• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သံခင်းတမန်ခင်း အကျပ်အတည်း

by ဧရာဝတီ
11 September 2016
in အယ်ဒီတာ့အာဘော်
A A
41.7k
VIEWS
Share on FacebookShare on Twitter

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ခဲ့ပါ။ သို့သော် သူသည် သမ္မတ အထက်တွင် ရှိမည်ဟု ရွေးကောက်ပွဲအတွင်းမှာ ပြောခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပင် လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ သူသည် တိုင်းပြည်၏ de facto ခေါင်းဆောင်ဖြစ်နေသည်။

နိုင်ငံတကာ မီဒီယာများတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို de facto ခေါင်းဆောင်ဟု စတင်သုံးစွဲလာသည်ကို တွေ့ရသည်။ သူ၏ လက်ရှိ ရာထူးက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ရာထူးကိုလည်း ယူထားသည်။ NLD အစိုးရတက်ပြီး နောက်ပိုင်း ပြည်ပ ဖိတ်ကြား ခရီးစဉ်များတွင် လက်ခံမည့် အစိုးရများ ခေါင်းကိုက်ရသည့် ကိစ္စက Protocol သံတမန်များ လိုက်နာဆောင်ရွက်ရမည့် ကျင့်ထုံး ပြဿနာဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မည့်သည့်အဆင့်နှင့် ကြိုဆိုလက်ခံမည်နည်း။ မည်ကဲ့သို့ အဆောင်အယောင် အခမ်းအနားနှင့် ကျွေးမွေးဧည့်ခံမည်နည်း။ ဂုဏ်ပြုတပ်ဖွဲ့ လို မလို၊ ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသည့် ရာထူးမှာ ကိုယ့်နိုင်ငံက ရာထူးနှင့် တန်းတူလဲဆိုသည့် မေးခွန်းများ ဖြစ်သည်။

ထို့အပြင် မြန်မာပြည်လာလျှင်လည်း သမ္မတနှင့် တွေ့လျှင်မပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့မှ ပြီးပြတ်သည့် နှစ်နိုင်ငံ ကိစ္စများ ရှိသောကြောင့် မည်သူကို မည်သို့ တွေ့မည်နည်းဆိုသည်ကလည်း အနည်းငယ်တော့ ခေါင်းစားလှသည်။ ၂၀၀၈ ဖွဲ့စည်းပုံက ၅၉ (စ) ကိုပြင်လိုက်လျှင်တော့ ဒီကိစ္စတွေ ပြေလည်သွားစရာ ရှိပါသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
380
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
184
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
6.4k

သို့သော် နိုင်ငံတိုင်းတွင်ရှိသည့် ရာထူးအဆင့်အတန်း ဝါစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်နေရာတွင် ရှိနေပါသနည်း။ နိုင်ငံ့အကြီးအကဲ သို့မဟုတ် နိုင်ငံ့ခေါင်းဆောင်ကို ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ခံအစိုးရ၏ ခေါင်းဆောင် သမ္မတများ၊ ဝန်ကြီးချုပ်များကို ယေဘုယျအားဖြင့် ခေါ်သည်။ မြန်မာနိုင်ငံမှာတော့ ရာထူးစဉ်အရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ၏ အောက်မှာရှိသည်။ အတော့်ကို ထူးခြားသော ရာထူးလက္ခဏာစဉ်ဟု ဆိုရမည်။

တရုတ်ပြည် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို မည်သို့ လက်ခံကြိုဆိုမည်နည်း ဆိုသည်ကို တရုတ်နှင့် မြန်မာတို့ အတော့်ကို ညှိယူရသည်ဟု သိရသည်။ နောက်ဆုံး တရုတ်ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့နှင့် ဧည့်ခံကြိုဆိုပြီး တည်ခင်းဧည့်ခံခဲ့သည်။ ဆွေးနွေးဆုံးဖြတ်စရာ အစည်းအဝေးများကို ဦးဆောင်ထိုင်ခဲ့သည်။ ထိုအလုပ်ကို တရုတ် သမ္မတက မလုပ်ခဲ့ပါ။ တရုတ်က State counsellor ကို သူတို့ဆီက ဝန်ကြီးချုပ်ရာထူးနှင့် တန်းညှိသတ်မှတ်လိုက်သည်ဟု ယူသော်ရသည်။

ယခု ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံနှင့် ဗြိတိန်သို့ တရားဝင် ခရီးထွက်ပြီ။ အနောက် နိုင်ငံတွေက မည်သို့ လက်ခံကြိုဆိုမည်နည်းဆိုသည်ကို တွေ့ရတော့မည်။ ဝါရှင်တန်နှင့် လန်ဒန်က မည်သို့ပြင်ဆင် ကြိုဆို လက်ခံ ဆက်ဆံမည်နည်း။ မည်သည့် အခမ်းအနား အဆောင်အယောင်နှင့် ဧည့်ခံမည်နည်း။ အိမ်ဖြူတော် မြက်ခင်းပြင်မှာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အမြှောက်ပစ်ဖောက် ကြိုဆိုမည်လား။

အတည်ပြုချက် မရသေးသော ကနဦးသတင်းများအရ အိမ်ဖြူတော်က ဒေါ်အောင်ဆန်းစုကြည်ကို နေ့လည်စာနှင့် ဂုဏ်ပြုကြိုဆိုမည်ဟု ဆိုသည်။ နိုင်ငံတော်အဆင့် ညစာစားပွဲ၊ သာမန် ညစာ စားပွဲ၊ နေ့လည်စာ စားပွဲ၊ မနက်စာ စားပွဲ စသဖြင့် အမျိုးမျိုးရှိရာ နိုင်ငံတော် ညစာစားပွဲက အကြီးကျယ်ဆုံး ဖြစ်သည်။ ဖိတ်ကြား တက်ရောက်ရသော ဧည့်သည် စုံညီ များပြားပြီး မိန့်ခွန်းတွေ အပြန်အလှန်ပြောရသည်။ ရှန်ပိန်ခွက်တွေကို အထာကျကျ သံတမန်ယဉ်ကျေးမှုအရ မြှောက်ကြရသည်။

သမ္မတ မဟုတ်သော သို့မဟုတ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို မည်သည့်အဆင့်နှင့်တည်ခင်း ဧည့်ခံကြိုဆိုမည်နည်းဟူသည် သံတမန်တွေ၊ နိုင်ငံခြားရေး ဌာနတွေက အရာရှိကြီးတွေ၊ အစိုးရတွေအတွက် ဦးနှောက်ခြောက်စရာဖြစ်သည်။

ဒီမိုကရေစီ သူရဲကောင်းတဦးလို ကြိုဆိုခဲ့ဖူးကြသည့် အမေရိကန်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို ယခုတခါလည်း ဘေဂျင်းထက် မနိမ့်သော အဆင့်အတန်း ထား၍ လက်ခံကြလိမ့်ဦးမည်ဟု အချို့က ဆိုကြသည်။ ထွက်ခါနီး အမေရိကန် သမ္မတ အိုဘားမား က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မည်သို့ ဧည့်ခံကြိုဆိုမည်ဆိုသည် မကြာမီ တွေ့ရတော့မည်ဖြစ်သည်။

Your Thoughts …
Tags: ဒေါ်အောင်ဆန်းစုကြည်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
ဆီးအရောင်က ပြောသော သင့်ကျန်းမာရေး

ဆီးအရောင်က ပြောသော သင့်ကျန်းမာရေး

စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် NLD ကိုယ်စားလှယ် ဦးအောင်မျိုးဦး ရှင်းပြ နေစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

USDP ပါတီကို ကန့်ကွက်မှု ရွေးကောက်ပွဲ ကော်မရှင် ဖြေရှင်းချက် NLD မကျေနပ်ဟု ဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved