• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

တရားရုံးက လက်ခံနိုင်တဲ့အထိ သက်သေတွေ တင်သွားမယ်လို့ သင်းသင်း ပြော

by ယုဖြူဟန်
30 July 2019
in Crime
A A
ဒီနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ် သင်းသင်း / ယုဖြူဟန် / ဧရာဝတီ

ဒီနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ် သင်းသင်း / ယုဖြူဟန် / ဧရာဝတီ

14.3k
VIEWS
Share on FacebookShare on Twitter

ကာမလိမ်လည်မှုဖြင့် သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုထားတဲ့ အလှမယ် သင်းသင်းကတော့ ရုံးချိန်းများမှာ တရားရုံးက လက်ခံနိုင်တဲ့အထိ သက်သေများကို တင်သွားမယ်လို့ ပြောပါတယ်။

“ကျမဘက်ကတော့ ကျမက တရားစွဲဆိုထားတာ။ တရားစွဲဆိုထားတဲ့သူ တယောက်အနေနဲ့ တရားရုံးနဲ့ တရားသူကြီး လက်ခံနိုင်တဲ့ သက်သေကို တင်ဖို့အတွက်က ကျမရဲ့တာဝန်၊ အဲ့တော့ ပြစ်မှုကျူးလွန်ထားတဲ့ တရားခံကတော့ သူငြင်းမှာပဲလေ။ ဒါက သဘာဝပါ” လို့ သင်းသင်းက ဒီနေ့ ဇူလိုင် ၃၀ ရက်နေ့ ရုံးချိန်းမှာ မီဒီယာများကို ပြောပါတယ်။

အသံဖိုင်ကိစ္စကိုလည်း ဝေဠုကျော်က သူသွင်းခိုင်းတာ မဟုတ်ဘူးလို့ ငြင်းထားတာ ရှိခဲ့ပြီး ပြစ်မှုကျူးလွန်တဲ့သူ တယောက်အနေနဲ့ ဘယ်သူမှ မဝန်ခံကြဘူးလို့ သင်းသင်းက ပြောပါတယ်။

“Page တခုက သူ့အကြောင်း တင်ထားတာ ရှိတယ်။ အဲ့ထဲမှာ အသံဖိုင်ကို သူ မသွင်းခိုင်းဘူးလို့ ပြောထားတာ ရှိတယ်။ ပြစ်မှုကျူးလွန်တဲ့သူက ဘယ်သူမှ ဝန်မခံဘူးလေ။ အဲ့လို ဝန်ခံကြေးဆို အင်းစိန်ထောင်မှာ တော်တော်လေး လျှံနေမယ်လို့ ထင်တာပဲ။ ပြစ်မှု ကျူးလွန်တဲ့သူက ဘယ်သူမှ ဝန်မခံဘူး”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
131
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

“သူ့ဘက်က ငြင်းတာကိုလည်း ကျမက အပြစ်မပြောပါဘူး။ ဒါကလည်း သဘာဝလေ။ သူ ငြင်းမှလည်း ရမယ်။ ပြစ်မှု ကျူးလွန်တဲ့သူက မငြင်းပါဘူး၊ ဝန်ခံပါတယ်ဆိုရင် သူ့ကို စစ်စရာတောင် မလိုဘူး။ ထောင်ထဲမှာ ရောက်နေပြီ။ အဲဒါ ပြောချင်တာပါ”လို့ သင်းသင်းက ပြောပါတယ်။

ဒီနေ့ ပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာလည်း တင်သွင်းထားတဲ့ အသံဖိုင်များကို ဆက်လက် စစ်ဆေးခဲ့ပြီး အမှု အခြေအနေဟာ လက်ရှိ အချိန်ထိတော့ ထူးခြားမှု မရှိသေးပါဘူး။ သရုပ်ဆောင် ဝေဠုကျော်အနေနဲ့ အဆိုပါ အမှုအတွက် ရုံးချိန်း ကင်းလွတ်ခွင့် လျှောက်ထားမှု ရှိခဲ့သော်လည်း တရားရုံးက လက်မခံတဲ့အတွက် တရားရုံးမှ ချိန်းဆိုထားတဲ့ ရုံးချိန်းများကို ပုံမှန် လာရောက်လျက် ရှိပါတယ်။

အလှမယ် သင်းသင်းကတော့ သရုပ်ဆောင် ဝေဠုကျော်ကို ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်ကတော့ ငွေကျပ် သိန်း ၅၀ ဖြင့် အာမခံ ရယူကာ တရားရင်ဆိုင်နေတာ ဖြစ်ပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ သြဂုတ်လ ၁၃ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပါတယ်။

You may also like these stories:

ဝေဠုကျော်ရဲ့အမှု နှစ်ဖက်ရှေ့နေ သဘောတူညီမှုဖြင့် အမှုစစ်ဆေးရန် ရက်ရွေ့ဆိုင်း

“Facebook မှာ အကောင့်တုတွေနဲ့ တိုက်ခိုက်နေကြတယ်၊ ဂုဏ်သိက္ခာ ချနေကြတယ်”လို့ သင်းသင်း ပြော

Your Thoughts …
Tags: ကာမလိမ်လည်မှုဝေဠုကျော်သင်းသင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင်ဝေဠုကျော်နှင့် အလှမယ် သင်းသင်း

ဝေဠုကျော်တင်သည့် လိင်ပိုင်းဆိုင်ရာဓာတ်ပုံများကို တရားရုံး ပယ်ချ

by ဧရာဝတီ
20 April 2022
13.8k

ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမိန့်တခုပါပဲ။ သင့်တော်မျှတတယ်။ ရုံးတော်က မဖွယ်မရာဖြစ်တဲ့အရာတွေကို လက်မခံဘူး။ အမှုနဲ့ဆက်စပ်နိုင်တဲ့အရာကို လက်ခံတယ်ဆိုတော့ ကျနော်တို့ဘက်က သင့်တော်မျှတတဲ့ အမိန့်တခုလို့ သတ်မှတ်တယ်

ကာမလိမ်လည်မှုဥပဒေဟာ အမျိုးသမီးတွေ လိုသလိုအသုံးချဖို့ လက်နက်တခုဖြစ်နေသလား / www.coindesk.com

ကာမလိမ်လည်မှုဆိုတာ

by မယ်လွန်း
9 January 2019
14.3k

မြန်မာနိုင်ငံလိုမျိုး ပုံစံခွက် အစွဲအလမ်းကြီးမားတဲ့ လူမှုအဖွဲ့အစည်းရဲ့ အနေအထားအရတော့ “သူ့ အရပ်နဲ့ သူ့ဇာတ်”မို့ ထိုက်တန်တဲ့ ဥပဒေလို့ ပြောရမယ်ထင်ပါတယ်။

ယနေ့ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ်သင်းသင်းနဲ့ ဝေဠုကျော် / ယုဖြူဟန် / ဧရာဝတီ

“ဝေဠုကျော်က ဝါသနာအရ အတူနေတဲ့ အသံဖိုင်များကို သွင်းထားခိုင်းတာ”လို့ သင်းသင်းပြော

by ယုဖြူဟန်
19 June 2019
77.8k

“ဝေဠုကျော်နဲ့ရည်းစားဖြစ်ခဲ့တာ ၆လကျော် ၇လအတွင်းမှာ ဝေဠုကျော်နဲ့ ထဲထဲဝင်ဝင်နေလာတာလေ။ ရည်းစားတယောက် ချစ်သူတယောက်အနေနဲ့နေလာတာ။ ဝေဠုကျော်ရဲ့အကျင့်စိတ်ဓာတ်ကို ကိုယ့်ထက်ဘယ်သူ ပိုသိနိုင်မှာလဲ။

အလှမယ် သင်းသင်း / Thin Thin's Facebook

အလှမယ်ပြိုင်ပွဲ ၃ ပွဲအတွက် သိန်း ၅၀ ကျော် ကုန်ကျခံခဲ့ရတဲ့ သင်းသင်း

by ယုဖြူဟန်
22 January 2021
16.4k

“အရင်တုန်းကဆို သရဖူသိမ်းတယ်လို့ ပြောတယ်။ အိမ်မှာ သရဖူရော၊ စလွယ်ရော ရှိပါတယ်။ အဲ့လို သိမ်းလို့ မရပါဘူး။

သင်းသင်း အဖမ်းခံရသောနေ့သည် တိုက်ဆိုင်စွာပင် သရုပ်ဆောင် ဝေဠုကျော် မင်္ဂဆောင်သောရက်နှင့် တရက်တည်းဖြစ်သည်

အမှုနဲ့မဆိုင်တဲ့ သင်းသင်း ဓာတ်ပုံတွေ ဝေဠုကျော် တမင်ရည်ရွယ်တင်ပြသလား

by ဧရာဝတီ
5 April 2022
29.5k

ထိုသို့တင်သွင်းခဲ့သည့် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများတွင် အလှမယ် သင်းသင်း မဟုတ်သည့် ပုံများ ပါဝင်သလို၊ သင်းသင်း ဟုတ်သည်ဟု သက်သေ မပြနိုင်သည့် ပုံများပင် ပါဝင်သည်ဟု သင်းသင်းသာမက၊ ၎င်း၏ ရှေ့နေကပါ ဧရာဝတီကို ပြောသည်။

အလှမယ် သင်းသင်း / နေပိုင် / ဧရာဝတီ

ကျောင်းဆရာမ ဝတ်စုံ မှားယွင်းခဲ့တဲ့အပေါ် သင်းသင်း ပြန်ဖြေရှင်း

by ယုဖြူဟန်
20 January 2021
24.6k

“ကျောင်းဆရာမအခန်း ပါရမယ်ဆိုတော့ ငယ်ငယ်က အရမ်းရူးသွပ်ခဲ့တာ အိပ်မက်ပေါ့။ ပညာရေးနဲ့ ပတ်သက်ရင် ငယ်ငယ်က ကျောင်းဆရာမ အရမ်းဖြစ်ချင်ခဲ့တာ။

Next Post
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာမိုဒီတို့ တွေ့ဆုံစဉ် / တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

အိန္ဒိယ- မြန်မာ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

အဆိုတော်၊ သရုပ်ဆောင် ယုန်လေးနဲ့ ဇာတ်ပို့ ဇာတ်ရံများ / Yone Lay's Facebook

ငွေကြေး အခက်အခဲဖြစ်တဲ့ ဇာတ်ပို့၊ လူကြမ်းတွေကို ဇာတ်ကား ခေါ်ရိုက်ပေးနေတဲ့ ယုန်လေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved