• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်ကောင်စီကို ဘယ်အဖွဲ့တွေ တိုက်ပြီး ဘယ်အဖွဲ့တွေ မတိုက်ဘူးလဲ

by David Scott Mathieson
5 April 2021
in သူ့အတွေး သူ့အမြင်
A A
တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) စစ်သားများ / ဧရာဝတီ

တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) စစ်သားများ / ဧရာဝတီ

69k
VIEWS
Share on FacebookShare on Twitter

ယခုအခါတွင် စစ်အုပ်စုက တဖက် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းအားလုံးနှင့် လူမျိုးစုအားလုံးတို့ကတဖက် တိုက်နေကြောင်း ယခင်ကထက် ပိုမိုထင်ရှားလာသော ဘက်ပေါင်းစုံတိုက်နေသည့် မြန်မာ့ပြည်တွင်းစစ်သည် ၎င်း၏ သွေးထွက်သံယို အများဆုံးနေ့ကို မတ်လ ၂၇ ရက် တပ်မတော်နေ့က မြင်တွေ့ခဲ့ရသည်။

ထိုစိတ်ပျက်စရာပွဲတွင် မှတ်သားစရာကောင်းလောက်အောင် ပျောက်ကွယ်နေသူများမှာ စစ်ကောင်စီသစ် (SAC) လူသတ်အုပ်ချုပ်ရေးနှင့် ထိုအခမ်းအနားကို သပိတ်မှောက်ပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တင်းမာသော ကြေညာချက်များထုတ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) များမှ ထိပ်တန်းခေါင်းဆောင်များ ဖြစ်ကြသည်။

ယခုအခါ လူအများအပြားက EAO များကို စစ်ကောင်စီအား တိုက်ခိုက်မှု အရှိန်အဟုန်မြှင့်တင်ရန်၊ အာဏာသိမ်းမှု ဆန့်ကျင်သည့် မြို့ပြမှ လက်နက်မဲ့ဆန္ဒပြသူများအပေါ် ဖိအားကို လျှော့ချပေးရန်နှင့် သွေးစည်းချစ်ကြည်မှုကို ပြသရန် တောင်းဆိုကြသည်။

သို့သော် EAO တို့၏ တုံ့ပြန်မှုသည် ရောထွေး ပြတ်သားခြင်း မရှိဘဲ ကျယ်ပြန့်သော ပုံစံ ၃ မျိုးပါဝင်နေသည်။ ပြောလည်းပြော တိုက်လည်းတိုက်သော အဖွဲ့များ၊ ပြောပြီး နည်းနည်းပါးပါးတိုက်သော အဖွဲ့များနှင့် ဝစီပိတ်ပြီး ဘာမှလည်း မလုပ်သော အဖွဲ့များ ဟူ၍ဖြစ်သည်။

စစ်အာဏာသိမ်းမှုအပြီး ၂ လကြာသောအခါ စစ်တပ်သည် ပြည်သူ့ရန်သူ နံပတ်တစ်ဖြစ်ကြောင်း နှစ်ပေါင်းများစွာ ကြွေးကြော်ခဲ့သည့် လက်နက်ကိုင်အဖွဲ့များ မည်သည့်နေရာရောက်ကုန်သနည်း၊ စစ်အုပ်စုအတွက် ထိခိုက်လွယ်မည့်အချိန်ဖြစ်ကြောင်း ထင်ရှားနေချိန်တွင် မည်သည့်အတွက် တက်ညီလက်ညီ မလှုပ်ရှားကြသနည်းဟု လူအများအပြားက သိချင်လာကြသည်။

စစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်သည့်အဖွဲ့မှာ ၁၉၄၇ ခုနှစ်တွင် စတင်တည်ထောင်ပြီး အစိုးရကို ၁၉၄၉ ခုနှစ်တွင် လက်နက်ကိုင်တော်လှန်ရေး စတင်သည့် ဝါရင့်သမ္ဘာရင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဖြစ်သည်။

တော်လှန်ရေးနေ့ မတိုင်မီတရက်တွင် ဥက္ကဌ မူတူးဆေးဖေါလက်မှတ်ရေးထိုးထားသည့် KNU ကြေညာချက်တစောင်တွင် ဆန္ဒပြသူများအား အကြမ်းဖက်မှု ရပ်စဲရေး၊ နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရေး၊ ချက်ခြင်းအပစ်အခတ်ရပ်ရေးနှင့် ယခုအခါ အသက်ဝိဉာဉ် ကင်းမဲ့သွားပြီဖြစ်သော ၂၀၁၅ ခုနှစ်တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရေး၊ နှစ် ၇၀ ကျော်ကြာပြီဖြစ်သော ပြည်တွင်း ပဋိပက္ခ၏ အဓိကအကြောင်းရင်းကို တွေ့ဆုံညှိနှိုင်းအဖြေရှာရေးနှင့် အရေးအကြီးဆုံးဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်နှင့်ပတ်သက်သည့် စစ်အုပ်စု၏ ကတိကဝတ်ကို လူသိရှင်ကြားကြေညာရေးနှင့် န်ိုင်ငံရေးတွင် တက်ကြွစွာပါဝင်ခြင်းမှ နောက်ဆုတ်ရေး စသည့် ကျယ်ပြန့်သော တောင်းဆိုချက် ၈ ချက်ပါဝင်သည်။

KNU ၏ ကြေညာချက်သည် ပဲ့တင်ထပ်သွားသည်။ မတ်လ ၂၆ ရက်နေ့ ကုန်ဆုံးသောအခါ ထိုကြေညာချက်ကို ဒီမိုကရက်တစ်မြန်မာ့အသံက တင်ပြသောသတင်းအား ဖေ့ဘွတ်တွင် လူပေါင်း ၁၃၇၀၀၀ ကျော် ကြည့်ပြီး အကြိမ် ၃၀၀၀၀ ကျော်မျှဝေသည်။ လွတ်လပ်သောအာရှအသံ မြန်မာပိုင်း၏ ထိုသတင်းကို ဖေ့ဘွတ်တွင် လူပေါင်း ၁၂၁၀၀၀ ကျော်ကြည့်ပြီး မျှဝေမှု အကြိမ် ၁၇၀၀၀ ကျော်ရှိသည်။

ပို၍ထူးခြားသည်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သည် သံလွင်မြစ်အနီးရှိ စစ်တပ်၏ အဓိကစခန်းတခုကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သား ၁၀ ယောက်သေဆုံးစေကာ အဆင့်မြင့်အရာရှိ တဦးအပါအဝင် အများအပြားကို သုံ့ပန်းအဖြစ် ဖမ်းမိခြင်းဖြစ်သည်။ ထိုဖြစ်ရပ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်းအတွက် အခါကြီးရက်ကြီးတွင် အကြီးအကျယ် အထိနာစေသည့် သင်္ကေတဆန်သော ဖြစ်ရပ်ဖြစ်သည်။

စစ်ကောင်စီ၏ နောက်တနေ့ထုတ် ဝါဒဖြန့်ချိရေး သတင်းအချက်အလက် စာရွက်က ထိုတိုက်ခိုက်မှုအတွက် KNLA ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီးဘောကျော်ဟဲ ကျည်းမြောင်းသော လူမျိုးစု အမျိုးသားရေး ဝါဒကို အပြစ်တင်သည်။ သို့သော် ထိုတိုက်ခိုက်မှုသည် ၃ နှစ်နီးပါးမျှ စစ်အုပ်စုက ထိုဒေသတွင်း နယ်ပယ်ချဲ့ထွင်ပြီး အရပ်သားများကို စနစ်တကျ တိုက်ခိုက်မှုများအပြီးတွင် ဖြစ်သော တိုက်ပွဲဖြစ်သည်။

စစ်အုပ်စု၏ လက်စားချေမှုသည် မြန်ဆန်လွန်းလှသည်။ ထိုညတွင်ပင် ဖာပွန်မြို့နယ် ဒေးဘူးနိုရှိ တပ်မဟာ (၅) ဌာနချုပ်ကို လေကြောင်းမှ တိုက်ခိုက်သောကြောင့် ထိခိုက်သေဆုံးမှု အများအပြားရှိသည်။

ထိုလေကြောင်းတိုက်ခိုက်မှုသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ပဋိပက္ခဇုန်တွင် ရှားပါးသော ဖြစ်ရပ် ဖြစ်ရုံမျှသာမက နှိုင်းယှဉ်ချက်အားဖြင့်လည်း တိကျသောကြောင့် တုန်လှုပ်ဖွယ်ဖြစ်သည်။ ဂျက်လေယာဉ်နှစ်စင်းသည် ဗုံး ၉ လုံးကြဲချပြီး ထိုနေရာကို လေယာဉ်ပေါ်မှ အမြောက်ဖြင့် ပစ်သောကြောင့် အရပ်သား ၃ ဦးသေပြီး ၇ ဦးဒဏ်ရာရကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ကပြောသည်။

လေကြောင်းတိုက်ခိုက်မှုများကို နောက်နှစ်ရက် ဆက်လုပ်ပြီး အခြေကျနေပြီးဖြစ်သော အီးတူးထ စစ်ဘေးရှောင်စခန်းမှ အရပ်သားများအပါအဝင် အရပ်သား ခန့်မှန်းခြေ ၂၀၀၀ ကျော် ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးစေခဲ့သော်လည်း ထိုင်းစစ်တပ်က ပြန်လည်မောင်းထုတ်သည်နှင့် ကြုံရသည်။

ခန့်မှန်းခြေ အရပ်သား ၁ သောင်းခန့်သည် ထိုဒေသတွင် နေရပ်စွန့်ခွာရပြီးဖြစ်သည်။ ထိုတိုက်ခိုက်မှုသည် ကရင်ပြည်နယ်မှ ကရင်တိုင်းရင်းသားများအပေါ် တိုးပွားလာသော တိုက်ခိုက်မှုနှင့် ကာလကြာမြင့်စွာကပင် စီမံကိန်းချထားသည့် ထိုင်းနိုင်ငံနှင့် ဆက်သွယ်သည့် လမ်းအတွက် အာမခံချက်ရှိစေရန် တပ်အင်အားတည်ဆောက်မှုအပြီး ပေါ်ပေါက်လာသော တိုက်ခိုက်မှုဖြစ်သည်။

မြောက်ပိုင်းတွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သည် ကချင်ပြည်နယ်တခုလုံးနှင့် ရှမ်းပြည် မြောက်ပိုင်းမှ အဓိကကျသည် စစ်အုပ်စုစခန်းများကို ၂၀၁၃ ခုနှစ်နောက်ပိုင်း မကြုံဘူးသော ပြင်းထန်မှုဖြင့် တိုးချဲ့တိုက်သည်။

KIA သည် ၎င်းတို့တပ်များကို တိုက်ခိုက်ရာတွင်သုံးသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ထားရှိသည့် စစ်ကောင်စီစခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်သည်။ မတ်လ ၂၅ ရက်နေ့တွင် KIA သည် ၎င်းတို့ဌာနချုပ် လိုင်ဇာအနီး အလော်ဘွမ်းရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်သည်။ ထိုစခန်းကို စစ်ကောင်စီတပ်လက်သို့ ကျခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်သည်။ မတ်လ ၂၈ ရက်နေ့တွင် KIA တပ်များသည် ဖားကန့်ရှိ ရဲစခန်းများကို တိုက်ရာ ရဲ ၂၀ ကျော်သေသည်။

စစ်တပ်က အရပ်သားများကို ဆက်လက်တိုက်ခိုက်ပါက မြို့ပေါ်တွင် လက်စားချေမည်ဟု KIA ကခြိမ်းခြောက်ထားသည်။ မြစ်ကြီးနား၊ မိုးညှင်းနှင့် ဖါးကန့်မှ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှုများတွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာတနိုင်ငံလုံးတွင် တွေ့ရသည့်အတိုင်း အပြင်းအထန် အကြမ်းဖက်သောကြောင့် လူအများအပြား သေဆုံးပြီး အများအပြား ဒဏ်ရာရသည်။

ထိုအခြေအနေကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ကချင်ပြည်နယ်မှ စစ်ဘေးရှောင် ခန့်မှန်းခြေ ၉၅၀၀၀ တို့၏ ရပ်ရွာအသိုက်အဝန်းခေါင်းဆောင်များက လေကြောင်းကာကွယ်ရေး ကတုတ်ကျင်းများတူးရန် ဒေသခံများကို ညွှန်ကြားရသည်။ ပဋိပက္ခ ပိုမိုပြင်းထန်လာမည်ဟု မျှော်လင့်ထားသောကြောင့်ဖြစ်သည်။

သို့သော် အခြားလက်နက်ကိုင်များ မည်သည့်နေရာ ရောက်နေသနည်း။

NCA ကို လက်မှတ်ရေးထိုးသည့် အသေးငယ်ဆုံးအဖွဲ့များအနက် ၂ ခုဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး/ကရင်လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) ( KNU/KNLA-P C ) (၂၀၀၇ ခုနှစ်က KNU ခွဲထွက်အဖွဲ့ငယ်) နှင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) တို့က တော်လှန်ရေးနေ့ အခမ်းအနား တက်ရောက်သည်။ ALP သည် ပိုမိုလူထုထောက်ခံမှုရပြီး ပိုမိုတိုက်ခိုက်နိုင်သည့် ရက္ခိုင့်တပ်တော် (AA) နှင့် ယှဉ်လျှင် မပြောပလောက်သော အဖွဲ့ဖြစ်သည်။ ကျန် NCA လက်မှတ်ရေးထိုးထားသူအားလုံး နှုတ်ဆိတ်နေကြသည်။

“အပြောသက်သက် လက်ဗလာ” အမျိုးအစားသည် NCA လက်မှတ်ရေးထိုးသူများတွင် အကြီးမားဆုံးအဖွဲ့များအနက်တခုဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏အကြိုက် နည်းလမ်းဖြစ်သည်။ RCSS ဥက္ကဌ ဗ်ိုလ်ချုပ်ကြီး ရွက်ဆစ်သည် ကြေညာချက်ဆန်ဆန် ဆုံးဖြတ်ချက် တခု ပြသလာပြီး မတ်လ ၂၇ ရက်နေ့တွင် အနောက်တိုင်းသတင်းဌာနများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကာ သူ့ဂုဏ်ကိုသူ ပိုမိုတောက်ပြောင်လာအောင် လုပ်သည်။

တွေ့ဆုံမေးမြန်းခန်တခုတွင် ထို ဝါရင့် တိုင်းရင်းသားခေါင်းဆောင်ကြီးက “စစ်တပ်က ဆန္ဒပြသူတွေကို ဆက်ပစ်ပြီး အနိုင်ကျင့်နေရင်တော့ တိုင်းရင်းသားအုပ်စုအားလုံးက ဘာမှမလုပ်ပဲ လက်ပိုက်ကြည့်နေမယ်လို့ကျနော်မထင်ဘူး။ အခုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာ ဘုံ ရန်သူဆိုတာ ရှိသွားပြီ။ အားလုံးလက်တွဲပြီးတော့ ပြည်သူတွေကို ဒုက္ခပေးနေသူတွေကို ပြန်ဒုက္ခပေးဖို့ပဲ လိုတယ်။ ကျနော်တို့ လက်တွဲဖို့လိုတယ်” ဟုပြောသည်။

ထိုကဲ့သို့သော ပြောဆိုချက်များသည် လွန်ခဲ့သော နှစ်လတာ ကာလအတွင်း RCSS ၏ အာခံသော ကြေညာချက်များနှင့် ကိုက်ညီသော ပြောဆိုချက်များဖြစ်သော်လည်း ၎င်းတို့သည် စကားများသက်သက်သာ ဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် RCSS သည် စစ်တပ်ကို မည်သည့်ထူးခြားသည့် စစ်ရေးတိုက်ခိုက်မှုမျှ မလုပ်ခဲ့ဘဲ ဖြစ်နေကြအတိုင်း အပြန်အလှန် ပစ်ခတ်မှုများသာရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လက်တွေ့တွင် RCSS နှင့် ၎င်းနှင့်ပြိုင်ဖက် EAO များဖြစ်သော တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကဲ့သို့သော အဖွဲ့များအကြားတွင်သာ တိုက်ပွဲဖြစ်နေသည်။ TNLA က RCSS စစ်သား ၁၈ ဦးကို ဖေဖေါ်ဝါရီလအတွင်း သတ်ဖြတ်ခဲ့သည်ဟု သတင်းများကဆိုသည်။

၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးပြီးနောက် RCSS သည် ရှမ်းပြည်မြောက်ပိုင်းတွင် အပြင်းအထန် နယ်ပယ်ချဲ့ထွင်သောကြောင့် တအောင်းများ၊ ရှမ်းများ၊ ကချင်တပ်များနှင့် ပတ်ပတ်လည်လည် တိုက်ခိုက်နေရသည်။ RCSS သည် ထိုသို့သော နယ်ပယ်ချဲ့ထွင်မှုကို မြန်မာစစ်တပ် အကူအညီဖြင့် လုပ်ဆောင်သည်ဟု သံသယရှိကြသည်။

အခြား EAO များနှင့် လက်တွဲရန် အသာထား ရှမ်းခေါင်းဆောင် ရွက်ဆစ်သည် အခြားပြိုင်ဖက်များကို စတေးကာ ပိုမိုကြီးမားသည် နယ်မြေနှင့် သယံဇာတ ထိန်းချုပ်မှုရရန် ကြိုးစားနေသည်။ RCSS က စစ်တပ်ကို KNU နှင့် KIA တို့ တိုက်သလို တိုက်သောအခါမှသာ ထိုဉာဏ်များသော စစ်ဘုရင်၏ စကားကို ယုံနိုင်မည်ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် မည်သည့်ဘက်က အခြေအနေကောင်းသည်ကို စောင့်ကြည့်နေခြင်း ပိုဖြစ်နိုင်ပြီး ထို့နောက်တွင် ၎င်းတို့နှင့် အပေးအယူလုပ်ရန် ဖြစ်သည်။

လုံး၀ ဝစီပိတ်ကျင့်သော EAO များတွင် တရုတ်နိုင်ငံ၏ အခိုင်အမာ ကြိုးဆွဲခံနေရသော နိုင်ငံမှအကြီးမားဆုံး လက်နက်ကိုင်အုပ်စုဖြစ်သည် ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ပါဝင်ပြီး ယခု ပဋိပက္ခတွင် မည်သည့်အခန်းကမျှ ပါဝင်မည့် လက္ခဏာမရှိပေ။ အခြား EAO များကို တရုတ်မှ အများအားဖြင့် ဝယ်ယူထားသောလက်နက်များ ထောက်ပံ့ခြင်းသည်သာ UWSA ၏ အရေးပါသော အခန်းကဏ္ဍဖြစ်သည်။

ထူးထူးခြားခြား တိတ်ဆိတ်နေသူများတွင် ရက္ခိုင့်တပ်တော်လည်း ပါသည်။ စစ်အာဏာသိမ်းမှုကို ရခိုင်လူမှုအခြေပြုအဖွဲ့အစည်းများနှင့် အချို့ဒေသခံနိုင်ငံရေးပါတီများ ၏ သိသိသာသာဆန့်ကျင်မှုမြင့်မားနေသော်လည်း AA သည် စစ်အာဏာသိမ်းမှုကို မနေ့တနေ့ကမှ ထ ဆန့်ကျင်သည်။

ရိုက်တာသတင်းဌာနက AA ပြောခွင့်ရသူ ခိုင်သုခကို ချော့မော့မေးသောအခါ သူက စာတစောင်ဖြင့် “မြန်မာတနိုင်ငံလုံးမှာ အပြစ်မဲ့တဲ့ ပြည်သူတွေပစ်သတ်ခံနေရတာ တော်တော် စိတ်မကောင်းစရာပေါ့ဗျာ။ ဖိနှိပ်မှုအောက်က လွတ်မြောက်ဖို့ အဖိနှိပ်ခံတိုင်းရင်းသား အားလုံး တစုတစည်းတည်း ဆက်လက်တိုက်ပွဲဝင် ရမှာပေါ့” ဟုပြောသည်။

သို့သော် ထိုသို့ပြောဆိုခြင်းသည် စစ်အာဏာသိမ်းမှုကို AA က ပြတ်ပြတ်သားသား ရှုတ်ချခြင်းနှင့် ဝေးလှပြီး အဓိပ္ပါယ်ကောက်လွဲမှားစေနိုင်သည့် သတင်းခေါင်းစဉ်ကလည်း “စစ်ကောင်စီကို ရှုတ်ချရာတွင် အခြားလူနည်းစု တိုင်းရင်းသားများနှင့်အတူ ပူးတွဲပါဝင်လာ” ဟု ရေးသည်။ AA ပြောနေသည့် မထိခ်ိုက်စေရေး စကားသည် ဖန်တရာတေနေသည့် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်နှင့် ပိုတူနေပြီး မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံတွင် အငြင်းပွားစရာမလိုသည့် အထိရောက်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အုပ်စုနှင့် မတူတော့ပေ။

နိုဝင်ဘာ ရွေးကောက်ပွဲပြီး ၃ လတာနှင့် အာဏာသိမ်းပြီး ၂ လတာ AA ဖက်က တိတ်ဆိတ်နေခြင်းက ၎င်းတို့သည် နိုင်ငံ၏ ပိုမိုကျယ်ပြန့်သော ဒုက္ခများကို လျစ်လျူရှုပြီး စစ်အုပ်စုထံမှ ရခိုင်ပြည်နယ်အစိတ်အပိုင်းများတွင် စည်းမျည်းခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သဘောတူညီချက်ရရန် ရည်ရွယ်နေကြောင်း ရှင်းလင်းစွာ ပြသနေသည်။

စစ်ကောင်စီက မြို့ပြ ဆန္ဒပြသူများနှင့် အခြား EAO များကို ဖြိုခွဲရန် ရင်းမြစ်အင်အား ဆိုးဆိုးရွားရွား လိုအပ်နေချိန်တွင် AA ကနှုတ်ဆိတ်ပြီး စစ်ကောင်စီဘက် ယိမ်းလိုခြင်းသည် အာဏာသိမ်းလွန်ကာလတွင် အပြင်းထန်ဆုံး နိုင်ငံရေးတွက်ကိန်းမှားသာ ဖြစ်လိမ့်မည်။

မတ်လ ၃၀ ရက်နေ့တွင် AA, TNLA နှင့် ကိုးကန့် မြန်မာအမျိုးသား ဒီမိကရက်တစ်မဟာမိတ်အဖွဲ့ (MNDAA) တို့ပါဝင်သော ညီနောင်မဟာမိတ် ၃ ဖွဲ့ သည် မှုန်ဝါးဝါးရေးသားထားသော ကြေညာချက်တစောင်ကို ထုတ်ပြန်ပြီး စစ်ကောင်စီက ပြည်သူတို့၏ တောင်းဆိုမှုများကို မဖြေရှင်းပေးလျှင် ၎င်းတို့မဟာမိတ်အဖွဲ့သည် မြန်မာ့နွေဦးတော်လှန်ရေးတွင် တိုက်ပွဲဝင်နေသော အခြားဖိနှိပ်ခံညီအကိုများနှင့်တိုင်းရင်းသားများနှင့် မိမိကိုယ်မိမိခုခံရာတွင် ထောက်ခံပူပေါင်းမည်ဟု ဆိုသည်။

အကယ်၍ ထိုအုပ်စု ၃ ခုသည် စစ်ကောင်စီကို တိုက်ခိုက်မှု အမှန်တကယ် အရှိန်မြှင့်ခဲ့လျှင် ထိုမဟာမိတ်အဖွဲ့သည် စစ်ကောင်စီ၏ တပ်များ ဖြန့်ကျက်မှုကို အကြီးအကျယ် သက်ရောက်မှုရှိစေပြီး မြို့ပြအခြေစိုက် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုနှင့် သွေးစည်းချစ်ကြည်သည့် သြဇာကြီးမားသော သတင်းစကားကိုဖြစ်မည်ဖြစ်သည်။

သို့သော် EAO မဟာမိတ်အဖွဲ့တခုကို မြို့ပြဆန္ဒပြသူများနှင့် ပူပေါင်းဆောင်ရွက်ရန် တောင်းဆိုခြင်းသည် ယခင်က စစ်တပ်က တနိုင်ငံလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အားပေးခဲ့သကဲ့သို့ စိတ်ကူးယဉ် အိပ်မက်မက်ခြင်းသာဖြစ်သည်။

ကချင်၊ ကရင်တို့၏ ခုခံမှုတွန်းလှန်မှုနှင့် နယ်ခြားဒေသတွင် ခိုလှုံရာ ရှာဖွေလာသူတို့ များပြားလာခြင်းကြောင့် ယင်းဒေသများရှိ တိုင်းရင်းသားလူမျိုးစုံများ ထမ်းပိုးလာနေရသော ဝန်ထုပ်ဝန်ပိုးတို့သည် စစ်တပ်ကြီးစိုးမှုကို တလျှောက်လုံး ဆန့်ကျင်လာသော အခြား EAOs များ၏ သံသယဖြစ်ဖွယ် မသိကျိုးကျွံပြုနေမှုအတွက် ဝေဖန်မှုဖြစ်သင့်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
219

ရှင်းရှင်လင်းလင်း ရေးသားထားပြီး ဆန္ဒသဘောထားကို (စကားနှင့် လက်တွေ့အရ) ဖေါ်ပြချက်များ လိုအပ်နေသည့် အချိန်တွင် အချို့ EAO များသည် စစ်ကောင်စီနှင့် ပြေလည်ရန် ကြိုးစားနေသည်။ ထိုသို့လုပ်ခြင်းကို ရန်သူနှင့် ပူးပေါင်းခြင်းသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်သင့်သည်။

(David Scott Mathieson သည် မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများကို လေ့လာသူ လွတ်လပ်သော သုတေသီတဦး ဖြစ်သည်။ ယခုဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။ ၎င်း၏ Asia Times ပါ The rebels who will and won’t fight Myanmar’s coup ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာစစ်တပ်က တာဝန်ခံရမည်ဟု ရှမ်းလက်နက်ကိုင်ခေါင်းဆောင်ပြော

စစ်တပ်က ရွာများကို ဗုံးကြဲ၍ ကရင်စစ်ရှောင်များ တောတောင်များတွင် တိမ်းရှောင်နေရ

အင်ဂျန်းယန်က ဒုက္ခသည် ၉၀၀ ကျော် အကူအညီလိုအပ်နေ

KNU တပ်မဟာ ၃ ဒေသဗုံးကျဲခံရမှု သေဆုံးသူ ၁၁ ဦးထိရှိလာ

ဆက်လက် အကြမ်းဖက်သတ်ဖြတ်နေပါက လူထုနှင့် ပူးပေါင်းမည်ဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

Your Thoughts …
Tags: CDMEAOsစစ်ကောင်စီတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံအာဏာသိမ်းမှု
David Scott Mathieson

David Scott Mathieson

ဒေးဗစ် စကော့ မက်သီဆန်သည် ပဋိပက္ခ၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး ပြဿနာများနှင့် ပတ်သက်သည့် လွတ်လပ်သော သုတေသီ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အနုပညာရှင်များ / MRTV

စစ်ကောင်စီမှ ဖမ်းဝရမ်း ထုတ်ထားတဲ့ အနုပညာရှင် ၆၀ ခန့် ရှိလာ

ဂျကာတာရှိ အာဆီယံ အတွင်းရေးမှူး ရုံ

မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ ဆွေးနွေးမည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved