အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို “No Kings” ခေါင်းစဥ်နဲ့ ကန့်ကွက်ဆန္ဒပြပွဲကို အောက်တိုဘာ ၁၈ ရက် နေ့လယ်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့လွှတ်တော်အဆောက်အဦအနီးရှေ့မှာ ကျင်းပခဲ့ပြီး လူပေါင်း သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ No Kings ဆိုင်းဘုတ်တွေအပြင် အာဏာရှင်အလိုမရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မချိုးဖောက်ဖို့၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် မဟန့်တားဖို့၊ ကျန်းမာရေးအာမခံအတွက် ဘတ်ဂျက်မဖြတ်တောက်ဖို့ စတာတွေကို တောင်းဆိုခဲ့ကြတာတွေ့ရပါတယ်။
ဝါရှင်တန်ဒီစီအပါအ၀င် အမေရိကန်က ပြည်နယ် ၅၀ မှာ ဆန္ဒပြပွဲပေါင်း ၂၆၀၀ ကျော် ပြုလုပ်ခဲ့ပြီး အမေရိကန်သမိုင်းမှာ အကြီးဆုံးဆန္ဒပြပွဲလို့ ဆန္ဒပြပွဲပါ၀င်သူတချို့က ဆိုပါတယ်။
လက်ရှိမှာ အစိုးရနဲ့ လွှတ်တော်ကြား ပြည်သူလူထုကို အစိုးရက ထောက်ပံ့ပေးတဲ့ ကျန်းမာရေးအာမခံကိစ္စအပါအ၀င် အသုံးစရိတ်ကိစ္စတွေ ညှိမရတာကြောင့် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတချို့ရပ်နားထားရတယ်လို့ သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












