
အိန္ဒိယဆွေးနွေးပွဲက တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းစရှာတာ(ရုပ်/သံ)

အိန္ဒိယဆွေးနွေးပွဲက တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းစရှာတာ(ရုပ်/သံ)

ဗန်းမော်-မိုးမောက် လမ်းတလျှောက် တိုက်ပွဲ ပြင်းထန်နေ

ဗန်းမော်-မိုးမောက် လမ်းတလျှောက် တိုက်ပွဲ ပြင်းထန်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved