• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

အီရတ် ဒုက္ခသည်တွေကို ကူညီခဲ့သူ ဆေးလ်ဗားဟွန်း လယ်မူး

by စောရန်နိုင်
15 June 2017
in အင်တာဗျူး
A A
ကရင်လူမျိုးဆေးတပ်ဖွဲ့ဝင် ဆေးလ်ဗားဟွန်းလယ်မူး

ကရင်လူမျိုးဆေးတပ်ဖွဲ့ဝင် ဆေးလ်ဗားဟွန်းလယ်မူး

9.8k
VIEWS
Share on FacebookShare on Twitter

ခရစ်ယာန် လူသားချင်းစာနာမှု အဖွဲ့အစည်းတခုဖြစ်သော Free Burma Rangers (FBR) သည် အစ္စလာမ်မစ် နိုင်ငံအဖွဲ့ဟု ခေါ်သောအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထွက်ပြေးလွှတ်မြောက်သည့် အရပ်သားများကို ကူညီရန် အီရတ်နိုင်ငံသို့ အဖွဲ့တဖွဲ့စေလွှတ်ခဲ့သည်။ အမေရိကန်စစ်တပ်အရာရှိဟောင်း ဒေးဗစ်ယူဘန်းက ၁၉၉၇ ခုနှစ်တွင် ထူထောင်ခဲ့သော FBR သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာသည့် လူမျိုးစုများကို အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၆ ခုနှစ် မှစတင်ပြီး FBR သည် အီရတ်သို့ ကယ်ဆယ်ရေးနှင့် သတင်းအချက်အလက်ရယူရေး ခရီးများ အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ အဆိုပါ အီရတ်နိုင်ငံ မိုဆူးလ် မြို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပြီး မကြာသေးမီက ပြန်လည်ရောက်ရှိလာသော FBR ၏ ကရင်လူမျိုး ဆေးတပ်ဖွဲ့ဝင် ဆေးလ်ဗားဟွန်း လယ်မူး ကို ဧရာဝတီသတင်းဌာန၏ အကြီးတန်း သတင်းထောက် စောရန်နိုင် က တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ။ အီရတ်က ရခဲ့တဲ့ အတွေ့အကြုံတွေ အရင်ဆုံးပြောပြပေးပါဦး။

ဖြေ။ ။ ကျနော်တခါမှ မရောက်ဘူးတဲ့နိုင်ငံက လူတွေဆီကို သွားရောက်ကူညီခွင့်ရတဲ့အတွက် ဒီခရီးဟာ ကျနော့်အတွက် တကယ့်အခွင့်ထူး တခုလို့ ပြောချင်တယ်။ ဒီခရီးမှာ ကျနော့်တာဝန်ကတော့ လူနာတွေ ကုသပေးရပါတယ်။ အဲဒီ လူနာတွေထဲမှာ IS တိုက်ခိုက်ရေးသမားတွေကြောင့် ဒဏ်ရာရတဲ့အရပ်သားတွေလည်း ပါဝင်ပါတယ်။ IS လက်ထဲက လွှတ်မြောက်လာအောင် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေလည်း ကူညီရပါတယ်။ လူတွေက သေနတ်ဒဏ်ရာရတယ်။ အဆောက်အအုံပြိုလို့၊ မီးလောင်လို့ ဒဏ်ရာတွေရကြတယ်။ ကျနော်တို့အဖွဲ့က အကြီးကြီးတော့ မဟုတ်ပေမယ့် တတ်နိုင်သလောက် ကူညီခွင့်ရလိုက်တာဟာ ကြီးမားတဲ့အခွင့်အရေးကြီး တခုပါပဲ။

မေး။ ။ အီရတ်ကို ဘယ်ရက်ပိုင်းလောက်က သွားပြီး အချိန် ဘယ်လောက် ကြာကြာနေပြီး ကူညီဖြစ်ခဲ့လဲ။ အဲဒီက ပဋိပက္ခ ကို မြန်မာနိုင်ငံနဲ့ယှဉ်ကြည့်ရင် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော် အီရတ်နိုင်ငံကို ဧပြီလ ၁၇ ရက်နေ့ကနေ မေလ ၁၇ ရက်နေ့ အထိသွားခဲ့တာပါ။ တလလောက် နေခဲ့တယ်။ အီရတ် ပဋိပက္ခနဲ့မြန်မာနိုင်ငံက ကရင်ပြည်နယ်အခြေအနေ အရမ်းကို ကွာပါတယ်။ ပထဝီ အရလည်း ကွဲပြားတယ်။ ဒါကြောင့် ကရင်ပြည်မှာ သုံးတဲ့ စစ်လက်နက်ကိရိယာတွေ၊ အသုံးအဆောင်တွေနဲ့ မတူတာတွေ သုံးကြတယ်။ အီရတ်မှာ ပဋိပက္ခကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေလည်း အများကြီးတွေ့ခဲ့တယ်။

မေး။ ။ IS အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုမှာ အလွန်နာမည်ဆိုးနဲ့ ကျော်ကြားနေတယ်။ ခင်ဗျား မစိုးရိမ်ဘူးလား၊ မကြောက်ဘူးလား။ ခရီးအတွက် ဘယ်လိုပြင်ဆင်ခဲ့လည်း ပြောပြပါဦး။

ဖြေ။ ။ IS တပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ အသည်းနှလုံးထဲမှာ ချစ်ခြင်းမေတ္တာတွေ မရှိဘူးလို့ပဲ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေ၊ ကလေးတွေ၊ လမ်းမလျှောက်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေပါ မကျန် သတ်တယ်။ ကျနော် မသွားခင်တုန်းကတော့ ကိုယ့်လုံခြုံရေးအတွက် ကိုယ်စိုးရိမ်ခဲ့တယ်။ ဒါပေမယ့် ဟိုရောက်သွားပြီး ဒုက္ခ ရောက်နေတာတွေတွေ့လိုက်ရတော့ ကြောက်စိတ်တွေပျောက်သွားတယ်။ ဘုရားသခင်က ကျနော့်ကို စောင့်ရှောက်မယ်လို့ ယုံကြည်တယ်။ အီရတ်တပ်မတော်ကိုလည်း ကျနော်ယုံကြည်တယ်။ ကျနော်က အများအားဖြင့် သူတို့နဲလိုက်ပြီး ဒဏ်ရာတွေကို ကုသပေးတယ်။

 

မေး။ ။ IS တွေနဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ကြရသေးလား။ အတိုက်ခိုက်ခံရသေးလား။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
96
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
55
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
163

ဖြေ။ ။ ကျနော်တို့ တာဝန်က စစ်တိုက်ဖို့မဟုတ်ဘူး။ ကျနော်တို့က အရေးပေါ်အခြေအနေမှာ လူတွေကို ကူညီဖို့ သက်သက်ပါ။ ကျနော် အဲဒီကိုသွားတာ IS ကိုတိုက်ဖို့ မဟုတ်သလို အီရတ်စစ်တပ်ကိုလည်း ကူညီတိုက်ပေး ဖို့လည်းမဟုတ်ဘူး။ အရပ်သား အသိုင်းအဝန်းတွေကိုကူညီဖို့သွားတာပါ။

မေး။ ။ ခင်ဗျားတို့အဖွဲ့ခေါင်းဆောင် ဒေးဗစ် ယူဘန်း ဒဏ်ရာရတယ် သိရတယ်။ အဲဒါဘယ်လိုဖြစ်တာလဲ။ သူ့အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျနော် ကရင်ပြည်နယ် ပြန်လာပြီး နောက်တနေ့မှာ သူဒဏ်ရာရတယ်လို့ ကျနော်ကြားတယ်။ သူနဲ့ အီရတ်အရာရှိတယောက်နဲ့ IS တိုက်ခိုက်ရေးသမား ၄ ဦး က ခြုံခို တိုက်ခိုက်တယ်။ သူတို့နဲ့ရင်ဆိုင်တွေ့ကြတာ။ သူ့လက်မှာဒဏ်ရာ ရသွားပေမယ့် အခုသူ့အခြေအနေကောင်းပါတယ်။

မေး။ ။ အီရတ်အရပ်သားတွေက ခင်ဗျားကူညီမှုတွေအပေါ်မှာ ဘယ်လိုတုံ့ပြန်လဲ။

ဖြေ။ ။ ကျနော်တို့က သူတို့ကို ရေ၊ အစားအစာ၊ အဝတ်အထည်တွေပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးတယ်။ သူတို့ ဝမ်းသာတယ်။ ကျနော်တို့ အတူတူ ပျော်ခဲ့ကြတယ်။ ကျနော်တို့ အတွေ့အကြုံအပေါ် အခြေခံပြီး အီရတ်မှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို နိုင်ငံတကာသိအောင် တင်ပြတယ်၊ ဖြန့်ဝေတယ်။ အရပ်သားတွေနဲ့ အီရတ်စစ်တပ်တွေကလည်း ကျေးဇူးတင်ကြပါတယ်။

Your Thoughts …
Tags: FBRISISကရင်ဆေးတပ်ဖွဲ့ဒုက္ခသည်အီရတ်
စောရန်နိုင်

စောရန်နိုင်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

by ဧရာဝတီ
9 January 2025
11.9k

သတင်းကောင်းမှာ စစ်တပ်သည် ကျဆုံးသည့် အနေအထားတွင် ရှိနေသည်။

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

by ဗညားအောင်
21 February 2024
11.8k

သတင်းစာများပေါ်တွင် စစ်ကောင်စီခေါင်းဆောင်များ ဟန်မပျက် ပွဲတက်ပြနေသော်လည်း စစ်တပ်၏ စစ်ရေးအကျပ်အတည်းမှာ ကြီးမား၏။

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

by Igor Blazevic
14 April 2024
11.6k

စစ်တပ်ကို တော်လှန်နေတဲ့ အင်အားစုတွေဟာ အခုဆိုရင် မဟာဗျူဟာကျကျ အချိန်ကိုက် ညှိပြီး တိုက်ခိုက်ရေးကို လုပ်ဆောင်ကြဖို့ အခွင့်အရေး ရနေပါတယ်။

ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ

ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ

by ဝတ်ရည်ခိုင်မာ
16 March 2024
10.8k

အိမ်နီးချင်းနိုင်ငံများထဲမှ လူသားချင်းစာနာမှု အကူအညီပေးရေး၊ စစ်ဘေးဒုက္ခသည်များကို ကူညီရေးအတွက် ပြောဆိုသည်မှာ ထိုင်းနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်သာရှိ၏။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

Next Post
မဒေးကျွန်းပေါ်ရှိ တရုတ်စီမံကိန်းအဆောက်အဦးများ နောက်ခံနှင့် ဒေသခံ တံငါတဲများ / Reuters

ကျောက်ဖြူက အာရှစီးပွားရေးမှာ အချက်အချာ ဖြစ်လာမတဲ့လား

မြန်မာ့ရိုးရာသနပ်ခါးကို စမ်းသပ်အလိမ်းခံနေသည့် နိုင်ငခြားသူတဦးကိုတွေ့ရပုံ / www.mekongtourism.org

ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်ရာတွင် အဟန့်အတားများရှိနေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved