• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

“ယုံကြည်မှုရှိတဲ့အတွက် အမှုကို ရင်ဆိုင်ခဲ့တာပါ”လို့ ဝေဠုကျော် ပြော

by ယုဖြူဟန်
18 July 2019
in Crime
A A
ဒီနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ သရုပ်ဆောင် ဝေဠုကျော် / ယုဖြူဟန် / ဧရာဝတီ

ဒီနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ သရုပ်ဆောင် ဝေဠုကျော် / ယုဖြူဟန် / ဧရာဝတီ

12.8k
VIEWS
Share on FacebookShare on Twitter

ကာမလိမ်လည်မှုနဲ့ တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ ဒီနေ့ ရုံးချိန်းမှာ အမှုနဲ့ပတ်သက်ပြီး ယုံကြည်မှု ရှိတဲ့အတွက် ရင်ဆိုင်ခဲ့တာပါလို့ ပြောပါတယ်။

“သူတို့ တင်ထားတဲ့ အသံဖိုင်တွေကို စစ်ပါတယ်။ အမှုကတော့ အချိန်တန်ရင် ပြီးသွားပါလိမ့်မယ်။ ကျနော်အသံ မဖမ်းခိုင်းဘူး ခင်ဗျ။ ကျန်တာတော့ ကျနော်မသိဘူး။ အမှုပြီးသွားရင် သူ့ဟာသူ ပြီးသွားပါလိမ့်မယ်။ တရားသူကြီး ဆုံးဖြတ်ပါလိမ့်မယ်။ ကျနော် ယုံကြည်လို့ အမှုကို ရင်ဆိုင်တာပါ”လို့ ဝေဠုကျော်က ပြောပါတယ်။

အဆိုပါအမှု ဖြစ်နေတဲ့အတွက် သူလုပ်ကိုင် ဆောင်ရွက်နေတဲ့ ပရဟိတ လုပ်ငန်းများနဲ့တော့ သက်ဆိုင်ခြင်း မရှိဘူးလို့ ဝေဠုကျော်က ဆိုပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ ဇူလိုင်လ ၃၀ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပြီး ကျန်ရှိနေတဲ့ အသံဖိုင်များကို ဆက်လက် စစ်ဆေးသွားမှာလို့ သိရပါတယ်။

ဝေဠုကျော်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ ရုံးချိန်းမှာ တရားရုံး ကင်းလွတ်ခွင့်ကို လျှောက်ထားခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။ လက်ရှိမှာတော့ ဝေဠုကျော်နဲ့ တရားလိုဖြစ်သူ အလှမယ် သင်းသင်းတို့ နှစ်ဦးကြားမှ အသံဖိုင် ၂၄၀ ခန့်ကို တရားရုံးမှာ စစ်ဆေးနေဆဲကာလ ဖြစ်ပါတယ်။

“ဒီနေ့ အမှုက ကျမ တင်တဲ့ အသံဖိုင်ကို သူ့ဘက် ကိုယ့်ဘက် အသံတွေ နားထောင်ကြတယ်။ ရုံးချိန်းကိုတော့ ၃၀ ရက်နေ့ ပြန်ချိန်းလိုက်ပါတယ်။ ထူးုခြားမှုကတော့ တရားသူကြီး ဆုံးဖြတ်ပါလိမ့်မယ်”လို့ တရားလိုဖြစ်သူ သင်းသင်းက ပြောပါတယ်။

အလှမယ် သင်းသင်းကတော့ သရုပ်ဆောင် ဝေဠုကျော်ကို ဇန်နဝါရီ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဝေဠုကျော်က ကျပ်သိန်း ၅၀ နဲ့ အာမခံ ရယူကာ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

You may also like these stories:

အမှုဖြစ်နေပေမယ့် ပရဟိတလုပ်ငန်းများကို အကျိုးသက်ရောက်မှုမရှိဟု ဝေဠုကျော်ပြော

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

ဝေဠုကျော်က သူရဲ့ နာမည်နဲ့ Facebook အကောင့်တု သုံးနေသူများကို တောင်းပန်

ဝေဠုကျော်ရဲ့ တရားရုံး ကင်းလွတ်ခွင့် လျှောက်ထားမှု ပယ်ချခံရ

Your Thoughts …
Tags: ကာမလိမ်လည်မှုဝေဠုကျော်သင်းသင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင်ဝေဠုကျော်နှင့် အလှမယ် သင်းသင်း

ဝေဠုကျော်တင်သည့် လိင်ပိုင်းဆိုင်ရာဓာတ်ပုံများကို တရားရုံး ပယ်ချ

by ဧရာဝတီ
20 April 2022
13.8k

ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမိန့်တခုပါပဲ။ သင့်တော်မျှတတယ်။ ရုံးတော်က မဖွယ်မရာဖြစ်တဲ့အရာတွေကို လက်မခံဘူး။ အမှုနဲ့ဆက်စပ်နိုင်တဲ့အရာကို လက်ခံတယ်ဆိုတော့ ကျနော်တို့ဘက်က သင့်တော်မျှတတဲ့ အမိန့်တခုလို့ သတ်မှတ်တယ်

ကာမလိမ်လည်မှုဥပဒေဟာ အမျိုးသမီးတွေ လိုသလိုအသုံးချဖို့ လက်နက်တခုဖြစ်နေသလား / www.coindesk.com

ကာမလိမ်လည်မှုဆိုတာ

by မယ်လွန်း
9 January 2019
14.3k

မြန်မာနိုင်ငံလိုမျိုး ပုံစံခွက် အစွဲအလမ်းကြီးမားတဲ့ လူမှုအဖွဲ့အစည်းရဲ့ အနေအထားအရတော့ “သူ့ အရပ်နဲ့ သူ့ဇာတ်”မို့ ထိုက်တန်တဲ့ ဥပဒေလို့ ပြောရမယ်ထင်ပါတယ်။

ယနေ့ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ်သင်းသင်းနဲ့ ဝေဠုကျော် / ယုဖြူဟန် / ဧရာဝတီ

“ဝေဠုကျော်က ဝါသနာအရ အတူနေတဲ့ အသံဖိုင်များကို သွင်းထားခိုင်းတာ”လို့ သင်းသင်းပြော

by ယုဖြူဟန်
19 June 2019
77.8k

“ဝေဠုကျော်နဲ့ရည်းစားဖြစ်ခဲ့တာ ၆လကျော် ၇လအတွင်းမှာ ဝေဠုကျော်နဲ့ ထဲထဲဝင်ဝင်နေလာတာလေ။ ရည်းစားတယောက် ချစ်သူတယောက်အနေနဲ့နေလာတာ။ ဝေဠုကျော်ရဲ့အကျင့်စိတ်ဓာတ်ကို ကိုယ့်ထက်ဘယ်သူ ပိုသိနိုင်မှာလဲ။

အလှမယ် သင်းသင်း / Thin Thin's Facebook

အလှမယ်ပြိုင်ပွဲ ၃ ပွဲအတွက် သိန်း ၅၀ ကျော် ကုန်ကျခံခဲ့ရတဲ့ သင်းသင်း

by ယုဖြူဟန်
22 January 2021
16.4k

“အရင်တုန်းကဆို သရဖူသိမ်းတယ်လို့ ပြောတယ်။ အိမ်မှာ သရဖူရော၊ စလွယ်ရော ရှိပါတယ်။ အဲ့လို သိမ်းလို့ မရပါဘူး။

သင်းသင်း အဖမ်းခံရသောနေ့သည် တိုက်ဆိုင်စွာပင် သရုပ်ဆောင် ဝေဠုကျော် မင်္ဂဆောင်သောရက်နှင့် တရက်တည်းဖြစ်သည်

အမှုနဲ့မဆိုင်တဲ့ သင်းသင်း ဓာတ်ပုံတွေ ဝေဠုကျော် တမင်ရည်ရွယ်တင်ပြသလား

by ဧရာဝတီ
5 April 2022
29.5k

ထိုသို့တင်သွင်းခဲ့သည့် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများတွင် အလှမယ် သင်းသင်း မဟုတ်သည့် ပုံများ ပါဝင်သလို၊ သင်းသင်း ဟုတ်သည်ဟု သက်သေ မပြနိုင်သည့် ပုံများပင် ပါဝင်သည်ဟု သင်းသင်းသာမက၊ ၎င်း၏ ရှေ့နေကပါ ဧရာဝတီကို ပြောသည်။

အလှမယ် သင်းသင်း / နေပိုင် / ဧရာဝတီ

ကျောင်းဆရာမ ဝတ်စုံ မှားယွင်းခဲ့တဲ့အပေါ် သင်းသင်း ပြန်ဖြေရှင်း

by ယုဖြူဟန်
20 January 2021
24.6k

“ကျောင်းဆရာမအခန်း ပါရမယ်ဆိုတော့ ငယ်ငယ်က အရမ်းရူးသွပ်ခဲ့တာ အိပ်မက်ပေါ့။ ပညာရေးနဲ့ ပတ်သက်ရင် ငယ်ငယ်က ကျောင်းဆရာမ အရမ်းဖြစ်ချင်ခဲ့တာ။

Next Post
ပြည်တွင်း ထွက်ကုန်တခုဖြစ်နေသော နွားများ  /  ဧရာဝတီ

အမေရိကန် ဒေါ်လာ ၃၅ သန်းတန် နွားမွေးမြူရေး လုပ်ငန်း တရုတ် ရင်းနှီးမြှုပ်နှံရန် စီစဉ်

ရခိုင်မြောက်ပိုင်း အင်တာနက်ပိတ်ခံရမှု ပြန်ဖွင့်ပေးရန် အရေးကြီးအဆို တင်ခွင့်မရ ဟုဆို (ရုပ်/သံ)

ရခိုင်မြောက်ပိုင်း အင်တာနက်ပိတ်ခံရမှု ပြန်ဖွင့်ပေးရန် အရေးကြီးအဆို တင်ခွင့်မရ ဟုဆို (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved