သတင်းတို

Hottest Property Deals in Myanmar Expo အိမ်ခြံမြေပြပွဲ ကျင်းပမည်

Want create site? Find Free WordPress Themes and plugins.

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြေကွက်၊ တိုက်ခန်းနှင့် ကွန်ဒိုများကို ၅ နှစ်မှ ၁၀ နှစ်အတွင်း အရစ်ကျပေးချေ ဝယ်ယူနိုင်မည့် Hottest Property Deals in Myanmar Expo ပြပွဲကို ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ပြုလုပ်သွားမည် ဖြစ်သည်။

ထိုပြပွဲ၌ ကျပ်သိန်း ၄၀၀၊ ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ တိုက်ခန်းများကို ၅ နှစ် အရစ်ကျဖြင့် လည်းကောင်း၊ ကျပ်သိန်း ၁၅၀၀၊ ကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ အိမ်ခြံမြေများကို ၁၀ နှစ် အရစ်ကျဖြင့် လည်းကောင်း ရောင်းချပေးမည် ဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့ရှိ အိမ်ခြံမြေများသာမက တခြားမြို့နယ်များရှိ အိမ်ခြံမြေများကိုလည်း ထိုပြပွဲတွင် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

ပြပွဲကို လာမည့် ဇွန်လ ၃၀ ရက်၊ ဇူလိုင်လ ၁ ရက်နှင့် ၂ ရက်တို့တွင် ပြုလုပ်မည်ဖြစ်ပြီး ပြခန်းပေါင်း ၁၀၀ ကျော်နှင့် အိမ်ရာနှင့် ပတ်သတ်သည့် နည်းပညာ ဟောပြောပွဲများပါ ထည့်သွင်းကျင်းပမည်ဟု အိမ်ခြံမြေပြပွဲ စီစဉ်သူတဦးဖြစ်သည့် Shwe Property.com တည်ထောင်သူ ဦးကောင်းသူဝင်းက ပြောသည်။

“ရန်ကုန်အပြင် မန္တလေးနဲ့ တောင်ကြီး အစရှိတဲ့နေရာတွေအပြင် အခြားတိုင်းနဲ့ ပြည်နယ်တွေက အိမ်ခြံမြေတွေလည်း ပါတယ်။ ပြတဲ့သူတွေက သူတို့အဆင်ပြေတဲ့ဘဏ်နဲ့ ချိတ်ဆက်ရောင်းချပေးသွားမယ်” ဟု ဦးကောင်းသူဝင်းက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading