• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

အစိုးရနဲ့ ပြည်သူက စစ်သူပုန်ကို နှိမ်နင်းတာဖြစ်တယ်

by ဧရာဝတီ
8 May 2021
in အင်တာဗျူး
A A
မတ် ၂၈ရက်က မြင်တွေ့ရသည့် ရန်ကုန်တိုင်း သာကေတမြို့နယ်မှ ခံတပ်သပိတ်စခန်းတခုတွင် စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှုကို ပြန်လည် ခုခံနေသည့် လူငယ်များ(ဧရာဝတီ)

မတ် ၂၈ရက်က မြင်တွေ့ရသည့် ရန်ကုန်တိုင်း သာကေတမြို့နယ်မှ ခံတပ်သပိတ်စခန်းတခုတွင် စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှုကို ပြန်လည် ခုခံနေသည့် လူငယ်များ(ဧရာဝတီ)

26.8k
VIEWS
Share on FacebookShare on Twitter

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖက်ဒရယ်တပ်မတော်၏ ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းလိုက်သည်။ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များကို တန်ပြန်တိုက်ခိုက်ရန် ရည်ရွယ် ဖွဲ့စည်းလိုက်သည့် အဆိုပါ ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ ရှေ့လုပ်ငန်းစဉ်နှင့် အခင်းအကျင်း၊ မဟာဗျူဟာများကို ပြည်သူလူထုက အထူးစိတ်ဝင် စားလျက် ရှိသည်။

သို့ဖြစ်ရာ ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ ပထမဦးဆုံး ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းဖြစ်တာကို သိချင်ပါတယ်။

ဖြေ ။ ။ ဒီ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ အပေါင်းအပါ တစုကနေ နိုင်ငံတော်အာဏာကို ရယူဖို့ကြိုးစားမှုတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။ ဒီအခြေအနေကို ကန့်ကွက်ဆန္ဒပြ လှုပ်ရှားကြသူတွေလည်း အများ ကြီး ရှိလာခဲ့တယ်။ အဲဒီလို ကန့်ကွက်ခဲ့ကြတဲ့ ပြည်သူလူထုကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းတာမျိုးတွေ ပြုလုပ်လာခဲ့ကြ ပါတယ်။

ဒီလိုအခြေအနေတွေကို တွေ့လာတဲ့အခါ နိုင်ငံတနိုင်ငံရဲ့ တပ်မတော်တရပ် လုပ်ရမယ့် လုပ်ငန်းတာဝန်များ မဟုတ်တဲ့ အလုပ်တွေ အားလုံးလုပ်နေတာသည် တပ်မတော်ကို အလွဲသုံးစားလုပ်၊ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ အာ ဏာကို အလွဲသုံးစား ပြုလုပ်နေတာပါ။ ဒီအခါ ပြည်သူလူထုကို ကာကွယ်တဲ့ တပ်မတော်တရပ် ပေါ်ပေါက်လာဖို့ လိုအပ် တယ်ဆိုတာကို သုံးသပ်လာမိပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံကို ကာကွယ်စောင့်ရှောက်မယ့်၊ နိုင်ငံအတွင်းမှာ နေထိုင်တဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ့် တကယ်စစ်မှန်သော တပ်မတော်တရပ် လိုအပ် တယ်ဆိုတဲ့ အနေအထားကို တွေ့ရှိလာပါတယ်။

စစ်ကောင်စီကတော့ အကြမ်းဖက် စစ်သူပုန်များ ဖြစ်သွားပြီဆိုတဲ့ အနေအထားဖြစ်လို့ အကြမ်းဖက် စစ်ကောင်စီရဲ့၊ စစ်သူ ပုန်များရဲ့ လက်အောက်မှာ မလုပ်ဆောင်ချင်သော တကယ့်မှန်ကန်တဲ့ ပြည်သူ့တပ်မတော်သားတွေ ပေါ်ထွက်လာတဲ့အခါ မှာ သူတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး ဒီပြည်သူ့အစိုးရက ဖွဲ့စည်းထားသော ကာကွယ်ရေးတပ်မတော်ထဲမှာ ဆက်လက် ပြီး အမှုထမ်းနိုင်ဖို့အတွက်လည်း စဉ်းစားစရာ ရှိလာပါတယ်။

နောက်ဆုံးမှာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်နိုင်ဖို့၊ မြန်မာနိုင်ငံရဲ့ ပကတိ လိုအပ်ချက် ဖြစ်သော ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုကြီးမှာ ဖက်ဒရယ်တပ်မတော်ကြီး ပေါ်ထွန်းလာဖို့အတွက် ဆောင်ရွက် ဖို့လည်း လိုအပ်တယ်။ ဒီလုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖက်ဒရယ် တပ် မတော်ကြီးရဲ့ ရှေ့ပြေးအမြုတေအဖြစ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်း ဆောင်ရွက်တာ ဖြစ်ပါတယ်။

ဒီပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ အဓိက တာဝန်ကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ လုပ်ငန်းတာဝန်တွေကတော့ များစွာ ပါပါတယ်။ ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်၊ ထောင်သွင်း အကျဉ်းချပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနေသော စစ်အာဏာရှင်စနစ်ကို အဆုံး သတ်နိုင်ရေး၊ ရပ်တန့်နိုင်ရေးအတွက် ကျမတို့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မေး ။ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်တဲ့အပေါ် ပြည်သူတွေက အများကြီး မျှော်လင့်နေကြပါတယ်။ ဒီလို ဖွဲ့စည်းမှုကနေ ဘာတွေများ မြင်တွေ့ရဖို့ ရှိမလဲ။

ဖြေ ။ ။ ပြည်သူ့ကာကွယ်ရေး တပ်မတော် ပေါ်ပေါက်လာပြီဆိုတဲ့ အနေအထားထဲမှာ ကျမတို့အားလုံး ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားရမယ့် အနေအထားတရပ်ပေါ့။ ဦးစားပေးလုပ်ဆောင်ရမယ့် အပိုင်းမှာ ၂ ပိုင်း ရှိပါတယ်။ ပထမ ပိုင်းကတော့ တပ်တည်ဆောက်ရေးကဏ္ဍ၊ တိုက်ခိုက်ရေးစွမ်းရည် အားကောင်းစေဖို့ တပ်တည်ဆောက်ရေးပိုင်း ရှိ တယ်။ နောက်ပြီးတဲ့ အခါကျတော့ စစ်ဆင်ရေးများ ပြုလုပ်နိုင်ဖို့ ဖြစ်ပါတယ်။

ပြီးရင်တော့ ဒီနှစ်ခုကို လုပ်ဆောင်ရင်းနဲ့ တပြိုင်နက်တည်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ စစ်ဆင်ရေး နယ်မြေ ဒေသအသီးသီးမှာ ပေါင်းစည်းစုစည်းပြီးတော့ ဖက်ဒရယ်မဟာမိတ် တပ်ပေါင်းစုအဖွဲ့ (Federal Alliance) စုပေါင်း ပြီးတော့တိုက်ပွဲဝင်ဖို့ ညှိနှိုင်းပြီးသွားပြီ ဖြစ်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ကြိုတင်ပြင်ဆင်လုပ်ဆောင်နေတဲ့ ကဏ္ဍတွေ ရှိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အားဖြည့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ တပ်တွင်း တည်ဆောက်ရေး အခန်းကဏ္ဍမှာ CDM ဝင်တဲ့ စစ်သားတွေ၊ မလုံခြုံလို့ ထွက်ပြေးနေတဲ့ တပ် သားတွေလည်း ရှိနေတယ်။ NUG အစိုးရအနေနဲ့ တပ်မတော်တရပ် ဖွဲ့စည်းတဲ့အခါ သူတို့တွေက စစ်ရေးနဲ့ ပတ်သက်ပြီး ကျရာကဏ္ဍကနေ ပါဝင်နိုင်တယ်လို့ ပြောနေကြတာရှိတော့ သူတို့ကို ကြိုဆိုဖို့ ရှိပါသလား။

ဖြေ ။ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်သားစုဆောင်းရေးနဲ့ ပတ်သက်ပြီး ကဏ္ဍ ၃ ခု ရှိပါတယ်။ ပထမ ၁ ခုက ကျမတို့ ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးသူများနဲ့ စုစည်းတာ။ နောက်တခါ အခြားတပ်ရင်း တပ်ဖွဲ့တွေထဲက လေ့ကျင့် သင်ကြားထားပြီး ပေါင်းစပ်ပြီးတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှာ ပြန်လည်ပြီး စုဖွဲ့မှုမှာ ပါဝင်လာတာ။ တတိယ ကတော့ CDM လုပ်လာကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ သူတို့ထဲက ပြည်သူ့ကာကွယ်ရေး တပ်မတော် မှာ ပြန်လည်ပြီး တာဝန်ထမ်းဆောင်ကြတဲ့သူတွေ အဲဒီလိုမျိုး ပုံစံ ၃ မျိုးနဲ့ အင်အားတည်ဆောက်နေတာ ရှိပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ ဒု ကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုး

မေး ။ ။ NUG ကို လူထုထောက်ခံနေပြီး လူငယ်တွေကလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်မှာ ပါဝင်ဖို့ အသင့်ရှိ နေကြပါတယ်။ လူငယ်တွေအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်လို့ရနိုင်မလဲ။

ဖြေ ။ ။ မနေ့ကထိ ထုတ်ပြန်ကြေညာတဲ့အထဲမှာ သတင်းလေးတခု ထည့်သွင်းထားတာ ရှိပါတယ်။ အဲဒါက သက်ဆိုင် ရာ တိုင်းဒေသကြီးအလိုက် စတင်ထားတာ ရှိပါတယ်။ ဆိုတော့ လူငယ်လူရွယ်များ အနေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ စီ စဉ်ပေးမှာ ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှာ ဘယ်လိုပါဝင် ဆောင်ရွက်လို့ရတယ်ဆိုတဲ့ သတင်းစကားများ ကိုလည်း မကြာမီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မေး ။ ။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ လက်နက်နဲ့ နှစ်ပေါင်းများစွာ အကျွမ်းဝင်လာတာ။ လူငယ်တွေကတော့ ခုခံ ကာကွယ်ချင်စိတ်ပဲရှိပြီး စစ်ရေးအရ ကျွမ်းကျင်တာမျိုး မရှိတော့ အဲဒါကို ဘယ်လို ဖြေရှင်းသွားမလဲ။

ဖြေ ။ ။ အဓိကကတော့ စစ်ရေးမှာ တိုက်ခိုက်ရေးပညာ တတ်မြောက်ခြင်း တခုထဲက စစ်ရေးအရ အားသာတယ်လို့ မရှိ ပါဘူး။ ကျမတို့ တိုက်ခိုက်ရေး စွမ်းရည် ဘယ်လောက်ပဲရှိရှိ အဓိကကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာပဲ ဖြစ်ပါတယ်။ အဲဒီ အတွက်က ဓမ္မနဲ့ အဓ္ဓမ ယှဉ်ကြတဲ့ပွဲလည်းဖြစ်တယ်။ နောက်တချက်က အရင်တုန်းက ရှိခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့များရဲ့ ဖွဲ့စည်းပုံ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ တရားသောစစ် ဆင်နွှဲတယ်ဆိုတဲ့ စိတ်ဓာတ် ဒီလိုအနေအထားတွေက လက်ရှိမှာ ဆို ရင် မရှိတော့ပါဘူး။ ဘာကြောင့်လဲဆို အခုလက်ရှိ စစ်ကောင်စီအတွက် အမှုထမ်းပေးနေတယ်ဆိုတာက မြန်မာနိုင်ငံရဲ့ ပြည်သူလူထု ဒါမှမဟုတ် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက်လည်း မဟုတ်ဘူး။ ပြည်သူလူထုကို ကာ ကွယ် စောင့်ရှောက်နေတာလည်း မဟုတ်ဘူး။

စစ်ကောင်စီရဲ့ အပေါင်းအပါ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ အပေါင်းအပါ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ တိုင်းပြည်ကို သူပုန်ထနေသူ အချို့ကို ကာကွယ်စောင့်ရှောက် ပေးနေရတဲ့ အနေအထားမျိုး ဖြစ်နေတဲ့အတွက် လက်ရှိ တပ်တွင်းထဲမှာ ဆိုရင် စိတ်ဓာတ် ပိုင်းဆိုင်ရာအရရော၊ ဓမ္မနဲ့ အဓမ္မ ယှဉ်တဲ့ နေရာမှာရော တရားသောစစ် ဆင်နွှဲနေတာ ဟုတ်သလား၊ မဟုတ်ဘူးလား ဆို တဲ့ အပေါ်တွေမှာရော ဝေဝါးနေကြတယ်။ နောက်ပြီး အမှန်တရားကို သိမြင်နေကြတဲ့ ပြည်သူ့တပ်မတော်သား၊ ပြည်သူ့ ရဲ တပ်ဖွဲ့ဝင်တွေက အများကြီး ရှိနေတယ်ဆိုတဲ့ ကိစ္စတွေကို သိရှိနေရပါတယ်။ အဲဒီအတွက် အင်အားတောင့်တင်းတယ်။ စစ် အင်အား တောင့်တင်းတယ်ဆိုတဲ့ ကိစ္စသည် ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်မှာ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။

သို့သော်လည်း လက်ရှိအနေအထားမှာ အဲဒီလိုပုံစံမဟုတ်ပါဘူး။ အမှားတခုကို မှားနေမှန်း သိရဲ့သားနဲ့ ကိုယ့်ရဲ့ Mission တွေ၊ ကိုယ်ဆိုထားတဲ့ သစ္စာတွေ မှားနေပြီ လွဲချော်နေပြီ သစ္စာစူးနေပြီဆိုတာ သိသိကြီးနဲ့ တိုက်နေကြမှန်းသိတဲ့ အနေအထားမျိုး ဖြစ်တဲ့အတွက် အခု ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ ရင်ဆိုင်ကြမယ့် အနေအထားမှာ ထိပ်တိုက်ရင် ဆိုင်ခြင်းတွေကို လျှော့ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ အလံတော်အောက်ကို ပေါင်းစပ်လာတဲ့၊ ပါဝင်လာတဲ့ ပြည် သူ့တပ်မတော်သားတွေ အများကြီး ရှိဦးမယ်ဆိုတာလည်း ကျမတို့တွေ နားလည်ထားပါတယ်။

အဲဒါကြောင့် တိုက်ခိုက်ရေး အင်အားပြည့်နေပြီးသား တပ်တွေနဲ့ တိုက်ရတယ်ဆိုတဲ့ အနေအထား မမှန်ပါဘူး။ စစ်ပွဲတခုရဲ့ အဆုံးအဖြတ်ဟာ သေနတ်ပစ်ခတ်နိုင်စွမ်း၊ လက်နက်ကြီးများနဲ့ ပစ်ခတ်နိုင်စွမ်း တမျိုးတည်းကပဲ အဆုံးအဖြတ် ပေးတာ မ ဟုတ်ပါဘူး။ ကျမတို့ဆီမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ အလံတော်အောက်ကို ရောက်ရှိလာမယ့် တပ်မတော် သားတွေဟာ တရားဝင်အစိုးရရဲ့ ပြည်သူ့တပ်မတော်သားအဖြစ် တိုက်ပွဲဝင်နိုင်မှာ ဖြစ်ပါတယ်။

နောက်တခါ ကျမတို့တွေသည် မြန်မာနိုင်ငံ အနာဂတ်အတွက် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်မှ စစ်အုပ်စု အပေါင်း အပါ တချို့ရဲ့ တပ်မတော်ကို အလွဲသုံးစားလုပ်မှု၊ တပ်တွင်းပိုင်း ခေါင်းဆောင်တချို့ရဲ့ အာဏာအလွဲသုံးစား လုပ်မှုတွေကို ဖယ်ရှားပစ်နိုင်မှ ဒီတိုင်းပြည်ကြီးအတွက် အောင်ပွဲတွေ ရရှိနိုင်မယ်ဆိုတာကို အများပြည်သူကလည်း နားလည်ပြီး လူထုက လည်း ထောက်ခံမှု ရှိတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေရဲ့ စိတ်ဓာတ်ပိုင်းမှာလည်း ခံယူပြီးသားဖြစ်တဲ့ အတွက် ကျမတို့တွေသည် တဝက်နိုင်ပြီးသားလို့ ပြောချင်ပါတယ်။ ကျန်တဲ့အပိုင်းကဏ္ဍတွေမှာ လက်နက်နဲ့ ပတ်သက်တဲ့ စွမ်းရည် အနည်းငယ် ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။

မေး ။ ။ NUG နဲ့ ပူးပေါင်းပါဝင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အခြေအနေကို သိချင်ပါတယ်။

ဖြေ ။ ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ သူတို့ရဲ့ စစ်တိုင်းနယ်မြေအလိုက်၊ စုစည်း နယ်မြေ အလိုက် ပေါင်းစပ်ဆောင်ရွက်နိုင်ဖို့ Federal Alliance ပုံစံနဲ့ စုစည်းနိုင်ဖို့အတွက် တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်နေ ပါတယ်။ လုပ်နည်းလုပ်ဟန်များထဲမှာ အချို့သော စဉ်းစားချက်အပိုင်းတွေမှာသာ ကျမတို့ ဆက်လက်ညှိနှိုင်းရမယ်ဆိုတဲ့ အခြေအနေရှိပေမယ့် ဘုံရန်သူဆိုတဲ့ အမြင်အယူအဆမှာတော့ ကွဲလွဲမှု မရှိတဲ့အတွက် ဘုံရန်သူဆိုတာသေချာနေပြီ။

ဒီတိုင်းပြည်ရဲ့ ဘုံရန်သူကို ဖယ်ရှားနိုင်မှသာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နှစ် ၇၀ ကျော် ကြိုးပမ်းလာခဲ့ရ တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာဆိုတဲ့ အယူအဆကို တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ သူတို့ သိရှိနားလည်ထားပြီးသား အနေအထားမျိုးလည်း ဖြစ်နေတဲ့အတွက် အတူတကွ ပူးတွဲတိုက်ပွဲဝင်နိုင်ဖို့ ပြင်ဆင်ညှိနှိုင်းမှု များသည်လည်း အရှိန်ရှိနေပြီဆိုတဲ့ အနေအထားကို တင်ပြလိုပါတယ်။
မေး ။ ။ စစ်ကောင်စီရဲ့ စစ်အင်အားတောင့်တင်းတဲ့ လက်နက်ကိုင်တပ်တွေကိုရော ရင်ဆိုင်ဖို့ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ။ တောင့်တင်းတယ်လို့ ယေဘူယျအမြင်နဲ့ သုံးသပ်နိုင်ပါတယ်။ ဒါပေမယ့် စစ်ပွဲတပွဲရဲ့ အဆုံးအဖြတ်က လက်နက် အင်အား၊ လူအင်အား တမျိုးတည်းပဲ မဟုတ်ဘူး။ စစ်ပွဲတပွဲရဲ့ အဆုံးအဖြတ်ဟာ တကယ့်ကို တရားသောစစ် ဆင်နွှဲနိုင်မှု နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ Moral Value ပေါ်မှာ အများကြီး မူတည်ပါတယ်။ အရေးကြီးဆုံးက လူထုထောက်ခံမှု ဖြစ်ပါ တယ်။ အဲဒီတော့ ဓမ္မနဲ့ အဓမ္မ အားပြိုင်ကြတဲ့ အခြေအနေမှာ ပြည်သူလူထုရဲ့ထောက်ခံမှုက ဓမ္မကို ထောက်ခံတာ ဖြစ်ပါ တယ်။ ဒါကြောင့် အခုလက်ရှိ လုပ်ဆောင်မှုဟာဆိုရင် ပြည်တွင်းစစ် အခင်းအကျင်း တခုကို ဖန်တီး လုပ်ဆောင်နေခြင်း မဟုတ်ဘဲနဲ့ နိုင်ငံတနိုင်ငံမှာ နိုင်ငံကိုကာကွယ်ရမယ့် တပ်မတော် တရပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ကနေ တပ်မတော် ဦးဆောင်မှု အာဏာကို အလွဲသုံးစားလုပ်ပြီး တိုင်းပြည်ကို ပုန်ကန်တဲ့ အနေအထား။

RelatedPosts

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
586
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.4k
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
5.9k

ဒီပုန်ကန်တဲ့ စစ်အုပ်စုကို၊ အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ပုန်ကန်သူများကို နှိမ်နင်းတာ ဖြစ်ပါတယ်။ အဲဒီတော့ အစိုးရနဲ့ ပြည်သူ လက်တွဲပြီးတော့ စစ်သူပုန်အုပ်စုကို နှိမ်နင်းတာ ဖြစ်ပါတယ်။ အဲဒီအတွက် ရင်ဆိုင်ရတဲ့ အခြေအနေတွေထဲမှာ တဖွဲ့နဲ့တဖွဲ့ စစ်တိုက်ခြင်းဆိုတာထက် အစိုးရနဲ့ ပြည်သူက တိုင်းပြည်ကို ပုန်ကန်တဲ့ အစုအဖွဲ့ကို ခြေမှုန်းနှိမ်နင်းခြင်း ဆိုတဲ့ အယူအဆ ဖြစ်တာကြောင့် ကျမတို့တွေ တိုက်ပွဲဝင်တဲ့အခါ အရှိန်ကောင်းကောင်းနဲ့ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားပါ တယ်။

မေး ။ ။ တကယ်လိုအပ်တဲ့ ရန်ပုံငွေကရော အလုံအလောက်ရှိနေပြီလား။

ဖြေ ။ ။ တပ်မတော်တရပ် ထူထောင်တဲ့ အနေအထားထဲမှာတော့ လိုအပ်တဲ့ လူအင်အား၊ လက်နက်အင်အား၊ ငွေကြေး အင်အားဆိုတာတွေကတော့ အရေးကြီးပါတယ်။ အဲဒီအပိုင်းအတွက်တွေကို ကျမတို့တွေ ပြင်ဆင်ဆောင်ရွက်ထားတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဆက်လက်ပြီးတော့ ပံ့ပိုးကူညီဖို့အတွက် ချိတ်ဆက် ဆောင်ရွက်သူတွေလည်း အများ အပြား ရှိလာပါတယ်။ ဆက်လက်ပြီးတော့ တပ်စိတ်၊ တပ်ခွဲ၊ တပ်မဟာအလိုက် စုစည်းပြီးတော့ လုပ်နိုင်ဖို့အတွက် ပြင်ဆင် နေကြပါပြီ။

You may also like these stories:

CDM တွေကို ပထမဆုံး ဦးစားပေးဖို့လုပ်နေတယ်

ကမ္ဘာမှာ သတ်မှတ်ထားတဲ့ ရာဇဝတ်မှုတွေ စစ်ကောင်စီက ကျူးလွန်နေတာဖြစ်တယ်

ဒီတပွဲဟာ အာဏာရှင်ကို အမြစ် ဖြတ်မှရမယ့်ပွဲ

Your Thoughts …
Tags: NUGကာကွယ်ရေးဦးစီးချုပ်ပြည်သူ့ကာကွယ်ရေးတပ်မတော်အာဏာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ရန်ကုန်မြို့လယ် ဆူးလေစကွဲ စီးပွားရေးစင်တာ / ဧရာဝတီ 

စစ်အာဏာသိမ်းမှုကြောင့် ကုမ္ပဏီ ၁၃ ရာခိုင်နှုန်း ပိတ်သိမ်းဟု စစ်တမ်းက ဆို

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် နိုဝင်ဘာ ၆ရက်က စစ်တွေမြို့တွင် အင်အားပြနေသည့် ANP ပါတီဝင်များ

စစ်ကောင်စီနဲ့ ခွဲရေး တွဲရေး ပါတီတွင်း အားပြိုင်မှု ပြင်းထန်နေတဲ့ ANP

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved