• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home On This Day

လူ ၃ သိန်းကျော်ပို့ဆောင်သည့် နိုင်ငံတော် ဈာပန

by ဝေယံအောင်
11 April 2019
in On This Day
A A
ဗိုလ်ချုပ်နှင့် တကွ အာဇာနည်များကို လိုက်ပါ ပို့ဆောင်သည့် ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်များ

ဗိုလ်ချုပ်နှင့် တကွ အာဇာနည်များကို လိုက်ပါ ပို့ဆောင်သည့် ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်များ

33.3k
VIEWS
Share on FacebookShare on Twitter

ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးသွားသော အာဇာနည်ခေါင်း ဆောင်ကြီးများ၏ ရုပ် ကလာပ် ကို ဂျူဗလီဟောတွင် ၈လကျော်ကြာ ထားပြီးနောက် အာဇာနည်ကုန်းသို့ မြို့လုံး ကျွတ်မျှ ပြည်သူလူထုကြီးက ပို့ဆောင်သည့် ၇၁နှစ်မြောက် နေ့ဖြစ်သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေး အတွက် ကြိုးပမ်းနေကြသော ဗိုလ်ချုပ် အောင်ဆန်း နှင့်ဝန်ကြီးများကို နယ်ချဲ့လက်ပါးစေတို့က လုပ်ကြံခဲ့ပြီးနောက် ရုပ်ကလာပ်များကို ဂျူဗလီဟောတွင် ထားရှိခဲ့ ခြင်းဖြစ်သည်။

ထိုသို့ ထားရှိစဉ် အတွင်း ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်ကို အမြို့မြို့အနယ်နယ်မှ ရပ်ကွက် အလိုက်၊ အသင်းအဖွဲ့အလိုက်လူအုပ်ကြီးများက ချီတက်အလေးပြုကြသည်။

မော်တော်ကား၊ ဘက်စ်ကား၊ လန်ခြား၊ စက်ဘီးစသည့် ယဉ်ပေါင်းစုံစုဝေးကာ ချီတက်အလေးပြုကြ သည် လည်းရှိသည်။ ထို့ပြင် သံတမန်များ၊ အတွင်းဝန်များ၊ လေတပ်ရေတပ်အကြီးအကဲများ၊ ပုလိပ် အဖွဲ့များကလည်း တသုတ်ပြီး တသုတ် သွားရောက်အလေးပြုခဲ့ကြသည်။

ရုပ်ကလာပ်များကို လုယူမည်စိုးသောကြောင့် လုံခြုံရေးအရ ည ၇နာရီ မှ နံနက် ၅ နာရီအထိ ဖြတ်သန်း သွားလာ ခွင့်မပြုဟူသောအမိန့်တရပ်ကို ထုတ်ပြန်ခဲ့ရသည်။

အာဇာနည်တို့၏ ဈာပန ပြင်ဆင်ထားပုံ

ဈာပနပို့ဆောင်မည့် ၁၉၄၈ ခုနှစ်၊ ဧပြီ ၁၁ ရက်နေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်နှင့် အာဇာနည် ခေါင်းဆောင်များ၏ ဇနီး၊ မိသားစုဝင်၊ ဆွေမျိုးများက ကျဆုံးသူများကို ရည်စူးကာ သံဃာတော်များကို အလှူ ဒါန ပြုလုပ်ခဲ့ကြသည်။

နေ့လည်ပိုင်းတွင် ရုပ်ကလာပ်များကို အာဇာနည်ကုန်းသို့ပို့ဆောင်မည်ဖြစ်ရာ လက်မောင်းပတ် အနက်များဖြင့် လူထု လူတန်းစား အသီးသီးသည် ဂျူဗလီဟောသို့ စုရုံးလာကြသည်။

ထို့နောက် ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များကို သယ်ဆောင်ရာ ရွှေတိဂုံဘုရားလမ်း တလျှောက်တွင် လူထုပရိသတ်ကြီးက စောင့်ဆိုင်းအလေးပြုခဲ့ကြသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
27
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
693
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
199

အာဇာနည်ကုန်းသို့ အရောက်တွင် နိုင်ငံတော် ဝန်ကြီးချုပ်ဦးနုက အာဇာနည်ခေါင်းဆောင်များအတွက် ဂုဏ်ပြု မိန့်ခွန်း ပြောခဲ့ပြီး ဗမာ့တပ်မတော်က လေယာဉ် ၄ စီးက အာဇာနည်ကုန်းပေါ်သို့ ပန်းများကြဲချခဲ့သည်။

နိုင်ငံခြား သံတမန်များ၊ စစ်ဘက်အရာရှိကြီးများ၊ အသင်းအဖွဲ့ အသီးသီးက လွမ်းသူ့ပန်းခွေချကြပြီး နိုင်ငံတော်သီချင်းဖြင့် ညနေပိုင်းတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထိုနေ့က သိန်းနှင့်ချီသော ပရိသတ်များထဲမှ မူးမေ့ အားပြတ် လဲကျသူများ သဖြင့် သူနာပြု တပ်သားများမှာ မအားလပ်ရအောင် အလုပ်ရှုပ်ခဲ့ကြရသည်။

Your Thoughts …
Tags: နိုင်ငံတော် ဈာပနဗိုလ်ချုပ်အောင်ဆန်းအာဇာနည်
ဝေယံအောင်

ဝေယံအောင်

ဧရာဝတီ

Similar Picks:

နိုင်ငံတော်ဈာပန ဆိုသော်ငြား ပြည်သူမချစ်ရင် ကမ္ဗည်းမတင်

နိုင်ငံတော်ဈာပန ဆိုသော်ငြား ပြည်သူမချစ်ရင် ကမ္ဗည်းမတင်

by မောင်ဘိုး
18 August 2025
7.6k

ပြည်သူလူထု လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဈာပနတွေဆိုရင်တော့ ဘယ်လောက်ပဲ အတားအဆီး အကန့်အသတ်ရှိပါစေ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြည်သူတွေ ဂုဏ်ပြုကြတယ်ဆိုတာ အတိတ်ဖြစ်ရပ်တွေက သက်သေပြပြီး ဖြစ်ပါတယ်။

အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

by ကျော်စွာမိုး
19 July 2025
1.6k

ကမ္ဘာမကြေဘူး သီချင်းထဲက “အာဇာနည်တွေနေတဲ့တိုင်းပြည်” ဆိုတဲ့ စာသားဟာ ကျနော်တို့နိုင်ငံရဲ့ ခေတ်အဆက်ဆက်ကို ပြန်လေ့လာကြည့်ရင် အတော်မှန်တာ တွေ့ရပါတယ်။

၁၉၄၇ ဇူလိုင် ၁၉ ရက် နံနက် ၁၀နာရီ ၃၇မိနစ်တွင် မသမာသူတို့၏ လုပ်ကြံခြင်းကို ခံရပြီး ကွယ်လွန်ခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီးများ

မမေ့နိုင်တဲ့ ၁၉ ဇူလိုင်

by ဧရာဝတီ
19 July 2022
8.1k

၁၉၃၇ တို့ဗမာ အစည်းအရုံး အမှုဆောင်ဖြစ်လာပြီး သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ဝင်ရွေးခံ၍ ဥပဒေပြု လွှတ်တော်သို့ ဝင်ခဲ့သည်။ ၁၉၃၈ ခု ဒီဇင်ဘာ ၂၀ ရက် အတွင်းဝန်ရုံး ဝိုင်းသည့် သပိတ်တွင် ကျောင်းသား များ...

ဒီးဒုတ် ဦးဘချို နှင့် ဗိုလ်ချုပ် အောင်ဆန်း

ဗိုလ်ချုပ် ဆန္ဒ နှင့် ဆရာ့ဝါသနာ

by မင်းသုဝဏ်
18 July 2017
12k

ဗိုလ်ချုပ်အကြောင်းကို တွေးမိလိုက်လျှင် ရယ်လည်းရယ်ချင်မိသည်။ အားလည်း အားကိုးမိသည်၊ ကြည်လည်း ကြည်ညိုမိ သည်။ သူ့ကိုစ၍ သိရစဉ်အခါက သူ့မှာ ကျောင်းသား။ ကျနော်က နည်းပြဆရာပေါက်စ၊

ကချင်, ဗိုလ်ချုပ်အောင်ဆန်း, တိုင်းရင်းသူ

သမိုင်းဝင်ဓာတ်ပုံထဲက ကချင် တိုင်းရင်းသူ လဖိုင်နဲမ်ရာ

by လင်းသန့်
24 January 2015
6.7k

ပြုံးရွှင် ရယ်မောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ ကချင်အမျိုး သမီးတွေဟာ (ညာမှ ဝဲသို့) ဂေါလူလု၊ နန်စဲန်း၊ အင်ခွန်ဘောက်၊ ခေါန် ရော်မခေါင်၊၊ ကော လင်းဂျာဘောက်၊ လဖိုင်နဲမ်ရာ တို့ ဖြစ်ပြီး...

လုပ်ကြံခံရသော ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ

အာဇာနည်မျိုး သေရိုး မရှိ

by ထက်မြက်
19 July 2018
10.5k

အာဇာနည်များကို သူရဲကောင်း အာဇာနည် စသဖြင့် ထိုထက် လေးနက် ကျယ်ပြန့်စေရန် ခေါ်ဝေါ် သုံးနှုန်း ကြပါသည်။

Next Post
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသ့် ဖမ်းခံထားရသည့် ရဲမိသားစုဝင်များ  / ရဲဇာနည်

ရဲမိသားစုဝင်များကို ပြန်လွှတ်ပေးမည်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

ကိုရီးယားမင်းသား ဂေါင်ယိုး

“Goblin” စီးရီး Season 2 မှာ ပါဝင်ချင်တယ်လို့ မင်းသား ဂေါင်ယိုး ဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved