၁၉၇၅ ခုနှစ်က မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပုဂံဒေသတွင် ရစ်ချ်တာ စကေး ၆.၅ ရှိ အင်အားပြင်းသည့် မြေငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၄၄နှစ် ရှိပြီဖြစ်သည်။
တိုက်ဆိုင်စွာပင် ပုဂံဒေသသည် ယခု ဇူလိုင်လ ၆ရက်နေ့က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)မှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
ငလျင်လှုပ်ခတ်သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖော်ပြချက်များအရ ဇူလိုင်လ ၈ရက်နေ့ ညနေ ၆နာရီကျော်ခန့်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး၊ စက္ကန့်အနည်းငယ်သာ ကြာသော်လည်း ယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုးများ ပြိုကျသံမှာ အတန်ကြာဆူညံနေကာ ကောင်းကင်တစ်ခုလုံဖုန်မှုန့်များဖြင့်ဖုံးလွှမ်းနေခဲ့သည်ဟု သိရသည်။
ငလျင်လှုပ်ခဲ့ပြီးနောက် ဗူးဘုရား၊ မနူဟာ၊ အာနန္ဒာ၊ ရွှေစည်းခုံ၊ သဗ္ဗညု၊ ကန်တော့ပလ္လင်၊မဟာပိန္တွဲ၊ လောကနန္ဒာ၊ မင်္ဂလာစေတီ၊ မြစေတီအပါအဝင် ရှေးဟောင်းစေတီပုထိုးရာနှင့်ချီထိခိုက်ပျက်စီးသကဲ့သို့ လူ ၂ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့သည်။
ထိုစဉ်က ပုဂံမြို့ တာဝန်ခံ ရှေးဟောင်း သုတေသန ပညာရှင် ဦးမွန်ဗိုကေခန့်မှန်းသုံးသပ်သည်မှာ ပုဂံဘုရားအားလုံး၏ ၁၅ ရာခိုင်နှုန်းခန့်ပျက်စီးခဲ့ပြီး ၅ ရာခိုင်နှုန်းခန့်မှာ ပုဂံခေတ်လက်ရာဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းမှာ အင်းဝနှင့် ကုန်း ဘောင်ခေတ် မွမ်ငလျင်၊းမံထားသောလက်ရာများဖြစ်သည်ဟု ဆိုသည်။
ထိုသို့ ၁၉၇၅ မြေငလျင်ကြီး လှုပ်ခတ်အပြီးတွင် ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်ခဲ့ရသည့် အတွက် ကမ္ဘာ့နိုင်ငံ တော်တော်များကလည်း အကူအညီများ ပေးအပ်ခဲ့သည်။
နောက်ဆုံးပုဂံငလျင်မှာ ၂၀၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ချောက်ငလျင်ဖြစ်ပြီးပုဂံရှိနာမည်ကျော်စေတီပုထိုးပေါင်း ၆၅ ဆူခန့်ထိခိုက်ခဲ့ပြီး လူသေဆုံးမှုအချို့ရှိခဲ့သည်။
ထိုသို့ သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံခဲ့ရသည့် ပုဂံသည် ယခုအခါ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာခဲ့ပြီး၊ ယူနက်စကိုမှ ပုဂံယဉ်ကျေးမှု နယ်မြေ ထိန်းသိမ်း ပြုပြင်ရေးနှင့် ရေရှည်တည်တံ့ရေး စီမံကိန်းများကို ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်သည်။
You may also like these stories:
ကျောင်းသားသမဂ္ဂ ဖြိုခွဲခံရသည့် 7 July အရေးအခင်း
မြန်မာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုကြီး
နယ်ချဲ့ဗြိတိသျှတို့ ဂဠုန်တပ်သားများအပေါ် ရက်စက်ခဲ့စဉ်က
နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော်