• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ခင်ရတနာစိုးကို ဆက်ပြီး ဝန်းရံပေးကြဖို့ နီနီခင်ဇော် ပြော

by ယုဖြူဟန်
21 December 2020
in Entertainment
A A
ပြိုင်ပွဲဝင် ခင်ရတနာစိုးနဲ့ Coach နီနီခင်ဇော် / Ni Ni Khin Zaw's Facebook

ပြိုင်ပွဲဝင် ခင်ရတနာစိုးနဲ့ Coach နီနီခင်ဇော် / Ni Ni Khin Zaw's Facebook

7.2k
VIEWS
Share on FacebookShare on Twitter

“The Voice Myanmar Season 3” သီချင်းဆိုပြိုင်ပွဲကြီးကတော့ အောင်မြင်စွာ ကျင်းပ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီဇင်ဘာ ၂၁ ရက်နေ့ ည၊ Grand Final ပွဲကြီးမှာ ခမ်းနားစွာ ယှဉ်ပြိုင် တင်ဆက်ခဲ့တဲ့ Team NiNi ရဲ့ ပြိုင်ပွဲဝင် ခင်ရတနာစိုးကို ပရိသတ်များက ထင်ကြေးပေးကြပေမယ့် Winner ဆုနဲ့ လွှဲချော်သွားခဲ့ပါတယ်။

“နဂါးနီတန်ခိုးနဲ့ ကြိုးစားခဲ့ကြသူများ တေးရေး ဆရာကြီး ရွှေတိုင်ညွန့်ကို ဦးခိုက်ပါတယ်။ ပထမဦးစွာအနေနဲ့ Team RZN ရဲ့ Winner N Oo L ကို ဂုဏ်ယူပါတယ်။ ပြိုင်သွားတဲ့ ၄ ဖွဲ့လုံးအတွက် ဂုဏ်ယူပါတယ်။ ခင်ခင့်ကို အကောင်းဆုံး တင်ဆက်ပြသခွင့် ရပေးလို့၊ ပံ့ပိုးပေးခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ ကျမတို့ မြတ်နိုးတဲ့ မြန်မာ့ဆိုင်းဝိုင်းကို ဂုဏ်ယူစွာ တင်ဆက်ခွင့်ရလို့ ဝမ်းသာလှပါပြီ”လို့ နီနီခင်ဇော်က ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

မနေ့ညက တင်ဆက်မှုကို အသိအမှတ် ပြုပေးတာကြောင့် ကျေးဇူးတင်တဲ့အပြင် ခင်ရတနာစိုးရဲ့ ရှေ့ဆက်မယ့် ဂီတလမ်းကြောင်းမှာလည်း ဝန်းရံပေးဖို့ နီနီခင်ဇော်က ပြောထားပါတယ်။

“နီနီ ရွေးပေးတဲ့ နဂါးနီနဲ့ သီချင်းတိုင်းကို ပုံဖော်သီဆိုပေးတဲ့ ခင်ခင့်ကို ကျေးဇူးတင်ပါတယ်။ ခင်ခင့် ပရိသတ်တွေ တယောက်ချင်းစီကိုလည်း ကျေးဇူးပါတယ်။ ကျမတို့ ကြိုးစားတာတွေ အသိအမှတ်ပြုပေးလို့ ကျေးဇူးပါရှင်။ သူ့ဘဝ ရှေ့လျှောက်မှာ ပိုဝန်းရံပေးပါ” လို့ နီနီခင်ဇော်က ပြောပါတယ်။

ခင်ရတနာစိုးကို ပြိုင်ပွဲမှာဆိုဖို့အတွက် ရွေးပေးခဲ့တဲ့ “နဂါးနီ” သီချင်းကတော့ သူကျွမ်းကျင်တဲ့ ဂီတအမျိုးအစား မဟုတ်တဲ့အတွက် ပိုပြီးကြိုးစား စီစဉ်ခဲ့ရတယ်လို့ သိရပါတယ်။

“ခင်ခင်ဆိုတဲ့ သီချင်းဟာ ကျမရဲ့ကျွမ်းကျင်တဲ့ ဂီတအမျိုးအစား မဟုတ်တဲ့အတွက် ပိုလို့ ကြိုးစား စီစဉ်ပေးရပါတယ်။ Semi Final ပြီးကတည်းက တရက်မှ မနား၊ ခင်ခင်ဟာ ဆိုင်းပညာကို နေ့ည သင်ကြားခဲ့ရပါတယ်။ ကျမ မောင်းသမျှ၊ ဆရာ မောင်းသမျှ မညည်းမညူ လုပ်ပေးရှာပါတယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။

ခင်ရတနာစိုးကတော့ မနေ့ညက “နဂါးနီ” သီချင်းကို ကိုယ်တိုင် ဆိုင်းဝိုင်းနဲ့ သီဆို ယှဉ်ပြိုင်ခဲ့သလို နီနီခင်ဇော်နဲ့အတူ “မြင့်မိုရ်ထက် မြင့်သော” သီချင်းကို တွဲဖက်သီဆိုခဲ့ပါတယ်။

“ခင်ခင့်ကို နဂါးနီ သီချင်း ဆိုင်း သင်ကြားပေးခဲ့တဲ့ Music arrangement လုပ်ပေးခဲ့တဲ့ ရွာစား ကိုထက်အာကာကို ကျေးဇူးအရမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ ပွဲစဉ်တလျှောက် တီးခတ်ပေးသော Lucky Hand၊ အရင်အပတ်တွေက Music Producer လုပ်ပေးခဲ့တဲ့ ကိုမျိုးဇော်ထက်၊ Mentor လုပ်ပေးခဲ့တဲ့ ကိုကျော်သီဟ၊ ဝတ်စုံတွေ အပင်ပန်းခံချုပ်ပေးခဲ့တဲ့ မမ မပုံ့”

“ဓာတ်ပုံ KMA Kyaw Myo Aung၊ မိတ်ကပ် မထက်၊ လက်ဝတ်ရတနာ အောင်သမာဓိ၊ ဆိုင်းပညာရှင်များ၊ တကယ်ကို ကြိုးစားပေးခဲ့တဲ့ The Voice Myanmar နဲ့ MRTV4 Team အဖွဲ့သားများ၊ မိသားစုများ အားလုံး ကျေးဇူးပါရှင့်။ တနိုင်ငံလုံး အကုန်အကျခံပြီး ခင်ခင့်ကိုရော ပြိုင်ပွဲဝင်အားလုံးကို Vote ပေးကြလို့ ကျေးဇူးပါ” လို့ နီနီခင်ဇော်က ပြောပါတယ်။

နည်းပြတွေအနေနဲ့လည်း အကောင်းဆုံး ပြင်ဆင်ပေးကြပြီး ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုကြောင့် နောက်ဆုံး ရလဒ်ဟာ ပရိသတ်ရဲ့အဆုံးအဖြတ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

The Voice Myanmar ပြိုင်ပွဲကြီးဟာ အခုဆိုရင် Season 3 ထိ ပြီးဆုံးသွားပြီဖြစ်ပြီး Season ၃ ခုစလုံးမှာလည်း အမျိုးသားအဆိုရှင်များက Winner ဆုကို ရရှိခဲ့ကြတာ တွေ့ရပါတယ်။ Season 1 မှာတော့ လင်းလင်းရဲ့ အဖွဲ့မှ ငွေစိုး ၊ Season 2 မှာတော့ ကျားပေါက်အဖွဲ့မှ နိုဗန်ထူးနဲ့ အခု Season 3 မှာတော့ R ဇာနည်ရဲ့အဖွဲ့မှ N OO L တို့က အသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

You may also like these stories:

“အမေ့အတွက် ပိုက်ဆံတွေ ပြန်ရှာပေးချင်တယ်” ဆိုတဲ့ ခင်ရတနာစိုး

“မိသားစုဝင်တွေက လိုအပ်တာအကုန် ဖြည့်ဆည်းပေးတယ်”လို့ ခင်ရတနာစိုး ပြော

Live ယှဉ်ပြိုင်မှုအတွက် ပရိသတ်ကြိုက်မယ့် သီချင်း ရွေးချယ်ထားတဲ့ ခင်ရတနာစိုး

Your Thoughts …
Tags: The Voice Myanmar Season 3ခင်ရတနာစိုးနီနီခင်ဇော်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

“ညှို့သောပင်လယ် ဆွဲငင်သောလမင်း” သီချင်း

“ညှို့သောပင်လယ် ဆွဲငင်သောလမင်း”ရဲ့ မူရင်းအဆိုတော် Rဇာနည်နဲ့ မီးမီးခဲဖြစ်

by ယုဖြူဟန်
7 September 2020
83k

အဆိုပါ သီချင်းမှာ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်းဖြစ်ပြီး ရုပ်ရှင်အတွက် အသစ်ရေးသားထားတဲ့ သီချင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော် နီနီခင်ဇော် / Ni Ni Khin Zaw's Facebook

“ဖဲကြိုးနီ လှုပ်ရှားမှု”ကို ထောက်ခံကြောင်း ပြသခဲ့တဲ့ နီနီခင်ဇော်

by ဧရာဝတီ
3 February 2021
15.8k

စစ်အာဏာရှင်အား ဆန့်ကျင်သော ဖဲကြိုးနီ ဝတ်ဆင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူများကို များစွာ လေးစားပါတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

The Voice Myanmar Season 3 သီချင်းဆိုပြိုင်ပွဲမှာ ဖျော်ဖြေခဲ့တဲ့ ယုဇန / Yuzana's Facebook

“ပဋိပက္ခ” သီချင်းနဲ့ Coach တွေကို အံ့သြစေခဲ့တဲ့ ယုဇန

by ယုဖြူဟန်
7 September 2020
10.8k

အဆိုတော် ယုဇနက သူ့ရဲ့နာမည်ကြီးအောင်မြင်ခဲ့သော သီချင်းတပုဒ်ဖြစ်တဲ့ “ပဋိပက္ခ” သီချင်းကို သီဆိုခဲ့ပြီး အမြင်တမျိုးနဲ့ ပရိသတ်များကလည်း သဘောကျနှစ်သက်ခဲ့ကြပါတယ်။

အဆိုတော် နီနီခင်ဇော် /  နီနီခင်ဇော် / Facebook

မိသားစုဓာတ်ပုံဖြစ်တယ်လို့ ပရိသတ်ကို ဖေ့စ်ဘုတ် Live လွင့်ပြီးပြောပြတဲ့ နီနီခင်ဇော်

by ယုမွန်ကျော်
7 September 2016
1.4k

လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေအတွက် စိတ််ဓာတ်ကျသွားမှာမဟုတ်ဘဲ ပရိသတ်အတွက် သီချင်းအသစ်တွေ ထပ်မံဖန်တီးပြီး အရောက် ပို့ပေးဦးမယ်လို့လည်း ပြောဆိုသွားပါသေးတယ်။

ပြိုင်ပွဲဝင် နော်ဇာလီ ယှဉ်ပြိုင်ခဲ့တဲ့ “လေလွင့်လူ” သီချင်း

အယ်ဖြူနဲ့ အယ်နောင်းတို့ရဲ့ သီချင်းများကို ခွင့်ပြုချက် မရဘဲ သုံးစွဲခွင့်ပြုမည် မဟုတ်

by ယုဖြူဟန်
23 November 2020
29.5k

နိုဝင်ဘာလ ၂၂ရက်နေ့ညမှာ ပြသခဲ့တဲ့ The Voice Myanmar Season 3 ရဲ့ “The Knockouts” Round မှာ ပြိုင်ပွဲဝင် နော်ဇာလီက အဆိုပါ “လေလွင့်လူ” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

“The Voice Myanmar Season 3” သီချင်းဆိုပြိုင်ပွဲ

The Voice Myanmar Season 3 မှာ လူသိပြီးသား အဆိုတော်တွေ ပိုမိုပါဝင်လာ

by ယုဖြူဟန်
21 September 2020
21.8k

ဘဝကတော့ ပြိုင်ပွဲကို ပြန်လာပြိုင်တာဟာ သူ့ကို လူအများသိစေခဲ့တဲ့ ပြိုင်ပွဲကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြန်လည် ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ ပြိုင်ပွဲမှာ ပြောခဲ့ပါတယ်။

Next Post
တရုတ်နိုင်ငံမှ နောက်ဆုံးထုတ် လေယာဉ်သင်္ဘော Shandong ဦးဆောင်သည့် သင်္ဘောအုပ်စု

တရုတ်လေယာဉ်တင် သင်္ဘောများ နီးကပ်လာမှုကြောင့် ထိုင်ဝမ်စစ်သင်္ဘောများ အသင့်ပြင်

Mrs Universe Myanmar 2020 အလှမယ် အေမီဇင်ဝင်း / Ami Zin Win's Facebook

“အလှမယ်တယောက်အဖြစ် ယှဉ်ပြိုင်မှုကို တပ်မတော်က အားပေးကြတယ်”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved