• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“HIV ပိုးရှိသူတွေကို ခွဲခြားဆက်ဆံမှုပပျောက်ရေး ဥပဒေကြမ်း လုပ်ဆောင်နေတယ်”

by မေစစ်ပိုင်
1 December 2016
in အင်တာဗျူး
A A
Myanmar Positve Group မှ ဥက္ကဋ္ဌ ဦးသော်တာထွန်း / သော်တာထွန်း / Facebook

Myanmar Positve Group မှ ဥက္ကဋ္ဌ ဦးသော်တာထွန်း / သော်တာထွန်း / Facebook

16.9k
VIEWS
Share on FacebookShare on Twitter

ဒီဇင်ဘာ ၁ ရက်နေ့သည် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ ဖြစ်ပြီး ယခုနှစ်အတွက် ဆောင်ပုဒ်သည် အားလုံးလက်တွဲကာကွယ် HIV ကူးစက်အန္တရာယ်ဖြစ်သည်။ မြန်မာနိုင်ငံရှိ HIV ပိုး ကူးစက်ခံရသူ ၂၄၀၀၀၀ ကျော်ရှိရာ လူမှုပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံခံရမှုများစွာ ရှိနေဆဲဖြစ်သည်။ ပြည်တွင်းပြည်ပ အဖွဲ့အစည်း များစွာကလည်း ရောဂါရှင်များကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ HIV ပိုးရှိသူများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအကူအညီများ၊ အရည်အသွေးမြှင့်တင်ခြင်း သင်တန်းများ၊ ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ပိုးရှိသူများအတွက် အကူအညီများလုပ်ဆောင်ပေး ခြင်း၊ အစိုးရနှင့် ပူးပေါင်းကာ HIV တားဆီးကာကွယ်ရေးလုပ်ဆောင်နေသည့် Myanmar Positve Group မှ ဥက္ကဋ္ဌ ဦးသော်တာထွန်းကို ဧရာဝတီသတင်းဌာန အကြီးတန်းသတင်းထောက် မေစစ်ပိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဒီဇင်ဘာ ၁ ရက်နေ့က ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါ တိုက်ဖျက်ရေးနေ့ ဆိုတော့ ဒီနှစ်အတွက်ရော ဘယ်လိုရည်မှန်းချက်တွေ ရှိထားပါသလဲရှင့်။

ဖြေ။ ။ ဒီနှစ်ခေါင်းစဉ်က အားလုံးလက်တွဲကာကွယ် HIV ကူးစက်အန္တရာယ်ပေါ့။ ပြည်သူ အပါအဝင် အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရော၊ ပြည်တွင်းအဖွဲ့အစည်းတွေရောပေါ့လေ။ အားလုံး လက်တွဲပူးပေါင်း လုပ်ဆောင်မယ်ဆိုရင် ရည်မှန်းချက်တွေကို ရမယ်လို့ ထင်ပါတယ်။

မေး။ ။ လက်ရှိမှာ MGP ရယ်၊ အစိုးရက HIV ပိုးရှိသူတွေအတွက် ဘယ်လိုအကူအညီတွေ ဆောင်ရွက်ပေးနေတာတွေရှိပါလဲ။

ဖြေ။ ။ ကျနော်တို့က HIV ပိုးရှိသူတွေကို အရည်အသွေးမြှင့်တင်ရေးတွေလုပ်ပေးတယ်။ တနိုင်ငံလုံးမှာရှိတဲ့ HIV ပိုးရှိသူ တွေနဲ့ ကွန်ရက်ချိတ်ဆက်တယ်။ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်တယ်။ ခွဲခြား ဆက်ဆံမှုတွေ လျော့ကျအောင် လုပ်ဆောင်နေတယ်။ လိုအပ်ချက်ရှိသူတွေရဲ့ ဘုံလိုအပ်ချက်ကို နိုင်ငံတော်အဆင့်ကို ပြောပေးနေတယ်။ ကာကွယ်ရေးလုပ်ငန်းတွေမှာဆိုရင် INGO, NGO တွေအပြင် အစိုးရပိုင်းဌာနတွေနဲ့လည်း လက်တွဲလုပ်ဆောင်နေတယ်။အစိုးရ က ဆေးဝါးကုသမှုအပိုင်းက တပိုင်းပေါ့။ ကျနော်တို့ကတော့ ဘဝတူတွေကို နှစ်သိမ့်ဆွေးနွေးပေးတာတွေ၊ စိတ်ပိုင်းရုပ်ပိုင်းလိုအပ်ချက်တွေ၊ ဆေးယဉ်ပါးမှုတွေ မရှိအောင် လုပ်ပေးနေတယ်။ ကိုယ့်အားကိုးကိုး ဖြစ်အော်င လုပ်ဆောင်နေတယ်။ ကျနော်တို့မှာ ချိတ်ဆက်ထားတာက ၁ သောင်းကျော်ရှိတယ်။ တနိုင်ငံလုံးအတိုင်းအတာက ပိုးရှိသူသည် ၂၄၀၀၀၀ ကျော်ဆိုပေမယ့် အဲဒီအကုန်လုံး ကိုတော့ မလွှမ်းခြုံနိုင်သေးဘူး။

မေး။ ။ ဒီဘက်ကာလာမှာ လူ့အခွင့်အရေးဆိုတာတွေ ပိုပြီး ပြောလာပေမယ့် ရောဂါပိုးရှိသူဆိုရင် အလုပ်မခန့်တာ၊ အလုပ်က ထုတ်ပယ်တာတွေက ရှိနေတုန်းပဲ။ အဲဒီအပေါ်ရော ဘယ်လိုမျိုး သုံးသပ်ချင်ပါလဲ။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
107
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
57
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
166

ဖြေ။ ။ အဲဒီမှာ ၂ ပိုင်းရှိမယ်။ ကိုယ်ပိုင် ပုဂ္ဂလိက လုပ်ငန်းခွင်တွေရော အစိုးရဌာနတွေနဲ့ တချို့ဌာနတွေမှာက လုပ်ငန်းခွင်ထဲမှာ HIV ပိုးကို မဖြစ်မနေ စစ်ဆေးရတာ ရှိတယ်။ တချို့ HIV ပိုးရှိမှန်း သွေးစစ်ကြည့်လို့ ပေါ်သွားရင် လက်ရှိအချိန်မှာ ကျန်းမာနေလည်း အလုပ်ထုတ်ခံရတာတွေရှိတယ်။ အလုပ်အကိုင် ခန့်အပ်ရာမှာ ခွဲခြားမှုမဖြစ်သင့်ဘူး။ သွေးစစ်တယ် ပိုးရှိနေတယ်။ အဲဒါက AIDS အဆင့်ဖြစ်တာမဟုတ်ဘူးလေ။ သူက သာမန်လိုပဲ အလုပ်လုပ်နိုင်တယ်ဆိုရင် ဒီတိုင်းပဲရှိသင့်တယ်။ HIV ပိုးရှိလို့ အလုပ် ထုတ်လိုက်ရတယ်ဆိုတာမျိုးကတော့ လုံးဝမဖြစ်သင့်ဘူး။ အဓိကကတော့ လုပ်ငန်းပေါ်မူတည်ပြီး ရှိလာနိုင်တာပေါ့။ ပိုးရှိလို့ဆိုပြီး ဘာပြစ်ချက်မှ မရှိဘဲ အနားပေးတာမဟုတ်ဘဲ လုပ်နိုင်တဲ့ ကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး သူ့ရာထူးအလိုက် လုပ်ကိုင်ခွင့်ပေးသင့်ပါတယ်။

မေး။ ။ ပိုးရှိသူတွေခွဲခြားဆက်ဆံခံရမှု ပပျောက်ရေး ဥပဒေကြမ်း ထွက်ပေါ်လာအောင်လည်း လုပ်ဆောင်နေတာက ဘယ်အဆင့်ထိ ရောက်ပါပြီလဲ။ အစိုးရပိုင်းကရော ဘယ်လိုပူးပေါင်းလုပ်ဆောင်နေလဲ။

ဖြေ။ ။ HIV ပိုးရှိသူတွေကို ခွဲခြားဆက်ဆံမှုပပျောက်ရေး ဥပဒေကြမ်း လုပ်ဆောင်နေတာရှိတယ်။ အဲဒါကို အစိုးရပိုင်းက လုပ်ဆောင်ပေးရုံ နဲ့ မဟုတ်ဘဲ ကျနော်တို့ဘက်ကလည်း ဘာတာဝန်ခံမှုတွေ၊ ဘာတာဝန်ယူမှုတွေရှိမလဲဆိုတဲ့ အပြန်အလှန် Win Win Situation နဲ့ လုပ်နေတာတွေရှိတယ်။

မေး။ ။ ဥပဒေကြမ်းထဲမှာ ဘယ်လိုအချက်တွေ ပါဝင်လဲ။ အဓိက လုပ်ဆောင်ကြမှာက ဘယ်လိုအစိတ်အပိုင်းတွေလဲ။

ဖြေ။ ။ ဒီဥပဒေက ခွဲခြားဆက်ဆံမှုကို အဓိက ဦးတည်ပြီးလုပ်တာ။ ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်ပြီး လုပ်ငန်းခွင်တွေမှာ ခွဲခြားဆက်ဆံမှုမရှိရဘူး။ ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့နေရာတွေမှာ ခွဲခြားဆက်ဆံမှုမရှိဘူး၊ ပြည်သူလူထုထဲမှာလည်း ခွဲခြားမှု မရှိဘူးဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် HIV ပိုးရှိသူတွေကလည်း စိတ်၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ လျော့ကျလာမယ်။ ဆေးစစ်တဲ့နေရာမှာလည်း ပွင့်ပွင့်လင်းလင်းဖြစ်လာမယ်။ အခုက ပိုး ရှိ၊ မရှိ စစ်လိုက်တာနဲ့ မကောင်းတဲ့အမြင် ခွဲခြားတဲ့ အမြင်တွေ ရှိနေတော့ တော်ရုံက သွေး မစစ်ဘူး။ အဖြေပေါ်မူတည်ပြီး ထိရောက်စွာလုပ်လာနိုင်မယ်။ အဓိကအားဖြင့် တနိုင်ငံလုံးမှာရှိတဲ့ ပိုးကူးစက်ခံထားရသူ၂၄၀၀၀၀ ကျော်တင်မဟုတ်ဘဲ အခြားသူတွေလည်း အကာအကွယ်ရလာမယ်။ တခြားသူတွေကို ကူးစက်မှုနှုန်း ကျဆင်းလာမယ်။ အနည်းစုအတွက်မဟုတ်ဘဲ သန်း ၅၀ ကျော်သော လူတွေအတွက် ကောင်းကျိုးဖြစ်လာပါလိမ့်မယ်။

မေး။ ။ HIV ပိုး အများစု ကူးစက်မှုသည် လိင်လုပ်သားတွေဆီက လာကြတယ်ဆိုပြီး ပြောကြတယ်။ သူတို့ဆီက ကူးစက်မှု မရှိဖို့ ကွန်ဒုံ အသုံးပြုမှုတွေ လုပ်ပေမယ့် ရဲတွေသည် လိပ်လုပ်သားတွေရဲ့ လက်ထဲမှာ အဲဒီပစ္စည်းတွေ့ရင် ဖမ်းတာတွေ ရှိနေတုန်းဆိုတဲ့ ဝေဖန်သံတွေရှိနေတုန်းပဲ ။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အဲဒီလို ကိစ္စမှာ မဖမ်းဆီးဖို့က အစိုးရက ပြောထားပြီးသားပါ။ ဒါတွေကို တချို့ကတော့ လိုက်နာတယ်။ တချို့ကတော့ လိုက်နာမှု အားနည်းတုန်းပဲပေါ့လေ။

မေး။ ။ လူထုကြားထဲမှာရော ပိုးရှိသူတွေကို မြင်တဲ့ အမြင်၊ ဆက်ဆံမှု ပုံစံက အရင်ထက် ပိုပြီး ကောင်းမွန်ပါသလား။

ဖြေ။ ။ အရင်ထက်တော့ပြောင်းလဲလာတယ်။ ခွဲခြားဆက်ဆံမှုကတော့ ရှိနေတုန်းပဲ။ ဘာလို့ ဒီလိုပြောသလဲ ဆိုရင် ကျနော်တို့က စစ်တမ်းကောက်ခြင်း၊ သုတေသနလုပ်ရင်းနဲ့ တွေ့လာတာပေါ့လေ။ ဒါကြောင့် ရောဂါပိုးရှိသူတွေအတွက် သင့်တင်မျှတတဲ့ ပတ်ဝန်းကျင်ကောင်းရှိအောင် လုပ်ရမယ်။ ပြည်သူလူထုကလည်း အရင်ထက်တော့ နားလည်မှု ရှိလာတယ်။ ဖေးမကူညီလာပါတယ်။တနိုင်ငံလုံးမှာ ချိတ်ဆက်ထားတဲ့ ကိုယ့်အားကိုယ်ကိုး အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေပါတယ်။

မေး။ ။ ART ဆေးရရှိမှုအပိုင်းကရောဘယ်လိုရှိလဲ။ အလုံအလောက်မရကြဘူးဆိုပြီးဝေဖန်သံတွေလည်း ထွက်လာတာမျိုးရှိတယ်။

ဖြေ။ ။ ကျနော်တို့ချိတ်ဆက်နေရာမှာတော့ အစိုးရ၊ အဖွဲ့အစည်းတွေမှာရော ဆေးက လုံလုံလောက်လောက်ရှိတယ်။ ကျနော်တို့နဲ့ ချိတ်ဆက်ပြီးလုပ်နေတဲ့သူတွေတော့ ရတယ်။ ကိုယ့်ဘာသာကိုယ် ရှက်ကြောက်ပြီးတော့ ဆေးရုံ၊ ဆေးခန်းတွေမှာ မထုတ်ချင်တဲ့သူ ၊ ကိုယ့်ဘာသာကိုယ်ဝယ်သောက်တဲ့သူတွေတော့ ရှိတယ်။ အခုက အရင်နဲ့မတူပါဘူး။ ဆေးသောက်ဖို့ လိုအပ်သူတွေအတွက် အလွယ်တကူရပါတယ်။ အရင်လိုမျိုး အများကြီးစောင့်ရတာမျိုး မရှိတော့ပါဘူး။ အရင်ကဆို အစိုးရက တလကို အယောက် ၅၀ လောက်ပဲ ဆေးကို ပေးမယ်ဆိုတာမျိုး အခုတော့မဟုတ်တော့ပါဘူး ဆေးသောက်သင့်သူမှန်သမျှအတွက် ရနေပါပြီ။

မေး။ ။ HIV ပိုးကူးစက်ခံထားရသူအများစု စိတ်ပိုင်း၊ ရုပ်ပိုင်းအတွက် ထိခိုက်မှုတွေရှိကြတယ်။ သူတို့အပေါ် ပြန်လည် ထူထောင်ရေးအပိုင်းတွေက ဘယ်လိုရှိပါလဲရှင့်။

ဖြေ။ ။ စိတ်ပိုင်းရုပ်ပိုင်းလိုအပ်ချက်တွေ ရှိနေပါတယ်။ ဟုတ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ကလည်း MGP အဖွဲ့ ဖွဲ့ဖြစ်လိုက်တာပေါ့။ အဓိကကတော့ ကူးစက်ခံလိုက်ရတယ်ဆိုရင် အနည်းနဲ့အများ စိတ်ထိခိုက်တာတွေရှိတာပဲ။ ကိုယ့်အားကိုယ်ကိုးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ရတာပေါ့။ဘဝတူ အချင်းချင်း အားပေးနှစ်သိမ့်တယ်။ အဲလိုဆွေးနွေးတာမှာလည်း ချိတ်ဆက်လုပ်ဆောင်တာရှိသလို တွေ့ဆုံပွဲတွေလုပ်ကြတယ်။ တယောက် အခက်အခဲ တယောက်ကို ဖွင့်ဟကြတာမျိုးတွေ လုပ်ပေးပြီး လူတိုင်းနည်းတူ သူတို့လည်း ရှင်သန်လာအောင် လုပ်ပေးကြတယ်။ ဆေးသောက်တယ်ဆိုရင်လည်း ဆေးပုံမှန်သောက်နိုင်အောင် စိတ်ဓာတ်ခွန်အားတွေ ပေးရတယ်။

Your Thoughts …
Tags: HIV
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

by ဧရာဝတီ
27 February 2025
1.9k

လက်ရှိအချိန်တွင် HIV ပိုး ရှိ မရှိ သွေးစစ်ပေးခြင်း၊ Viral load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို စစ်ဆေးခြင်းများကို ရန်ကုန်၊...

HIV နှင့် ဆေးယဉ်ပါးတီဘီ ဖြစ်နေသူများ စစ်မှုထမ်းရန် ခေါ်ခံရ

HIV နှင့် ဆေးယဉ်ပါးတီဘီ ဖြစ်နေသူများ စစ်မှုထမ်းရန် ခေါ်ခံရ

by ဧရာဝတီ
18 September 2024
1.3k

ယခုအခါ စစ်မှုထမ်း အပတ်စဉ် ၅ အတွက် မန္တလေးမြို့တွင် လူစုဆောင်းခြင်းများ ပြုလုပ်လျက်ရှိရာ တာဝန်ထမ်းဆောင်ဆဲ အုပ်ချုပ်ရေးမှူးအချို့ငြင်းဆိုခြင်းများ ရှိလာသဖြင့် ဒုတိယဗိုလ်မှူးကြီးအဆင့် ဦးဆောင်ကာ အုပ်ချုပ်ရေးမှူးများကိုပင် ကြိုတင်အသိပေးခြင်းမရှိဘဲ ရှောင်တခင် ဝင်ရောက်စီးနင်းခြင်းများလည်း ပြုလုပ်လျက်ရှိသည်

ART ဆေး ထုတ်ပေးမှု စစ်ကော်မရှင် ကန့်သတ်

ART ဆေး ထုတ်ပေးမှု စစ်ကော်မရှင် ကန့်သတ်

by ဧရာဝတီ
9 August 2025
1.1k

HIV/AIDS ကူးစက်ရောဂါ ဖြစ်ပွားသူများအား ရောဂါသက်သာစေပြီး သက်တမ်းစေ့နေနိုင်ရေးအတွက် နေ့စဉ် သောက်သုံး နေရသည့် ART ဆေးကို ဩဂုတ် ၈ ရက်မှစတင်ကာ စစ်ကော်မရှင်၏ ကျန်းမာရေးဌာနများတွင်သာ ထုတ်ယူနိုင်မည်ဟု ကန့် သတ်လိုက်ရာ ဆေးသောက်နေရသူများအတွက် အခက်အခဲဖြစ်စေကြောင်း...

WORLDS AIDS Day 2020 အခမ်းအနားတွင် တွေ့ရသည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး / MOHS

မြန်မာနိုင်ငံတွင် HIV ကူးစက်ခံရမှု ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းလာ

by ဇူးဇူး
2 December 2020
6.9k

၂၀၁၉ ၌ HIV ရောဂါပိုး အသစ်ကူးစက်ခံရမှု ၉,၉၀၀ ကျော် ရှိခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များ၌ HIV ဖြစ်ပွားမှုနှုန်းသည်လည်း ၂၀၁၁ တွင် ဝ.၈၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ၂၀၁၉ တွင် ဝ.၅၀ ရာခိုင်နှုန်းအထိ...

ART ဆေးပေးဝေမှု စစ်ကော်မရှင် ထိန်းချုပ် (ရုပ်/သံ)

ART ဆေးပေးဝေမှု စစ်ကော်မရှင် ထိန်းချုပ် (ရုပ်/သံ)

by ဧရာဝတီ
8 August 2025
70

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV/AIDS) ဝေဒနာရှင်တွေ သက်တမ်းစေ့နေနိုင်ဖို့ နေ့စဉ် သောက်ရတဲ့ ART ဆေး ထုတ်ပေးမှုကို စစ်ကော်မရှင်က ဩဂုတ်လ ၈ ရက်နေ့မှာစပြီး ကန့်သတ် ထိန်းချုပ် လိုက်ပါတယ်။

ကင်ဆာဝေဒနာရှင် လူနာတဦးကို သွေးသွင်းနေစဉ် HIV ပိုး ကူးစက်ခံခဲ့ရကြောင်း အဆိုပါ ဆေးရုံက ဝန်ခံပါတယ်

သွေးသွင်းစဉ် HIV ပိုးကူးစက်သွားသော လူနာအကြောင်း ဝန်ခံလိုက်တဲ့ ထိုင်းဆေးရုံ

by ရေဗန်
10 May 2019
19.6k

ကူးစက်ခံရသူဟာ အသက် ၉ နှစ်ကတည်းက အဲဒီဆေးရုံမှာ သွေးသွင်းလေ့ရှိသူ ဖြစ်ပြီး ဆေးရုံမှာ ဆယ်စုနှစ် တစုစာ သွေးသွင်းတဲ့ အကြိမ်ပေါင်း ၂၆၆ ကြိမ် ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Next Post
ရန်ကုန် နား၊ နှခေါင်းနှင့်လည်ချောင်း ဆေးရုံနောက်ဘက်ရှိ ဂျပန် နိပွန် ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ကား များကို နိုဝင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်  / ဂျေပိုင် / ဧရာဝတီ

နိပွန် ဖောင်ဒေးရှင်းက ကျန်းမာရေး ဝန်ကြီးဌာနသို့ ယာဉ်များ လှူဒါန်းမှု ရပ်ဆိုင်း

ဒေါက်တာ စင်သီယာမောင် / ဂျေပိုင် / ဧရာဝတီ

လက်ရှိ မယ်တော် ဆေးခန်းမှာရှိတဲ့ လူနာတဝက်လောက်က ရွှေ့ပြောင်းလုပ်သားတွေ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved