တရုတ် EV ကားကုမ္ပဏီ BYD ရဲ့ မော်ဒယ် ၂ မျိုးက ကား အစီးရေ ၁ သိန်း ၁ သောင်းကျော် ပြန်လည် ပြင်ဆင်ဖို့ ခေါ်ယူ သွားမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာလိုက်ပါတယ်၊
၂၀၁၅ ခုနှစ် ကနေ ၂၀၂၂ ခုနှစ် အတွင်း ထုတ်လုပ်ခဲ့တဲ့ Tang နဲ့ Yuan Pro အမျိုးအစား ကား အစီးရေ ၁၁၅,၀၀၀ ကျော်ကို ဒီဇိုင်းနဲ့ ဘက္ထရီ ဆိုင်ရာ လုံခြုံရေး ပြဿနာတွေကြောင့် ပြင်ဆင်ဖို့ ပြန်လည် ခေါ်ယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ပမာဏဟာ BYD ရဲ့ အခုချိန် အထိ အများဆုံးသော ပြန်လည် ပြင်ဆင်ဖို့ခေါ်ယူမှု ဖြစ်လာမယ် လို့လည်း သိရပါတယ်။
၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အတွင်း ထုတ်လုပ်ခဲ့တဲ့ Tang series ကားတွေမှာ ဒီဇိုင်းပိုင်း ချို့ယွင်းမှုတွေက ပုံမှန် မဟုတ်တဲ့ လုပ်ဆောင်ချက်တွေကို ဖြစ်စေနိုင်တာကြောင့် ကား အစီးရေ ၄၄,၅၃၅ စီးကို ပြန်လည် ပြင်ဆင်ပေးသွားမယ့် အစီအစဉ်တခုကို ဈေးကွက် ထိန်းညှိရေး ပြည်နယ် အစိုးရ အဖွဲ့ထံ တင်ပြထားတယ် လို့လည်း ဆိုပါတယ်။
ဒါ့အပြင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လ အတွင်း ထုတ်လုပ်ခဲ့တဲ့ Yuan Pro ကား ၇၁,၂၄၈ စီးကိုလည်း ဘက္ထရီ တပ်ဆင်မှု ပြဿနာကြောင့် ပြန်လည် ခေါ်ယူမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ကလည်း Fangchengbao Bao 5 လို့ ခေါ်တဲ့ Hybrid SUV ကား ၆,၈၄၃ စီးကိုလည်း မီးလောင် နိုင်ခြေ ရှိတဲ့အတွက် ပြန်လည် ခေါ်ယူခဲ့ပါသေးတယ်။
အဲဒီ မတိုင်ခင် ၂၀၂၄ စက်တင်ဘာလ ကလည်း Dolphin နဲ့ Yuan Plus EV ကား စုစုပေါင်း အစီးရေ ၉၇,၀၀၀ နီးပါးကို မီးလောင်မှု ဖြစ်စေနိုင်တဲ့ စတီယာရင် ထိန်းချုပ်မှု အပါအဝင် ထုတ်လုပ်မှု ချို့ယွင်းချက်တွေကြောင့် ပြန်လည် ခေါ်ယူ ထားသေးတယ်လို့ သိရပါတယ်။
Ref : Reuters














