• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အများပြည်သူဝန်ဆောင်မှု စိတ်ထားဖြင့် နိုင်ငံရေးပယောဂကို ကျော်လွှားပါ

by သန်းနိုင်ဦး
28 April 2017
in သူ့အတွေး သူ့အမြင်
A A
၃ လခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ YBS စနစ် ပြုပြင်ပြောင်းလဲမှုမှာ ပြောင်းလဲမှု အချို့ ရှိနေပေမယ့် လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ / ဧရာဝတီ

၃ လခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ YBS စနစ် ပြုပြင်ပြောင်းလဲမှုမှာ ပြောင်းလဲမှု အချို့ ရှိနေပေမယ့် လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ / ဧရာဝတီ

12.6k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ် အပြောင်းအလဲ အဖြစ် မထသကို ဖျက်သိမ်းပြီး YBS စနစ်ကို ဖော်ဆောင်ခဲ့တာ ၃ လခွဲကျော် ကြာမြင့်ခဲ့ပါပြီ။ YBS စနစ် ပြုပြင်ပြောင်းလဲမှုမှာ ပြောင်းလဲမှု အချို့ ရှိနေပေမယ့် လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ခရီးသွားပြည်သူတွေ ကျေနပ်လောက်အောင် ဝန်ဆောင်မှုတွေ မရသေးဘူး။ စီမံကွပ်ကဲမှုပုံစံနဲ့ တာဝန်ယူမှု အဆင့်ဆင့်ကလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဧပြီလနောက်ဆုံးပတ်က တိုင်းဒေသကြီး လွှတ်တော်မှာ လုပ်တဲ့ YBS အကြောင်း ဆွေးနွေးပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ခွင့်ပန်ခဲ့ပါတယ်။ နောက် ၃ ရက် အကြာမှာ လုပ်တဲ့ ဆွေးနွေးပွဲကိုလည်း နေပြည်တော် အစည်းအဝေးနဲ့ တိုက်ဆိုင်နေလို့ မတက်ရောက်နိုင်ခဲ့ပါဘူး။ YBS စနစ်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်တိုင် ဦးဆောင်ပြီး ဖော်ဆောင်ခဲ့တာကြောင့် ဒီအရေး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဘယ်လိုပြောမလဲ အများက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတာပါ။

ဧပြီလ ၂၄ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ် အခုထက် ပိုမို ကောင်းမွန်ရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းနှင့် အညီ အရေးယူ ဆောင်ရွက်ခြင်းတွေကို ပြည်သူထံ ပွင့်လင်းမြင်သာစွာ ချပြရေး အဆိုတင်ခဲ့ပါတယ်။ အဲဒီအဆိုကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၂၆ ယောက်တို့က ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်စား ရန်ကုန်တိုင်း ဒေသကြီး စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးလည်း ဖြစ် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် (YRTA) ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါ်နီလာကျော်က “ပြည်သူစိတ်ပျက် YBS” ဆိုတာကို လက်မခံကြောင်း ပြောပြီး ရှင်းလင်းတင်ပြပါတယ်။

RelatedPosts

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k
ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 January 2026
1.8k

YBS စည်းကမ်းဖောက်ဖျက်မှုတွေကို အရေးယူနိုင်ရန် YRTA ဥပဒေ ရေးဆွဲနေကြောင်း၊ ဥပဒေတွင် ရထား ကိုယ်ပိုင်ကား ရေလမ်းကြောင်း ကဏ္ဍမျိုးစုံထိ ပါဝင်စေမည် ဖြစ်ကြောင်း၊ YRTA အနေဖြင့် မိုဘိုင်းအဖွဲ့ ဆယ်ခုဖွဲ့စည်းထားပြီး ယာဉ်လိုင်းများအား လိုက်လံစစ်ဆေးလျက်ရှိကြောင်း ပြောပါတယ်။ YBS စနစ်တကျဖြစ်လာစေဖို့ GPS တပ်ဆင်မှုတွေ ဆောင်ရွက်နေပြီး Traffic Control Center က ထိန်းချုပ်နိုင်ဖို့ CCTV တွေလည်း တပ်ဆင်နေကာ ရှေ့လ ဝန်းကျင်မှာ Operation တခုလုံး လည်ပတ်နိုင်မယ်လို့လည်း ဆိုပါတယ်။

မထသ ခေတ်က နှစ်ပေါင်း ၄၀ကျော် ရှာဖွေခဲ့ပြီး ဘဏ္ဍာငွေ သိန်းပေါင်း ၆၀၀၀၀ မျှသာရခဲ့ပေမယ့် YBS ခေတ်မှာတော့ တလအတွင်း သိန်းပေါင်း ၁၀၀၀၀ ကျော် ရှာနိုင်ခဲ့ကြောင်းနဲ့ မျှော်မှန်းသလောက် မပေါက်တာဟာ ကို မအောင်မြင်စေချင်သူတွေရဲ့ “နိုင်ငံရေး ပယောဂ”ကြောင့်လို့ ဒေါ်နီလာကျော်က ရှင်းပါတယ်။

ပြောင်းလဲလိုက်တဲ့ ဘတ်စ်ကား သယ်ယူ ပို့ဆောင်ရေး စနစ်က ဝင်ငွေပိုပြီး ရှာဖွေနိုင်တယ် ဆိုတဲ့သဘောမျိုး ဝန်ကြီးက ဖြေပေမယ့် ဘယ်သူဘယ်ဝါတွေက YBS ကို မအောင်မြင်စေချင်တာလဲဆိုတာတော့ စောင့်ကြည့်သူ ပရိသတ်ကို ကိုယ့်ဘာသာ အဖြေရှာခိုင်းလိုက်ပါတယ်။

ဝန်ကြီးရဲ့ ပဟေဠိအတွက် ခရီးသွားပြည်သူတွေမှာ အဖြေရှိကြပြီးသားပါ။ မထသရဲ့ ဖွဲ့စည်းပုံကို ဘယ်လို ဖွဲ့စည်းခဲ့ကြသလဲ။ မထသ ယန္တရား လည်ပတ်စေဖို့ ဘယ်လို မောင်းနှင်ခဲ့ကြသလဲ၊ မထသရဲ့ ဘတ်စ် ယာဉ်လိုင်း စနစ်တွေ ဘယ်လိုတည်ဆောက်ခဲ့ကြသလဲ၊ မထသကို ဘယ်သူတွေ စီမံခန့်ခွဲခဲ့ကြသလဲ ဆိုတာ မမေ့ကြသေးပါဘူး။

YBS ပြောင်းလဲမှု မှာလည်း အရင် မထသ ခေတ်က အချိုးတွေ ရှိနေဆဲဖြစ်တယ်။ မင်းမဲ့စရိုက်ဆန်ဆန် ခိုက်ရန် ဖြစ်ပွားတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်အချို့ ရှိနေတုန်းပဲ။ ခရီးသည်အပေါ် ၂၀၀ တန်လို သဘောထားသူ မောက်မာရိုင်းစိုင်း ကြတဲ့ ယာဉ်နောက်လိုက်တွေ ရှိနေတုန်းပဲ။ ပြိုင်ကားသဖွယ် အပြိုင်မောင်းတဲ့ ယာဉ်မောင်းတချို့ ရှိနေတုန်းပဲ။ အမြတ်ပိုရဖို့သာ စိတ်ကူးရှိတဲ့ ယာဉ်ပိုင်ရှင်တွေ ရှိနေတုန်းပဲ။

ပြည်သူတွေက စနစ်ပြောင်းတာကို လိုချင်တာပါ။ တံဆိပ်ပြောင်းတာကို မလိုချင်ပါဘူး။ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး (Public Transportation) ဆိုတာ ဝင်ငွေပိုရှာဖွေရေး သက်သက် မဟုတ်ပါဘူး။ အများပြည်သူ သက်သောင့်သက်သာနဲ့ လိုရာခရီးကို အချိန်တိုအတွင်း ဈေးသက်သက်သာသာနဲ့ လုံခြုံစိတ်ချစွာ သွားနိုင်ရေးက အဓိက ဖြစ်ပါတယ်။

YBS စနစ်ကို အကောင်အထည် ဖော်သူတွေ အနေနဲ့ ဝင်ငွေပိုရှာဖွေနိုင်ရေးချည်း ဦးတည်ချက် မထားပဲ ခရီးသွား ပြည်သူတွေ အဆင်ပြေအောင် ဘယ်လို ဖော်ဆောင်ကြမလဲ ဆိုတာ ထည့်သွင်းစဉ်းစား ပေးကြ စေလိုပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတိုင်းရဲ့ (ဘယ်နိုင်ငံရေး စနစ်ကိုပဲ ကျင့်သုံးသည်ဖြစ်စေ၊) မြို့ပြ သယ်ယူ ပို့ဆောင်ရေး စနစ်ကို လေ့လာကြည့်ရင် ခရီးသွားပြည်သူတွေ သက်သောင့်သက်သာနဲ့ လိုရာခရီးကို အချိန်တို အတွင်း ဈေးသက်သက် သာသာနဲ့ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးပဲဖြစ်တယ် ဆိုတာ မမေ့ဖို့ လိုပါတယ်။

အများပြည်သူ သယ်ဆောင်ရေးကနေ အမြတ်အစွန်းရအောင် ရှာဖွေရေးကို ဦးတည် မထားပါဘူး။ တချို့ နိုင်ငံတွေဆို မြို့ပြ သယ်ယူပို့ဆောင်ရေး လုပ်ကြရာမှာ ခရီးသွားတွေ အဆင်ပြေရေး ဦးတည်လွန်းတော့ အရှုံးခံ ပြေးဆွဲပေးကြ တာတွေတောင် ရှိပါတယ်။ ပြည်သူတွေ သက်သာချောင်ချိရေး အတွက် လိုအပ်ရင် အစိုးရတွေက အမြတ်အစွန်း အဓိက မထားဘဲ ပြေးဆွဲပေးဖို့ တာဝန်ရှိပါတယ်။

အခုလက်ရှိ ပြေးဆွဲနေတဲ့ YBS စနစ်မှာ လိုအပ်ချက်တွေ များစွာ ရှိနေသေးပြီး ပိုကောင်းတဲ့ သယ်ယူ ပို့ဆောင်ရေး စနစ်ဖြစ်ဖို့ ဝိုင်းဝန်းကြံဆောင်ရမှာ ဖြစ်ပါတယ်။ YBS စနစ် မကောင်းဘူးလို့ ပြောနေတာဟာ မထသ စနစ်ကို ပြန်လည် ဦးတည်ဖို့ တမ်းတနေတာ မဟုတ်ဘူးဆိုတာ သက်ဆိုင်သူ အားလုံး သတိချပ်ဖို့လိုပါတယ်။ YBS ထင်သလောက်မပေါက်တာ နိုင်ငံရေးပယောဂလို့ဆိုရင် အများပြည်သူဝန်ဆောင်မှု စိတ်ထားရှိသူတိုင်းက ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ကျော်လွှားနိုင်ကြပါစေလို့ မေတ္တာရှေ့ထား ဆော်ဩလိုက်ပါတယ်။

Your Thoughts …
Tags: YBS
သန်းနိုင်ဦး

သန်းနိုင်ဦး

Contributor

Similar Picks:

ရန်ကုန် လေဆိပ်မှ မြို့တွင်းသို့ ပြေးဆွဲနေသော YBS ယာဉ်တစီးကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ YBS ယာဉ်လိုင်းသစ် ပြေးဆွဲမည်

by အောင်သီဟ
17 May 2019
18.9k

ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ ယာဉ်စီးခ ၁ ထောင်ကျပ် ကျသင့်မည့် YBS လိုင်းသစ် ပြေးဆွဲမည် ဖြစ်ကြောင်း

ယခုနှစ် ဇွန်လ အတွင်းက ရန်ကုန်မြို့ပေါ်တွင် တွေ့ရသည့် YBS ကားများ  / ထက်ဝေ / ဧရာဝတီ

YBS မထသ စနစ်ဆိုးထံ ပြန်လှည့်နေသလား

by အောင်သီဟ
8 June 2020
28.8k

အမှု အများစုသည် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအတွက် ထူထောင်ထားသော အများပိုင် ကုမ္ပ ဏီများ၏ ထိန်းချုပ်မှုအောက် အပြည့်အဝ မရှိသော တဦးတည်းပိုင် ပုဂ္ဂလိက (အုံနာစနစ်)ဖြင့် ပြေးဆွဲနေ သော YBS ယာဉ်များ ဖြစ်သည်။

စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေး ဦးကျော်နေဝင်း  / ဧရာဝတီ

ဦးနေဝင်း မိသားစု နှင့် စစ်တပ်ပိုင်ကုမ္ပဏီတို့ လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲရန် စီစဉ်

by ဧရာဝတီ
29 January 2023
4.9k

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ မြေးတော်စပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်နေဝင်းပိုင် Omni Focus ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတို့က ရန်ကုန်မြို့တွင်း၌ လျှပ်စစ်ဘတ်စ်ကား (EV) များ ပြေးဆွဲရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။

Asia Starmar Transport Intelligent ကုမ္ပဏီမှ မားကတ်တင်း အမှုဆောင်အရာရှိချုပ် (Chief Marketing Officer- CMO) ဒေါ်ရီရီခင် / ဧရာဝတီ

ဒီဇင်ဘာမှ ခရီးသည်တွေ YPS ကတ် သုံးလို့ ရအောင် စီစဉ်ထားတယ်

by မျိုးပပစန်း
11 October 2019
11k

ယာဉ်လိုင်းများနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို Asia Starmar Transport Intelligent ကုမ္ပဏီမှ မားကတ်တင်း အမှုဆောင်အရာရှိချုပ် (Chief Marketing Officer- CMO) ဒေါ်ရီရီခင်ကို ဧရာဝတီသတင်းထောက် မျိုးပပစန်းက တွေ့ဆုံမေးမြန်းထားသည်။

၂၀၂၀ ပြည့်နှစ်အတွင်းက ရန်ကုန်မြို့အတွင်း၌ YBS ယာဉ်များ ပြေးဆွဲနေမှုများ / ဧရာဝတီ

စစ်ကောင်စီက YRTA ကို YPTC အဖြစ် ဖွဲ့စည်းပြီးနောက် ခရီးသည်များ ခက်ခဲမှုများ ပိုဖြစ်လာ

by ဧရာဝတီ
20 May 2021
33.5k

ကားစီးရတာက အဆင်မပြေဘူး။ အဲယားကွန်းလည်း မဖွင့်တော့ဘူး။ အရင်ကဆိုရင် ဘတ်စ်ကားခကို ပုံးထဲ ထည့်ရပေမယ့် အခုတော့ ဒရိုင်ဘာကို ပဲပေးရတယ်။ ကားပေါ်က ဆင်းရင်လည်း ကားအနောက်ဘက်က တံခါးကို မဖွင့် ပေးဘူး။ အရှေ့က ပြန်ဆင်းခိုင်းတာတွေလည်း ရှိတယ်

ဒီဇိုင်း- ကျော်မျိုးထိုက်/ဧရာဝတီ

ခရမ်းပြာ ဝေဒနာ၊ YBS ညည်းချင်း

by မောင်ကေ
29 April 2017
35.9k

ကွီးလို့အများခေါ်ကြတဲ့ ရွှေကိုယ်တော် ဝန်ကြီးချုပ်ရဲ့မဟာစီမံကိန်း ဝိုင်ဘီအက်စနစ်ကို ရန်ကုန်မြို့နေ သဟာ ဆွေ (MPTဆွေသဟာနဲ့ဘာမျှ မဆိုင်) တို့ မေးခွန်းထုတ်နေချိန် ရွှေကိုယ်တော် ခွင့်တော်တင်ပြီး နှုတ်တော်ဆွံ့နေလို့ပဲ ဖြစ် ပါတယ်။

Next Post
ဘီလူးချောင်း အမှတ် ၃ ရေအားလျှပ်စစ်စက်ရုံ  / The Global New Light of Myanmar

JICA က မြန်မာ့ရေအားလျှပ်စစ် ထုတ်လုပ်ရေး အဆင့်မြှင့်ရန် ငွေချေးမည်

၂၀၁၆ ခုနှစ် ဇူလိုင်လ အတွင်းက မိုင်ဂျာယန် ညီလာခံတွင် တွေ့ရသော မစ္စတာ ဆွန်ကော့ရှန် / သော်ဟိန်းထက်  / ဧရာဝတီ

ရခိုင်အရေး တရုတ်ပါဝင်မှု လက်မခံဟု သမ္မတရုံးပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved