• English
Saturday, December 9, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

        စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

        လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

        လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

        မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

        မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

        အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

        အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

        မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

        မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

        လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

        လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

        လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

        လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          အဖော်လေးတွေ…

          အဖော်လေးတွေ…

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် အင်တာဗျူး

          သနပ်ခါးယဉ်ကျေးမှု တပတ်ပြန်လည်စေချင်တယ်

          by ဇူးဇူး
          9 February 2020
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          မြန်မာနိုင်ငံ အလှကုန်အသင်း အလုပ်အမှုဆောင် နှင့် သနပ်ခါးကော်မတီ အဖွဲ့ဝင် တဦးဖြစ်သူ ဒေါ်လွင်မာ  အောင် / ဧရာဝတီ

          မြန်မာနိုင်ငံ အလှကုန်အသင်း အလုပ်အမှုဆောင် နှင့် သနပ်ခါးကော်မတီ အဖွဲ့ဝင် တဦးဖြစ်သူ ဒေါ်လွင်မာ အောင် / ဧရာဝတီ

          9.3k
          VIEWS
          Share on FacebookShare on Twitter

          မြန်မာ့သနပ်ခါး ယဉ်ကျေးမှု ဓလေ့ထုံးစံကို ကမ္ဘာ့အမွေအနှစ်စာရင်း (ယူနက်စကို) တင်သွင်းနိုင်ရေး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီးကာ သက်ဆိုင်ရာ ဌာန၊ အသင်းအဖွဲ့များနှင့်အတူ ကြိုးပမ်းဆောင်ရွက် လျက်ရှိသလို တ ဖက်တွင်လည်း မြန်မာ့သနပ်ခါးကို ကမ္ဘာအား ထိုးဖောက်နိုင်ရန်နှင့် ပြည်တွင်း၌လည်း ပြန်လည်တွင်ကျယ်စွာ ထွန်း ကားလာစေရန် အသင်းအဖွဲ့တချို့ကလည်း ဆောင်ရွက်လျက်ရှိသည်။

          မည်သည့်အတွက်ကြောင့် ထို့သို့ လှုပ်ရှားဆောင်ရွက်လာကြသနည်း၊ မြန်မာ့သနပ်ခါး၏ လတ်တလော ဈေးကွက် အခြေအနေ အပါအဝင် စိန်ခေါ်မှု၊ အခက်အခဲများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အလှကုန်အသင်း အလုပ်အမှုဆောင် နှင့် သနပ်ခါးကော်မတီ အဖွဲ့ဝင် တဦးဖြစ်သူ ဒေါ်လွင်မာအောင်ကို ဧရာဝတီ အကြီးတန်းသတင်းထောက် ဇူးဇူးက တွေ့ဆုံမေးမြန်းထားပါသည်။

          RelatedPosts

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          28 November 2023
          19.2k
          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          22 November 2023
          2.9k
          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          18 November 2023
          13k

          ဒေါ်လွင်မာအောင်သည် ပြည်တွင်းရှိ သဘာဝ သစ်ရွက်၊ ပန်း၊ အသီး စသည့် ကုန်ကြမ်းများနှင့် အလှကုန်ပစ္စည်း ထုတ် လုပ်ဖြန့်ဖြူး ရောင်းချပေးနေသည့် Flawless Myanmar ၏ ဒါရိုက်တာတဦးဖြစ်ပြီး သနပ်ခါးနှင့် ပတ်သက်သည့် လှုပ် ရှားမှုများ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသူ တဦးလည်း ဖြစ်သည်။

          မေး ။ ။ သနပ်ခါးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်နေတယ်ဆိုတော့ မြန်မာ့သနပ်ခါးအတွက် ဘယ်လို စိန်ခေါ်မှုမျိုးတွေ ကြုံနေရလို့ပါလဲ။

          ဖြေ ။ ။ ခွဲပြောရင် ၃ ပိုင်းလောက် ဖြစ်သွားမယ်။ ပထမ တပိုင်းက တကယ် စိုက်တဲ့တောင်သူ ပိုက်ဆံမရတဲ့ ကိစ္စ။

          ဒါက အခု ပြည်တွင်းမှာ တကယ်ဖြစ်နေတဲ့ဟာ။ သနပ်ခါး မပါဘဲ အမည်ခံတယ်။ Fragrant လို့ခေါ်တဲ့ ဓာတုဗေဒ အ နံ့လေးပဲ ထည့်လိုက်တယ်။ သနပ်ခါးလို့ နာမည်တပ်တယ်။ ထုပ်ပိုးမှုပုံစံကလည်း လှတယ်။ ဖော်မြူလေးရှင်းတွေက လည်း ခေတ်ပေါ်လေးတွေ ဖြစ်တော့ အတုံးကြီး သွေးမလိမ်းတော့ဘူး။ ဒီသနပ်ခါးလေးပဲ လိမ်းမယ်ဆိုပြီး ဈေးကွက် နေရာတွေ ယူလာတယ်။

          အခု ဈေးထဲ ဆိုင်တွေသွားရင် စင်တွေပေါ်မှာ သနပ်ခါး ထုတ်ကုန်တွေ အများကြီးပဲ။ ဒါပေမယ့် တောင်သူတွေဆီကို ပိုက်ဆံမရောက်ဘူး။ အဲဒါကတော့ တောင်သူတွေဘက်က စိန်ခေါ်မှု။ ဒီတော့ တောင်သူ တွေကလည်း ပိုက်ဆံမြန် မြန်ရမယ့်ဟာတွေ အစားထိုး စိုက်လာကြတယ်။

          ဒုတိယတပိုင်း သနပ်ခါးက မြန်မာ့အဘိဓာန်မှာ ကိုယ်က သီးပင်ရဲ့ နာမည်နဲ့ လွဲနေတဲ့အချိန်မှာ အိမ်နီးချင်းနိုင်ငံ(ထိုင်း) တခုက ဒီသနပ်ခါးကို တကမ္ဘာလုံးကို ရောင်းဖို့ သနပ်ခါး နာမည်အမှန်နဲ့ Asian Cosmetic Association (အာဆီယံ အလှကုန်အသင်း)ကို တင်တော့မယ်။

          တင်လိုက်ရင် သနပ်ခါးသည် သူတို့နိုင်ငံရဲ့ Origin(မူလ) ဖြစ်သွားပြီ။ မြန်မာပြည်ရဲ့ မျိုးရင်းမျိုးစိတ် မဟုတ်တော့ဘူး။ သူတို့က စိုက်လည်းစိုက်နေပြီ။ World Plant lists မှာပဲဖြစ်ဖြစ် INCI Name မှာပဲဖြစ်ဖြစ် သူတို့ Origin ဖြစ်သွားရင် သူတို့ဆီကပဲ တကမ္ဘာလုံးက ဝယ်လိမ့်မယ်။

          INCI Name ဆိုတာ တကမ္ဘာလုံးကို ရောင်းချင်ရင် Trade Name Register ပေးရတယ်။ အဲဒါမရှိရင် ကုန်သွယ်ခွင့်မရှိ ဘူး။ ရောင်းခွင့်တင်ပို့ခွင့် မရှိဘူး။ အဲဒါကို သူတို့ထက် နောက်မကျအောင် အစော မတင်ရင်တောင် တပြိုင်တည်း ဖြစ်အောင် ကျမတို့က အတူတူလိုက်ပြီး Presentation လုပ်ပြီး လိုက်တင်မှ ရမယ်။

          မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် သနပ်ခါးပွဲတော်တွင် သနပ်ခါးကို လိမ်းကျံနေစဉ်(ဇော်ဇော်/ဧရာဝတီ)

          အဲဒီမှာ အထောက်အထားတွေနဲ့ သနပ်ခါးသည် မြန်မာပြည်ရဲ့ မျိုးရင်းမျိုးစိတ် ဖြစ်တယ်။ မြန်မာပြည်ရဲ့ တကယ့်ယဉ် ကျေးမှု ဖြစ်တယ်။ ဟိုးအရင် ပုဂံခေတ်က စလို့ သုံးခဲ့တယ်ဆိုတာမျိုးတွေကို သက်သေတွေနဲ့ လုပ်ဖို့ လိုတာပေါ့။ ဒါက နောက်ထပ် စိန်ခေါ်မှု တခု။

          တတိယက တောင်သူတွေအတွက် စိုက်ပျိုးရေးနည်းပညာပေါ့။ ယူနက်စကို ဝင်သွားမယ်။ INCI Name ရပြီဆို ရင် တောင်သူတွေကို မခုတ်ဖို့။ တကမ္ဘာလုံးက ဝယ်မယ်လည်းလုပ်ရော သနပ်ခါးတွေ မရှိတော့ဘူး တခြားအပင် တွေ ဖြစ်သွားပြီဆို အဆင်မပြေဘူးလေ။

          တောင်သူတွေကို ဒီကြားထဲမှာ မခုတ်ဖို့ ပြောရမယ်။ မခုတ်ဖို့အတွက်ကိုလည်း လူတွေက သနပ်ခါးကို ပြန်သုံးကြပါ။ သုံးတဲ့သူတွေကိုလည်း ထပ်ပြီးတော့ ပညာပေးရမယ်။ သနပ်ခါးရဲ့ နာမည်သည် ဘာပါ (Hesperethusa Crenulata – not Limonia Acidissima)။ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပါ။

          သနပ်ခါးမပါဘဲနဲ့ ဒါတွေကိုသုံးရင် မြန်မာ့သနပ်ခါးကို ဘယ်လိုထိခိုက်ပါတယ်ဆိုတာတွေ ပညာပေးရမှာပေါ့။ မသိလို့ သုံးကြတယ်၊ ထုတ်ကြတယ်။ ဒါတွေကို သိအောင် ကျမတို့ဘက်က ပြောပြပေးရမှာပေါ့။
          ဒီတော့ စိန်ခေါ်မှုတွေကို ပြန်ခွဲရင် တောင်သူဘက်က တပိုင်း၊ ပညာပေးတွေ လုပ်ရမှာက တပိုင်း၊ အိမ်နီးချင်းနိုင်ငံနဲ့ သူတို့ မဦးသွားအောင် ကျမတို့ မျိုးရင်းမျိုးစိတ်တွေဖြစ်အောင် မှတ်ပုံတင်လုပ်ရမှာက တပိုင်းပေါ့နော်။

          မေး ။ ။ သနပ်ခါးခြံတွေ နေရာမှာ လျှော်ဖြူတွေ အစားထိုး စိုက်လာတာဟာ ပထမ စိန်ခေါ်မှုနဲ့ ဆက်စပ်နေတဲ့ သဘောလား။ လက်ရှိမှာ သနပ်ခါးစိုက် ဧက ဘယ်လောက်လောက် ကျန်သေးလဲ။ လျှော်ဖြူစိုက်ပျိုးမှုကရော ဘယ် လိုပုံစံမျိုးနဲ့ စတင်ရောက်လာတာလဲ။

          ဖြေ ။ ။ ဆက်စပ်နေပါတယ်။ လွန်ခဲ့တဲ့နှစ်တွေနဲ့ Survey (ဆန်းစစ်လေ့လာချက်) ပြန်လုပ်ကြည့်ရင် ၆၀ ရာခိုင်နှုန်းပဲ ကျန်တော့တယ်။ ၄၀ ရာခိုင်နှုန်း တဝက်နီးပါးက တခြားသီးနှံတွေ ဖြစ်သွားတယ်။ သူက အိမ်နီးချင်းနိုင်ငံ(တရုတ်) တခု ကပဲ ဈေးကောင်းပေးမယ်။ စာချုပ်တွေ ဘယ်လို ချုပ်ပြီးပြီ။

          လျှော်ဖြူအစေးထွက်တာနဲ့ ၁ ပိသာကို ဘယ်လောက် ပေးမယ်ဆိုတော့ သနပ်ခါးကလည်း ဈေးမရတော့ဘူး။ ပစ် ထားကြတဲ့အချိန်မှာ ရောင်းဖို့လည်း မရည်ရွယ်တော့ဘူး။

          လျှော်ဖြူ မြန်မြန်စိုက်ရင် မြန်မြန်ပိုက်ဆံရမယ်လို့ တောင်သူတွေက တွက်လိုက်ပြီး အကုန်လုံး ခုတ်လိုက်တယ်။ ပိုနေ တဲ့ သနပ်ခါးတွေ ရောင်းရတော့လည်း ရောင်းရ။ မရောင်းရတော့လည်း ခြံစည်းရိုး လိုနေတယ်ဆို ကာလိုက်တာပဲ။ အပွေးတွေနဲ့ ဖြောင့်နေတယ်ဆို ခြံစည်းရိုး ကာထားတယ်။ တချို့ သိပ်မကောင်းတဲ့ အပိုင်းတွေဆို ထင်းစိုက် လိုက် တယ်။ ဒါ ကျမတို့ကိုယ်တိုင် မြင်ခဲ့ကြုံခဲ့ရတာတွေ။

          လျှော်ဖြူ တကယ်ထွက်လာတော့ သူတို့ ပြောတဲ့ဈေးလည်း မပေးဘူး။ မပေးတော့ ကိုယ့်နိုင်ငံက ကုန်ချော မထုတ်နိုင် တဲ့အတွက် ဒီလောက်ပဲ ပေးမယ်ဆို နောက်ဆုံးအချိန်မှာ တောင်သူက ဒီလောက်နဲ့ပဲ မရမက ရောင်းရမှာပဲ။

          မေး ။ ။ လျှော်ဖြူစိုက်ပျိုးမှုက မှန်းသလောက် ဝင်ငွေမရဘူးဆိုတဲ့ ပုံစံမျိုးလား။

          ဖြေ ။ ။ မရဘူး။ တကယ်ထွက်တော့ တဝက်တောင် မပေးဘူး။ ၁ ပိသာကို ၆ သောင်းဆိုပြီး သူတို့ ကမ်းလှမ်း တယ်လို့ သိရတယ်။ တကယ်ထွက်တော့ တသောင်းခွဲ၊ နှစ်သောင်းတောင် ဖျစ်ဖျစ်မည်အောင် ရောင်းရတယ်။ တဝက် ဆို ၃ သောင်းပေါ့။ တဝက်တောင် မရဘူး။ ဒါတောင်မှ လမ်းပိတ်တယ်တို့ ဘာတို့ဆို ရမှာမဟုတ်ဘူး။

          အဓိက အဲဒါပဲ ဘာသီးနှံပဲ စိုက်စိုက် သူများအားကိုးနေရင်၊ ကိုယ့်ဆီမှာ ကုန်ချောမထွက်ရင်၊ ကိုယ့်ဆီမှာ ဈေးကွက် မရှိရင် ဟိုမှာ လမ်း ပိတ်ပြီဆို အကုန်ပစ်ရတာ၊ အကုန်ဈေးကျတာ။ ကျမတို့က သနပ်ခါးကို အဲဒီလို မဖြစ်စေချင်တာ။ ဘယ်သီးနှံ မှလည်း မဖြစ်စေချင်တာပါ။ ကုန်ချောထွက်စေချင်တာပေါ့။

          မေး ။ ။ သနပ်ခါးနဲ့ ပတ်သက်ပြီး တန်ဖိုးမြင့် ထုတ်ကုန်တွေ (ကုန်ချော) ထုတ်ချင်ပေမယ့် နည်းပညာမရှိဘူး ဖြစ်နေ တယ်လို့ တချို့တောင်သူတွေဆီက ကြားရတယ်ပေါ့။ အဲ့ဒါ ဘယ်လိုမြင်ပါသလဲ။

          ဖြေ ။ ။ နည်းပညာကြောင့်လည်း ပါတယ်။ ငွေကြေးအရင်းနှီးကြောင့်လည်း ပါမယ်။ မစွန့်ရဲတာလည်း ပါမယ်။ ရွှေပြည်နန်းဆို အများကြီး ထုတ်တယ် ကုန်ချောတွေ။ Doaru ဆို အကုန်ထုတ်တယ်။ တောင်သူ တယောက်က နည်းပညာရှိရင်တောင်မှ ငွေကြေးအရင်းအနှီးပေါ့။

          ကုန်ချောထုတ်တဲ့အခါ SME အနေနဲ့ မြန်မာပြည်မှာ တော်တော် လေး ရုန်းကန်ရတယ်။ ကျမကိုယ်တိုင်လည်း ကိုယ်တွေ့ဆိုတော့။ အဲဒါတွေကြောင့် ပုံမှန်သွားနေတဲ့ အခဲလေးရိုက်။ ဈေးဖိုးလေး ရနေရင် ပြေလည်နေရင်ပြီးရော ဆိုတာမျိုးထက် တက်မလာဘူး။

          တကယ်တမ်း ကမ္ဘာကို ရောင်းတဲ့အခါ သွေးလိမ်းတဲ့ အခဲတို့ အနှစ်တို့ တကမ္ဘာလုံးကို ရောင်းဖို့ မဖြစ်နိုင်ဘူး။ လိမ်းတဲ့ ယဉ်ကျေးမှုက မြန်မာပဲ လက်ခံတာ။ Souvenir (အမှတ်တရလက်ဆောင်ပစ္စည်း) အနေနဲ့ ဝယ်ရင်ဝယ်သွားမယ်။ အမြဲ တမ်း လိမ်းမှာ မဟုတ်ဘူး။

          ဒါသည် Skin Care (အသားအရေ ထိန်းသိမ်းခြင်း) အတွက်လည်း တကယ်ကောင်းတယ်။ စမ်းသပ်မှုတွေလည်း လုပ်ပြီးပြီ။ အသားဖြူစေတယ်။ အိုမင်းရင့်ရော်မှုကို လျော့ကျစေတယ်။ ဓာတ်တိုးဆန့်ကျင် ဓာတ်တွေ အများကြီး ပါဝင်တယ်။

          ဒါကို Skin Care တွေရဲ့ ပါဝင်ပစ္စည်းတခုအနေနဲ့ တကမ္ဘာလုံးကို Promote လုပ် ပြီး ရောင်းရင် trend တခုပေါ့။ Snail Trend ဖြစ်သလို။ သနပ်ခါးဆိုပြီး Trend ဖြစ်သွားရင် တကမ္ဘာလုံးကို ရိုက်ရောင်းရုံပဲ။

          မြန်မာတွေ ညိုရင်ညိုမယ် အသားလှကြတယ်။ အခုထိလည်း အညာက ညီမလေးတွေဆို သူတို့ မျက်နှာ သနပ်ခါးပဲ တင်တဲ့သူတွေဆို ညိုရင်ညိုမယ် ညက်ပြီး ဘာအဖုမှ မရှိဘူး။ တကယ်လည်း ဓာတ်ခွဲစမ်းသပ်မှုတွေအရ ကောင်းတယ်။ အဲဒီအတွက် Skin Care ပါဝင်ပစ္စည်းတခု အနေနဲ့ ရောင်းနိုင်ရမယ်။ အဲဒီအတွက် နည်းပညာ လိုတယ်။

          နည်းပညာမျှဝေရင်တောင် နောက်ထပ် စိန်ခေါ်မှုတခုပေါ့လေ။ သနပ်ခါးနဲ့ပတ်သက်ရင် တချို့ SME တွေကို နည်းနည်း ဖြေလျှော့ပေးစေ ချင်တယ်။ ဒါတွေက ဆက်လုပ်ရမယ့်ဟာတွေ။ အကူညီ အထောက်အပံ့ကြီး ချေးငွေကြီး မဟုတ်ရင် တောင် တချို့ ဟာလေးတွေမှာ သနပ်ခါးဆို ဘယ်လို ဖြေလျှော့ပေးပါပေါ့။ အခုက အမှုန့်၊ အခဲ၊ အနှစ်နဲ့ကလွဲလို့ မတက်လာဘူး။ အဲဒီအခါ တကမ္ဘာလုံးကို ရောင်းဖို့ ခက်တယ်။

          မေး ။ ။ တကမ္ဘာလုံးကို ရောင်းဖို့ အခက်အခဲမှာ ဒါတွေအပြင် တခြားဘာတွေ ရှိသေးလဲ။ နောက်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ သနပ်ခါးကို ကုန်သွယ်မှုလုပ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရတယ်။ ဒါနဲ့ပတ်သက်လို့ရော ဘာတွေ ကြားသိထားတာများ ရှိပါသလဲ။

          ဖြေ ။ ။ အဘိဓာန်မှာ ကိုယ်က သီးပင်ရဲ့နာမည်နဲ့ ဖြစ်နေတယ်။ သနပ်ခါးကို INCI Name မှာ သီးပင်ရဲ့ နာမည်နဲ့ သွားပြီးတော့ မှတ်ပုံတင်လိုက်ရင် ကျမတို့က သနပ်ခါးကို တင်လို့မရတော့ဘူး။ သီးပင်ပဲ တင်ပို့/ရောင်းချလို့ ရတော့ မယ်။ အခု အိမ်နီးချင်းနိုင်ငံကကျတော့ တကယ့်သနပ်ခါးရဲ့ နာမည်အရင်းနဲ့ သူတို့က INCI Name ကို တင်ဖို့လုပ်နေ တာ။

          အာဆီယံနိုင်ငံတခုရဲ့ Cosmetic Raw Material အနေနဲ့ သူတို့တင်ဖို့ လုပ်နေတာက သနပ်ခါးရဲ့ တကယ့်နာမည် အရင်းနဲ့ တင်ဖို့လုပ်နေတာ။ သူတို့ အရင်ရသွားခဲ့ရင် သူတို့ ဦးသွားမှာပေါ့။ သူတို့ မျိုးရင်းမျိုးစိတ် ဖြစ်သွားမှာပေါ့။

          အဲဒီတော့ အရင်ဦးဆုံး အဘိဓာန်မှာလည်း ပြောင်းရမယ်။ ပြောင်းဖို့လည်း လုပ်နေကြပါတယ်။ နည်းပညာပိုင်းနဲ့ အရမ်း ကျွမ်းကျင်တဲ့ တာဝန်ယူထားတဲ့ အစ်ကိုတွေရှိတယ်။ ကျမတို့လည်း တတ်နိုင်သလောက် ဝိုင်းကူကြတာပေါ့။

          INCI Name အပြင်ကို ရုက္ခဗေဒဌာန ဆရာကြီး၊ ဆရာမကြီးတွေဆီ သွားရမယ်။ သနပ်ခါးသည် ဒီနာမည်ပါ ဆိုတာကို ထောက်ခံစာတွေ ယူရမယ်။

          ယူပြီးရင် တင်တဲ့ Presentation တွေမှာ ထည့်ရမယ်။ နာမည်လေးတခု ပြောင်းဖို့က အစ လိုက်လုပ်ရမှာ။ အဘိဓာန် မှာ ကိုယ်က နာမည်လွဲနေတယ်။ INCI ပါ သွားလွဲရင် Trade (ကုန်သွယ်မှု) လုပ်တဲ့အခါ သနပ်ခါးကို တင်လို့မရတော့ ဘူး။

          အိမ်နီးချင်းနိုင်ငံက ဘယ်လောက်ထိလုပ်ထားလဲဆိုတော့ ဝီကီ (Wikipedia) မှာပါ အရင်ကဆို Thanakha (သနပ်ခါး) ဘိုးဘွားတွေ လက်ထက် ရှေးကတည်းက ခေါ်ခဲ့တဲ့ မြန်မာအသံထွက် သနပ်ခါးကို သူတို့က ဝီကီမှာ ပြောင်းလိုက်ပြီ။

          လွန်ခဲ့တဲ့ ၂၀၁၉ စက်တင်ဘာက စပြီး ပြောင်းထားတယ် Thanaka ပေါ့ သူတို့က T သံမရှိဘူး။ စသံပဲရှိတော့ “စနခ” (Thanaka) အဲဒီလို ဖြစ်သွားတာပေါ့။

          တကယ့် အသိအမှတ်ပြုခံရတဲ့ Page အကြီးကြီးတွေ ဝီကီတွေ စွယ်စုံကျမ်းတွေ အကုန်လုံးမှာ “စနခ” ဖြစ်သွားပြီ။ ပြီးတော့ အစ်မတို့က ၁၁ ရာစုကတည်းက သုံးခဲ့တာပါ ဆိုတာကို သူတို့ ဖျက်လိုက်ပြီ၁၅ ရာစုလို့ပဲ ထည့်ထား တယ်။ သူတို့နဲ့ အစ်မတို့ တပြိုင်တည်း သုံးခဲ့တာပါ။

          သူတို့က ပါးပေါ်တင်တဲ့ ယဉ်ကျေးမှုသာ မရှိတာ ဒီသနပ်ခါးကို သိပါတယ် သုံးပါတယ်ဆိုပြီး တဖြည်းဖြည်းနဲ့ အရမ်းကို အစီစဉ်တကျ လုပ်နေတာမျိုး ဆိုတော့ သူတို့ မျိုးရင်းမျိုး စိတ် ဖြစ်သွားလို့တော့ မဖြစ်ဘူး။ ဒါဟာ တကယ်ကို တကမ္ဘာလုံးမှာ မြန်မာပြည်မှာပဲရှိတဲ့ မြန်မာတွေပဲပိုင်တဲ့ မျိုးရင်း မျိုးစိတ်။ မြန်မာတွေပဲ ပါးပေါ်တင်တဲ့၊ တကိုယ်လုံး လိမ်းတဲ့ယဉ်ကျေးမှုကို အမြဲတမ်း ဖြစ်စေချင်တာပေါ့။

          မေး ။ ။ သနပ်ခါး ကုန်သွယ်မှုအတွက် အိမ်နီးချင်းနိုင်ငံရဲ့ ခြေလှမ်းတွေက ဘယ်အဆင့်ထိ ရောက်နေပြီလို့ ပြောလို့ ရမလဲ။ မြန်မာဘက်ကရော ဒါကို အမီလိုက်နိုင်ပါ့မလား။

          ဖြေ ။ ။ သူတို့ကတော့ အကုန်လုံးနီးပါးကို ပြည့်ပြည့်စုံစုံ ဖြစ်နေပြီလို့ ကြားတယ်။ ကျမတို့ဘက်က တပြိုင်တည်း တင်ရင်တောင်မှ ငြင်းဖို့အတွက်တောင် တချို့ ပြန်ကြားတယ်။ တချို့ အစ်မတို့အသိ ဒီ(ထိုင်း)လူမျိုးတွေကို မေးရင် တောင်မှ ဟုတ်တယ် ဒါ သူတို့ဟာ အစောကြီးကတည်းက သိတယ်။

          သူတို့က အမှုန့်တွေကို Spa၊ Scrub လုပ်တာ။ အဲဒီလိုမျိုး ပြောတယ်။ အစ်မတို့ကလည်း ပြန်ငြင်းတာပေါ့။ သူတို့မှာ ကျောက်ပြင် ရှိလား။ ကျောက်ပြင် မရှိရင် သနပ်ခါးဆိုတာ လိမ်းလို့မရဘူး။ သူတို့က ပါးပေါ်တင်လိမ်းတဲ့ ယဉ်ကျေးမှုကို မသိချင်ဘူး။ ယူစနက်ကို တင်တယ်။ ယူနက်စ ကိုက အစ်မတို့ ရမှာပဲ။ ယဉ်ကျေးမှု ဒြပ်မဲ့ကို သူတို့ စိတ်မဝင်စားဘူး။

          INCI name နဲ့ မျိုးရင်းမျိုးစိတ် အမည်မှန်ရဖို့ အရေးရယ်၊ သူတို့မှာ သနပ်ခါး စိုက်ထားပြီး ဖြစ်တဲ့အတွက် Extract တွေထုတ်မယ်။ တကမ္ဘာလုံးကို Trade လုပ်မယ်။ အဲဒါကို အရမ်း အာရုံစိုက်ထားတယ်။

          လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက သူတို့လုပ်နေခဲ့တဲ့ အစီစဉ်လေးတွေဟာ အခုအချိန်မှာ လုံးဝကို အကောင်အ ထည် ပေါ်နေပြီပေါ့။ သတိမထားမိတာပါ။ ပြောလိုက်ရင်တော့ မြန်မာတွေက ရင်ထဲမှာ မခံနိုင်ဘူး။ ဘယ်သူမှလည်း မပါစေချင်ဘူး။ ဒါပေမယ့် မသိတာ။ သတိမထားမိတာ။ သိလိုက်ရင် အရမ်းအံ့သြတယ်၊ တုန်လှုပ်တယ်၊ ကူညီချင်ကြ တယ်။ သနပ်ခါးက နမူနာပေါ့။

          အရှေ့မှာလည်း နမူနာတွေ ရှိခဲ့ပါတယ်။ ပုသိမ်ထီးလည်း တခြားနိုင်ငံတခုက ယူနက်စ ကို ရသွားတယ်တို့။ လွန်းတရာချိတ် နည်းပညာ ရသွားတယ်တို့။ နောက်ပိုင်းတော့ ဘယ်ဟာကိုမှ အမှုမဲ့အမှတ်မဲ့ မနေ ကြစေချင်တော့ဘူး။

          သနပ်ခါးမှာ အစ်မဆိုလည်း တော်တော် တုန်လှုပ်ပြီး မှတ်သွားတယ်။ သူတို့ အရမ်းကို အစီစဉ်တကျနဲ့ လုပ်တယ်။ နောက်မျိုးဆက်တွေဆို သိတော့မှာ မဟုတ်ဘူး။ အခုသာ ငြင်းနေတာ။ နောက် အနှစ် ၃၀၊ ၅၀ လောက်မှာ ဝီကီ ခေါက်လိုက်ရင် Thanakha မဟုတ်ဘူး Thanaka ဖြစ်သွားမယ်။

          သူတို့ရဲ့ဟာလို့ပဲ နောက်မျိုး ဆက်တွေက သိတော့မှာပေါ့။ အဲဒီလိုမျိုးတော့ လုံးဝ အဖြစ်မခံနိုင်ဘူး။ သူတို့ကတော့ အရမ်းကို အစီစဉ်တကျ ဖြစ် တယ်။ တော်တော်ကို အလုံးစုံပြီးသွားပြီ။ ငြင်းဖို့ဟာတွေတောင် ပြင်ဆင်ထားပြီးပြီ ဆိုတော့ အစ်မတို့ဆီက တာဝန်ရှိ တဲ့သူတွေနဲ့ စင်ပေါ်မှာ စကားနိုင်လု ရန်ဖြစ်ရမှာပေါ့။

          မေး ။ ။ INCI Name တင်တဲ့ အဓိကရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကိုလည်း သိချင်ပါတယ်။

          ဖြေ ။ ။ Asian Cosmetic Association (ACA) ဆိုပြီးရှိတယ်။ အာဆီယံနိုင်ငံတွေ အကုန်လုံးက ဝင်ထားရတာ။ အာဆီယံနိုင်ငံတွေမှာ အလှည့်ကျ အစည်းဝေးလုပ်တယ်။ နိုင်ငံတိုင်းရဲ့ FDA တွေက တက်ရတယ်။ နည်းပညာ အ သစ်တွေ ဝေမျှပေးတယ်။ တားမြစ်တဲ့ အသစ်တွေ၊ စည်းကမ်းချက် အသစ်တွေ ထွက်ရင်လည်း ပြောပြတယ်။

          ၆ လ တခါ အစည်းအဝေးပေါ့။ ထုတ်လုပ်တဲ့သူတွေကတော့ နားထောင်တဲ့သူ၊ လေ့လာသူအနေနဲ့ လိုက်ကြရတယ်။ ဘယ် နိုင်ငံဖြစ်ဖြစ် နိုင်ငံတခုကဟာကို အရွက်/အပင်တခု ကိုယ့်ရဲ့မျိုးရင်းမျိုးစိတ်ကို တင်ချင်တယ်ဆိုရင် အဲဒီကတဆင့် တင်ရတယ်။

          တကမ္ဘာလုံးကို ရောင်းဖို့ဆိုရင် Trade Name, INCI Name တွေ မရှိဘဲ ရောင်းလို့ မရဘူး။ တင်တဲ့အခါ Presentation လုပ်ပြရတယ်။ ဘယ်မှာပေါက်တယ်။ ဘယ်တုန်းက ဘယ်သူက သုံးခဲ့တယ်။ ဒါကြောင့် သူတို့ကိုပဲ ပေး သင့်ပါတယ်။

          အပင်ကတော့ ရာသီဥတု တူရင် ဘယ်နေရာ စိုက်စိုက်တော့ ရပါတယ်။ ဒါကြောင့် ပေးသင့်ပါတယ် ဆိုတာမျိုး၊ နောက် ပြီး အလှကုန်မှာ ထည့်သုံးမယ့် ကုန်ကြမ်းဖြစ်လောက်တဲ့ အကျိုးအာနိသင် ဘာတွေရှိလဲ။ ဓာတ်ခွဲစမ်း သပ်ထားတာ တွေ ပြရတယ်။ သနပ်ခါးဆို အသားကို ဖြူဝင်းစေမယ်။ အိုမင်းရင့်ရော်တာကို လျော့ကျမယ်။ အချိန်နှေး ကွေးစေမယ်။

          ဓာတ်တိုးဆန့်ကျင်တဲ့ဟာ အရမ်းများတယ်။ ဒီလိုဓာတ်ခွဲ စမ်းသပ်ထားတာတွေ ပြရတယ်။ ငယ်ငယ်လေးကတည်းက ကျမတို့က လိမ်းလာတာပဲ။ ကောင်းပါတယ်လို့ ပြောလို့မရဘူး။ တကယ့် သိပ္ပံနည်းကျ အချက်အလက်တွေနဲ့ ပြရတယ်။

          ဘယ်မှာ ပေါက်ပါတယ်။ သူ့ရဲ့ ရုက္ခဗေဒနာမည်၊ သိပ္ပံနာမည် အဲဒီလိုပြပြီးတော့မှ သူတို့က လက်ခံသင့်ရင် လက်ခံ ထားလိုက်တယ်။ ပြန်သုံးသပ်မှုတွေ လုပ်တယ်။ ၂ နှစ်လောက်ကြာတယ်။ နောက်ဆုံးမှာ ပေးလိုက်တဲ့နိုင်ငံက ရသွား မယ်။ အစ်မတို့ မတင်ရင်တော့ သူတို့ရမှာပဲ။ တင်တဲ့လူမှ မရှိတာ။ ကန့်ကွက်တဲ့သူလည်း မရှိဘူး။ တင်တဲ့သူလည်း မရှိဘူး။

          ကြိုမသိလိုက်ရင်တောင် အစည်းဝေးထဲမှာ အံ့သြတကြီး ဖြစ်သွားမှာပေါ့။ကြိုသိတဲ့ အတွက် တပြိုင်တည်းလုပ်ရင်တော့ အစ်မတို့ပဲရဖို့ ရာခိုင်နှုန်းက များတယ်။

          မေး ။ ။ အဲဒီအတွက် စိန်ခေါ်မှုတွေကရော ဘာတွေရှိနိုင်မလဲ။ သနပ်ခါး သမိုင်းကြောင်းနဲ့ ပတ်သက်ရင်ရော ဘာတွေ အငြင်းပွားနိုင်ဖွယ်ရှိလဲပေါ့။

          ဖြေ ။ ။ အဲဒီအတွက်တော့ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ ဝီကီနဲ့ကအစ ပြန်ပြင်ရမယ်။ အထောက်အထားတွေ အများကြီး ပြန်ပြရမယ်။ စကားနိုင်လုရမှာတွေ ရှိတယ်။ သူတို့က Presentation တွေ အရမ်းကောင်းတယ်။ အစိုးရ ကရော အဖွဲ့စည်းတွေကရော အထောက်အပံ့တွေ အရမ်းကောင်းတယ်။ အမတို့က အမီလိုက်ရမှာပေါ့။ ကမ်ပိန်းတွေ လည်း လုပ်ရမယ်။ အများကြီးတော့ လုပ်ရအုံးမှာပါ။

          အစ်မတို့သိထားတာက ပုဂံနံရံဆေးရေးပန်းချီမှာ ကျောက်ပြင်နဲ့ သနပ်ခါးသွေးနေတဲ့ အမျိုးသမီး ရေချိုးပြီး အလှပြင် တယ်လို့ ယူဆရတဲ့ ထမီရင်လျားနဲ့ အဲဒီပုံရှိတယ်။ ၁၁ ရာစုကတည်းက စတယ်ပေါ့။ ၁၅ ရာစုလောက်မှာ ရှင်မဟာရဋ္ဌသာရရဲ့ ကဗျာတွေမှာ ပါတယ်။ သနပ်ခါးဆိုပြီး။

          သနပ်ခါးထက် ပါးပြင်က နံ့သာ။ ပါးပြင်ပေါ်မှာ သနပ်ခါး လိမ်းတယ်ဆိုတဲ့ ယဉ်ကျေးမှု အဲဒီကတည်းက ရှိတယ်ပေါ့။ ရာဇဓာတုကလျာရဲ့ ရွှေပိန်းချ ကျောက်ပြင်တွေ ရှိတယ်။ ဒါ ကတော့ ၁၁ ရာစုကတည်းက ရှိခဲ့တယ်ဆိုတဲ့ အထောက် အထား တွေရှိတယ်။

          တောင်သူများလည်း နေပူဒဏ်ခံနိုင်ရန် သနပ်ခါးကို ပိန်းကျားရိုက်ကာ လိမ်းကျံသည်(ကောင်းမြတ်မင်း၊ ဧရာဝတီ)

          သူတို့က ဘုရင့်နောက်လက်ထက် ၁၅ ရာစု စစ်ဖြစ်တဲ့အချိန် လာတဲ့အချိန်မှာ သူတို့ဒီသနပ်ခါးကို စပြီး ထိတွေ့ဖြစ် တယ်။ အစ်မတို့လည်း ၁၅ ရာစုပါလို့ ပြောမယ်လို့ ကြားတယ်။ တူတူလောက်ပဲ ဆိုတဲ့ဟာကို မရောက်ရောက်အောင် ပြန်ဆွဲတာ။ လုံးဝကြီးတော့ ယူလို့မရဘူးဆိုတာ သူတို့သိတယ်။

          တကမ္ဘာလုံးက ဘယ်နိုင်ငံခြားသားပဲလာလာ ပါးပေါ် ဒီလိုတင်ပြီး လျှောက်သွားနေတာ မြန်မာလူမျိုးတခုပဲ ရှိတယ်။ ကျောင်းသွားတဲ့ ကလေးတွေဆိုလည်း ယောကျ်ားလေး မိန်းကလေး မခွဲ အားလုံး အဖွေးသားပဲ။ အစ်မတို့ ငယ်ငယ်ကလည်း ဒီလိုပဲ။ လုံးဝကြီးတော့ ယူလို့မရဘူးဆိုတာ သူတို့ သိတယ်။

          INCI Name ရဖို့နဲ့ Trade လုပ်ဖို့ အရမ်းဦးတည်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူတို့ တဖြည်း ဖြည်း ပြန် ပြောင်းမှာ။ Trade လုပ်ခွင့်တောင် ရသွားပြီဆိုမှ အမှုမဲ့ အမှတ်မဲ့ ဆက်ထားကြည့်လိုက် ယဉ်ကျေးမှုကိုပါ တဖြည်း ဖြည်း ယူသွားမှာပဲ။

          Presentation မှာ သူတို့ပြောချင်တာက အတူတူပဲ ဘယ်သူမှ ပိုမစောဘူး။ အဲဒီလိုမျိုး ပြောချင် တာ။ ပါးပေါ်မှာ တင်မလိမ်းဘူး။ တခြားနည်းတွေနဲ့ သုံးတယ်ပေါ့။

          ဒီအတွက် သမိုင်း အထောက်အထားတွေ ထပ်ရှာရမယ်။ ကဗျာတွေ၊ စာတွေ၊ ကျောက်ပြင်တွေ ရှေးကတည်းက ဘယ်လို လိမ်းခဲ့ပါတယ်ဆိုတာတွေ ပြန်လှန်ရမှာပေါ့။

          မန်ကျည်းခေါက်ကို တခါတရံ ဆေးအနေနဲ့ လိမ်းတာ ရှိတယ်။ နံ့သာဖြူ၊ တောင်နံကြီးတို့ကို သနပ်ခါးလိုပဲ အရင်တုန်း က တွင်တွင်ကျယ်ကျယ် လိမ်းတယ်။ သနပ်ခါးလောက်သာ နေ့ တိုင်း မလိမ်းတာ။ နံ့သာဖြူဆို ခန္ဓာကိုယ် အနွေး ဓာတ်ပေးလို့ လိမ်းတယ်။ ကရမက်ဆို အအေးဓာတ်ပေးလို့ လိမ်းတယ်။ သနပ်ခါးကျတော့ သူက ပူတဲ့အချိန်မှာ အေးစေတယ်။ အေးတဲ့အချိန်မှာ နွေးစေတယ်။

          နံ့သာ ၆ မျိုးလုံးကိုတော့ မြန် မာတွေက လိမ်းတယ်။ သနပ်ခါးကိုတော့ ပိုလိမ်းတယ်။ အငြင်းပွားမှု ဖြစ်နိုင်တယ်လို့ လည်း တွက်ပြီးသား။ ရာဇဝင်၊ အထောက်အထား ကဗျာ၊ စာ၊ ပန်းချီတွေ ပြန်ရှာရမှာပေါ့။

          မေး ။ ။ သနပ်ခါးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ လုပ်ဖို့ လိုနေပြီလို့ ဘယ်အချိန်လောက်ကတည်းက အစ်မတို့ သတိပြုမိခဲ့တာလဲ။

          ဖြေ ။ ။ ကျမတို့အဖွဲ့က အစ်ကိုတွေကတော့ သိနေတာ ကြာပြီ။ နာမည်ကိုက သီးပင်ရဲ့နာမည်ဖြစ်နေတယ်။ မှား နေပါတယ် သိနေတယ်။ အဲဒီအစ်ကိုက စထောက်ပြတယ်။ ဒါပေမယ့် အမှုမဲ့အမှတ်မဲ့ပဲ။ နိုင်ငံအသိအမှတ်ပြု သနပ်ခါး အသင်းကြီးလည်းရှိ၊ လှုပ်ရှားမှုတွေလည်း တော်တော်လေး လုပ်နေတော့ သူတို့ လုပ်မယ်ပေါ့။

          ကျမတို့ အနေနဲ့လည်း ပေါ့မိတာပါ။ ကိုယ်တိုင် တသီးပုဂ္ဂလ ဆိုရင်တော့ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက သင်္ကြန် ဖွင့်ပွဲတွေမှာ သူတို့နိုင်ငံမှာ သနပ်ခါးတွေ လိမ်းပြတယ်။ အဲဒီကတည်းက တခုခုတော့ လုပ်နေတယ်ဆိုတာ သိတော့ သိလိုက်တယ်။ ဒါပေမယ့် အမှုမှတ်အမဲ့မှတ်ပဲ။

          ဒီနှစ်ပိုင်းမှာမှ တင်တော့မယ် ကြားတယ်။ တင်လို့မဖြစ်ဘူးဆိုပြီး အဲဒီအခါကျမှ အားလုံးက ဗြုန်း ဆိုပြီးတော့ နှမြော တာရော ငါတို့ အမှုမဲ့အမှတ်မဲ့နဲ့ နေမိလေခြင်းဆိုပြီး အစ်မကိုယ်တိုင်ဆိုလည်း အဲဒီလိုပေါ့။

          အစ်ကိုတို့ကတော့ နည်းပညာ ပိုကျွမ်းတယ်။ တတ်နိုင်တာ အကုန်လုပ်ပေးမယ်။ အစ်မကတော့ ဒီဘက်က ကမ်ပိန်း လုပ်တာ PR ပိုင်းတွေ လုပ်ပေးမယ်။ တာဝန်တွေ ခွဲလိုက်တာပေါ့။ သနပ်ခါးအသင်းကိုလည်း ကူပေးပါရစေ၊ ပူးပေါင်းပါ ရစေဆို ပြီး အလှကုန်အသင်းက ကော်မတီလေးဖွဲ့ပြီး သွားတောင်းဆိုလိုက်တယ်။

          တသီးပုဂ္ဂလ အနေနဲ့ဆိုရင်တော့ အမှုမဲ့အမှတ်မဲ့ နေမိတယ်။ ဒါပေမယ့် ယူတော့မယ်လို့ ကြားလိုက်တဲ့အချိန်မှာ စိတ် ထဲမှာ ဘယ်လိုမှ အဆင်မပြေဘူး။ အခုဆို ဘယ်လောက်ထိ ဆုံးဖြတ်ထားလဲဆို ကော်မတီဆိုပြီး အလှကုန်အသင်း မှာ မဖွဲ့ခင် သေချာလေး ဘာမှ မဆုံးဖြတ်ကြသေးခင်တောင်မှ တယောက်တည်းအနေနဲ့ ကမ်ပိန်းလေးတွေ လုပ်မယ်။

          တတ်နိုင်သလောက် အကုန်လုပ်မယ်။ တခြားနိုင်ငံ ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ ကိုယ်တတ်နိုင်သလောက် လုပ်ခဲ့ တယ်ဆိုတာလေးကို လုပ်ပေးချင်တာ။ အကုန်လုံးက တကယ်တမ်းကျ ရင်ထဲမှာ မနေနိုင်ဘူး။ ပါလာကြတာပဲ။ အဓိက ကတော့ အမှုမဲ့အမှတ်မဲ့ နေမိကြတယ်။ သူများတင်တော့မယ်ဆိုမှ တအားနှမြောပြီးတော့ အမီ လုပ်ရတော့တာပေ့ါ။

          မေး ။ ။ မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနက်စကိုတင်ဖို့ ဆောင်ရွက်နေတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။ ဒါကရော သနပ်ဈေးကွက် ပြန်ကောင်းလာဖို့ အထောက်အကူပြုမယ်လို့ ထင်ပါသလား။

          ဖြေ ။ ။ အရမ်းကောင်းတာပေါ့။ တအားဝမ်းသာတယ်။ ဒြပ်မဲ့ယဉ်ကျေးမှုအနေနဲ့ ဝင်သွားလို့ရှိရင် တခြားသူတွေ ဘယ်လိုပဲ တုပတုပ မြန်မာတွေသည်သာ နဂိုမူလပါဆိုတာ အမြဲတမ်း တည်ရှိသွားတာပေါ့။ တကမ္ဘာလုံးကိုလည်း ပြန် ပြီး ကိုင်လှုပ်လို့ရတဲ့ အချက်လက်လေးတခု ထပ်ပေါ်လာတာပေါ့။
          ဈေးကွက် ပြန်ဦးမော့ဖို့ကျတော့ သနပ်ခါးအစစ်ကို သုံး မှရမယ်။ ဘယ်သူ့ကိုမှ ထိခိုက်ပြီး ပြောတာ မဟုတ်ပါဘူး။ သွင်းတဲ့သူတွေလည်း မသိလို့ဖြစ်မယ်။

          ဟိုဘက်စက်ရုံတွေက ဒါ သနပ်ခါးလို့ပြောရင် သနပ်ခါးလို့ပဲ ယုံကြမှာပေါ့။ သုံးတဲ့သူတွေသည်လည်း မသိလို့ပါ။ တကယ်ကို သနပ်ခါး အစစ်ကိုပဲ ထုတ်ပါ။ လိမ်းပါ။ အခုဆို သနပ်ခါးနဲ့ထုတ်တဲ့ Skin Care တွေ ပေါ်လာပြီ။

          တကယ့် အစစ်နဲ့ ထုတ်တဲ့ဟာကိုပဲ လိမ်းပါ။ ရုံးသွား ကျောင်းသွား တကယ်တမ်း အခုခေတ်မှာ ပါးကွက်ကြီးနဲ့ တက်လို့ မရဘူး ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် သနပ်ခါးဆိုတာကို ရွေးမယ်ဆိုရင်တော့ အစစ်ပါတာလေးပဲ ရွေးပါ။

          သနပ်ခါး ယဉ်ကျေးမှု တပတ်ပြန်လည်မှ တောင်သူတွေ ပိုက်ဆံပြန်ရမယ်။ ယူနက်စကိုဝင်တာတော့ သမိုင်းကြောင်း အရမ်းလှသွားမယ်။ အရမ်းပျော်စရာကောင်း၊ နှစ်လိုဖွယ်ရာကောင်းတဲ့ဟာ တခုအနေနဲ့ သဘောကျတယ်။

          ဒါပေမယ့် ယူနက်စကိုတော့ ဝင်သွားတယ် ပျူ၊ ဟန်လင်းတို့လို လူတွေရဲ့နှလုံးသားကို အရမ်းကိုင်လှုပ်ပေမယ့် ဦးဆောင်မယ့်သူ တယောက် မရှိတော့ ယူနက်စကို ဝင်တယ်။ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။ ဒါပေမယ့် သွားလည်တဲ့သူ မရှိဘူး။ ဒေသခံတွေသည် ခရီးသွားဧည့်သည်ဆီကနေ ဝင်ငွေလည်း မရဘူး။

          ပုဂံဆို ကိုင်လှုပ်ပေးတဲ့သူလေးတွေ အဖွဲ့တွေ ရှိနေတဲ့အတွက် ပုဂံက Local တွေထဲမှာ ကိုယ်ပါ ပိတ်ရက်ဆို ပုဂံ အကုန်ပြည့်။ ဒေသခံတွေလည်း ပိုက်ဆံရတယ်။ အဲဒီလိုပဲ သနပ်ခါးရဲ့ ယဉ်ကျေးမှုကို တပတ် ပြန်လည်စေချင်တယ်။

          မေး ။ ။ အခုနောက်ပိုင်း နိုင်ငံခြားခရီးသွား ဧည့်သည်တွေကြား သနပ်ခါးကို အရမ်းစိတ်ဝင်စားလာကြတယ်လို့ သိရတယ်။ သူတို့တွေရဲ့ မြန်မာ့သနပ်ခါးအပေါ် သိရှိမှုကို အစ်မအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

          ဖြေ ။ ။ သနပ်ခါးဆို အနောက်နိုင်ငံတွေက လာလည်း မြန်မာပဲသိတာ။ ပါးပေါ်မှာ အကွက်တွေ ကွက်ပြီး မျက်နှာ ဘဲကြားနဲ့ လျှောက်သွားနေတာ ဘယ်နားသွားသွား ပြေးမလွတ်ဘူး မြန်မာပြည်မှာပဲ ရှိတာဆိုတော့ သူတို့သိတယ်။ နောက်ပြီး သူတို့က အရမ်းအံ့သြတယ်။ အပင်ကြီးတွေကို ခုတ်ပြီး ဒီလို လိမ်းသလားပေါ့။

          သူတို့ ဆီမှာက ပန်းလေး တွေ အရွက်လေးတွေက ထုတ်တဲ့ဟာနဲ့တောင် အရမ်းတန်ဖိုးထားရတယ်။ ဈေးကြီးတာဆို တော့။ ဒီဟာကြီးကို ခုတ်ပြီး ဒီလိုလိမ်းတယ်ဆိုတာ အရမ်းအံ့သြတဲ့အပြင် တအားတန်ဖိုးထားတယ်။ စမ်းကြည့်ချင် တယ်။ ဒါပေမယ့် အမြဲတမ်းကြီး ဒီလိုလိမ်းဖို့ သူတို့အတွက်ကျတော့ အဆင်မပြေဘူး။ အဲဒီတော့ အစ်မတို့က Skin Care အနေနဲ့ Modern Cosmetics လိုင်းအနေနဲ့ ပြောင်းပေးရမှာပေါ့။

          မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် သနပ်ခါးပွဲတော်တွင် (ဇော်ဇော်/ဧရာဝတီ)

          သူတို့ အရမ်းစိတ်ဝင်စားတယ်။ ဝယ်လည်းဝယ်သွားကြတယ်။ ဒါပေမယ့် အမြဲတော့ လိမ်းဖြစ်မယ် မထင်ဘူး။ ဝယ်သွား မယ့် အတူတူ အမြဲတမ်း လိမ်းဖြစ်အောင် တကမ္ဘာလုံးမှာ Trend ဖြစ်အောင် လုပ်ဖို့လိုတာပေါ့။ နိုင်ငံတကာက အထူး သဖြင့် Essential Oil တွေမှာ သစ်သားနဲ့လုပ်တဲ့ဟာက ဈေးအကြီးဆုံး။

          ရေမွှေးတွေ ထုတ်တယ်ဆို ပန်းကရတာ အရွက်က ရတာ ရှိတယ်။ စန္ဒကူးဆို အရမ်းဈေးကြီးတယ်။ သစ်မွှေးဆို တအားဈေးကြီးတယ်။ အပင်တခုက ရတာ ဒီလိုမျိုး Effect တွေ ပါတာကို လိမ်းတယ်ဆိုတာ တော်တော် ချမ်းသာ တယ်လို့ သူတို့စိတ်ထဲမှာ ခံစားရမှာပေါ့နော်။ အရမ်းကို စိတ်ဝင်စားတယ်။

          ဒီမှာသာ လူတွေက သနပ်ခါးကို သုံးတယ်ဆိုတာ အခြေခံလူတန်းစားပဲ သုံးတာဆိုတာမျိုးတွေကို ပြန်တော်လှန် ရမှာ ပေါ့။ တကယ်က အကုန်လိမ်းတာပါ။ သနပ်ခါးဆိုတာ အကုန်လုံး လိမ်းခဲ့တာပဲ။ ဒါပေမယ့် Modern Cosmetic တွေ ပေါ်တဲ့အချိန်မှာ ပိုပြီးတော့ တွင်ကျယ်လာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ သနပ်ခါးက အခြေခံ လူတန်းစားဘက်ကို ကျန်ခဲ့ တာ။

          အခြေခံ လူတန်းစားကချည်းပဲ သနပ်ခါးကို လိမ်းတာ မဟုတ်ပါဘူး။ အဲဒီတော့ Modern Cosmetic အနေနဲ့ Extract တွေထုတ် ဒါမျိုးလည်းလုပ်လို့ရတယ်ဆိုတာ ပြန်ပြောင်းပြီး တကမ္ဘာလုံးကိုရောင်း အားလုံးကို ပြန်ပြီး လုပ်ရင် မြန်မာ့သနပ်ခါး ဈေးကွက်ပြန်ဦးမော့လာမှာပေါ့။

          မေး ။ ။ သနပ်ခါးနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုအပိုင်းကလည်း အရေးကြီးတယ် အများကြီး လိုအပ်နေသေး တယ်ဆိုတဲ့ သဘောပေါ့နော်။ အစ်မအနေနဲ့ရော ဘာတွေ အကြံပြုချင်ပါသေးလဲ။

          ဖြေ ။ ။ အများကြီး လိုတာပေါ့။ တကယ်တမ်းက မှန်မှန်ကန်ကန်ပေါ့။ သုံးတဲ့လူ ထုတ်တဲ့လူ သွင်းတဲ့လူ ဘယ်သူ မဆို သနပ်ခါး တကယ့် အစစ်အမှန်ကိုပဲ သုံးကြမယ်။ ပါးပေါ်တင်လိမ်းတဲ့ဟာမှ မဟုတ်ပါဘူး။ အရွေ့တခုဖြစ်လို့ Modern Cosmetic တွေ ဖြစ်လာခဲ့ရင် တပတ်ပြန်လည်မှာပေါ့။ အဲဒီလိုဆိုရင် သနပ်ခါးကို ဈေးကွက်အရရော နောက်မျိုးဆက် များစွာထိ ထိန်းသိမ်းထားနိုင်မှာပေါ့။

          တခြားနိုင်ငံတွေကတောင် တအားတန်ဖိုးထားပြီး စိတ်ဝင်စားနေတာ။ တကမ္ဘာလုံးက အာရုံစိုက်နေတာ။ ဒါကို သိလို့ အိမ်နီးချင်းနိုင်ငံက လိုချင်တာပေါ့ တကမ္ဘာလုံးကို Trade လုပ်ဖို့။ သနပ်ခါးက တကယ်ကောင်းပါတယ်ဆိုတာ ပါးစပ် စကားနဲ့ ပြောတာ မဟုတ်ပါဘူး။ ဓာတ်ခွဲခန်းမှာ စမ်းသပ်ထားပြီးပြီ။

          Whitening, Anti-Aging, Anti-Oxidant တွေပါ တယ်။ Cosmetic အတွက်ကို အကောင်းဆုံး ကုန်ကြမ်းတခုပဲ။ အဲဒါကို မြန်မာပြည်တပြည်လုံး လူညီရင် ထုတ်တဲ့သူ စိုက်တဲ့သူ ဘက်ညီညီသွားရင်တော့ နှစ်ပေါင်းများစွာ မျိုးဆက်ပေါင်းများစွာ ထားထားနိုင်မှာပါ။

          အစ်မအနေနဲ့ကတော့ PR ပိုင်းပေါ့။ ဘယ်အဆင့်ရောက်နေပြီ။ ဘာတွေလုပ်နေလဲဆိုတာကို ဆိုရှယ်မီဒီယာမှာ Page ဖွင့်ပြီး သတင်းတွေ တင်ပေးမယ်။ သနပ်ခါးနဲ့ ပတ်သက်တဲ့ ဗဟုသုတရစရာမျိုးတွေ သက်ဆိုင်ရာ နယ်ပယ်အသီးသီး က ကျွမ်းကျင်တဲ့သူတွေ ခေါ်ပြီး စကားဝိုင်းလေးတွေ လုပ်ပေးတာမျိုး။

          ပါဝင်ပစ္စည်း ဖတ်နည်းလေးတွေ သင်ပေး တာမျိုး ဗီဒီယိုလေးတွေနဲ့ အဲဒါတွေလုပ်မယ်။ တက္ကသိုလ်တွေမှာလည်း ကမ်ပိန်းလုပ်မယ်။ Save Myanmar Thanakha ဆိုပြီး လုပ်လို့ရှိရင် အကုန်လုံးက ဘာကူရမလဲ မေးတဲ့သူတွေရှိ ပါတယ်။ ဒါလေးတွေကို မျှဝေပေးပြီး အားပေးနေရင်တောင် အစ်မတို့ကို ကူနေသလိုပါပဲ။

          ဆက်စပ်လင့်

          မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့အား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမည်

          Your Thoughts …
          Tags: ယူနက်စကိုသနပ်ခါး
          ဇူးဇူး

          ဇူးဇူး

          ဧရာဝတီ

          Similar Picks:

          ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

          ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

          by ဧရာဝတီ
          3 October 2023
          10.2k

          အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

          အလှဈေးကွက် သနပ်ခါး

          အလှဈေးကွက် သနပ်ခါး

          by မောင်စူးစမ်း
          30 July 2023
          800

          ဘိစနက် လောကတွင် ဆောင်ပုဒ် တပုဒ် ရှိသည်။ ကမ္ဘာနှင့်ချီ တွေးပါ။ သို့သော် လုပ်ဆောင်လျှင် ဒေသသဘော လုပ်ဆောင်ပါ။ Think globally but act locally ဟူ၍ ဖြစ်သည်။

          ၁၉၇၅ ခုနှစ် မြေငလျင် လှုပ်ခတ်အပြီး မြင်ကွင်း

          ၁၉၇၅ ခုနှစ် ပုဂံငလျင်ကြီး

          by ဝေယံအောင်
          8 July 2019
          17.7k

          တိုက်ဆိုင်စွာပင် ပုဂံဒေသသည် ယခု ဇူလိုင်လ ၆ရက်နေ့က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)မှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

          ပုဂံ ယဉ်ကျေးမှု ဇုန်အတွင်းရှိ ဘုရားစေတီများ / ဧရာဝတီ

          ပုဂံ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ပြီ

          by ဧရာဝတီ
          6 July 2019
          26.5k

          ဤသည်မှာ ပျူမြို့ဟောင်း ၃မြို့ဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသည့် မြို့များအား ၂၀၁၄ ခုနှစ်က ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုပြီးနောက် ပုဂံအား ကမ္ဘာ့အမွေအနှစ် စာရင်း ထပ်မံ ထည့်သွင်းခံရခြင်းဖြစ်သည်။

          ပုဂံ ယဉ်ကျေးမှု ဇုန်အတွင်းရှိ ဘုရားစေတီများ / ဧရာဝတီ

          ယူနက်စကို စာရင်းဝင်သော်လည်း ပုဂံအတွက် စိန်ခေါ်မှုများရှိနေဆဲ

          by ဇာနည်မာန်
          10 July 2019
          7.4k

          ရှေးဟောင်း အဆောက်အအုံများကို ပြုပြင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ စံနှုန်းမမီသော ပြည်တွင်း လုပ်ထုံးလုပ်နည်း များဖြင့် ယခင်က ပြုပြင်ခဲ့ဖူးသည့် အမှားများကြောင့် ပုဂံ၏ ယဉ်ကျေးမှု တန်ဖိုး ကျဆင်းခဲ့ဖူး

          အီဂျစ်နိုင်ငံမှာ ရှာဖွေ တွေ့ရှိခဲ့တဲ့ ရှေးဟောင်းခေါင်းတလား

          အီဂျစ်မှာ နှစ်ပေါင်း ၃,၀၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းခေါင်းတလားများ တွေ့ရှိ

          by Aurora
          18 January 2021
          28.6k

          ခေါင်းတလားတွေအပြင် အရောင်စုံ ဆေးခြယ်ထားတဲ့ နဂိုမူလပုံစံ မပျက် လူပုံစံရုပ်တွေလည်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

          Next Post
          လက်ရှိအချိန်မှာတော့ အန္တာတိကတိုက်ဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲတွေ အလျင်အမြန် အရည်ပျော်နေပါတယ်။

          ၂၀၁၅ ခုနှစ်နောက်ပိုင်း အပူဆုံး စံချိန်အထိ ရောက်ခဲ့တဲ့ အန္တာတိကတိုက်

          သရုပ်ဆောင် အိန်ဂျယ်လမုန်  / မျိုးမင်းစိုး / ဧရာဝတီ

          အသစ်ရိုက်မယ့် ဗီလိန် ကာရိုက်တာအတွက် စိုးရိမ်စိတ်ရှိနေတဲ့ အိန်ဂျယ်လမုန်

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          2 days ago
          13.9k
          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          7 days ago
          13.3k

          Most Read

          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved