• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ကျောက်မဲမြို့အနီး အဓိက ခံစစ် စခန်းသာ စစ်တပ် ထိန်း

by ဧရာဝတီ
27 September 2025
in သတင်းတို
A A
ကျောက်မဲမြို့အနီး အဓိက ခံစစ် စခန်းသာ စစ်တပ် ထိန်း

စခန်းသာကို ပြန်ထိန်းထားသော စစ်တပ်/ စစ်ကော်မရှင်

1.2k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်တွက် ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်များသည် ကျောက်မဲမြို့အနီးရှိ ပလောင် ( တအာင်း ) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )နှင့် မဟာမိတ်တပ်များ၏ အဓိက ခံစစ်နေရာ စခန်းသာရွာကို ထိန်းချုပ်သွားနိုင်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲမြို့နှင့် ၇ မိုင်ခန့်သာကွာဝေးသည့် စခန်းသာရွာကို စစ်တပ်က လွန်ခဲ့သော ၃ ရက်က ထိုးစစ်ဆင်နေခဲ့ရာ လေကြောင်းပစ်ကူအလွန်အကျွံအသုံးပြီးနောက် မြေပြင်စစ်ကြောင်းများက စခန်းသာရွာထဲကို ဝင်ရောက် ထိန်းချုပ်သွားနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်မဲဒေသခံတဦးက “စခန်းသာက ခံစစ်အကြီးဆုံးပဲ ။ တရက်ထဲ Y12 နဲ့ အလုံး ၁၀၀ ချပြီးလမ်းရှင်းမှတော့ ပစ်ချိန်တောင် ပြန်မရှိဘူးလို့ထင်တာပဲ။ လေကြောင်းက အဲဒီလောက်ချနေမှတော့ ခေါင်းတောင်မဖော်နိုင်ဘူးလေ။ အခုအခြေအနေတိုင်းဆိုရင် ကျောက်မဲကို မကြာလောက်တော့ဘူး ထင်တယ် “ ဟု ပြောသည်။

စခန်းသာကျေးရွာကို သိမ်းပိုက်ရရှိသွားသည့်အခြေအနေကို စစ်တပ်လော်ဘီချန်နယ်များတွင် ယမန်နေ့ညပိုင်းကတည်းက ဓာတ်ပုံများနှင့်တကွဖော်ပြနေကြပြီး စခန်းသာထိ စစ်တပ်ရောက်ရှိသွားသည်မှာ မှန်ကန်ကြောင်း နောက်ထပ် ကျောက်မဲမြို့ခံတဦးက အတည်ပြုသည်။

စစ်တပ် ထိန်းချုပ်သွားသည့် စခန်းသာရွာသည် ကျောက်မဲမြို့လမ်းမကြီးအတိုင်း ၇ မိုင် ခန့် နှင့် လမ်းခွဲကသွားမည်ဆိုလျင် ၆ မိုင်ကျော်သာ ကွာဝေးကြောင်း၊ ကျောက်မဲနှင့်စခန်းသာကြားတွင်လုံဝယ် ၊ နမ့်ဟူး ၊ ခိုအုံ ၊ ခိုမုံး စသည့်ရွာများသာကျန်တော့ပြီး ထိုရွာများသည် ကာကင်းအခြေအနေသာရှိကြောင်း ဒေသခံများကပြောသည်။

ဒေသခံတဦးက “ကျောက်မဲကို စခန်းသာကနေ ကားမောင်းရင် ဆယ်မိနစ်တောင် မကြာဘူး။ မလွယ်တော့ဘူး။ ကျောက်မဲကျရင် သီပေါလည်း အော်တိုကျမှာပဲ။ မိုးကုတ်လည်း ကျနိုင်ခြေများတယ်” ဟု ပြောသည်။

နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်ဒေသပြမြေပုံ/ ဧရာဝတီ

ကျောက်မဲထိုးစစ်အတွက် စခန်းသာနေရာသည် စစ်တပ်၏ကြားရည်မှန်းချက်နေရာဖြစ်သောကြောင့် အပြင်းအထန် ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်သလို စခန်းသာရရှိပြီးလျှင်ကျောက်မဲကို ဆက်လက်ထိုးစစ်ဆင်ရန် ပိုမိုလွယ်ကူသွားပြီးဖြစ်ကြောင်း CDM အရာရှိများကပြောသည်။

CDM ဗိုလ်ကြီး ဇင်ယော်က “စခန်းသာကို ရပြီးပြီဆိုရင် လက်နက်ကြီးတွေ အထိုင်ချမယ်။ ပြီးလို့ရှိရင် ပင်မတပ် ရောက်မယ်။ ပင်မတပ်ရောက်ရင် ကျောက်မဲကို လက်နက်ကြီးပစ်ကူယူပြီးတိုက်သွားမယ့်အနေအထားပေါ့။ ကျောက်မဲကို မရောက်သေးပေမယ့် သူတို့ရဲ့ ကြားရည်မှန်းချက်ပြည့်သွားပြီလို့ ဆိုရမယ် ။ အဲဒီနေရာမှတဆင့် လေကြောင်းရော၊ ကြည်းကြောင်းရော သုံးပြီးတော့ တိုက်မယ့်အနေအထား” ဟု ပြောသည်။

စစ်ကော်မရှင်တပ်များသည် နောင်ချိုမြို့ကို တနှစ်နီးပါးအကြာ ထိုးစစ်ဆင်ပြီးနောက် ပြီးခဲ့သည့်ဇူလိုင် တတိယပတ်အတွင်း နောက်ချိုမြို့ကိုသိမ်းပိုက်နိုင်ခဲ့ကာ ကျောက်မဲမြို့ကိုလည်း ဩဂုတ်လ ၁၉ ရက်မှစ၍ ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်သည်။

နောင်ချို-ကျောက်မဲလမ်းမကြီးအတိုင်း ဂုတ်တွင်းဘက်မှ ကျောက်မဲမြို့ကို စစ်တပ်က ထိုးစစ်ဆင်နေခဲ့ရာ နောင်ပိန် ကျေးရွာဝန်းကျင်၌ ရက် ၂၀ ခန့်အကြာ ပြင်းထန်တိုက်ပွဲများဖြစ်ပွားနောက် ခိုက်တုန်းဟုန်းရွာ ၊ နားအိုက်ခန့် ရွာတို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး ထိုးစစ်အချိန် တလကျော်အတွင်း စခန်းသာအထိ ရောက်ရှိလာခြင်းဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.5k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
661
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.8k

You may also like these stories:

ရတနာသိင်္ဂီမိုင်း ပြန်ရပေမယ့် ကျောက်မဲမှာ စစ်တပ်ပိတ်ဆို့ခံနေရ

မတ္တရာအရှေ့ခြမ်း ပြန်ရရေး စစ်တပ် ကြိုးပမ်းနေ

မန်း PDF ထိန်းချုပ်ထားသည့် ဖယောင်းတောင် စစ်တပ် ပြန်ရ

Your Thoughts …
Tags: TNLAကျောက်မဲစခန်းသာစစ်တပ်ပြန်ထိန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
တပ်ချုပ်လုပ်မှာလား၊ သမ္မတလုပ်မှာလား (ရုပ်/သံ)

တပ်ချုပ်လုပ်မှာလား၊ သမ္မတလုပ်မှာလား (ရုပ်/သံ)

ဦးကိုကိုကြီး ပါတီကနေ ပြောင်းသွားတဲ့ ဗီဗီချမ်း (ရုပ်/သံ)

ဦးကိုကိုကြီး ပါတီကနေ ပြောင်းသွားတဲ့ ဗီဗီချမ်း (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved