• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမျိုးသမီးလစဉ်သုံးပစ္စည်း စစ်ကိုင်းဘက် သယ်ခွင့်ပိတ်၍ စျေးမြင့်ပြီး ဝယ်ရခက်လာ

by ဧရာဝတီ
22 August 2025
in သတင်း
A A
အမျိုးသမီးလစဉ်သုံးပစ္စည်း စစ်ကိုင်းဘက် သယ်ခွင့်ပိတ်၍ စျေးမြင့်ပြီး ဝယ်ရခက်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် စစ်ကောင်စီဂိတ်တခုတွင် အရပ်သားကားတစီးကို စစ်ဆေးနေစဉ် / CJ

561
VIEWS
Share on FacebookShare on Twitter

အမျိုးသမီးလစဉ်သုံးပစ္စည်းများကို ရန်ကုန်- မန္တလေးတို့မှနေ စစ်ကိုင်းတိုင်းဘက်သို့ သယ်ဆောင်ခွင့်အား စစ်ကော်မရှင် ပိတ်ထားသလို စစ်ဆေးမှုများတင်းကျပ်နေသဖြင့် မြို့နှင့် အနည်းငယ်အလှမ်းဝေးသော ဒေသတချို့၌ စျေးနှုန်းကြီးမြင့် လာခြင်းနှင့် အကန့်အသတ်ဖြင့်သာ ဝယ်ယူရခြင်းတို့ ကြုံနေရကြောင်း ဒေသခံအမျိုးသမီးများထံက သိရသည်။

ယခုလဆန်းမှစ၍ အမျိုးသမီးလစဉ်သုံးပစ္စည်း အပါအဝင် ကလေးသုံးဒိုက်ဘာ၊ အဝတ်အထည်၊ ဆေးဝါးနှင့် ဆေးပစ္စည်း၊ စောင်၊ ခြင်ထောင်၊ သူနာပြုဝတ်စုံ အစရှိသည်တို့ကို ကန့်သတ်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ကာ တိုင်းအစိုး ရအဖွဲ့ ခွင့်ပြုချက်ဖြင့်သာ မန္တလေး- စစ်ကိုင်းသို့ ဖြတ်သန်းခွင့်ပြုမည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

မန္တလေးမှ စစ်ကိုင်းဘက်သို့ ကုန်ပစ္စည်းများပို့ဆောင်နေသော အမျိုးသမီးတဦးက “အမျိုးသမီး လစဉ်သုံးပစ္စည်း၊ ဒိုက်ဘာတို့ကို စစ်ကိုင်းတံတားမှာ အကုန်စစ်ပါတယ် အဖြတ်မခံပါဘူး။ Company စာရွက်စာတမ်းပါတာကို မရတာ။ ပြည်တွင်းထုတ် ပြည်ပထုတ် လစဉ်သုံးပစ္စည်းဆိုရင် ဘယ်အမျိုးအစား တံဆိပ်မှ သယ်လို့မရပါ” ဟု ကြုံတွေ့ရပုံကို လူမှုကွန်ရက်၌ မျှဝေထားသည်။

ထို ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ကို ကန့်သတ်လိုက်ပြီးနောက် ဩဂုတ် ၃ ရက်က စစ်ကိုင်းတံတားထိပ် (နှာပေါက်) စစ်ဆေးရေးဂိတ်တွင် မန္တလေးမှသယ်ယူလာသည့် အမျိုးသမီးလစဉ်သုံးနှင့် ကလေးသေးခံ (ဒိုက်ဘာ) များ အား စစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှ စစ်ဆေးကာ ဆွဲချခံခဲ့ရကြောင်းလည်း သိရသည်။

ထိုသို့ ကန့်သတ်ပိတ်ပင်လိုက်ခြင်းကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတချို့မှာ အမျိုးသမီးလစဉ်သုံးပစ္စည်းများ ကို စျေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း စစ်ကိုင်းမြို့ရှိ ဒေသခံတဦးက ဧရာဝတီကို ပြောသည်။

၎င်းက “ဈေးကတော့ ကြီးသွားတာပေါ့။ အရင်တုန်းက ၅ ထောင် ၁ သောင်းပေးရတဲ့ဟာမျိုးတွေဆို အခုဆို အမျိုးသမီး လစဉ်သုံး တထုပ်ကို ၁ သောင်းကျော် ၂ သောင်း ပတ်ချာလည်လောက် ဈေးတွေ ပေါက်နေပြီ” ဟု ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
56

စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့များအားကောင်းသော ဒေသဖြစ်ပြီး အဆိုပါ ပစ္စည်းများ တော်လှန်ရေးတပ်များထံ ရောက်ရှိမည်ကို စိုး၍ ဖြတ်တောက်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတချို့က ဆိုသည်။

စစ်ကိုင်း ဒေသခံတဦးက “၈ လပိုင်းကျမှပဲ အခက်အခဲတွေ တအားဖြစ်သွားတာ။ စစ်ကိုင်းတံတားကနေ ဖြတ်ခွင့်ပိတ် တယ်။ အမျိုးသမီးလစဉ်သုံးကအစ ဆီပုံးတွေ၊ စက်ဆီတွေ ပိတ်ပင်တားမြစ်တယ်။ အိမ်သုံးဆီဆိုရင် အရင်က တပုံး ၂ ပုံးဆို သယ်လို့ရတယ်။ အခုဆို လုံးဝ သယ်ခွင့်မပေးတော့ဘူး။ ဆီပုံးတွေ ဘာတွေပါလာရင်ကို ယူတာတို့ သူတို့ ပိတ်ပင် တားဆီးတဲ့ပစ္စည်းတွေ မှန်သမျှ လူဖမ်းဆီးတာတို့ ကားဖမ်းဆီးတာတို့ အဲဒါတွေကတော့ နေ့စဉ် ကြားနေရတာ” ဟု ပြောသည်။

တချို့မှာမူ တပိုင်တနိုင်သုံးစွဲရန် မန္တလေးဘက်မှ စစ်ကိုင်းဘက်သို့ သယ်ယူမှုရှိပြီး စစ်ကော်မရှင်တပ်သားများ စစ်ဆေး တွေ့ရှိပါက ငွေကြေးပေးဆောင်၍ သယ်ဆောင်ရသည်များလည်း ရှိကြောင်း ဆိုကြသည်။

စစ်ကိုင်းဘက်သို့ သယ်ဆောင်ခွင့် ကန့်သတ်ပစ္စည်းများ အသိပေးကြေညာစာ ကပ်ထားစဉ်

ယင်းမာပင်ဒေသခံ အမျိုးသမီးတဦးက “ကျမတို့ဘက်မှာဆို ရှားပါးပြီး စျေးတွေကြီးကုန်တယ်။ တချို့ဆိုင်တွေဆို အမျိုးသမီးလစဉ်သုံးပစ္စည်းကို တယောက်တည်း အများကြီး မဝယ်ရအောင် အကန့်အသတ် ခွဲတမ်းလိုမျိုး ရောင်းပေး တာတောင် ရှိတယ်။ အခုလက်ကျန်လေးတွေ ရှိနေသေးတော့ အဆင်ပြေနေသေးတယ်။ ဒါတွေ ပြတ်ပြီး ထပ်သွင်းဖို့ လည်း မလွယ်ရင် အမျိုးသမီးတွေ တော်တော်အခက်အခဲဖြစ်ကြမယ်” ဟုဆိုသည်။

စစ်တပ်ကန့်သတ်ကုန်ထဲတွင် ထိုကဲ့သို့ အမျိုးသမီးလစဉ်သုံး ပစ္စည်းများလည်းပါဝင်ပြီး တော်လှန်ရေးဒေသတွင် ထိခိုက် ဒဏ်ရာရရှိပါက ဆေးဝါးအခက်အခဲကြောင့် ထိုပစ္စည်းများကို ပတ်တီးအဖြစ် အသုံးပြုမှုရှိသဖြင့် ကန့်သတ်ခြင်း ဖြစ်နိုင် ကြောင်း စစ်ကိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်ကြသည်။

ထိုကန့်သတ်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရှောင်နေရသည့် အမျိုးသမီးများအတွက်ပါ အခက်အခဲများ ပိုမို ဖြစ်ပေါ်စေနိုင်ကြောင်း ဆိုသည်။

ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာဒေသခံ အမျိုးသမီးတဦးက “ကျမတို့ဘက်မှာတော့ အခုထိတော့ Pad ထုပ် (အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်) ဈေးက သိသိသာသာ မတက်သေးပါဘူး။ Pad ထုပ် အပါအဝင် အင်ရှူးဝါး (Ensure ဓာတ်စာ/ဖြည့်စွက်စာ) တို့လို ဆေးပစ္စည်းတို့က တော်တော်များများ ပိတ်နေပြီ။ ဈေးက ပစ္စည်းကျန်နေသေးလို့ မတက်သေးတာ။ နောက်ဆို ဈေးတက်မယ် လို့ ဈေးသည်တွေက ပြောတယ်” ဟု ဧရာဝတီ ကို ပြောသည်။

ရခိုင်တိုက်ပွဲ ပြင်းထန်နေသည့်ကာလများအတွင်း၌လည်း အမျိုးသမီးလစဉ်သုံးပစ္စည်း၊ ဒိုက်ဘာနှင့် ဆေးဝါးများအား ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခွင့်ကို စစ်တပ်က တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း ရခိုင်ဒေသခံတချို့ထံမှ သိရသည်။

ထိုသို့ ပစ္စည်းများသာမက တရားမဝင် ကုန်သွယ်မှုထိန်းချုပ်တားဆီးရန်ဆိုကာ ပြည်ပမှ တင်သွင်းသော စားသောက် ကုန်၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများအပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးအား ပင်လယ်ရေကြောင်းအပြင် နယ်စပ် ပေါက်များမှသွင်းခွင့်ကိုပါ စစ်ကော်မရှင်က ယာယီပိတ်ထားသည်။

စစ်ကိုင်းမြို့ခံတဦးက “ပစ္စည်းတွေကမပြတ်သေးဘူးလားဆိုတော့ ပြတ်တော့ပြတ်တာပေါ့။ စစ်ကိုင်းတံတားက မကူး ရပေမယ့် တခြားလမ်းကြောင်းတွေကနေ ဝင်လို့ရတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဧရာဝတီမြစ်ကြီးကို ဟိုဘက် ကမ်း၊ ဒီဘက်ကမ်း မုံရွာဘက်ခြမ်းကနေ သယ်တာပေါ့။ ဒါပေမယ့်လည်း လွယ်လွယ်နဲ့ ဝယ်ယူမရတာတွေ ကုန်စျေးနှုန်း တက်လာတာတွေတော့ ရှိလာတယ်” ဟု ပြောသည်။

စစ်ကော်မရှင်အဖွဲ့မှ ကုန်ပစ္စည်းကန့်သတ်မှုများပြုလုပ်လာခြင်းကြောင့် တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် ဒေသများအပြင် စစ်တပ်ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ဘက်က ပြည်သူများ လည်း ကုန်ပစ္စည်းပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်များကို ကြုံတွေ့နေရကြောင်း သိရသည်။

You may also like these stories:

နယ်စပ်ပိတ်သည့်ကိစ္စ မြန်မာစီးပွားရေးသံမှူးနှင့် ထိုင်းအာဏာပိုင်တို့ တွေ့မည်

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

စစ်အာဏာသိမ်းဆန့်ကျင်ရေးနဲ့ ရာသီသွေးလာချိန်

Your Thoughts …
Tags: ကန့်သတ်စစ်ကိုင်းစစ်ကော်မရှင်အမျိုးသမီးလစဉ်သုံးပစ္စည်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

by ဧရာဝတီ
8 August 2025
20.8k

မိုးအောင်ကို ဖယ်ရှားခြင်းသည် စစ်အုပ်စုဝန်ထမ်း ၂ သိန်းကျော်၏ ကိုယ်ရေးအချက်များ အကြီးအကျယ် ပေါက်ကြားခြင်းနှင့် ဆက်စပ်နေသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

by ဧရာဝတီ
1 November 2025
19.6k

ပြည်တွင်းထဲမှာနေနေရလို့ စားဝတ်နေရေး၊ ရှင်သန်ရေးအတွက် အလုပ်တွေလုပ်ကြရတာပဲဆိုပြီး မလွန်ကျွံ နေသရွေ့ အားလုံးက နားလည်ပေးထားတာပဲ။ အဲဒါကိုမှ ကုလားအုပ်လို ခေါင်းလေးဝင်၊ ကိုယ်လုံးလေးဝင်နဲ့ တစထက် တစ စော်ကားလာကြတဲ့၊ အနေအထိုင်မတတ်ကြတဲ့သူတွေ ရွံစရာကောင်းလောက်အောင်ကို သိပ်မိုက်ရိုင်းလွန်းတယ်။

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

by ဧရာဝတီ
6 August 2023
15.1k

ပြီးခဲ့သည့်နှစ် မေလအတွင်းက စကခ- ၄ လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)သည် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှ အရပ်သား ၂၆ ဦးကို သတ်ဖြတ်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် ကြည်သိုက် တာဝန်ရှိကြောင်း ပြောဆို မှုများ...

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

by ဧရာဝတီ
30 October 2023
11.9k

ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျှောက်တွင် စစ်ဆင်ရေး စတင်သည့် အောက် တိုဘာ ၂၇ ရက်က စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး

KIO က မြန်မာ့ “မူဖာဆာ” ဖြစ်မလား

KIO က မြန်မာ့ “မူဖာဆာ” ဖြစ်မလား

by Joe Kumbun
28 August 2025
9.6k

ဒု ဗိုလ်ချုပ်ကြီး ဂွန်မော်က မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုအနေဖြင့် သွေးခွဲမှုကို ဖြတ်ကျော်ပြီး ဘုံခြိမ်းခြောက်မှုကို ဆန့်ကျင်ရန် ညီညွတ်ရေး နှိုးဆော်သည်။

Next Post
ကားကြီးတက်မယ်၊ ဘေးကိုဖယ်

ကားကြီးတက်မယ်၊ ဘေးကိုဖယ်

“ဝ” ထုတ်ပြောရတဲ့အထိ တရုတ်ဖိအား ဘယ်လောက်ကြီးနေလဲ

“ဝ” ထုတ်ပြောရတဲ့အထိ တရုတ်ဖိအား ဘယ်လောက်ကြီးနေလဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved