• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

လွှတ်တော်တွင်း ခြေဥပြင်ဆင်မှုအပေါ် အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ၏ အမြင်များ

by ကျော်ခ
6 March 2020
in အင်တာဗျူး
A A
--

--

12.8k
VIEWS
Share on FacebookShare on Twitter

တပ်မတော် အစိုးရလက်ထက် စိတ်ကြိုက် ရေးဆွဲပြဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး အတွက် လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် လွှတ်တော်ထဲတွင် အကြိတ်အနယ် ကြိုးပမ်း နေကြသည်။

NLD အစိုးရအနေဖြင့် ထိုကဲ့သို့ ကြိုးပမ်းနေသော်လည်း ပြင်၍ ခက်ခဲစေရန် တပ်မတော်က စံနစ်တကျ ပြုလုပ်ထားသော ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး လွှတ်တော်တွင်း ပြင်ဆင်နိုင်ရန် ဆောင်ရွက်နေခြင်းမှာ နိုင်ငံရေး ဆောင်ရွက်မှု တခုအဖြစ်သာ ထင်ကျန်ခဲ့ယုံကလွဲပြီး ပွန်းပဲ့သွားနိုင်ခြေပင် မရှိဟု သုံးသပ်မှုများလည်း ရှိသည်။

အစိုးရအနေဖြင့် လွှတ်တော်တွင်းမှ တဆင့် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး မအောင်မြင်နိုင်သော်လည်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား လက်မှတ်ရေးထိုးထားသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်းမှတဆင့် ရနိုင်ကြောင်း အပစ်ရပ်အဖွဲ့များက ပြောသည်။

ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနှင့် ပတ်သက်၍ လက်ရှိ အစိုးရမှ ကြိုးပမ်းနေမှု၊ NCA လမ်းကြောင်းမှ ပြင်ဆင်နိုင်မှု အခြေအနေများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထဲထဲဝင်ဝင် ပါဝင်နေသည့် အပစ်ရပ်လက်နက်ကိုင် အဖွဲ့များမှ တာဝန်ရှိသူများကို မေးမြန်းထားသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ

နာယက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၊နာယက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)

ကျနော်မြင်တာကတော့ NLD အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ပါ့မယ်ဆိုတဲ့ ကတိခံဝန်ချက်နဲ့ ၂၀၁၅ မှာ ရွေးကောက်ပွဲ နိုင်ခဲ့တာဖြစ်တယ်။ ဒါကြောင့် ဒီသက်တမ်း မကုန်ခင်မှာ ၂၀၀၈ ကို ပြင်ဆင်မယ်ဆိုတဲ့ သန္နိဌာန်နဲ့ ၄၅ ဦးကော်မတီကို ဖွဲ့တယ်။ လုပ်နည်း လုပ်ထုံးတွေကို ဆွဲယူပြီးတော့ ပြင်ဆင်ဖို့ ကြိုးပမ်းနေတာတွေကို ကျနော်တို့ တွေ့ရပါတယ်။

သို့သော်လည်းပဲ ၂၀၀၈ ဖွဲ့စည်းပုံပဲပြင်ပြင် ဘယ်ဖွဲ့စည်းပုံကိုပဲ ပြင်ပြင် ပြင်တဲ့ နည်းနာတွေ လုပ်နည်းလုပ်ထုံးတွေ နည်းနာတွေ ရှိပါတယ်။ ပြင်တဲ့ နည်းနာကို ကြည့်လိုက်တဲ့ အခါကြတော့ ၂၀၀၈ ကိုယ်က ပြင်ဆင်အောင် ခက်အောင်လုပ်ထားတဲ့ အပေါ်မှာ အခက်အခဲကြီးစွာဖြစ်တယ်။

နောက်ဒုတိယ တခုက ပြင်ဆင်ဖို့ ကြိုးစားတဲ့ ၄၅ ဦး ခေါင်းဆောင်တွေ သူတို့ အစွမ်းကုန် ကြိုးစားပါတယ်။ ဒါပေမယ့် သူတို့ ပြင်ဆင်ဖို့ ချဉ်းကပ်တဲ့ လမ်းကြောင်းက ကျနော်ထင်တယ် အဓိကနဲ့ သာမည ခွဲတာအားနည်းတယ်။ အရေးကြီးတာ၊ အရေးကြီးတာ အရေးမကြီးတာတွေ ရောနှောပြီးတော့ပါတယ်။ နောက်ပြီးတော့ ပြင်ဆင်ပိုင်ခွင့် ရှိတဲ့အနေအထားကို ဖြန့်ပေးလိုက်တာ သိပ်ပြီးတော့ လက်ဖွာလွန်းတဲ့ အခါကြတော့ စုစုပေါင်း ပုဒ်မ ပြဌာန်းချက် ၄၀၀ ကျော်ပဲ ရှိတဲ့ ဖွဲ့စည်းပုံ တစောင်ကို ပြင်ဆင်ချက်တင်သွင်းလိုက်တာ ၃၀၀၀ ကျော် ဖြစ်တယ်ဆိုတာမျိုးက ကျနော်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေး မူဝါဒနဲ့ကြည့်ရင် ဟာသဖြစ်တာပေါ့။ မသင့်တော်ဘူးပေါ့။

အဲသလို ပြင်ဆင်ချက်တွေ ထောင်ချီပြီး ဖြစ်လာတယ် ဆိုကတည်းက ချက်ချင်းသိတယ် မဖြစ်နိုင်ဘူးလို့ ဒီပြင်ဆင်ရေး နည်းလမ်းက လုပ်လို့ မရဘူး။ ကျနော်တို့က စနစ်တကျနဲ့ ဥပမာ အခန်း ၁ အခြေခံမူများကို ပြင်မလား။ အခြေခံမူ တွေကို ဇောက်ချပြီး ရေရေလည်လည် လေ့လာပြီးတော့ တကွက်ချင်း၊ ပုဒ်မတခုချင်း၊ စာလုံး တလုံးချင်း အဓိပ္ပာယ် ဖွင့်ဆိုပြီးတော့ ပြည်သူ၊ ပြည်သားတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးနဲ့ ကိုက်ညီအောင်၊ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပုံစံနဲ့ ကိုက်ညီအောင် ပြင်မယ်ဆိုရင် အဲဒီလို စနစ်တကျ သုံးသပ်ပြီးတော့ အဲဒီလို အထောက် အထားအကိုးအကားနဲ့ ပြင်တာ အကောင်းဆုံးပဲလို့ အဲသလို မြင်တယ်။

အဲသလို မျှော်လင့်တယ်။ သို့သော် ဒီမှာ ပြင်ဆင်ချက် မူကြမ်းတွေကို နမူနာတွေ့လို့ ဖတ်ကြည့်တဲ့ အခါကြတော့ လက်တွေ့ ပြင်ဆင်နိုင်တဲ့ အခင်းအကျင်း ဖြစ်မလား။ လက်တွေ့ မဖြစ်မြောက်တာတောင်မှ ပြင်ဆင်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းခဲ့ပါတယ်ဆိုတဲ့ မှတ်တမ်းများ လိုချင်သလား အဲဒီလောက်ပဲ ကျနော်ကမြင်တယ်။ ဒါကြောင့် ဒါက နိုင်ငံရေး ကြိုးပမ်းမှုပေါ့ ဒီပွဲက Political Campaign လောက်နဲ့ပဲ နိဂုံးချုပ်နိုင်တယ်။ အထူးသဖြင့်တော့ ၂၀၀၈ ဖွဲ့စည်းပုံကိုတော့ ပွန်းပဲ့မှာ မဟုတ်ဘူးလို့ ကျနော် အဲသလို မြင်ပါတယ်။

ဦးခွန်ဆိုင်း

ဦးဆောင်ညွှန်ကြားရေးမှူး ပြည်ထောင်စု သိပ္ပံ (PI)

ဦးခွန်ဆိုင်း ၊ ဦးဆောင်ညွှန်ကြားရေးမှူး ပြည်ထောင်စု သိပ္ပံ (PI)

ဒီကိစ္စကို ရှမ်းတယောက်အနေနဲ့ ပြောတာထက် အပြင်ဘက်က ကြည့်တဲ့သူတယောက် အနေနဲ့ ပြောချင်တယ်။ ကိုတို့ မြင်တာ ကတော့ အခြေခံ ဥပဒေကို ပြင်ဖို့ လမ်းကြောင်းက ၂ ကြောင်းရှိနေတယ်။ တကြောင်းကတော့ လွှတ်တော် တွင်း လမ်းကြောင်း နောက်တကြောင်းကတော့ NCA လမ်းကြောင်း ၂ ကြောင်းရှိတယ်။

ဒီ ၂ ကြောင်းလုံးက ဘာကိုလိုလဲဆိုတော့ NCA ထဲမှာ ပါတဲ့ ၁ (ခ) မှာ ပါတဲ့ အတိုင်း အင်အားကို အသုံးပြုပြီးတော့မှ ကိုယ်လိုတာကို နိုင်ငံရေး ပြဿနာကို ဖြေရှင်းတာထက် စေ့စပ်ဆွေးနွေးခြင်း ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု အသစ်နဲ့ လုပ်သွားရမှာ ဒီကိစ္စက လွှတ်တော် အတွင်းမှာရော NCA လမ်းကြောင်းမှာရော ပတ်သက်တယ်လို့ မြင်တယ်။

အဲလိုမျိုးလုပ်ပြီဆိုလို့ရှိရင် ကျနော်တို့ လိုတာက ဘာလဲဆိုတော့ လွှတ်တော်တွင်းကတော့ အများအားဖြင့် မဲခွဲပြီးတော့ ဆုံးဖြတ်ကြတာပေါ့။ ဒါပေမယ့် NCA လမ်ကြောင်းကတော့ မဲခွဲပြီးတော့ ဆုံးဖြတ်တာ ဒုတိယပဲဖြစ်တယ်။ အများသဘောတူ လမ်းကြောင်းကို လိုက်တယ်။ အခု အခြေအနေအရ ဆိုလို့ရှိရင် အများသဘောတူ လမ်းကြောင်းက ပိုပြီးတော့ နီးစပ်တယ်လို့ ထင်တယ်။ လွှတ်တော်ထဲက အခုလုပ်နေတဲ့ လမ်းကြောင်းက ဘယ်နည်းနဲ့မှ ဖြစ်ဖို့ လမ်းက မရှိဘူးလို့ မြင်တယ်။ ဒီလိုမျိုးဖြစ်တဲ့ လမ်းကြောင်းက ဘာလဲဆိုတော့ အနိုင်ယူတဲ့လမ်းဆိုတာ နိုင်ကို နိုင်မှာ မဟုတ်ဘူး။

ဖြစ်နိုင်တာကတော့ ဘာလဲဆိုတော့ နံပတ်တစ် တပ်မတော်က သဘောထားကြီးလာသလား။ နံပတ် ၂ ကတော့ တပ်မတော်ကို ကျနော်တို့ က စွဲဆောင်နိုင်သလား၊ နောက်တခုကတော့ တပ်မတော်ကို ကျနော်တို့က အကြပ် ကိုင်နိုင်သလား ဆိုတဲ့ အဲဒီနည်းတွေ သုံးတဲ့ အခါကြလို့ ရှိရင် အကောင်းဆုံးကတော့ တပ်မတော်က သဘောပေါက် နားလည်လို့ တပ်မတော်ဘက်က သဘောထားကြီးလို့ တပ်မတော်ကို ဆွဲဆောင်နိုင်လို့ တပ်မတော်ရဲ့ ယုံကြည်မှု ရနိုင်ဖို့ အဲဒီလမ်းဘဲ မြင်တယ်။

အခု NCA လမ်းကြောင်းမှာ လုပ်နေကြတဲ့သူတွေကတော့ ဒါကို ဖြစ်နိုင်ဖို့ ကြိုးစားနေကြတယ်။ အစိုးရဘက်ကလည်း ဒီလိုလမ်းကြောင်းကို လိုက်မယ်လို့ မျှော်လင့်တယ်။ ဒါတင်မကသေးဘူး။ ဒီလမ်းကြောင်း ၂ ကြောင်းဟာ မျဉ်းပြိုင်လို သွားနေတာလည်း သိပ်မကောင်းဘူး။ ဒီလမ်းကြောင်း ၂ ကြောင်းဟာ ဆုံရပ်ရှိဖို့ လိုတယ်။ ဒီလိုဆုံရပ်နဲ့ လုပ်သွားလို့ရှိရင် ပိုပြီးတော့ အောင်မြင်နိုင်မယ်လို့ အဲလိုပဲ ယုံကြည်ပါတယ်။

ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်း

ဒုဥက္ကဋ္ဌ ချင်းအမျိုးသား တပ်ဦး (CNF)

ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်း ၊ ဒုဥက္ကဋ္ဌ ချင်းအမျိုးသား တပ်ဦး (CNF)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့ ပုဂ္ဂိုလ်တယောက် အနေနဲ့ပဲ တင်ပြချင်ပါတယ်။ တင်ပြချင်တာ ကတော့ အခု ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဒီပြည်ထောင်စုကြီးကို ဒီနိုင်ငံတော်ကြီးကို ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အခြေခံပြီးတော့ ထူထောင်မယ်ဆိုတာကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ မှာ ပါပြီးသား ဖြစ်ပါတယ်။

ထို့အတွက်ကြောင့် NCA စာချုပ်မှာ ထပ်ပြီးတော့ ပါတာက ပြည်ထောင်စု သဘောတူစာချုပ်ကို အခြေခံပြီးတော့ ဒီတိုင်းပြည်မှာရှိတဲ့ ဥပဒေအားလုံး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေ အားလုံးကိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပယ်ဖျက်ခြင်းတွေ ဆောင်ရွက်တဲ့ အခါ အခြေခံရမယ်ဆိုတာ ရှိပါတယ်။ ထို့အတွက်ကြောင့် ပြင်ဆင်မှုတွေ လုပ်တယ်ဆိုရင်တော့ ဒါဟာ ငြိမ်းချမ်းရေးရှုဒေါင့်ကနေ ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ ပြည်ထောင်စု သဘောတူစာချုပ်မှာ သဘောတူထားပြီးသား အတိုင်း ဒီမိုကရေစီကို အခြေခံသုံး၊ ဖက်ဒရယ် စံနစ်ကို အခြေခံသုံး ပြင်ဆင်မှုမျိုးလုပ်ရင်တော့ ကောင်းတယ်လို့ ကျနော် အဲလိုမြင်ပါတယ်။

သို့သော် ကျနော်တို့ အနေနဲ့က ဒီမိုကရေစီနှင့် ဖက်ဒရယ် စံနစ်ကို အခြေခံသုံး ပြည်ထောင်စုဆိုတာ သဘောတူ ပေမယ့် ဒီမိုကရေစီ အခြေခံမူတွေကို ကျနော်တို့ အပြည့် အဝ မဖော်ထုတ်နိုင်သေးဘူး။ ဖက်ဒရယ် အခြေခံ မူတွေကိုလည်း အပြည့် အဝ မဖော်ထုတ်နိုင်သေးဘူး။ အခုဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်။

ထို့အတွက်ကြောင့် ဒီဟာတွေကို ကျနော်တို့ အားလုံး ဖော်ထုတ်နိုင်တဲ့ အခါကြလို့ရှိရင် နိုင်ငံတော် အခြေခံ ဥပဒေ အပါဝင် အားလုံကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း ဆိုတာ NCA စာချုပ် အပိုဒ် ၂၀ မှာပါထားတဲ့ အတိုင်း ဆောင်ရွက်လို့ရှိရင် ပိုပြီးတော့များ လွယ်မလားလို့ ကျနော် အဲလိုပဲ သုံးသပ်မိပါတယ်။

နိုင်အောင်မငေး

ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် မွန်ပြည်သစ်ပါတီ (NMSP)

နိုင်အောင်မငေး ၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် မွန်ပြည်သစ်ပါတီ (NMSP)

ပြင်ဆင်ရေး လုပ်နေတာတော့ ကောင်းတာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရကတော့ ကျနော်တို့ ဒီမိုကရေစီ စံနှုန်း အရရော၊ ဖက်ဒရယ် တည်ဆောက်ရေး စံနှုန်းအရရော မပြည့်ဘူးလေ။ ဒါကြောင့်မို့ ဒီလို ပြင်ဆင်လာတာ ကျနော်တို့ အတွက် ကောင်းမွန်တဲ့ အလားအလာ လက္ခဏာ တရပ်ဖြစ်တယ်။

ဒါပေမယ့် အခု NLD က ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်း သွားတဲ့ အပေါ်မှာ တိုင်းရင်းသားတွေ ဖြစ်ချင်နေတဲ့ ဖက်ဒရယ် တည်ဆောက်ရေး အပေါ်မှာတော့ အားမလို အားမရ ဖြစ်ခဲ့တာပေါ့။ အချက်အလက်တွေနဲ့ ကျနေ်ာတို့ လိုလားတဲ့ ဟာ သိပ်မပါလို့ အားမလို အားမရဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီမိုကရေစီ စံနှုန်း အနေနဲ့ ကြည့်ရင်တော့ ဒါကတော့ ကောင်းတဲ့ အလားအလာ ဖြစ်တာပေါ့။

အောင်မြင်နိုင်ဖို့တော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ပုံစံနဲ့ ပြင်ရင် ဥပမာဆိုရင် ပုဒ်မ ၄၃၆ မှာ လာပြီး တစ်ဆို့တယ်။ အကယ်၍များ တဖက်နဲ့ တဖက် တင်းမာမှုများ ဖြစ်ပြီးတော့ လျှော့ပေါ့မှုတွေ၊ တဘက်နဲ့ တဘက် နားလည်မှုတွေ၊ သဘောထားကြီးမှုတွေ မရှိကြဘူးဆိုရင် ပုဒ်မ ၄၃၆ မှာ တစ်ဆို့မှု ဖြစ်တာထက် အောင်မြင်မှုကတော့ ခက်ခဲမယ်။ ဒီလိုခက်ခဲခြင်း အားဖြင့် ပွတ်တိုက်မှုဟာ ကျနော်တို့ ပြည်သူ တရပ်လုံး သွားပြီး ခံစားရလိမ့်မယ်။

ရဲဘော် သံခဲ

ဥက္ကဋ္ဌ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)

ရဲဘော် သံခဲ ၊ ဥက္ကဋ္ဌ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)

ဒီနေ့ ပြောနေတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ ဆိုင်ရာ ကိစ္စ က အခုပြောသလိုပဲ ကျနော်တို့ အားလုံး အတွက် ဒီနေ့ စုဖွဲ့မှု ခုနပြောတဲ့ အဆင့်ဆင့်သော ယန္တယားတွေက စံချိန် စံညွှန်းတွေနဲ့ မညီဘူး။ အဲတော့ ဒီစံချိန် စံညွှန်းတွေကို ဒီမိုကရက်တစ် စံချိန် စံညွှန်းတွေနဲ့ ညီတဲ့ နိုင်ငံတော် စုဖွဲ့မှု ပုံစံတွေရှာဖွေဖို့ လိုတယ်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
340
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
140
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.8k

ဒီရှာဖွေတာကလည်း ဥပဒေ ပြဌာန်းရုံနဲ့ မပြီးဘူး။ ဒီရှာဖွေမှုက ဘာလဲဆိုတော့ နိုင်ငံရေး သဘောတူညီမှုနဲ့ ရှာရမှာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အစိုးရ တပ်မတော်တို့နဲ့ ချုပ်ထားတဲ့ NCA ရဲ့ အောက်မှာ ပါထားတဲ့အချက်တွေထဲမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေကို အောင်မြင်အောင် ကျင်းပမယ်။ ငြိမ်းချမ်းရေး ညီလာခံတွေ ကျင်းပမယ်။

ငြိမ်းချမ်းရေး ညီလာခံမှာ အခုပြောသလို ပြည်ထောင်စု သဘောတူ စာချုပ်တွေရှိမယ်။ ပြည်ထောင်စုသဘောတူ စာချုပ်တွေကို လွှတ်တော်ကနေ အတည်ပြု ပြဌာန်းပေးရမယ်။ အတည်ပြု ပြဌာန်းပေးပြီးတဲ့အခါကြတော့မှ အဲဒီ ပြဌာန်းချက်နဲ့အညီ အခြေခံမူတွေကို ကျော်နိုင်လိမ့်မယ်လို့ ယူဆတယ်။ နိုင်ငံတော် စုဖွဲ့မှု ပုံစံတွေကို ရှာဖွေဖော်ထုတ် နိုင်မယ်လို့ စဉ်းစားရင် စဉ်းစားနိုင်မယ်လို့ မြင်ပါတယ်။

You may also like these stories:

တွန်းတွန်းတိုက်တိုက် ပြောင်းလဲချင်တဲ့ တိုင်းရင်းသား လူငယ်ပါတီ

လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များ မှတ်ပုံတင်မှ တရားဝင်သလား

Your Thoughts …
Tags: ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ မူကြမ်းNCANLD
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ကုန်ကြမ်းပြတ်တာကို အကြောင်းပြ စက်ရုံပိတ်တယ်ဆိုပြီး ရောမချနဲ့ ဟု CTUM ကတုံ့ပြန်

ကုန်ကြမ်းပြတ်တာကို အကြောင်းပြ စက်ရုံပိတ်တယ်ဆိုပြီး ရောမချနဲ့ ဟု CTUM ကတုံ့ပြန်

မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်သစ် မူယီဒင်ယာဆင်သည် အောက်လွှတ်တော် ကျင်းပမည့်နေ့ကို မေလ ၁၈ ရက်နေ့သို့ နောက်ဆုတ်ခဲ့သည် / Reuters

အယုံအကြည်မရှိ အဆိုကို ရှောင်ရန် မလေးရှားဝန်ကြီးချုပ်သစ် ပါလီမန်ကို အချိန်ဆွဲ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved