အင်တာနက် ပိတ်ပင်ခံထားရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွေမှာ အင်တာနက် ပြန်လည်အသုံးပြုခွင့် အမြန်ဆုံးရရှိနိုင်ရန် အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို လွှတ်တော်မှာ တင်ခွင့်မရခဲ့ဘူးလို့ အဆိုတင်သွင်းသူ ဒေါ်ခင်စောဝေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်အပြင် ရေဘေးဒုက္ခသည်တွေပါ ရှိနေပြီး အင်တာနက် ပိတ်ထားတဲ့ အတွက် အကူအညီတွေအချိန်မီမရောက်နိုင်ဖြစ်နေရပြီး သတင်းအမှောင်ချထားတာဟာ ဥပဒေ စိုးမိုးရေးနဲ့ ဒေသတည်ငြိမ်ရေးကို ပိုမိုဆိုးရွားစေမယ်လို့ ရခိုင်အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ရိုက်ကူး – ကျော်မျိုး
တည်းဖြတ် – ဝေယံမိုးမြင့်