သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဘာလဲ ဘယ်လဲ

စမ်းယမင်းအောင်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်း / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် နောက်တကြိမ် အနိုင်ရရှိခဲ့ပြီးနောက် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အစိုးရသစ်၏ ဝန်ကြီးအဖွဲ့ အတွက် သင့်လျော်သူများအား ရွေးချယ်နေချိန် လာမည့် အစိုးရသစ်သက်တမ်းတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးကြီးသော့ချက် ပြဿနာများကို မည်သို့ ဆောင်ရွက်သွားမည်ဆိုသည်က စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မည်။

NLD ပါတီ အနေဖြင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် လေထုညစ်ညမ်းမှု၊ ဇီဝမျိုးစုံထိန်းသိမ်းရေးနှင့် အားနည်းသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများပြင်ဆင်ရေး စသည့် အဓိက ကျသည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပြီး ဆောင်ရွက်မည့် ကတိကဝတ်များ ထည့်သွင်းရန် ပျက်ကွက်ခဲ့ပါသည်။ အဆိုပါ ကြေညာစာတမ်းက လာမည့် မတ်လတွင် တာဝန်ယူမည့် အစိုးရသစ်အတွက် လမ်းပြမြေပုံ ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အထက်ပါ ပြသနာများကို ဖြေရှင်းဆောင်ရွက်ရန် ကိစ္စရပ်များတွင် အခွင့်အာဏာ အရှိဆုံး ဖြစ်ပါသည်။

ပြီးခဲ့သော ၄ နှစ်ခွဲခန့်အတွင်းတွင် ထိုဌာန၏ ဝန်ကြီး ဦးအုန်းဝင်းသည် လူကြိုက်မများသော ပြည်ထောင်စုဝန်ကြီးများထဲမှ တဦး ဖြစ်ခဲ့ပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပြည်သူများက စိတ်တိုင်းမကျခဲ့ကြပါ။

၂၀၁၉ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သော ကမာ္ဘ့ဘဏ်၏ အစီရင်ခံစာတစောင် အရ မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံ၌ လေထုညစ်ညမ်းမှုက သေစေနိုင် လောက်သော အကြောင်းရင်းရှိသည့် ထိပ်တန်း အန္တရာယ်တခု ဖြစ်လာခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သေဆုံးမှု ၄၅၀၀၀ ကျော်ရှိခဲ့သည်ဟု ခန့်မှန်းကြောင်း သိရသည်။

မြန်မာနိုင်ငံမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတခု ဖြစ်သည့် EcoDev နှင့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း -ALARM ကို ပူးတွဲ တည်ထောင်သူနှင့် မန်နေးဂျင်း ဒါရိုက်တာ ဖြစ်သော ဦးဝင်းမျိုးသူက မကြာသေးမီ ရက်များအတွင်း အစိုးရ၏ သယံဇာတ တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ စာချုပ်စာတမ်းများ အများပြည်သူကို ချပြရန် ကြေညာချက်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုလျှော့ချရေး အပါအဝင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာများ ဆောင်ရွက်မည့် ကတိကဝတ်များ ပြောဆိုလာမှုအပေါ် ကြိုဆိုထားသည်။

ဧရာဝတီ သတင်းဌာနနှင့် မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတခုတွင် ဦးဝင်းမျိုးသူက ဝန်ကြီးဌာန၏ ပြီးခဲ့သည့်ငါးနှစ်အတွင်း အားနည်းချက်များနှင့် အစိုးရသစ်အတွက် အဓိက ဦးစားပေးရမည့် ပြဿနာများကို ပြောကြားထားပါသည်။

သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တရုတ်နိုင်ငံသို့ ဦးအုန်းဝင်း (အလယ်) သွားရောက်လေ့လာခဲ့စဉ်

မေး။ ။ ပြီးခဲ့တဲ့ လေးနှစ်ခွဲတာကာလအတွင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ရဲ့ ဆောင်ရွက်ချက်တွေအပေါ် ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ ဝန်ကြီးဌာနက သစ်တောမှာ သစ်ထုတ်လုပ်ခြင်းကို သူရပ်တယ်။ ပြီးတော့ ပြန်ထုတ်တယ်။ သစ်တောပြန်လည်စိုက်ပျိုးရေးစီမံကိန်းတွေ လုပ်တာရှိတယ်။ တချို့ အခြေခံလုပ်ရမယ့်ကိစ္စတွေကို သူတို့လုပ်တယ်လို့ ပြောနိုင်ပါတယ်။ သို့သော် သစ်တောဌာန တိုးတက်ရာတိုးတက်ကြောင်းမှာတော့ ထူးထူးခြားခြား ဆောင်ရွက်နိုင်တာ မရှိဘူး။ တကယ်ဖြေရှင်းရမယ့် အခက်အခဲတွေကိုလည်း သေချာ မဖြေရှင်းနိုင်ခဲ့ဘူး။

သတ္တုကဏ္ဍမှာတော့ တွင်းထွက်သယံဇာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ် Extractive Industries Transparency Initiative (EITI) (သဘာဝ သယံဇာတများကို ပွင့်လင်းမြင်သာစွာနှင့် တာဝန်ယူမှုရှိစွာ စီမံခန့်ခွဲမှုမြှင့်တင်ရန် ကမာ္ဘလုံးဆိုင်ရာ စံသတ်မှတ်ချက် တခု ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လမှ စတင်ပြီး မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်) နဲ့ပတ်သက်ပြီး လုပ်နေတာတွေ အများကြီးရှိပါတယ်။ ဝန်ကြီးဌာနက တွင်းထွက် နဲ့ ကျောက်မျက် ရတနာလိုင်စင် ချထားပေးရာမှာ ပွင့်လင်းမြင်သာမှုရှိအောင် mining cadastral လို့ခေါ်တဲ့ သတ္တုလုပ်ကွက်ပြမြေပုံ ရေးဆွဲဖို့ လုပ်တာတွေတော့ လုပ်တယ်။ ဒါပေမယ့် ထင်သလောက်တော့ မအောင်မြင်ဘူးပေါ့။ နှေးနေတယ်။ လုပ်တော့လုပ်တယ် မအောင်မြင်ဘူးဆိုတဲ့အပိုင်းတွေ ရှိတယ်။

ဥပမာ ရေထုညစ်ညမ်းမှုတွေ ဆိုးလာတယ်။ လေထုညစ်ညမ်းမှုတွေလည်း ဆိုးလာတာတွေ့ရတယ်။ တရားဥပဒေ စိုးမိုးရေးအနေနဲ့လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပဋိပက္ခတွေနဲ့ ရာဇဝတ်မှုတွေ သစ်ခိုးထုတ်တာ သတ္တုခိုးထုတ်တာတို့ပေါ့ အဲ့ဒါတွေက ဆက်လက် များပြားနေဆဲ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပိုင်းကတော့ ဝန်ကြီးဌာနအနေနဲ့ အားနည်းနေတဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေတွေကို မပြင်နိုင်ဘူး။ ဥပဒေအတိုင်း ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမယ့်ကိစ္စတွေကို စက်ရုံ အလုပ်ရုံတွေ လိုက်နာအောင်လည်း တွန်းအားမပေးနိုင်ဘူး။ အဲ့တော့ ပတ်ဝန်းကျင်အညွှန်းကိန်းတွေ ကြည့်ရင် ပတ်ဝန်းကျင်က ပိုဆိုးလာတယ်။

ဥပမာ ရေထုညစ်ညမ်းမှုတွေ ဆိုးလာတယ်။ လေထုညစ်ညမ်းမှုတွေလည်း ဆိုးလာတာတွေ့ရတယ်။ တရားဥပဒေ စိုးမိုးရေးအနေနဲ့လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပဋိပက္ခတွေနဲ့ ရာဇဝတ်မှုတွေ သစ်ခိုးထုတ်တာ သတ္တုခိုးထုတ်တာတို့ပေါ့ အဲ့ဒါတွေက ဆက်လက် များပြားနေဆဲ ဖြစ်ပါတယ်။

ဒီနှစ်တွေအတွင်း ကောင်းတဲ့အချက်တချက်ကတော့ သစ်တောပြုန်းတီးမှု အရင်ကထက်စာရင် လျော့လာတယ်။ အဲဒါက သစ်ထုတ်လုပ်မှု လျှော့ချတာအတွက်ရော အထူးသဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း (VFV) တွေကို စိုက်ပျိုးရေးအတွက် ပြောင်းလဲခြင်းလိုမျိုး စိုက်ပျိုးရေး စီမံကိန်းများကြောင့် ဖြစ်ပါတယ်။ VFV မြေများကို အသုံးပြုခြင်းက သစ်တောကို အပြောင်ရှင်းပြီးတော့ လယ်ယာမြေ ချဲ့ထွင်မှုကို လျော့နည်းစေပါတယ်။

ဒါပေမယ့် ဇီဝမျိုးကွဲတွေနဲ့ ပတ်သက်လို့တော့ ထူးခြားတဲ့ပြောင်းလဲမှု မတွေ့ရဘူး။ အဲ့အထဲမှာ အရေးကြီးဆုံး ဝန်ကြီးဌာနလက်အောက်က မြန်မာ့ သစ်လုပ်ငန်း ဖြစ်ပါတယ်။ အမြတ်အစွန်း ရှာဖွေနိုင်တဲ့ အဲဒီအဖွဲ့အစည်းက တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သာမက ပြည်နယ်များအပေါ် ဘတ်ဂျက် ခွဲဝေမှုအတွက်လည်း အရေးကြီးပါတယ်။ ဒါပေမယ့် ခုထိတော့ ဒီလုပ်ငန်းမှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ရသေးပါဘူး။

မေး။ ။ ဆရာ့ရဲ့ သုံးသပ်ချက်တွေကိုခြုံပြောရရင် ဝန်ကြီးဌာနဟာ လုပ်နေတာတွေတော့ရှိပေမယ့် အားနည်းပြီး စွမ်းဆောင်ရည်မရှိဘူးလို့ ကောက်ချက်ချလို့ ရလား။

ဖြေ။ ။ စွမ်းဆောင်ရည်ပိုင်းကို ပြောရင်တော့ အားလုံးကို စွမ်းဆောင်နိုင်မှ ဖြစ်တာကို။ မူဝါဒတွေကို အကောင်အထည်ဖော်ရမယ့် ဟိုးအောက်ခြေဝန်ထမ်းကအစ ဟိုးထိပ်ဆုံးအထိ အကုန်လုံး လုပ်တာနဲ့ သက်ဆိုင်တာဖြစ်လို့ ဒါက အချိန်ကြာတတ်တယ်လေ။ သို့သော် ဒီငါးနှစ်ဆိုတဲ့ အချိန်ကာလမှာ လုပ်သင့်တာက မူဝါဒလမ်းကြောင်းမှန်ပေါ် တက်သွားအောင် မူဝါဒတွေ၊ မဟာဗျူဟာတွေ ချဖို့ လိုတာပေါ့။ အဲ့ဒါတွေကို ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ခဲ့တာတွေကို တွေ့ရပါတယ်။

မေး။ ။ လာမယ့် အစိုးရသက်တမ်းအသစ်မှာ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေအတွက် ဘယ်လိုဖြစ်စေချင်ပါသလဲ။

ဖြေ။ ။ NLD ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းကို ကြည့်တဲ့အခါ တကယ်အပြင်မှာ အရေးကြီးနေတဲ့ ဖြေရှင်းဖို့ လိုနေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို သူတို့ ဘာလုပ်မယ်ဆိုတာ မထည့်ထားတာအတွက် အံအားသင့်မိပါတယ်။ ပြည်သူ့ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေတဲ့ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်လို့ ဘာလုပ်မယ်ဆိုတာ လုံး၀ ပြောထားတာမျိုး မရှိဘူး။

ဒါပေမယ့် အဲ့ပြသနာက ဒီနှစ်အတွင်းမှာ စည်ပင်ကပဲ လုပ်မလိုလို၊ ကျန်းမာရေးကပဲ လုပ်မလိုလို၊ စိုက်ပျိုးရေးကပဲ လုပ်မလိုလိုနဲ့ ဘာမှ ရေရေရာရာ အဖြေမရှိခဲ့ဘူး။ ဥိးဆောင်မှုအခန်းကဏ္ဍက ပျောက်နေတာပေါ့။

ပြီးခဲ့တဲ့ ငါးနှစ်ကို ပြန်စဉ်းစားကြည့်ပါ။ လူတိုင်း အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးမှာ နေထိုင်သူတွေရဲ့ နေ့စဉ်ဘ၀တွေမှာ လေထုညစ်ညမ်းမှုကို သိသိသာသာ ခံစားခဲ့ရပါတယ်။

ဒါပေမယ့် အဲ့ပြသနာက ဒီနှစ်အတွင်းမှာ စည်ပင်ကပဲ လုပ်မလိုလို၊ ကျန်းမာရေးကပဲ လုပ်မလိုလို၊ စိုက်ပျိုးရေးကပဲ လုပ်မလိုလိုနဲ့ ဘာမှ ရေရေရာရာ အဖြေမရှိခဲ့ဘူး။ ဥိးဆောင်မှုအခန်းကဏ္ဍက ပျောက်နေတာပေါ့။

အမှန်တကယ်တော့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အဲ့ဒါကို ဦးဆောင်ပြီး အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့ ပူးပေါင်းဆောင်ရွက် ဖြေရှင်းဖို့ လိုပါတယ်။

နောက်ပြဿနာတခုက ကိုဗစ်-၁၉ ကိစ္စပေါ့။ မကြာသေးခင်က လုပ်ထားတဲ့ သုတေသနအရဆိုရင် Coronavirus နဲ့ အလားတူတဲ့ ဗိုင်းရပ်စ်အသစ်ကို မြန်မာနိုင်ငံက လင်းနို့တွေမှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဒါက အခုရောဂါအနေနဲ့သာ outbreak မဖြစ်သေးတာ။ ရာသီဥတုပြောင်းတယ် ဒါမှမဟုတ် ဒီထက်ပိုပြီးတော့ ပတ်ဝန်းကျင်ပျက်စီးမှုတွေ များလာရင် သူလည်း ကိုဗစ်လိုမျိုး ဆိုးနိုင်တာတွေ ရှိတယ်။ ဒါကြောင့် ဇီဝမျိုးကွဲထိန်းသိမ်းရေးက အရမ်း အရေးကြီးတယ်။ ဒါပေမယ့် ဇီဝမျိုးကွဲနဲ့ ပတ်သက်ရင်လည်း ဘာမှ အလေးပေးထားတာ မတွေ့ဘူး။

နောက်တခုက ပြဿနာအားဖြင့် ကြည့်ရင်လည်း ပြီးခဲ့တဲ့ငါးနှစ်မှာ သစ်တောဌာနက အမျိုးသားဥယျာဉ်ထောင်ဖို့ ကြိုးစားတယ်။ ထားဝယ်တို့ မြစ်ကြီးနား ကချင်ပြည်နယ် ပူတာအိုဘက်တို့ နာဂတို့။ ဒါပေမယ့် ဒေသခံတွေက လက်မခံဘူးလေ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မှန်တယ်။ ဒါပေမယ့် သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေ ဖြစ်နေတော့ အဲ့မှာလည်း သူကသွားပီးတော့ ပဋိပက္ခဖြစ်တယ် ။ ဒါတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လူထုနဲ့ နားလည်မှုလွဲတာတွေ တိုးလာကို ဖြေရှင်းဖို့ လိုပါတယ်။

သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးမှာ တရားဥပဒေစိုးမိုးရေးကို ခိုင်မာအားကောင်းစေဖို့ လိုအပ်သလို တရားမဝင် သစ်ထုတ်လုပ်ခြင်းနဲ့ သတ္တု တူးဖော်ခြင်းလိုမျိုး သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုတွေကို ထိရောက်စွာ ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။

ပတ်ဝန်းကျင်ဥပဒေက တော်တော်လေးကို အခြေအနေဆိုးနေတာ။ စက်ရုံတွေက မလိုက်နာဘူး။ ရေဆိုးတွေဖြစ်တယ်။ ဘာမှ အရေးယူလို့ မရဘူး။ ဥပဒေအားနည်းချက်ကြောင့် ဖြစ်တဲ့ကိစ္စ။ အဲ့ဒါတွေမှာလည်း ထပ်ပြီးတော့ ပြင်ဆင်ပြီး လုပ်ဖို့လိုပါတယ်။

သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးမှာ တရားဥပဒေစိုးမိုးရေးကို ခိုင်မာအားကောင်းစေဖို့ လိုအပ်သလို တရားမဝင် သစ်ထုတ်လုပ်ခြင်းနဲ့ သတ္တု တူးဖော်ခြင်းလိုမျိုး သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုတွေကို ထိရောက်စွာ ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။

EcoDev နှင့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း -ALARM ကို ပူးတွဲ တည်ထောင်သူနှင့် မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမျိုးသူ/ဧရာဝတီ

သတ္တုတွင်းနဲ့ သစ်တောကဏ္ဍ အကောင်အထည် မဖော်နိုင်ဘဲ တိုးလို့တန်းလန်း အများကြီး ကျန်နေတာတွေကို လာမယ့်ငါးနှစ်မှာ လုပ်စေချင်တယ်။

အထူးသဖြင့် ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆက်စပ်တဲ့လုပ်ငန်းတွေ။ လေထုညစ်ညမ်းတာ၊ ပိုးသတ်ဆေးတွေရဲ့ သက်ရောက်မှုနဲ့ ရာသီဥတု ပြောင်းလဲခြင်းလိုမျိုး ပြည်သူ့ကျန်းမာရေး အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေကို လျှော့ချရေးအတွက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဲဒါတွေ အားလုံးက အများပြည်သူရဲ့ ကျန်းမာရေးနဲ့ အသက်ကို တိုက်ရိုက်ထိခိုက်စေလို့ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဆယ်စုနှစ်ကျော်အောင် အခြေတည်ပြီး ဖြေရှင်းရမှာ။ အဲဒါကြောင့် ကျနော်တို့က ဒါတွေကို အခုပဲ စတင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

မေး။ ။ လာမယ့် သက်တမ်းမှာ အစိုးရသစ်က ဒီကိစ္စတွေကို အလေးမထားပဲ မဖြေရှင်းနိုင်ခဲ့ရင် ဘယ်လောက် ဆိုးရွားသွားနိုင်မလဲ။

ဖြေ။ ။ ကမာ္ဘ့ဘဏ်ရဲ့ အစီရင်ခံစာတခုအရ လေထုညစ်ညမ်းမှုကြောင့် မြန်မာနိုင်ငံမှာ (၂၀၁၇ ခုနှစ်က) သေဆုံးမှု ၄၅၀၀၀ ကျော် ရှိခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ အသက် ၅ နှစ်မှ ၁၄ နှစ်ကြားမှာ ရှိတဲ့ လူငယ်တွေ သေဆုံးရခြင်းရဲ့ အဓိက အကြောင်းအရင်း တခုလည်း ဖြစ်လာခဲ့ပါတယ်။ နောင်ဖြစ်လာမယ့် ကပ်ရောဂါဆိုးကို ရှောင်ရှားနိုင်ဖို့ အတွက် ဇီဝမျိုးကွဲတွေကို ကာကွယ်စောင့် ရှောက်ရေးက အလွန်အရေးကြီးပါတယ်။ ကျန်တာတွေ မလုပ်ဘူးထားဦး၊ အသက်အန္တရာယ်ဖြစ်စေပြီး လူသေစေတဲ့ကိစ္စတွေကို ဦးစားပေးလုပ်သင့်တယ်လို့ မြင်ပါတယ်။

You may also like these stories:

သယံဇာတ တူးဖော်ထုတ်လုပ်ရေးဆိုင်ရာ စာချုပ်စာတမ်းများ အများပြည်သူကို ချပြရတော့မည်

ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေး ကတိကဝတ်များ ဒေါ်အောင်ဆန်းစုကြည် ကြေညာ

နောက်မျိုးဆက်အတွက် ကပ်ဘေးတွေ အမွေပေးရတော့မယ်

Did you find apk for android? You can find new Free Android Games and apps.
Loading