• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KNU တပ်မဟာ ၃ ဒေသဗုံးကျဲခံရမှု သေဆုံးသူ ၁၁ ဦးထိရှိလာ

by ဧရာဝတီ
31 March 2021
in သတင်း
A A
ဗုံးကျဲခံခဲ့ရသည့် နေရာအနီးက ရွှေလုပ်ကွက်များ / Google Earth

ဗုံးကျဲခံခဲ့ရသည့် နေရာအနီးက ရွှေလုပ်ကွက်များ / Google Earth

8.9k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၃) ၏ ရွှေတူးဖော်ရေးလုပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးသူဦးရေမှာ ၁၁ ဦး ရှိသွားပြီဟု သတင်းရရှိသည်။

KNU တပ်မဟာ (၃) နယ်မြေအတွင်းရှိ ကရင်လူမှုရေးရာအဖွဲ့မှ ဦးစောအယ်စတားက “ဒီမနက် ကျနော်တို့ သွားစစ်ဆေး တော့ လေယာဉ်ပစ်တဲ့နေရာမှာ သေတာ ၁၁ ဦး ဖြစ်ပါတယ်။ လူဦးရေ တိုးသွားပါပြီ။ ဒီလို ပြည်သူတွေ ထိသွားတော့ ကျနော်တို့ စိတ်မကောင်း ဖြစ်ရတယ်။ ထိတာကလည်း မဒမချောင်း ရွှေတူးဖော်တဲ့သူတွေ ထိသွားတာပါ။ ဒဏ်ရာရ တာလည်း ၅ ဦး ရှိပါတယ်။ ဘတ်ဟိုး ၃ စီးနဲ့ ဆယ်ဘီးကား ၄ စီးလည်း မီးလောင်သွားတယ်”ဟု ပြောသည်။

RelatedPosts

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
13
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
129
မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
101

စစ်တပ်သည် မတ် ၃၀ ရက်၊ နေ့လည် ၁၂ နာရီခွဲခန့်တွင် ရွှေကျင်မြို့နယ်၊ မဒမချောင်းတလျှောက်ရှိ ရွှေတူးဖော်ရေး လုပ်ကွက်ကို ဗုံးကျဲသွားခြင်း ဖြစ်သည်။

ဗုံးကျဲတိုက်ခိုက်ခံရခြင်းကြောင့် KNU တပ်ဖွဲ့ဝင် တဦးသာ ဒဏ်ရာ ရရှိပြီး ကျန် သေဆုံးသွားသူများနှင့် ထိခိုက်ဒဏ်ရာရ သွားသူ အားလုံးမှာ ရွှေတူးဖော်ရေး ကုမ္ဗဏီမှ ဝန်ထမ်းများသာ ဖြစ်သည်ဟု ဦးစောအယ်စတားက ပြောသည်။

ဗုံးကျဲတိုက်ခိုက်မှု ပြီးသည့်နောက်တွင် မြေပြင်၌နှစ်ဖက်တပ်များကြား တိုက်ခိုက်မှု ဖြစ်ပွားခြင်း ယနေ့ထိ မရှိပါဟု KNU တပ်မဟာ (၃) မှ သိရသည်။

စစ်တပ်က KNU တပ်မဟာ (၃) နယ်မြေကို ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် ပတ်သတ်၍ သတင်းထုတ်ပြန်ချက်တစုံတရာ ထုတ်ပြန် ထားခြင်း မရှိပါ။

KNU တပ်မဟာ (၃) သည် ဖေဖော်ဝါရီကတည်းက စစ်တပ်နှင့် စစ်ရေးတင်းမာမှုများ၊ တိုက်ခိုက်မှုများ ရှိနေသည်။

မတ် ၂၂ ရက်ကလည်း စစ်တပ်၏ ရှေ့တန်းတပ်စခန်းများအတွက် ရိက္ခာသယ်ဆောင်နေသည့် ကားနှစ်စီးကို KNU တပ်မဟာ (၃) က မိုင်းခွဲတိုက်ခိုက်ထားသည်။

KNU တပ်မဟာ (၃) နယ်မြေ၊ မဒမချောင်းတလျှောက်တွင် ရွှေတူးဖော်နေသည့် လုပ်ကွက်များသည် KNU တပ်မဟာ (၇) ဌာနချုုပ်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ ရွှေဓနထွန်းလင်းသတ္တုတူးဖော်ရေး ကုမ္ဗဏီ နှင့် အစိုးရကြား အကျိုးတူ လုပ်ကိုင်နေသည့် လုပ်ကွက်များ ဖြစ်သည်။

အစိုးရ၊ စစ်တပ်၊ လွှတ်တော်နှင့် KNU ကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးပြီးနောက် ၂၀၁၇ ခုနှစ်တွင် မဒမ ချောင်းတလျှောက်၌ နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းကာ ရွှေတူးဖော်ရေး လုပ်ကိုင်ခွင့်ပေးရန် KNU တပ်မဟာ (၇) ဌာနချုပ်က လျှောက်ထားကာ လုပ်ကိုင်နေခြင်း ဖြစ်သည်။

မဒမချောင်းတလျှောက်တွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရွှေဓနထွန်းလင်းသတ္တုတူးဖော်ရေး ကုမ္ဗဏီသည် ရွှေသတ္တု ရှာဖွေရေး လုပ်ကိုင်သည့် အပြင် ချောင်းအတွင်းမှ သဲ၊ ကျောက်များလည်း တူးဖော်ရေး လုပ်ကိုင်သည်။

ရွှေဓနထွန်းလင်းသတ္တုတူးဖော်ရေး ကုမ္ဗဏီသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်သည့် ကုမ္ဗဏီဖြစ်ကာ မဒမချောင်း တလျှောက် ရွှေသတ္တုရှာဖွေရာတွင် တရုတ်နိုင်ငံသားများကိုပါ ငှားရမ်း လုပ်ကိုင်နေပြီး ၎င်း၏ ကုမ္ဗဏီ သက်တမ်းမှာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာအထိ ဖြစ်သည်။

You may also like these stories:

KNU ရွှေတူးဖော်ရေးလုပ်ကွက်ကို စစ်တပ်ဗုံးကျဲ၊ အရပ်သား ၇ ဦး သေဆုံး

Your Thoughts …
Tags: KNU/KNLAတပ်မဟာ ၃ဗုံးကျဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တပ်မတမရဲ့စစ်ထွက်အင်အားနှင့် တပ်ရင်တရင်းရဲ့စစ်ထွက်အင်အားမှာ ၁၉၈၈ ခုနှစ်ကနဲ့နှိုင်းယှဉ်လျှင် ၇၀ ရာခိုင်နှုန်းခန့် လျှော့နည်းသွားခဲ့ပြီ / ဧရာဝတီ

ကရင်စစ်ပွဲများက ထွက်ပေါ်လာတဲ့ ဘန်းစကားများ

by ပေါ်ထွန်း
25 December 2021
12.7k

တကယ်လို့ကရင်တပြည်နယ်လုံးထိ စစ်မီးပျံ့နှံ့ခဲ့ပါက လက်ဖက်ရည် ဆိုင်များတွင် သို့မဟုတ် မြန်မာလူထုကြားတွင် ဘယ်လိုဘန်းစကားမျိုး ပေါ်လာဦးမည်နည်း

ဗိုလ်ချုပ်ကြီး စောထိန်မောင် ၏ မှတ်တမ်းဓာတ်ပုံများ / KNU / KNLA-PC

ကရင့် တော်လှန်ရေး ခရီးကြမ်းထဲ က ဗိုလ်ထိန်မောင်

by ဇင်လင်းထက်
4 May 2020
24.4k

ဗိုလ်ချုပ်ကြီး စောထိန်မောင်သည် ကွယ်လွန်သွားသော KNU ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး စောဘိုမြနှင့်လည်း မယားညီအကို ဖြစ်သည်။

ဗုံးကျဲခံခဲ့ရသည့် နေရာအနီးက ရွှေလုပ်ကွက်များ / Google Earth

KNU ရွှေတူးဖော်ရေးလုပ်ကွက်ကို စစ်တပ်ဗုံးကျဲ၊ အရပ်သား ၇ ဦး သေဆုံး

by ဧရာဝတီ
30 March 2021
34.2k

ယနေ့၊ နေ့လည် ၁၂ နာရီခွဲခန့်တွင် စစ်တပ်၏ တိုက်လေယာဉ်တစီးက ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု KNU တပ်မဟာ (၃)က ဧရာဝတီကို အတည်ပြု အတည်ပြုပြောဆိုသည်။

KIA ထိန်းချုပ်နယ်မြေတနေရာ  / ဧရာဝတီ

KIA ၏ တပ်ရင်း-၆ ကို တပ်မတော်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ဟုဆို

by ချစ်မင်းထွန်း
14 May 2018
45k

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း-၆ ကို တပ်မတော်က ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ၃ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက် သည်ဟု KIA...

KNU တပ်မဟာ ၇ နယ်မြေ အတွင်းတွေ့ရသော KNLA တပ်ဖွဲ့ဝင်တဦး / ကျော်ခ / ဧရာဝတီ

KNU/KNLA ၏ တပ်မဟာ ၄ ခုတွင် တပ်မတော်နှင့် စစ်ရေးတင်းမာမှုဖြစ်ပွားနေ

by ချစ်မင်းထွန်း
28 April 2018
33.3k

တပ်မဟာ ၄ ခုနေရာတွင် တပ်မတော်က စစ်အင်အားများ တိုးချနေသဖြင့် နှစ်ဘက်တပ်များ အကြား စစ်ရေးတင်းမာမှုဖြစ်ပွားနေပြီး တပ်မဟာတချို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း

Next Post
ဘတ်ဂျက်ကို နဂိုမူလလျာထားသည့်အတိုင်း အကောင်အထည်ဖေါ်ရန် စစ်ကောင်စီ၌ အင်အားမရှိ/ဧရာဝတီ

စစ်ကောင်စီက နိုင်ငံ့စီးပွားကို ဖျက်ဆီးလိုက်သည်

ဂျပန်နိုင်ငံခြားရေး ဝန်ကြီး

ဂျပန်က မြန်မာကို အကူအညီပေးရေးအစီအစဉ်များ ‌ရပ်ဆိုင်း

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate