• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

KBZPay ၂ နှစ်ပြည့်ပြီ

by --
2 October 2020
in စီးပွားရေး
A A
KBZPay သည် အောက်တိုဘာလ ၁ ရက်နေ့တွင် ၂ နှစ်ပြည့်ခဲ့ပြီး အသုံးပြုသူပေါင်း ၆ ဒသမ ၁ သန်းကျော် အထိရှိနေပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်က ထုတ်ပြန်လိုက်သည်။

KBZPay သည် အောက်တိုဘာလ ၁ ရက်နေ့တွင် ၂ နှစ်ပြည့်ခဲ့ပြီး အသုံးပြုသူပေါင်း ၆ ဒသမ ၁ သန်းကျော် အထိရှိနေပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်က ထုတ်ပြန်လိုက်သည်။

7.2k
VIEWS
Share on FacebookShare on Twitter

(၂) နှစ်ပြည့်၊ အသုံးပြုသူ (၆) သန်းကျော်၊ ကိုယ်စားလှယ်နဲ့ ဈေးဆိုင်ပိုင်ရှင်ပေါင်း (၂၉၀,၀၀၀) ရှိပြီးတဲ့အခါ – KBZPay ကနေ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ဒစ်ဂျစ်တယ်ငွေပေးချေမှု ဂေဟစနစ်တစ်ခု ဖြစ်တည်လာဖို့ ဘယ်လို ထုဆစ်ပုံဖော်နိုင်ခဲ့ပြီလဲ

ကမ္ဘောဇဘဏ်မှ ‘20 in 2020’ အမည်ရ အကြောင်းအရာပေါင်း (၂၀) ပါဝင်သည့် အခန်းဆက် အစီအစဉ်တစ်ခုကို ဂုဏ်ယူစွာ တင်ဆက်လိုက်ပါသည်။ အဆိုပါ အစီအစဉ်မှတဆင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ကမ္ဘောဇဘဏ်နှင့် KBZPay တို့မှ ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်ခဲ့သည်များကို အကြောင်းအရာပေါင်း (၂၀) ရွေးချယ်ထုတ်နှုတ် ဖော်ပြသွားမည် ဖြစ်ပါသည်။ ‘20 in 2020’ အခန်းဆက် အစီအစဉ်၏ ပုံမှန် တင်ဆက်မှုများကို ကမ္ဘောဇဘဏ်၏ လူမှုကွန်ရက် စာမျက်နှာများတွင် စောင့်ကြည့်လေ့လာပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ ‘20 in 2020’ ၏ ပထမဦးဆုံး ရွေးချယ်တင်ဆက်မှုအဖြစ် KBZPay ၏ (၂) နှစ်ပြည့် နှစ်ပတ်လည်အား ဂုဏ်ပြုရင်း သန်းပေါင်းများစွာသော ပြည်သူများအတွက် နေ့စဉ် ငွေရေးကြေးရေး၊ လူမှုဘဝရေးရာ ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပေးလျက်ရှိသော KBZPay ၏ ကြီးမားကျယ်ပြန့်လှသည့် ဒစ်ဂျစ်တယ်ငွေပေးချေမှု ဂေဟစနစ် ဖြစ်တည်လာပုံအား စိတ်ဝင်စားဖွယ်ရာ ရေးသားတင်ပြလိုက်ရပါသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.7k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

KBZPay ကို ၂၀၁၈ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ချိန်ကစပြီး မြန်မာနိုင်ငံရဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်မှာ မကြုံစဖူး အားလုံးပါဝင်နိုင်လာတဲ့ တစ်ချို့သော အပြောင်းအလဲတွေရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့ပါတယ်။ ဒီအပြောင်းအလဲတွေဟာ ပြည်တွင်းက မိုဘိုင်းပိုက်ဆံအိတ်ဆိုတာနဲ့ အကျွမ်းတဝင် မရှိသူများ သန်းပေါင်းများစွာကို ဒစ်ဂျစ်တယ်ဂေဟစနစ်တစ်ခုနဲ့ ပထမဦးဆုံးအကြိမ် စတင်ချိတ်ဆက်ပေးရင်းကနေ ဖြစ်တည်ခဲ့ပါတယ်။ ကမ္ဘောဇဘဏ်ဟာ ပြည်သူတွေရဲ့လက်ထဲကို နိုင်ငံတကာအဆင့်မီ ဘဏ်ဝန်ဆောင်မှုနဲ့ မိုဘိုင်းပိုက်ဆံအိတ် ဝန်ဆောင်မှုတွေပဲ ထည့်ပေးလိုက်တာ မဟုတ်ပါ။ အရင်က ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ e-commerce လုပ်ငန်း၊ လက်လီအရောင်းဆိုင်နဲ့ အစိုးရဌာနဆိုင်ရာ ဝန်ဆောင်မှုအပိုင်း စသည်ဖြင့် တကွဲတပြားဖြစ်နေတဲ့ ကဏ္ဍအသီးသီးက လုပ်ငန်းမိတ်ဖက်တွေကို ဂေဟစနစ်ကြီးတစ်ခုအဖြစ် စုစည်းပြီး အသုံးပြုတွေနဲ့ပါ ချိတ်ဆက်ပေးနေတာ ဖြစ်တာပါ။

KBZPay ဟာ ဒီဂေဟစနစ်ကြီးကို (၂၄) လအတွင်းမှာပဲ တည်ဆောက်နိုင်ခဲ့ပြီး ဒီစနစ်ကြီးရဲ့ အရွယ်အစားနဲ့ ချိတ်ဆက် ပေါင်းစည်းပေးနိုင်စွမ်းကတော့ မြန်မာနိုင်ငံမှာ ထပ်တူပြစရာ မရှိလောက်အောင် ကြီးမားကျယ်ပြန့်ပါတယ်။ ဒီဂေဟစနစ်ကို အမှီပြုပြီး KBZPay ဟာ ပြည်တွင်း ငွေပေးချေမှုကဏ္ဍအတွက် နယ်ပယ်သစ်တစ်ခု ထူထောင်နိုင်ခဲ့တဲ့အပြင် ဘဏ်ကနေပံ့ပိုးပေးထားတဲ့ မိုဘိုင်းပိုက်ဆံအိတ်တစ်ခုဟာ ဘယ်လောက်အထိ အသုံးပြုသူတွေကို ဆွဲဆောင်နိုင်တယ်ဆိုတာ စံနမူနာ ပြနိုင်ခဲ့ပါတယ်။

KBZPay ရဲ့ အသုံးပြုသူ (၆) သန်းကျော်ကတော့ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ KBZPay က ဘယ်လို အကျိုးကျေးဇူးတွေ ဖန်တီးပေးနေလဲဆိုတာ ကိုယ်တိုင် မြင်တွေ့နေကြရပါပြီ။ ဒါ့ကြောင့်လည်း လက်ရှိအချိန်မှာ KBZPay ကို အသုံးချပြီး ဆောင်ရွက်ခဲ့တဲ့ ငွေကြေးလုပ်ဆောင်ချက်တွေရဲ့ ပမာဏ စုစုပေါင်း ငွေကျပ် (၁၅) ထရီလီယံကျော် ရှိခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဧပြီလကစတင်ပြီး KBZPay နဲ့ အသုံးပြုသူအချင်းချင်း ငွေကြေးလွှဲပြောင်းမှု ပြုလုပ်တဲ့ အရေအတွက်ဟာ (၂၂၅%) အထိ တိုးတက်လာခဲ့ပြီး ငွေကြေးလွှဲပြောင်းမှု ပမာဏဟာလည်း (၁၄၈%) အထိ မြင့်တက်သွားခဲ့ပါတယ်။ သူ့ရဲ့ ချိတ်ဆက်ပေါင်းစည်းနိုင်စွမ်းနဲ့ ကိုယ်စားလှယ်၊ ဈေးဆိုင်ပိုင်ရှင် (၂၉၀,၀၀၀) ကျော်ရှိတဲ့ ကွန်ရက်အတွက် ငွေလွှဲပြောင်း ပေးချေမှုတွေ ပြုလုပ်ရာက ကော်မရှင် ရရှိအောင်၊ ငွေသားအသုံးပြုတာထက် ဝင်ငွေတွေကို ပိုစိတ်ချရတဲ့ နည်းလမ်းနဲ့ ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်အောင် ဝန်ဆောင်ပေးပြီး ဝင်ငွေအခွင့်လမ်းအသစ်တွေ ရလာအောင် ဆောင်ရွက်ပေးနေပါတယ်။

“ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကျွန်မတို့ KBZPay ဟာ မြန်မာနိုင်ငံက သန်းပေါင်းများစွာသော ပြည်သူတွေကို သူတို့ ချစ်ခင်ရသူတွေ၊ ဈေးဆိုင်ပိုင်ရှင်နဲ့ ကိုယ်စားလှယ်တွေ၊ ဝန်ဆောင်မှုပေးတဲ့သူတွေ၊ e-commerce လုပ်ငန်း၊ လက်လီ အရောင်းဆိုင်၊ အစိုးရ ဝန်ဆောင်မှုလုပ်ငန်းတွေ အပါအဝင် အခြား အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးနိုင်တဲ့ ကြီးမားလှတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ ဂေဟစနစ်ကြီးတစ်ခု ဖန်တီးပုံဖော်နိုင်ခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဒီလောက် အတိုင်းအတာအထိ ချိတ်ဆက်ပေါင်းစည်းပေးနိုင်တဲ့ ဝန်ဆောင်မှုမျိုး မရှိခဲ့ပါဘူး။ အားလုံးပါဝင် အသုံးပြုနိုင်တဲ့ အဆင့်မြင့် ဒစ်ဂျစ်တယ် ငွေရေးကြေးရေး ဝန်ဆောင်မှုတွေကနေ ပြည်သူတွေရဲ့ ဘဝတွေကို ဘယ်လို အကျိုးကျေးဇူးရှိစေခဲ့လဲဆိုတာ သာဓကတစ်ခုအနေနဲ့ ပြသပေးနိုင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း KBZPay ကို ပြည်သူတွေ လက်ထဲရောက်အောင် အများကြီးဆီ ပို့ဆောင်ပေးပြီး မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍကို အဓိက မောင်းနှင်နေတဲ့ အင်အားတစ်ခုအဖြစ် အသုံးချနိုင်အောင် KBZPay ရဲ့ ဂေဟစနစ်ကြီးကို ဒီထက်ပိုပြီး ကြီးမားတိုးတက်လာဖို့ တိုးချဲ့သွားပါမယ်” လို့ ကမ္ဘောဇဘဏ်ရဲ့ ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက ဆိုပါတယ်။

၂၀၂၀ ခုနှစ်၊ စိန်ခေါ်မှုတွေ ပြည့်နှက်နေခဲ့တဲ့ ကိုဗစ်-၁၉ ကာလအတွင်းမှာ ဈေးဆိုင်ပိုင်ရှင်နဲ့ ကိုယ်စားလှယ်တွေရဲ့ ငွေကြေးလည်ပတ်မှု ပိုပြီး အဆင်ပြေစေဖို့ KBZPay ရဲ့ လွယ်ကူတဲ့ ထုတ်ယူချေးငွေ၊ အသုံးပြုသူတွေအတွက် KBZPay ဈေးဝယ်ချေးငွေ ၊ ကိုယ်ပိုင်ချေးငွေ စတဲ့ ကာလတို ငွေကြေးထောက်ပံ့မှု ပုံစံတွေသစ်တွေကို ပြည်သူတွေဆီ မိတ်ဆက်ပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ထဲမှာ သိသိသာသာ အရေးပါတဲ့ ခြေလှမ်းတစ်ခုကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အပါအဝင် အစိုးရဌာနတွေကိုပါ KBZPay ရဲ့ ဂေဟစနစ်ကြီးထဲမှာ ပါဝင်စေနိုင်ခဲ့တာပါ။ ဒီကြိုးပမ်းမှုတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်များကို ငွေကြေးထောက်ပံ့တဲ့ (MCCT) စီမံချက်နဲ့ ငွေဗိုက် စီမံချက်ကနေ အကျိုးခံစားခွင့်ရတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးမွေးဖွားပြီးစ မိခင်တွေရဲ့ ကိုဗစ်-၁၉ ထောက်ပံ့ကြေးငွေတွေကို ဘေးကင်းလုံခြုံမှုရှိရှိ၊ ထိထိရောက်ရောက် လွှဲပြောင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။

KBZPay နှစ်နှစ်ပြည့် အထိမ်းအမှတ်အား ကုသိုလ်ဖြစ် ပေးကမ်းလှူဒါန်းမှုဖြင့် ဂုဏ်ပြုခြင်း

မေတ္တာတရားကို ရှေးရှုပြီး ကမ္ဘောဇဘဏ်ကနေ KBZPay နှစ်နှစ်ပြည့် အထိမ်းအမှတ်အတွက် မူလက ဂုဏ်ပြုပွဲ အခမ်းအနားတွေမှာ အသုံးပြုဖို့ လျာထားတဲ့ ရန်ပုံငွေတွေကို နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံပြန့်ရေး လုပ်ဆောင်ချက်တွေအတွက် တိုးမြှင့်ပံ့ပိုးနိုင်ဖို့ အသုံးချသွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ ကမ္ဘောဇဘဏ်ကနေ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ အောင်မြင့်မိုရ် အိမ်ရာထဲက ယာယီဆေးရုံတွေမှာ အသုံးပြုဖို့ ငွေကျပ်သိန်း (၄၅၀) လှူဒါန်းခဲ့ပါတယ်။ အဲဒီက လူနေအိမ်ရာတွေဟာ လက်ရှိမှာ လူပေါင်း (၂,၅၀၀) အထိ တက်ရောက်နိုင်တဲ့ ကိုဗစ်-၁၉ ကုသရေးစင်တာတစ်ခုအဖြစ် ပြောင်းလဲဖွင့်လှစ်ထားတာပါ။ ကမ္ဘောဇဘဏ်ရဲ့ လှူဒါန်းမှုက ဒီယာယီ ဆေးရုံမှာရှိတဲ့ ကိုဗစ်-၁၉ လူနာတွေကို ကုသရာမှာ High-Dependency Units (HDU) နေရာ အသစ် များ နှင့် အရေးပေါ် ကုသဖို့ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ကိရိယာတွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလှူဒါန်းမှုကို ကမ္ဘောဇဘဏ်ရဲ့ ကုသိုလ်ဖြစ် လှုပ်ရှားမှုတွေအားလုံးကို လေ့လာအကဲဖြတ်ဖို့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်း၊ တိကျခိုင်မာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအတိုင်း ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်အောင် ဖွဲ့စည်းထားတဲ့ ကမ္ဘောဇဘဏ် Social Purpose and Impact Partnership Committee (SPIP) ရဲ့ ထောက်ခံချက်အရ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်အနေနဲ့လည်း ဒီလို ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလမှာ လူမှုအသိုင်းအဝိုင်း ပေါင်းစုံအတွက် မရှိမဖြစ် လုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ကိုင်ပေးနေတဲ့ ပရဟိတ အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီဖို့ ပါဝင်လှူဒါန်းခဲ့ကြတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက ပြည်သူအားလုံးကို အထူးပဲ ကျေးဇူးတင်ဂုဏ်ပြုပါတယ်။ အားလုံးပဲ KBZPay အက်ပလီကေးရှင်းထဲက ‘အလှူဒါန (Donation)’ ဆိုတဲ့ နေရာကိုဖွင့်ပြီး၊ ကိုယ်လှူဒါန်းချင်တဲ့ အဖွဲ့အစည်းကိုရွေး၊ ဘယ်လောက် လှူမယ်ဆိုတာထည့်၊ ပြီးရင် ‘ပြုလုပ်မည် (Confirm)’ ကို နှိပ်ပြီး အိမ်မှာနေရင်း အလှူအတန်း လုပ်နိုင်ပါပြီလို့ အသိပေးလိုက်ရပါတယ်။

( Sponsored ဆောင်းပါးဖြစ်သည်။)

Your Thoughts …
Tags: ၂ နှစ်ပြည့်KBZPayကမ္ဘောဇဘဏ်ဒေါ်နန်းလိုင်ခမ်းမိုဘိုင်းဖုန်းငွေကြေးဝန်ဆောင်မှု
--

--

Similar Picks:

ကေပေးကြောင့် ငွေကြေးဆုံးရှုံးမှုတွေရှိနေ (ရုပ်/သံ)

ကေပေးကြောင့် ငွေကြေးဆုံးရှုံးမှုတွေရှိနေ (ရုပ်/သံ)

by ဧရာဝတီ
5 January 2025
330

ကေပေးလို့ အများခေါ်ဝေါ်သုံးစွဲနေကြတဲ့ ကမ္ဘောဇ Pay ကိုအသုံးပြုသူတချို့မှာ ပိုင်ရှင်မသိလိုက်ရပဲ အကောင့်ထဲကနေ ငွေကြေးလွှဲပြောင်းခိုးယူခံရမှုတွေ ဒီဇင်ဘာလအတွင်း အမြောက်အများ ဖြစ်ပွားခဲ့ကြတာပါတယ်။

KBZ ဘဏ်ရဲ့ Deputy CEO ဒေါ်နန်းလိုင်ခမ်း

ဒေါ်နန်းလိုင်ခမ်း အကြောင်း စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် ၅ ချက်

by ဧရာဝတီ
23 July 2019
23.8k

၂၀၁၇ ခုနှစ်မှာ ဒေါ်နန်းလိုင်ခမ်းဟာ စင်ကာပူနိုင်ငံအခြေစိုက်၊ The Asia Banker ရဲ့ ၂၀၁၇ ခုနှစ် “The Promising Young Banker” (အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု) ကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

ကမ္ဘောဇဘဏ်၏ မိုဘိုင်းဖုန်းငွေပေးချေဝန်ဆောင်မှု ဖြစ်သော KBZ Pay  / K Pay

K Pay ဂယက်ကြောင့် အေးဂျင့်ဆိုင်တချို့ ဝန်ဆောင်မှု ရပ်ထား

by ဧရာဝတီ
21 September 2022
4.6k

ပြည်တွင်းဘဏ်တခု ဖြစ်သည့် ကမ္ဘောဇဘဏ်၏ မိုဘိုင်းဖုန်းငွေပေးချေဝန်ဆောင်မှု ဖြစ်သော KBZPay (Kpay) သုံးစွဲသူတို့၏အကောင့်များ ပိတ်ခံရသည်ဟူသောသတင်းများ ထွက်ပေါ်မှုနှင့်အတူ Kpay ငွေလွှဲဝန်ဆောင်မှု ပေးနေသည့် အေးဂျင့်တချို့က ဝန်ဆောင်မှု ရပ်ဆိုင်းထားကြကြောင်း သုံးစွဲသူများထံမှ သိရသည်။

ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင် ဦးအောင်ကိုဝင်း၏ သမီးဖြစ်သူ ဒေါ်နန်းလိုင်းခမ်း / ဧရာဝတီ

ဒေါ်နန်းလိုင်းခမ်း လေဆိပ်တွင် ခေတ္တထိန်းသိမ်းစစ်ဆေးခံရ

by ဧရာဝတီ
10 May 2022
21.5k

ဒေါ်နန်းလိုင်းခမ်းသည် ပြီးခဲ့သည့် မေလ ၈ ရက်နေ့၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အချိန် ၂ နာရီကျော်ကြာ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။

ရန်ကုန်မြို့တွင်းရှိ ATM တခုတွင် ငွေထုတ်ရန် စောင့်ဆိုင်းနေကြသူများ(ဧရာဝတီ)

ပြည်တွင်းပုဂ္ဂလိကဘဏ်ကြီးများ ဘဏ်ခွဲတချို့ ပြန်ဖွင့်နိုင်ရန် ပြင်ဆင်

by ဧရာဝတီ
19 April 2021
24.6k

ဘဏ်များ ပိတ်ထားမှု ယခုထက် အချိန်ထပ်မံကြာမြင့်လာပါက ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းတချို့ကို ရပ်ဆိုင်းသွားစေသည်အထိ ရိုက်ခတ်မှု ကြီးမားလာနိုင်ကြောင်း ဒေါက်တာစိုးထွန်းက သုံးသပ်သည်။

ကမ္ဘောဇဘဏ်ရဲ့  ၂၀၂၁ ခုနှစ်ထုတ် ပြက္ခဒိန်မှာ တွေ့ရမယ့် အနုပညာလက်ရာများ

ကမ္ဘောဇဘဏ်ရဲ့  ၂၀၂၁ ခုနှစ်ထုတ် ပြက္ခဒိန်မှာ တွေ့ရမယ့် အနုပညာလက်ရာများ

by --
1 January 2021
5.7k

မြန်မာ့အနုပညာ အသိုင်းအဝိုင်းကို အားပေးပံ့ပိုးဖို့အတွက် ကမ္ဘောဇဘဏ်ကနေ ၂၀၂၁ ခုနှစ်အတွက် ထုတ်မယ့် ပြက္ခဒိန်မှာ ပြည်တွင်းအနုပညာရှင်တွေရဲ့ လက်ရာစစ်စစ်တွေကို စုစည်းဖော်ပြခဲ့တာပါ။

Next Post
နာဂ အမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးရှုမောင်  / Shu Maung Kyiizvaw

တိုင်းရင်းသားပါတီတွေ အားကောင်းဖို့ လိုတယ်

နှင်းဆီပါတီ (UDP) ဥက္ကဌ ဦးကျော်မြင့်အား မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ထောင်ပြေးအမှုဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်

နှင်းဆီပါတီ (UDP) ဥက္ကဌ ဦးကျော်မြင့်အား မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ထောင်ပြေးအမှုဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved