သတင်းတို

စစ်​တွေ က​မ္ဘောဇဘဏ် ဓါးပြတိုက်ခံရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကျည်းပင်ကြီး ရပ်ကွက်တွင် ရှိသည့် KBZ ဘဏ်ခွဲ (၂) အား ဓါးပြတိုက်ခံရမှုတွင် အသုံးပြု ခဲ့သည့် ဟိုက်ဂျက် မော်တော်ယာဉ်နှင့် သံသယရှိသူတဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“အဲဒီမှာ ဓါးနဲ့ထောက်ပြီးတော့ ဓါးပြတိုက်သွားတယ်။ ငွေကျပ် သိန်း ၁၈၀၀ လောက် ပါသွားတယ်လို့ ပြောတယ်။ အဲဒါကို လိုက်ဖမ်းတဲ့အခါ အခု လောလောဆယ်မှာ အဲဒီ ဓါးပြတိုက်ထားတဲ့ ကားနဲ့ လူ ၁ ယောက်တော့ ဖမ်းမိထားတယ်။ ရဲက စုံစမ်း စစ်ဆေးတာတွေ လုပ်နေတယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဘဏ်ဓါးပြများသည် ဘဏ်ပိတ်နေသည့်အချိန်တွင် ဘဏ်ဝန်ထမ်းများပုံစံဖြင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ ဓါးထောက် လုယက်ပြီးနောက် ၎င်းတို့ စီးလာသည့် ဟိုက်ဂျက် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားသဖြင့် တရားခံ ဖမ်းဆီးရမိရေး မြို့ဝင်ဂိတ်များကို ပိတ်ဆို့ ရှာဖွေ စစ်ဆေးလျက်ရှိကြောင်း လုံခြုံရေး တာဝန်ရှိသူများထံမှ သိရသည်။

“ဝင်လာပြီးတော့ ယူသွားတယ်လို့ သိရတယ်။ အသေးစိတ်ကတော့ ဘဏ်ကို မေးပါ။ ညနေ ၄ နာရီလောက်က ဖြစ်တာ”ဟု စစ်တွေမြို့ မှ ရဲအရာရှိကြီးတဦးက ကမ္ဘောဇဘဏ်မှ ပြန်အထွက်တွင် သတင်းထောက်များကို ပြောသည်။

စစ်တွေမြို့ သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ဌာနဆိုင်ရာ ပေါင်းစုံ ရုံးစိုက်ရာ နေရာဖြစ်သဖြင့် ယေဘုယျအားဖြင့် အခြားမြို့ များထက် လုံခြုံရေးအရ စိတ်ချရသည့် မြို့ တော်တခု ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading