• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာနိုင်ငံသည် အာရှ၏ နောက်ထပ် ကျားတကောင်ဖြစ်သည် (၁)

by ဂျာရက် ဘစ်ဆင်ဂျာ
29 June 2013
in သူ့အတွေး သူ့အမြင်
A A
မြန်မာနိုင်ငံသည် အာရှ၏ နောက်ထပ် ကျားတကောင်ဖြစ်သည် (၁)

(ဓာတ်ပုံ - Foreign Policy)

8.7k
VIEWS
Share on FacebookShare on Twitter

ယုံ၍ ပုံမလောင်းလိုက်ပါနှင့်။ အာရှကျားနိုင်ငံများ၏ စီးပွားရေးစနစ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးက နည်းနည်းမျှမတူပါ။ မြန်မာနိုင်ငံ၏ စီးပွားရေးကို ယခုတိုင် သယံဇာတ အခြေခံ စီးပွားရေးစနစ်ဖြင့် လည်ပတ်မောင်းနှင်လျှက် ရှိနေသေးပြီး သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ တွင်းထွက်ပစ္စည်းများဖြင့် အခြေခံ လုပ်ကိုင်နေရဆဲ ဖြစ်သည်။ ဤသို့သော အခြေခံ ထွက်ကုန်များသည် ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား တင်ပို့ရောင်းချမှု၏ ၈၀ ရာခိုင်နှုန်း ရှိနေခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည်လည်း ၎င်းကိုပင် အခြေပြု လာရောက်နေကြသည်။

ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် သတ္ထုတူးဖော် ရေးလုပ်ငန်းများတွင် လာရောက်မြှုပ်နှံ လုပ်ကိုင်ခဲ့ကြရာ ပြီးခဲ့သည့် ဆယ်စုနှစ် ငါးနှစ်အတွင်း၌ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၉၀ ရာခိုင်နှုန်း ရှိနေသည်။ မြန်မာနိုင်ငံက အနောက်နိုင်ငံများနှင့် ပြန်၍ အဆင်ပြေ သင့်မြတ်လာသည့် အတွက်ကြောင့် ထိုကဏ္ဍများအပေါ်တွင် စိတ်ဝင်စားမှုများ ပို၍ပင် ရှိလာခဲ့သည်။ မြန်မာအစိုးရသစ်က ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ လုပ်ကွက် ၁၀ ခုအတွက် သဘောတူညီမှုများကို ယခုနှစ်တွင်ပင် ထပ်၍ လက်မှတ်ရေးထိုးခဲ့ပြီး နောက်ထပ် လုပ်ကွက် ၂၃ ခုအတွက်လည်း ကမ်းလှမ်းထားသေးသည်။ ထိုမျှမက အစိုးရသစ်က သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေး စီမံကိန်းများအတွက် မြေများကိုလည်း ကမ်းလှမ်းပေးအပ်ခဲ့သေးသည်၊ အချို့ သူများက တယ်လီကွန် ဆက်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းတို့ အပေါ်တွင် စိတ်ဝင်စားမှု ရှိနေကြသော်လည်း မြန်မာနိုင်ငံ၏ သဘာ၀ သယံဇာတ ထုတ်ယူရောင်းချသည့် လုပ်ငန်းသည်သာ ရင်းနှီးမြှုပ်နှံသူတို့အတွက် ဆွဲဆောင်မှုအဖြစ် ပိုမြင်နေကြသည်။

နှိုင်းယှဉ်ချက်အရ ဆိုရလျှင် အာရှကျားနိုင်ငံများက သဘာ၀ သယံဇာတ ရှားပါးကြပြီး ပြည်ပပို့ကုန် တိုးတက် ဖြစ်ထွန်းလာစေရေး အပေါ်သာ မှီခိုအားထားခဲ့ကြရသည်။ သူတို့ဆီကို လာရောက်ကြသည့် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုများမှာလည်း လူသုံးကုန် ထုတ်လုပ်ရေးအတွက် လာရောက်ကြခြင်းဖြစ်ပြီး သဘာ၀ သယံဇာတအတွက် လာရောက်ကြခြင်း မဟုတ်ပေ။ သူတို့က လုံး၀ မတူခြားနားသည့် နိုင်ငံတကာ အခင်းအကျင်း အနေအထားတခုတွင်  ရှင်သန်ဖွံ့ဖြိုးလာခဲ့ရသူများ ဖြစ်သည်။ နိုင်ငံရပ်ခြားတင်ပို့ရန် ပြိုင်ဆိုင်မှု နည်းပါးနေသေးသော အခြေအနေတွင် ဖွံ့ဖြိုးလာခဲ့ခြင်း ဖြစ်သည်။ သူတို့က ထုတ်ကုန်များကို စားသုံးမှု အလွန်မြင့်မားသည့် အနောက်နိုင်ငံများသို့ ရောင်းချကြသည်။ အနောက်နိုင်ငံများသည် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း၏ သက်ရောက် ရိုက်ခတ်မှုများကို ယခုလောလောဆယ်တွင် ရင်ဆိုင်နေရသည့် နိုင်ငံများ ဖြစ်သည်။

မြန်မာနိုင်ငံအတွက်မူ ကံမကောင်း အကြောင်းမလှသည့် အချက်မှာ အခြေခံထွက်ကုန်များ အားထားမှီခို တင်ပို့နေကြရသည့် နိုင်ငံများ ဖြစ်သောကြောင့် အာရှကျားနိုင်ငံများထက် ဖွံ့ဖြိုးမှုနှေးကွေးရန် အကြောင်း ရှိနေပါသည်။ တဖက်တွင်လည်း နိုင်ငံ့စီးပွားရေး၏ အခြားကဏ္ဍများတွင် တန်းတူညီမျှမှု မရှိသော ရင်းနှီးမြှုပ်နှံမှုကို ဖြစ်ပေါ်စေသည်။ ဤသို့သော အခြေအနေမျိုးကို ဒတ်ချ်ရောဂါ (Dutch disease) ဟု ခေါ်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဤကဲ့သို့သော ရောဂါမျိုးကို ခံစားနေရပြီဖြစ်၍ လာမည့်နှစ်များတွင်လည်း နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခက်အခဲ အဟန့်အတားများ ရှိနေစေဦးမည် ဖြစ်သည်။

သဘာဝဓာတ်ငွေ့  ပြည်ပ တင်ပို့ရောင်းချမှုမှ ရရှိလာသည့်ငွေကြောင့် နိုင်ငံ၏ ငွေကြေး ကျပ်တန်ဖိုးကို မြင့်တက်လာစေသည်။ ၂၀၀၇ ခုနှစ်တွင် တဒေါ်လာလျှင် ၁၄၀၀ ကျပ်မှ၊ ၂၀၁၁ ခုနှစ်တွင် ၇၀၀ ကျပ်အောက် ကျဆင်းခဲ့သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် အဓိက အခက်အခဲတခု ဖြစ်စေသည်။ ဤသို့ ကျပ်ငွေဈေး ဆက်လက် မြင့်တက်နေမှုအတွက်ကြောင့် (တဖက်တွင်လည်း အထွေထွေလုပ်ငန်း စရိတ်စကများ မြင့်မားနေခြင်း၊ အခြေခံ အဆောက်အဦ ညံ့ဖျင်းခြင်း၊ ပြိုင်ဆိုင်မှု အားကောင်းသည့် အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် နိုင်ငံတကာဝန်းကျင် အခြေအနေရှိနေခြင်း အတွက်ကြောင့်) မြန်မာနိုင်ငံ လူသုံးကုန်ထုတ်လုပ်ရေးနှင့် ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ကျန်သည့် ကျားနိုင်ငံများကို အတုယူ လုပ်ဆောင်နိုင်ရန် ခက်ခဲစေပါလိမ့်မည်။

မြန်မာနိုင်ငံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျှက် ရှိသည်

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.3k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
117
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64

ဤအချက်မှာ ခက်ခဲရှုပ်ထွေးလှသည်။ မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ မလိုအပ်သော နေရာများသို့သာ အများဆုံး ဝင်ရောက်လာကြလိမ့်မည်။ လိုအပ်မှု အနည်းဆုံး ကဏ္ဍများ၌ အများဆုံး ရောက်လာနေကြခြင်းဖြစ်ပြီး ပြောရလျှင် သဘာ၀ သယံဇာတများ ထုတ်လုပ်ကြရန် လာရောက် ရင်းနှီးမြှုပ်နှံနေခြင်းပင် ဖြစ်သည်။ ဤသို့သော ရင်းနှီးမြှုပ်နှံမှုများသည် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အနည်းငယ်မျှကိုသာ ဖြစ်စေပါသည်။ သာမန်ပြည်သူများအတွက် အလုပ်အကိုင် အများအပြားကို ဖန်တီးပေးလိမ့်မည် မဟုတ်ပါ။ အဓိကအကျိုးရှိစေမည့်သူမှာ အစိုးရဖြစ်ပြီး အစိုးရအတွက် ဝင်ငွေများ ရရှိလာစေမည်။ သို့သော်လည်း အခြားနိုင်ငံ အစိုးရများကဲ့သို့ပင် မြန်မာနိုင်ငံရှိ အစိုးရကလည်း သဘာ၀ သယံဇာတများမှ ရလာမည့် ဝင်ငွေကို တိုင်းပြည် ကုန်ထုတ်လုပ်ရေး တိုးတက်ကောင်းမွန်စေသည့် အရင်းမြစ်များကို ထုတ်လုပ်မှုဖြစ်စေသည့် ရင်းနှီးမြှုပ်နှံမှု အဖြစ်သို့ ပြန်လည် ပြောင်းလဲနိုင်စွမ်း မရှိကြပါ။

ဤအခြေအနေအစား နေပြည်တော်ရှိ လူအများစု လက်ခံထားကြသည့် သဘောထားမှာ “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် စီးပွားရေးအလိုလို တိုးတက်လာမည်” ဟူ၍ ဖြစ်သည်။ ဤအရင်းအနှီးများ အပေါ်တွင် လူများစုက လက်ခံထားကြသည့် သဘောထားမှာ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် တိုးတက်ဖွံ့ဖြိုးမှုကို တန်းတူထား” မြင်နေကြသည်။ ဤအချက်မှာ မမှန်ကန်ပါ။ မတူကွဲပြားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေးစနစ်အပေါ် မတူကွဲပြားသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ နည်းပညာနှင့် လုပ်နည်းကိုင်နည်းများ ဆောင်ကျဉ်းလာသည့်၊ လွှဲပြောင်းပေးလာမှုရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် အကျိုးဖြစ်ထွန်းစေသော်လည်း သဘာ၀ သယံဇာတများ အတွက် လာရောက်ကြသည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများသည် အန္တရာယ်ရှိစေသည်။

အကြောင်းမှာ ပြန်လည် ဖြည့်ဆည်းနိုင်စွမ်း မရှိသည့် ပိုင်ဆိုင်မှုများကို ရောင်းစားခြင်းမှ ရလာသည့် ဝင်ငွေ ဖြစ်သောကြောင့်ပင်။ အစိုးရက ရရှိလာသည့် ငွေကြေးများကို ကုန်ထုတ်လုပ်မှု တိုးတက်စေသည့် အပေါ်တွင် ထုတ်လုပ်နိုင်စွမ်း ဖြစ်စေမည့် ကဏ္ဍများတွင် ပြန်လည် ရင်းနှီးမြှုပ်နှံနိုင်စွမ်း မရှိသေးသည့် ကာလတွင် ဤသို့သော ပိုင်ဆိုင်မှု သယံဇာတများကို မည်သည့် အတွက်ကြောင့် အလျင်စလို ရောင်းချလိုကြရပါသနည်း။

မြန်မာနိုင်ငံသည် မကြာသေးမီက  သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိစေရေး ကြိုးပမ်းမှု Extractive Industries Transparency Initiative (EITI) အဖွဲ့ကြီးက ချမှတ်သော လမ်းညွန် သတ်မှတ်ချက်များကို သဘောတူလိုက်နာရန် ပြင်ဆင်လုပ်ကိုင်ခဲ့သည်။ ထိုသို့ သဘောတူ လိုက်နာမည်ဆိုလျှင် အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ရန် အထောက်အကူ ဖြစ်စေပြီး သဘာဝရင်းမြစ်များမှ ရရှိလာသည့် ထိုဝင်ငွေများကိုလည်း ပြည်သူအများ သိရှိအောင် စာရင်းဇယားများ ထားရှိလာစေမည် ဖြစ်သည်။ သို့သော်လည်း ဤသို့ ပွင့်လင်းမြင်သာမှုနှင့်  နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတို့ရှိလျှင် တိုင်းပြည်၏ စီးပွားရေးဟန်ချက် မညီလည်း အလုပ်ဖြစ်နိုင်သည်ဟု ပုံသေကားကျ ပြောမရပါ။ သို့သော်လည်း ဤသို့ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံဓနဥစ္စာ ကြွယ်ဝမှု ရန်ပုံငွေ (Sovereign wealth fund) တို့မှာ နိုင်ငံတခု၏ မျှတညီညွတ်သည့် စီးပွားရေးစနစ်အတွက် အစားထိုးနိုင်မည့် နည်းလမ်းများ မဟုတ်ကြပါ။ ဤသို့ သဘာ၀ သယံဇာတ ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အလျင်စလို အလုံးအရင်း မရောက်ရှိလာသေးသည့်တိုင် ပို၍ ကောင်းမွန်သည့် အခြေအနေတရပ် ဖန်တီးနိုင်ပါသေးသည်။

မြန်မာနိုင်ငံ၏ ပြဿနာမှာ အရင်းအနှီး မရှိခြင်းပင် ဖြစ်သည်

ဟုတ်ပါသည်။ သို့သော် အခြေခံ ပြဿနာမှာ အရင်းအနှီးမရှိ၊ ချို့တဲ့နေမှု မဟုတ်ပေ။ သို့သော် ရှိသည့် အရင်းအနှီးကို ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန် ထိထိရောက်ရောက် အသုံးမချနိုင်သည့် စီးပွားရေးစနစ်သာ  အဓိက ပြဿနာ ဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် အိမ်မြေဈေးများ အဆမတန် တက်နေခြင်းမှာ မြန်မာနိုင်ငံ၏ လူကုံထံ လူနည်းစုတွင် သိသာထင်ရှားသည့် ငွေကြေးရင်းမြစ်များ မတန်တဆ ရှိနေကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ မြို့လယ်ခေါင်ရှိ မြေ ၁ ဧက ဈေးနှုန်းမှာ ဒေါ်လာ ၁ သန်းကျော် ရှိနေရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့  မြေဈေးထက်ပင် များပြားနေပါသည်။ ဤသို့ ဈေးနှုန်းမြင့်နေစေသည့် အခြား အကြောင်းအချက်များလည်း ရှိနေပါသေးသည်။ အဓိက အကြောင်းအချက်တခုမှာ တခြား ရင်းနှီးမြှုပ်နှံမှုပြုစရာ နေရာမရှိခြင်းပင် ဖြစ်ပါသည်။ ဘဏ်များအပေါ် ယုံကြည်မှု မရှိကြဘဲ ငွေကြေးများကို နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းရန်လည်း ခက်ခဲလှသည်။ သို့အတွက်ကြောင့် လူအများက သူတို့ ပိုင်ဆိုင်မှုများကို မရွှေ့ပြောင်းနိုင်သည့် အိမ်ခြံမြေ၊ ရွှေနှင့် ကျောက်မျက်များဖြင့် စုဆောင်း သိုမှီးထားကြခြင်း ဖြစ်ပါသည်။

တချိန်တည်းမှာပင် နိုင်ငံ၏ ကျေးလက်ဒေသများ၌ ချေးငွေရရှိရန် ခက်ခဲနေကြပြန်သည်။ အပေါင်ထားစရာ ပစ္စည်း မရှိသူများက တရားမဝင် ငွေချေးသည့် နေရာများမှ ချေးငွေရယူရန် ကြိုးပမ်းနေကြရပြီး တလလျှင် ၁၀ ရာခိုင်နှုန်းမျှ အတိုးပေးနေကြရပါသည်။ နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ်ကလည်း လယ်သမားများကို စိုက်ပျိုးရေးစားရိတ် လိုအပ်ချက်၏ သုံးပုံတပုံမျှကိုသာ ထုတ်ချေးပေးနိုင်သည်။ ပုဂ္ဂလိက ဘဏ်များအနေဖြင့် လယ်သမားများကို ငွေမထုတ်ချေးရန် တားမြစ်ထားသည်။ ဤသည်မှာ ယခင် ဆိုရှယ်လစ် အစိုးရ လက်ထက်မှနေ၍ အမွေဆက်ခံ ကြွင်းကျန်နေရစ်သည့် မလိုအပ်တော့သော ဥပဒေတခုလည်း ဖြစ်သည်။ ဤစနစ်ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်မှာ အရင်းအနှီးများသည် ကျေးလက်ဒေသသို့ မရောက်ရှိတော့ခြင်း ဖြစ်သည်။ ပိုက်ဆံငွေကြေးများ ပိုရလာခြင်းကြောင့်လည်း ဤပြဿနာကို ဖြေရှင်းနိုင်ဖွယ် မမြင်ပါ။

မြန်မာ့စီးပွာရေး ပြဿနာများ၏ လက်သည်တရားခံမှာ အရေးယူ ပိတ်ဆိုမှုများ ဖြစ်သည်

သေချာ လေ့လာကြည့်မည်ဆိုပါက မဟုတ်ပါ။ ဒဏ်ခတ် အရေးယူမှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို ထိခိုက်သည်။ သို့သော်လည်း ပုဂ္ဂလိကဏ္ဍအတွက် ကြုံတွေ့နေရသည့် အကြီးမားဆုံး ပြဿနာ မဟုတ်ပါ။ ရန်ကုန်နှင့် မန္တလေးရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြောဆိုကြည့်ရာ ပြီးခဲ့သည့်နှစ်များအတွင်း သူတို့ရင်ဆိုင် ကြုံတွေ့နေရသည့် အကြီးမားဆုံး ပြဿနာမှာ လျှပ်စစ် ထောက်ပံ့ပေးမှု ပြဿနာ၊ နိုင်ငံရေး မတည်ငြိမ်မှု၊ အကျင့်ပျက် ခြစားမှုများပင် ဖြစ်ပြီး ဤအကြောင်းအချက်များ အားလုံးမှာ အစိုးရ၏ ထိန်းချုပ်နိုင်မှုအတွင်း ရှိပါသည်။ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုမှာ နောက်ထပ် အကြီးမားဆုံး အခက်အခဲ ဖြစ်ပါသည်။ အကြောင်းမှာ အမေရိကန်ပြည်ထောင်စု ငွေကြေးဝန်ဆောင်မှုများ ပိတ်ပင်ထားမှု (U.S. Financial services ban) ကြောင့် အပိုကုန်ကျစားရိတ်များ ဖြစ်ပေါ်စေပြီး အမေရိကန်သို့ ပြည်ပပို့ကုန် ဈေးကွက် ပျောက်ဆုံးသွားစေသည်။ အခြားသော ပြဿနာများတွင် ညံ့ဖျင်းသည့် အခြေခံအဆောက်အဦ၊ အစိုးရ၏ တဖက်သတ် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ အတင်းအကျပ်သဘော စိတ်ထင်လျှင် ထင်သလို ဆုံး ဖြတ်ချက်များ ချမှတ်ခြင်း၊ သမာသမတ်ကျ ဘက်လိုက်မှုကင်းသည့် မျှတဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးစနစ် ရှိမနေခြင်း၊ စသည်တို့ကြောင့် မြန်မာနိုင်ငံတွင် ကုန်ကျစားရိတ် မြင့်မားလာစေပါသည်။ ကုမ္ပဏီကြီး အများစုအဖို့ကား ဒဏ် ခတ်ပိတ်ဆို့မှု ဆိုသည်မှာ သူတို့စီးပွားရေး လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အငယ်စား အခက်အခဲ တခုသာ ဖြစ်ပါသည်။

ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကို မူလက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေအပေါ် တုံ့ပြန်ဆောင်ရွက်မှုအဖြစ်သာ ရှုမြင်ထားခဲ့ကြပါသည်။ သို့သော်လည်း ၎င်းတို့သည် ယခုအခါတွင် မထိရောက် အသုံးမဝင်တော့ပါ။ သို့သော်လည်း ၎င်းအသုံးဝင်သည့် အခန်းကဏ္ဍကို ဖော်ပြလာကြပါသည်။ ဒဏ်ခတ်အရေးယူမှုက ပစ်မှတ်ထားနေသည့် အကြီးမားဆုံးနှင့် ဆက်သွယ်မှု အကောင်းဆုံး ကုမ္ပဏီကြီးများမှာ ဤအရေးယူမှုကို ကျော်လွှားလုပ်ဆောင်နိုင်ရန် ငွေကြေးအရင်းအနှီးနှင့် နိုင်ငံတကာ အဆက်အသွယ်များ ရှိနေကြပါသည်။

ဤသို့ အရင်းမြစ်များ မရှိကြသည့် အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းများ (SMEs)  မှာ ဒဏ်ခတ်ပိတ်ဆို့မှု၏ နောက်ဆက်တွဲကို ခံကြရပြီး ၎င်းတို့မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အရေးပါသည့် လုပ်ငန်းများ ဖြစ်ကြပါသည်။ ဒဏ်ခတ်အရေးယူမှုသည် မြန်မာနိုင်ငံ စီးပွားရေးအတွက် အဓိကပြဿနာ မဟုတ်ပါ။ သို့သော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်လက် ထိန်းသိမ်းထားခြင်းအားဖြင့် လူ့အခွင့်အရေးအတွက် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းကြရန် အထောက်အကူ ဖြစ်စေမည် မဟုတ်သကဲ့သို့ ပြုပြင်ပြောင်းလဲမှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား ဖြစ်ရန်ပင် ရှိပါသည်။

(ဆက်လက် ဖော်ပြပါမည်)

(Foreign Policy မဂ္ဂဇင်းတွင် ဖော်ပြထားသော ဂျာရက် ဘစ်ဆင်ဂျာ (Jared Bissinger) ၏ Think Again: Burma’s Economy ကို ဘာသာပြန်ဆို ဖော်ပြပါသည်။ ဂျာရက် ဘစ်ဆင်ဂျာသည် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ မက်ကွာရီ တက္ကသိုလ် (Macquarie University) တွင် ပါရဂူဘွဲ့အတွက် ကြိုးပမ်းနေသည့် ကျောင်းသားတဦး ဖြစ်ပါသည်။ ဂျာရက် ဘစ်ဆင်ဂျာသည် ယခင်က အမျိုးသား အာရှသုတေသနဆိုင်ရာ ဗျူရိုမှ ပညာရှင်တဦးလည်း ဖြစ်သည်။)

Your Thoughts …
Tags: Natural Resources
ဂျာရက် ဘစ်ဆင်ဂျာ

ဂျာရက် ဘစ်ဆင်ဂျာ

Contributor

Similar Picks:

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

by ကိုဖိုးသား (တောင်ကြီး)
2 February 2013
10.2k

အဲဒီ ကုမ္ပဏီတွေက နိုင်ငံတော် စီမံချက်လိုလို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ လိုလို ပြောတော့ ပေးသလောက်နဲ့ ကျေနပ်နေရတာပေါ့” ဟု ဖျက်ဆီးခံရသော ခြံယာမြေပိုင်ရှင် တဦးက ပြောသည်။

ကျောက်မျက်ရတနာ, ကချင်ပြည်နယ်, တရုတ်နိုင်ငံ

ဖားကန့် ကျောက်စိမ်းများနှင့် အနာဂတ်

by အင်ဒရူး အာ၊ စီ၊ မာရှယ် နှင့် မင်းဇေယျာဦး
5 October 2013
4.3k

ယခုလိုပုံစံအတိုင်း အရှိန်အဟုန်ဖြင့် ရှာဖွေထုတ်ယူနေမည်ဆိုပါက နောက်ထပ် ၁၀ နှစ်ခန့်ကြာလျှင် ဖားကန့်တွင် ကျောက်စိမ်းများ ကုန်ဆုံးသွားလိမ့်မည်ဟု ဦးယစ်နန်ဇီလွန် ဆိုသည်။

တကောင်းတောင် စီမံကိန်းနှင့် ဒေသခံများ၏ ဒုက္ခ

တကောင်းတောင် စီမံကိန်းနှင့် ဒေသခံများ၏ ဒုက္ခ

by မေစစ်ပိုင်
14 March 2014
2.8k

စီမံကိန်းမှ ရရှိလာမည့် အမြတ်ငွေ ၏ ၃၀ ရာခိုင်နှုန်းကို အစိုးရက ရရှိမည်ဖြစ်ပြီး ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းကို တရုတ်ကုမ္ပဏီက ရရှိမည်ဖြစ်သည်။

စစ်ကိုင်းတွင် ရွှေတူး၍ သဘာဝပတ်ဝန်းကျင် ပျက်စီး

စစ်ကိုင်းတွင် ရွှေတူး၍ သဘာဝပတ်ဝန်းကျင် ပျက်စီး

by ရန်ပိုင်
22 May 2013
3.5k

ဒေသဆိုင်ရာ အာဏာပိုင်များဖြင့်သာ နားလည်မှုယူ တူးဖော်နေ သူများဖြစ်ကြောင်း၊ ဒေသခံ များမှာလည်း မြေယာဥပဒေများကို နားမလည်သည့် အတွက် ၎င်းတို့ထံမှ ဈေးပေါပေါဖြင့် ကုမ္ပဏီများက ၀ယ်ယူ တူးဖော်ခြင်းဖြစ်ကြောင်း ကိုဝင်းဆွေက ဆိုသည်။

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

by ခင်ဦးသာ
27 March 2013
5.6k

လက်ပံတောင်းတောင် စီမံကိန်းလို ပဋိပက္ခတွေ ကြီးထွားလာစေနိုင်တယ်။ ရခိုင်ပြည်သူတွေက ဒီတောင်ကို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တောင်လို့ သိထားကြတော့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ပြဿနာတွေ ကြီးထွားလာနိုင်တဲ့ အတွက် ဆိုင်းငံ့ထားဖို့ တင်ပြတာပါ

ရခိုင်တွင် ဓာတ်သတ္တု စမ်းသပ် တူးဖော်ခွင့် တရုတ်ကုမ္ပဏီ ရရှိ

ရခိုင်တွင် ဓာတ်သတ္တု စမ်းသပ် တူးဖော်ခွင့် တရုတ်ကုမ္ပဏီ ရရှိ

by ခင်ဦးသာ
28 February 2013
3.4k

ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက် ရရှိထားသည်ဟု ပြောဆိုကာ ဒေသခံတိုင်း ရင်းသားများနှင့် ဆွေးနွေးမှု မရှိဘဲ ၎င်းတို့စီမံကိန်း လုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည် ဖော်ရေးကိုသာ လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။

Next Post
ရန်ကုန်- ဒလ မြစ်ကူး တံတားဆောက်မည့် သတင်းကြောင့် ဒလ အိမ်ခြံမြေဈေး တဟုန်ထိုးတက်

ရန်ကုန်- ဒလ မြစ်ကူး တံတားဆောက်မည့် သတင်းကြောင့် ဒလ အိမ်ခြံမြေဈေး တဟုန်ထိုးတက်

သေနတ်သံ မထွက်ဘဲ လူတွေ သေနေရတာ

သေနတ်သံ မထွက်ဘဲ လူတွေ သေနေရတာ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved