• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အီလွန်မတ်စ် နေရာ အစားထိုးမယ် ဆိုတဲ့ Wall Street Journal သတင်း တက်စ်လာ ဥက္ကဌ ငြင်းဆို

by ဧရာဝတီ
3 May 2025
in သတင်း
A A
အီလွန်မတ်စ် နေရာ အစားထိုးမယ် ဆိုတဲ့ Wall Street Journal သတင်း တက်စ်လာ ဥက္ကဌ ငြင်းဆို

တက်စ်လာ CEO အီလွန်မတ်စ် / forbes

717
VIEWS
Share on FacebookShare on Twitter

အီလွန်မတ်စ်ရဲ့ CEO နေရာ အစားထိုးဖို့ အမှုဆောင် ရှာဖွေရေး ကုမ္ပဏီတွေထံ ပြီးခဲ့တဲ့ လက ဆက်သွယ်ခဲ့တယ် ဆိုတဲ့ Wall Street Journal ရဲ့ သတင်းကို တက်စ်လာ (Tesla) ဘုတ်အဖွဲ့ ဥက္ကဌက ငြင်းဆိုလိုက်ပါတယ်။

တက်စ်လာ ဘုတ်အဖွဲ့ ဥက္ကဌ အမျိုးသမီး Robyn Denholm က ပြီးခဲ့တဲ့ ကြာသသတေးနေ့မှာ ငြင်းဆိုလိုက်တာပါ။

သတင်းက လုံးဝ အမှားဖြစ်ပြီး ကုမ္ပဏီရဲ့ ရှေ့ဆက်သွားရမယ့် အစီအစဉ်တွေကို ဦးဆောင်သွားဖို့ အီလွန်မတ်စ်ရဲ့ စွမ်းဆောင်ရည်ကို တက်စ်လာ ဘုတ်အဖွဲ့က အပြည့်အဝ ယုံကြည်မှု ရှိနေတယ်လို့လည်း Robyn Denholm က X (Twitter အမည်ပြောင်း) မှာ ရေးသားခဲ့ပါတယ်။

X မှာ ရေးသား ခဲ့ပြီးတဲ့နောက် ကြာသပတေးနေ့ အစောပိုင်းမှာ တက်စ်လာ ရဲ့ ရှယ်ယာ တန်ဖိုး ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Wall Street Journal ကတော့ အီလွန်မတ်စ်ရဲ့ ထရမ့် အစိုးရအဖွဲ့မှာ ကြီးမားစွာ ပါဝင်နေမှုကြောင့် ဘုတ်အဖွဲ့ အနေနဲ့ CEO အသစ် ရှာဖွေနေတယ် ဆိုတဲ့ နီးစပ်သူတွေထံက ရတဲ့ သတင်းကို ဖော်ပြခဲ့မှုအတိုင်း ဆက်လက် ရပ်တည် သွားမယ် လို့ ဆိုထားပြီး တက်စ်လာ ဘုတ်အဖွဲ့ရဲ့ လက်ရှိ တွန်းအားပေးမှု အခြေအနေကိုတော့ မသိနိုင်ဘူးလို့ ဆိုပါတယ်။

အီလွန်မတ်စ် ကတော့ သတင်းဟာ ရည်ရွယ်ချက် ရှိရှိ မှားယွင်းစွာ ရေးသားထားတာ ဖြစ်တယ်လို့ X မှာ ရေးသားခဲ့ ပါတယ်။

တက်စ်လာ ရဲ့ ဘုတ်အဖွဲ့ဟာ လွတ်လပ်မှု မရှိဘဲ အီလွန်မတ်စ်ကို ထိန်းကျောင်းနိုင်စွမ်း မရှိဘူးလို့ ရင်းနှီး မြှုပ်နှံသူတွေက ကာလ ကြာရှည်စွာ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။
တက်စ်လာ ကုမ္ပဏီဟာ အရေးကြီးတဲ့ လမ်းဆုံနေရာကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

အီလွန်မတ်စ်ဟာ တက်စ်လာ ကို လျှပ်စစ်ကား (EV) ထုတ်လုပ်ရေးကနေ ဒရိုင်ဘာ မပါတဲ့ တက္ကစီတွေ၊ လူသားနဲ့ တူတဲ့ စက်ရုပ်တွေ ထုတ်လုပ်ဖို့ ကတိပေးထားတာကြောင့် ကားကုမ္ပဏီအစား AI နဲ့ Robot ကုမ္ပဏီ တခုအဖြစ် ပြောင်းလဲ ချင်နေတာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ တန်ဖိုးများစွာဟာ အဆိုပါ ရည်မှန်းချက်ကို အခြေခံနေတာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူ အချို့ကတော့ ထရမ့်က ကူညီ သွားလိမ့်မယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဖက်ဒရယ် စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့ဟာ ကားစမ်းသပ်မှုတွေ အတွက် စည်းကမ်း အချို့ကို ဖြေလျှော့ ပေးခဲ့တာကြောင့် တက်စ်လာ စတော့ခ် ရှယ်ယာတွေ မြင့်တက် ခဲ့သေးတယ်လို့ သိရပါတယ်။

အီလွန်မတ်စ်ရဲ့ လက်ယာစွန်း မူဝါဒ ဖက်တွယ်ထားမှုကို တုံ့ပြန်မှုအဖြစ် အမေရိကန် နဲ့ ဥရောပမှာ တက်စ်လာ ရောင်းအား ကျဆင်း သွားခဲ့ကာ ပြိုင်ဖက်တွေကလည်း ကားမော်ဒယ် အသစ်တွေနဲ့ ဈေးကွက်ဝေစုကို ခွဲဝေယူလာမှုကြောင့် တက်စ်လာ ရှယ်ယာတွေဟာ လနဲ့ချီ ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ထရမ့် အစိုးရ အဖွဲ့ရဲ့ အစိုးရ လုပ်သား လျှော့ချရေးမှာ အီလွန်မတ်စ် ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေမှာ မကျေမနပ် ဖြစ်ခဲ့ကြတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဧပြီလမှာ တက်စ်လာ ရောင်းအား ထပ်မံ ကျဆင်းခဲ့ပြီး အရင်နှစ်ကထက် ပြင်သစ်မှာ ၅၉ ရာခိုင်နှုန်း၊ ဒိန်းမတ်မှာ ၆၇ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

အစိုးရ စွမ်းဆောင်ရည် ဌာန (DOGE) မှာ အီလွန်မတ်စ်ရဲ့ လုပ်ဆောင်မှုတွေကို အမေရိကန် နိုင်ငံသားတွေက မနှစ်သက်ကြဘဲ တက်စ်လာ နဲ့ ဝေးကွာလာမှုကြောင့်လည်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်မှုတွေကို တိုးစေခဲ့တယ်လို့ ဆိုပါတယ်။

ထရမ့် အစိုးရအဖွဲ့မှာ ပါဝင်တဲ့ အချိန်တွေကို သိသိသာသာ လျှော့ချပြီး တက်စ်လာ ကို ဦးဆောင်ဖို့ အချိန် ပိုပေးမယ်လို့ ပြီးခဲ့တဲ့ အပတ်မှာ အီလွန်မတ်စ်က ပြောခဲ့ကြောင်းတော့ သိရပါတယ်။

ဒါပေမယ့် အီလွန်မတ်စ်ရဲ့ နိုင်ငံရေး ပြောင်းလဲ လုပ်ကိုင်မှုများကြောင့် သူနဲ့ သူ့ကုမ္ပဏီကို ဆန့်ကျင် ဆန္ဒပြမှုတွေ အပြင် အမေရိကန်နဲ့ ဥရောပမှာ ရှိတဲ့ တက်စ်လာ အရောင်းပြခန်းတွေနဲ့ အားသွင်းတဲ့ နေရာတွေကိုပါ ဖျက်ဆီးမှုတွေ ကြုံခဲ့ရတယ် လို့ ဆိုပါတယ်။

Wall Street Journal ရဲ့သတင်းမှာတော့ ဘုတ်အဖွဲ့ဝင်တွေဟာ အီလွန်မတ်စ်နဲ့ တွေ့ဆုံပြီး တက်စ်လာ ကို အချိန် ပိုပေးပါမယ်လို့ လူသိ ရှင်ကြား ကြေညာဖို့ တောင်းဆိုထားပါတယ်။

တက်စ်လာကို ပူးတွဲတည်ထောင်သူ JB Straubel အပါအဝင် ဒါရိုက်တာ တချို့ဟာ ကုမ္ပဏီရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူတွေ နဲ့ တွေ့ဆုံပြီး ကုမ္ပဏီဟာ လူတော်တွေရဲ့လက်ထဲမှာ ရှိကြောင်း ပြန်လည် ယုံကြည်စေခဲ့တယ်လို့လည်း Wall Street Journal မှာ ဖော်ပြပါတယ်။

ဒါပေမယ့် အီလွန်မတ်စ် ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ဥက္ကဌ ဖြစ်သူ Robyn Denholm ဟာ တက်စ်လာ ကနေ အငြင်းပွားဖွယ် မြင့်မားတဲ့ ဝင်ငွေ ရရှိနေတာဖြစ်ပြီး အဆိုပါ ရရှိမှုကြောင့် တက်စ်လာ နဲ့ အီလွန်မတ်စ် အပေါ် ကြီးကြပ်မှုတွေကို အပြန်အလှန် အနေနဲ့ လုပ်ဆောင် ပေးနေတာလား ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေတယ်လို့လည်း ဆိုပါတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
391
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
56

Robyn Denholm ကတော့ စွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပြီး ပြောရေးဆိုခွင့် ရှိသူတဦးက သူရရှိနေတာဟာ သင့်တော်တဲ့ ပမာဏ ဖြစ်တယ်လို့ ဆိုကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက Robyn Denholm ဟာ အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၇ သန်း တန်ဖိုးရှိတဲ့ သူပိုင် တက်စ်လာ ရှယ်ယာ တွေကို ရောင်းချ ခဲ့ပါတယ်။

အီလွန်မတ်စ်ရဲ့ ညီ Kimbal Musk နဲ့ မီဒီယာ သူဌေးကြီး ရူးပတ် မားဒေါ့ (Rupert Murdoch) ရဲ့ သားဖြစ်သူ James Murdoch တို့ အပါအဝင် လူ ၈ ဦး နဲ့ ဖွဲ့စည်းထားတဲ့ တက်စ်လာ ဘုတ်အဖွဲ့ဟာ လွတ်လပ်တဲ့ ဒါရိုက်တာ တယောက်ကို ပေါင်းထည့်ဖို့ စဉ်းစားနေတယ်လို့ Wall Street Journal မှာ ဖော်ပြခဲ့ပါတယ်။

Ref : Reuters

Your Thoughts …
Tags: DOGETeslaTwitterWall Street JournalXတက်စ်လာဘာသာပြန်အမေရိကန်အီလွန်မတ်စ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

by ဧရာဝတီ
25 March 2025
11.6k

မစ္စတာ အီလွန်မတ်စ်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက စကားမပြောတော့သည့် မစ္စ ဝီလ်ဆင်သည် ဘီလျံနာ မတ်စ်ကို လူသိရှင်ကြား ဝေဖန်သည်မှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပေ။

Next Post
ငလျင်ကြောင့် မြန်မာသည် တရုတ်လက်ခုပ်ထဲကရေ ပိုဖြစ်လာ

ငလျင်ကြောင့် မြန်မာသည် တရုတ်လက်ခုပ်ထဲကရေ ပိုဖြစ်လာ

ငလျင်အပြီး ပရဟိတအဖွဲ့က အိမ်မွေးတိရစ္ဆာန်များကို ကူညီနေ

ငလျင်အပြီး ပရဟိတအဖွဲ့က အိမ်မွေးတိရစ္ဆာန်များကို ကူညီနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved