• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

နာမည်ကြီးနေတဲ့ ကျားဖြန့်ကိစ္စနဲ့ BGF အပြော

by စောလွင်
23 January 2025
in အင်တာဗျူး
A A
တရုတ်ကြောင့် ငွေလိမ်ဂိုဏ်းများ ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်း

ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်တလျှောက်မှ ငွေကြေးလိမ်လည်မှုလုပ်ငန်း အများအပြား ပိတ်လိုက်ရပြီး ကရင်ပြည်နယ်သို့ ရွှေ့ပြောင်းရသည်။

5.5k
VIEWS
Share on FacebookShare on Twitter

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ လောင်းကစားရုံများ၊ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) များသည် လူကုန်ကူးမှု၊ မူယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကြောင့် နိုင်ငံတကာ၏ အာရုံစိုက်မှုခံနေရသည်မှာ ဆယ်စုနှစ်တခုကျော်နေပြီ ဖြစ်သည်။

ယခုနှစ်အစောပိုင်း၌ တရုတ်နိုင်ငံသား အနုပညာရှင်များနှင့် ထင်ရှားကျော်ကြားသူများ လူကုန်ကူးခံရမှု ဖြစ်စဉ်ကြောင့် လူအာရုံစိုက်မှုပိုများခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်များနှိမ်နင်းရန် ဖိအားပေးပြောဆိုလာသလို ထိုင်းဘက်ကလည်း နယ်စပ်ဂိတ်များ လုံခြုံရေးတင်းကျပ်ခြင်း၊ တရားမဝင် နိုင်ငံဖြတ်ကျော်လာသူများကို ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေရာ ထိုအခြေအနေများအပေါ် ကရင်နယ်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ နောက်ဆုံးထားပြီး မြဝတီကနေ ထွက်ခွာဖို့ ကျားဖြန့်တွေ့ကို သတိပေးထားတာ သိရတယ်။ အခု လူကုန်ကူးမှုကိစ္စတွေက ဘယ်လိုကြောင့် ဖြစ်လာရတာလဲ။

ဖြေ ။ ။ ကျနော်တို့ အမိန့်ထုတ်ပြန်ပြီး နောက်ပိုင်းမှာလည်း တဖွဲဖွဲပြန်ထွက်နေတာလည်း ရှိတယ်၊ ပြန်ထွက်ခိုင်းနေတာ၊ သွားတဲ့သူတွေလည်း သွားနေတယ်။ ရွှေကုက္ကိုဒေသမှာက ပြည်တွင်းက Local တွေ ပိုများတယ်။ ကျနော်တို့ စလုပ်ကတည်း က ဟိုဟာ မလုပ်ရဘူး၊ ဒါလုပ်ရမယ်ဆိုပြီး စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားတော့ ဥပဒေကို လိုက်နာရမယ်။ တချို့ စည်းမရှိကမ်းမရှိ နေချင်တဲ့သူကျတော့လည်း အဆင်မပြေဘူး။ သူတို့ဘာသူတို့ ပြန်ထွက်သွားတာ လည်းရှိတယ်။

ရှင်းရှင်းပြောရရင် တရုတ်အချင်းချင်းလုပ်တဲ့ အလုပ်တွေဖြစ်နေတာ၊ ကျနော် လေ့လာရသလောက် တချို့က မိမိကိုယ်မိမိ ရောင်းတယ်၊ ရောင်းပြီးလို့ရှိရင် ရတဲ့ပိုက်ဆံကို သူတို့ အိမ်ကို ပြန်လွှဲပြီး အလုပ်ထဲမှာ ဝင်လုပ်နေတာတွေလည်းရှိတယ်။

ဒါတွေကို ကျနော်တို့ ရအောင်ဖော်ထုတ်ဖမ်းဆီးနေရတယ်။ သူတို့ တရုတ်ပွဲစား အချင်းချင်းကြားမှာ ဖြစ်နေတဲ့ကိစ္စကို ကျနော်တို့က မသိတာကို သိအောင်လုပ်ပြီးတော့ ဖော်ထုတ်တယ်။ သတင်းမထုတ်ပြန်ခဲ့ပေမယ့် အဲဒီလိုလုပ်တဲ့သူတွေကို ရှေ့မှာ အရေးယူမှုတွေ၊ လုပ်ငန်းပိတ်သိမ်းမှုတွေ ရှိပါတယ်။

မေး။ ။ အခုဆိုရင် နိုင်ငံတကာ အပါအဝင် KNU၊ NUG၊ ထိုင်း အားလုံးက ဒီကိစ္စကိုရှင်းဖို့ ပါဝင်လာကြပြီ ဒီအပေါ်မှာ ရော ဘယ်လိုသုံးသပ်ချင်လဲ။

ဖြေ ။ ။ စစ်ရေးနဲ့ရှင်းချင်တာလား၊ ဒါမှမဟုတ် ကျနော်တို့ကို အပြတ်ရှင်းချင်တာလား။ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ပဲလို့ ပြောပြီးသားလည်းဖြစ်တယ်။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ပြီး ဘယ်လို ဖြေရှင်းမလဲဆိုတာကို လုပ်ငန်းစနေပြီ။

ဒီတရုတ်တွေ ပြန်ပို့တဲ့နေရာမှာ တရုတ်နိုင်ငံဘက်ကလည်း သူတို့နှစ်သစ်ကူးပြီးမှ ကျနော်တို့နဲ့ ဆွေးနွေးမယ်ဆိုတဲ့ အကြောင်းပြန်ထားတယ်။ ကျနော်တို့က ဒီတိုင်းပြန်လွှတ်လို့မရဘူး၊ သူ့သက်ဆိုင်ရာက လက်ခံပြီးမှပဲ ပြန်လွှတ်လို့ရမှာပေါ့။ နို့မို့ဆိုရင် ကြားမှာ ဟိုမရောက်ဒီမရောက် ပျောက်နေတာဆိုရင် ကျနော်တို့လည်း မကောင်းဘူး။ အဲဒီတော့ စနစ်တကျနဲ့ ပြန်လည်လွှဲပြောင်းနိုင်ဖို့ အဲဒီကိစ္စတွေ စီစဉ်နေတယ်။

မေး။ ။ လောက်ကိုင်လို ကံကြမ္မာမျိုး ကြုံရနိုင်တယ်လို့ ပြောကြတဲ့အပေါ် ဘာများ မှတ်ချက်ပေးချင်လဲ။

ဖြေ ။ ။ အဓိက လောက်ကိုင်ဖြစ်စဉ်က ကျားဖြန့်ကို ခေါင်းစဉ်လှလှတပ်ပြီးတော့မှ အဓိက နယ်မြေလုပွဲတွေ ဖြစ်သွား တာ။ ကျနော်တို့ဘက်ကျတော့ ဒီလိုမဖြစ်အောင် ဘယ်လိုပုံစံလုပ်ရမလဲ၊ အဓိက လောက်ကိုင်နဲ့ ကွာခြားချက်က သူတို့က ကိုယ်တိုင် လုပ်ငန်းတည်ထောင်ပြီးတော့ ကိုယ်တိုင်ရှယ်ယာတွေ ယူထားတာဖြစ်တယ်။ ကျနော်တို့ဘက်မှာကျတော့ လာဆောက်၊ ကျနော်တို့က မြေငှားစားတယ်။ ပတ်သက်ခြင်း၊ ရှယ်ယာယူထားခြင်း မရှိဘူး။ မြေငှားပေးတဲ့သဘောပဲ ဆိုတော့ ကျနော်တို့ဘက်က သိပ်အားနာစရာတော့မလိုဘူး၊ အဲဒီလိုတော့ရှိတယ်။

နောက်တခုက လောက်ကိုင်တုန်းက ဟိုဘက်ကို လွှဲခံရသူတချို့က သူတို့နိုင်ငံသား ခံယူထားသူတွေဆိုတော့ ကျနော်တို့က ဘယ်နိုင်ငံသားမှ ခံယူထားတာမဟုတ်ဘူး။ နောက်ပြီး စောစောကပြောသလို ဒီလုပ်ငန်းတွေအပေါ်မှာ ရှယ်ယာသဘောမျိုး ယူပြီးတော့မှ ပတ်သက်တာမဟုတ်ဘူး။ ဆိုလိုတာက အိမ်ရှင်အိမ်ငှားပဲ။ ဒီလုပ်ငန်းထဲမှာ ငါရှယ်ယာဘယ်လောက်ပါတယ်။ ငါ့ကို ဘယ်လောက်ပေးဆိုတာမျိုး ကျနော်တို့လုပ်ထားတာမဟုတ်ဘူး။

မြဝတီမြို့ လုံခြုံရေး တာဝန်ယူထားသည့် ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော် (ဧရာဝတီ)

မေး။ ။ လက်ရှိအခြေအနေတွေကို ဘယ်လိုကိုင်တွယ်ဆောင်ရွက်နေလဲ။

ဖြေ။ ။ ဟိုနေ့က ကျနော်တို့ BGF တပ်ပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေ စည်းကမ်းထိန်းရေး၊ လူကုန်ကူးတားဆီး ရေးစတဲ့ BGF က ဖွဲ့ထားတဲ့သူတွေ တွေ့ဆုံဆွေးနွေးတယ်။ နံပါတ် ၁ က လူမှောင်ခိုတဲ့ကိစ္စကို မြို့ပေါ်က ဒေသအာဏာပိုင် တွေကနေ ကြပ်မတ်ကွပ်ကဲပြီး ဖော်ထုတ်ဖမ်းဆီးဖို့။ နောက်ပြီး ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ လူမှောင်ခိုကူးတဲ့ ကိစ္စတွေကို အကုန်လုံး အမြစ်ပြတ်ရှာဖွေ ဖော်ထုတ်ချေမှုန်းဖို့ ဒါ ကျနော်တို့ ပထမခြေလှမ်းပေါ့။

ဒါကြောင့် ကျနော်တို့ တပ်ဖွဲ့တွေ ကိုယ်နိုင်တဲ့အတိုင်းအတာ ပူးပေါင်းဆောင်ရွက်ရမယ်။ နောက်ပြီး မြို့ပေါ်မှာ မကြာခင် ကျနော်တို့ ကြော်ငြာဆိုင်းဘုတ်တွေ တခုခု လူကုန်ကူးမှုခံရရင် အချိန်မီဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေ၊ ဆက်သွယ် ရမယ့်ဌာနတွေကို အကုန်လုံးလိုက်ပြီးတော့ အသိပေးဆိုင်းဘုတ်တွေ နေရာတိုင်းမှာလိုက်ကပ်ဖို့ ဆောင်ရွက်နေပါတယ်။ ဒုတိယအစီအစဉ်ကတော့ လူတွေကို လက်ခံသိုလှောင်ဖြန့်ဖြူးနေတဲ့ နေရာတွေလည်း ရှာဖွေဖော်ထုတ် ဖမ်းဆီးနှိမ်နှင်းဖို့ အဲဒီကိစ္စတွေလည်း ဆွေးနွေးတာရှိပါတယ်။

မေး ။ ။ ဘယ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာလဲ။

ဖြေ ။ ။ လက်ရှိ အနေအထားအရ ပူးပေါင်းသင့် ပူးပေါင်းထိုက်တဲ့ နံပါတ် ၁ ကတော့ ကျနော်တို့ နိုင်ငံတော်အစိုးရပေါ့၊ အုပ်ချုပ်နေတဲ့သူ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ကျနော်တို့က ဘယ်သူ့ကိုမှလည်း ရန်သူလို့လည်း သဘောထားတာမရှိတဲ့အတွက် ပူးပေါင်းဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်တဲ့သူတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်။

မေး ။ ။ စစ်ကောင်စီ နဲ့ ဘီဘီစီအင်တာဗျူးမှာ ဒီပြဿနာတွေဟာ သူတို့ထိန်းချုပ်မှုအောက်မှာ မရှိဘူးဆိုတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ ။ ။ လက်ရှိအနေအထားက တခုခုဆိုရင် ရွှေကုက္ကိုပဲ မီးထိုးခံရတဲ့ပုံစံ ဖြစ်တာပေါ့။ အဲဒီမှာလည်း ဒီဘက်မှာလည်း ကွဲပြားနေတဲ့အဖွဲ့တွေ အများကြီးရှိတယ်။ အဲဒီအောက်မှာလည်း ထိန်းချုပ်ထားတဲ့နေရောတွေလည်း အများကြီးရှိတယ်။ အားလုံး မရှင်းမလင်းဖြစ်နေတဲ့ ကိစ္စတခုက တရုတ်မင်းသားကိစ္စက အမှန်တကယ်တော့ ရွှေကုက္ကိုမှာတွေ့တာ မဟုတ်ဘူး။ တခုနဲ့တခု ထောက်ရှုသောအားဖြင့် ဒါပြီးသွားပြီဆိုတော့လည်း မပြောချင်တော့ဘူး။ သေချာတာက ရွှေကုက္ကိုမှာ တွေ့တာ မဟုတ်ဘူး။ ကျနော်တို့ တနေရာကနေ ရှာဖွေတွေ့ရှိပြီးတော့ ရွှေကုက္ကိုကိုခေါ်ပြီးတော့ ရွှေကုက္ကိုကနေ ပြန်လွှဲပေးလိုက် တာပေါ့။

ဒါပေမယ့် အားလုံးက ရွှေကုက္ကိုကိုပဲ စွပ်စွဲပြီးတော့ ပြောနေကြတာရှိတယ်။ လက်ရှိ ကျနော်တို့တာဝန်ယူထားတဲ့နေရာကို ကျနော်တို့တာဝန်ယူပြီး ဖြေရှင်းမယ်။ တာဝန်ယူပြီးတော့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာထားပြီးသား ဖြစ်တယ်။ ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ သဘောထားထုတ်ပြန်ချက်ဟာ ကျနော်တို့ရဲ့ သဘောထားပဲဖြစ်တယ်။

မေး။ ။ အခုကြုံနေရတဲ့ဖိအား ဘယ်လောက်ရှိလဲ။ ဘယ်လိုဖြေရှင်းသွားမလဲ။

ဖြေ ။ ။ ဖိအားတွေဆိုတာက ဒီလိုပဲပေါ့။ အခုကတော့ မြိုင်မြိုင်ဆိုင်ဆိုင်လေးပေါ့။ တိုက်ဆိုင်မှုလို့ပဲ ပြောရမလား။ ဘယ်လိုပြောရမလဲ။ ကျနော် ထင်တာက ပုစ္ဆာတခုရှိရင်တော့ အဖြေတခုကရှိမှာပါ။ ကျနော်တို့က အကောင်းဆုံး ဖြေရှင်းသွားမှာပါ။

မေး ။ ။ ထိုင်းဘက်ကနေ တရားမဝင် ဝင်နေတာတွေကိုရော ဘယ်လိုထိန်းချုပ်သွားဖို့ရှိမလဲ။ ထိုင်းနဲ့ရော ဘယ်လို ပူးပေါင်းဆောင်ရွက်သွားမလဲ။

ဖြေ ။ ။ ဒီလိုမျိုး ဝင်လာတဲ့ အပေါက်တွေကိုလည်း နယ်စပ်တလျှောက် ကျနော်တို့ ထိန်းချုပ်ထားတဲ့နယ်မြေ၊ ကျနော်တို့ တာဝန်ယူထားတဲ့ နယ်မြေတွေမှာ အကုန်လုံးအစည်းဝေးခေါ်ပြီးတော့မှ လူမှောင်ခိုကိစ္စတွေ မဖြစ်အောင် သေသေချာချာ ကြပ်မတ်ဖို့ အောက်ခြေအထိတော့ အကုန်လုံးချပြနေတယ်။ ထိုင်းနိုင်ငံက ကျနော်တို့နဲ့ အမြဲပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ ထိုင်းနဲ့က အခုမှမဟုတ်ဘူး။ အမှန်တကယ်က အခု တရုတ်မင်းသားကိစ္စမို့လို့သာ လူသိတာပေါ့နော်။ ဟိုးရှေ့ကတည်းက ပူးပေါင်းဆောင်ရွက်မှုက နှစ်နဲ့ချီပြီး ရှိခဲ့ပါတယ်။

မေး ။ ။ လက်ရှိအချိန်ထိလည်း ပျောက်ဆုံးနေတဲ့သူတွေအတွက် တိုင်းကြားလာတာတွေရှိလား။

ဖြေ ။ ။ တိုင်ကြားတောင်းဆိုတဲ့ စာတွေအကုန်လုံး ကျနော်တို့ရဲ့ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးရုံးကတဆင့် သက်ဆိုင်ရာလုပ်ငန်းခွင်တွေကို ပြန်ဖြန့်ပြီး ရှာဖွေဖော်ထုတ်ရပါတယ်။

တရုတ်နိုင်ငံကနေပြီးတော့ ကျနော်တို့နိုင်ငံကို တောင်းဆိုလာတဲ့ လူဦးရေစာရင်းတွေ ရှိတယ်။ ဒါကလည်း တချို့တွေက တောင်းဆိုတိုင်းလည်း ကျနော်တို့ဆီ ရောက်နေတာ မရှိပါဘူး။ ရောက်လာတာ ရှိတဲ့ဟာကိုလည်း ကျနော်တို့ ပြန်အပ် နိုင်အောင် စီစဉ်နေသလို ဒီလူတကယ်ရှိတယ်ဆိုရင် ချက်ချင်းကျနော်တို့က ပြန်လွှဲပေးတာတွေရှိတယ်။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
87
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
50
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
160

နောက်တခုက ပြည်ထဲရေးက ကျနော်တို့ဆီ ပို့တဲ့ဟာတွေလည်း ချက်ချင်းရှာဖွေပြီးတော့ ချက်ချင်းသက်ဆိုင်ရာကို ပြန်ပို့ပေးတာရှိတယ်။ အရင်ကတည်းက ရောင်းစားတယ်ဆိုတာနဲ့ အဲဒီနေရာတွေကို ချက်ခြင်းအရေးယူ၊ အခုထိ ထိန်းသိမ်းထားတဲ့သူတွေလည်းရှိသလို လုပ်ငန်းဆိုက်တွေ ပိတ်သိမ်းထားတဲ့ အနေအထားတွေ ဒီရက်ပိုင်းမှာလည်း ရှိခဲ့တယ်။ လုပ်လည်းလုပ်နေတယ်။ အခုလည်း ဆက်လုပ်နေတုန်းပဲ။

အဓိကတော့ ရိုက်နှက်တာတို့၊ ဘာတို့ဆိုရင် ဖော်ထုတ်ရရှိတာနဲ့ စည်းကမ်းထိန်းသိမ်းရေးရုံးက ချက်ချင်းသွားဖမ်း၊ ချက်ချင်းအရေးယူ၊ ချက်ချင်း ရွှေကုက္ကိုမှာ ထိန်းသိမ်း။ အဲဒီလိုမျိုးတွေလုပ်ခဲ့တဲ့ သာဓကတွေကတော့ တော်တော် များများရှိပါတယ်။ အဲဒါတွေ ကျနော်တို့ရုံးမှာ မှတ်တမ်းတွေတော့ ထားရှိပါတယ်။
ကျနော်တို့က နဂိုကလည်း လူမှောင်ခိုတားဆီးရေး၊ တိုက်ဖျက်ရေးဆိုပြီးတော့ အဖွဲ့ဖွဲ့ထားတာရှိပါတယ်။ အခုက ပိုပြီး ကျစ်ကျစ်လစ်လစ် ခိုင်ခိုင်မာမာနဲ့ ပြတ်ပြတ်သားသားလုပ်နိုင်ဖို့ အတွင်းရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ ကျနော်တို့ စစ်ဒေသ ၁၊ ၂၊ ၃၊ ၄ ကျနော်တို့ ဒီဘက်ခြမ်းမှာဆို ၂၊ ၃၊ ၄ ပေါ့နော်၊ စစ်ဒေသမှူးတွေကိုယ်တိုင် ကွပ်ကဲပြီးတော့မှ ဒီကိစ္စကို အဓိက ဆောင်ရွက်နေပါတယ်။

မေး ။ ။ လတ်တလော ဆောင်ရွက်နေတဲ့ လူကုန်ကူးမှုကိစ္စ ပပျောက်အောင်လုပ်နေတာက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးအစလို့ ပြောလို့ရလား။

ဖြေ ။ ။ လူမှောင်ခိုကိစ္စက အရမ်းအရေးကြီးတဲ့ကိစ္စ၊ ဒါ့အပြင် ပြန်ပေးကိစ္စတွေ ဖြစ်လာနိုင်တဲ့ အနေအထားမျိုးတွေ ကြိုတင်မြင်ရလို့ ဒါကို ဦးစားပေးအနေနဲ့ ကျနော်တို့ စပြီးတော့လုပ်တယ်။ အရင်တုန်းကလည်းလုပ်ခဲ့တယ်။ ထိထိရောက် ရောက်မလုပ်နိုင်တဲ့ အနေအထားလေးမှာ ကျယ်ပြန့်လာတာ မြင်တွေ့ရတော့ တစိုက်မတ်မတ် ဦးစားပေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ငွေလိမ်ဂိုဏ်းနဲ့ ပတ်သက်ပြီး အချိန်တခုယူပြီးတော့မှ မကြာခင် အားလုံးရှင်းသွားနိုင်မယ်လို့ ထင်ပါတယ်။

You may also like these stories:

တရုတ်မင်းသား လူကုန်ကူးခံရမှု မြဝတီ၌ ကျားဖြန့်များ ဆက်ရှိနေသည်ကို ပြ

ကျားဖြန့်တိုက်ဖျက်ရေး ဒုတိယပစ်မှတ်ဖြစ်လာတဲ့ မြဝတီ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

Your Thoughts …
Tags: BGFကျားဖြန့်တရုတ်ထိုင်းနိုင်မောင်ဇော်မြဝတီလူကုန်ကူးမှု
စောလွင်

စောလွင်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
အိုးဘိုထောင်၌ ဝမ်းရောဂါဖြစ်ပွားနေ၊ ဆေးဝါးလုံလောက်စွာ မရ

အိုးဘိုထောင်၌ ဝမ်းရောဂါဖြစ်ပွားနေ၊ ဆေးဝါးလုံလောက်စွာ မရ

WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

23 hours ago
1.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved