၁၉၉၅ ခုနှစ်ဝန်းကျင်က တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်သည့်မြို့ကြီးတချို့မှာရှိသော လက်ဖက်ရည်ဆိုင်များတွင် မဲသဝေါဆိုသည့် လက်ဖက်ရည်အမျိုးအစား ရှိခဲ့ပါသည်။ လက်ဖက်ရည်လာရောက်သောက်သုံးသူများက မဲသ ဝေါတခွက်ဟု မှာလိုက်ပါက စားပွဲထိုးများနှင့် အဖျော်ဆရာက သိသည်။ လက်ဖက်ရည်ကို ခပ်ကျကျသောက်ချင်တဲ့သူများက မှာယူကြခြင်းဖြစ်ပါသည်။
၁၉၉၅ ခုနှစ်ဝန်းကျင်က ကရင်ပြည်နယ်အတွင်း တပ်မတော်နဲ့KNU/KNLA တပ်ဖွဲ့တွေကြားဖြစ်ပွါးသော တိုက်ပွဲများတွင် တပ်မတော်ဖက်က အကျအဆုံးများခဲ့သည်။ ထိုကဲ့သို့စစ်သားများအကျအဆုံးများသည်ကို ရည်ညွန်းကာ လက်ဖက်ရည် ခပ်ကျကျသောက်ချင်သူများက မဲသဝေါ လို့ပြောဆိုမှာယူကြခြင်းဖြစ်ပါသည်။
“ အခုနေ အသက် ၆၀ ဝန်းကျင်က စစ်မှူထမ်းဟောင်းတွေ ဆိုသိပါတယ်။ မုဆိုးမဖြစ်သွားတဲ့သူ ခြေပြတ် လက်ပြန်ဖြစ်သွားတဲ့ စစ်သည်အများစုက KNU နဲ့တိုက်တဲ့ပွဲတွေမှာဖြစ်တာ” ဟုအငြိမ်းစားတပ်မတော် အရာရှိတဦးက ဆိုပါသည်။ ထိုအပြင် ဖာပွန်ရောက်သွားပြီဆိုသည့် စကားကလည်း အဲဒီခေတ်က ခေတ်စားခဲ့တဲ့ဗန်းစကားတခုဟု သူကဆိုသည်။
“ တယောက်ယောက်သေသွားပြီဆိုရင် ဘယ်သူတော့ ဖာပွန်ရောက်သွားပြီလို့ပြောကြတာ။ တမလွန်ရောက်သွားပြီဆိုတဲ့သဘောပေါ့။ ဖာပွန်မှာ စစ်ဆင်ရေးဝင်ရတဲ့တပ်တွေက အကျအဆုံးများလွန်းလို့လေ” ဟုလဲ တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူတဦးက ပြန်ပြောပြပါသည်။
“ တယောက်ယောက်သေသွားပြီဆိုရင် ဘယ်သူတော့ ဖာပွန်ရောက်သွားပြီလို့ပြောကြတာ။ တမလွန်ရောက်သွားပြီဆိုတဲ့သဘောပေါ့။ ဖာပွန်မှာ စစ်ဆင်ရေးဝင်ရတဲ့တပ်တွေက အကျအဆုံးများလွန်းလို့လေ” ဟုလဲ တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူတဦးက ပြန်ပြောပြပါသည်။
မြန်မာစစ်တပ်အနေနဲ့ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးနှစ်ကြိမ်လုပ်ခဲ့ပြီး အထိအခိုက် အကျအဆုံးများခဲ့သလို KNU/KNLA ၏ မဲသဝေါ အပါအဝင် အရေးပါသော စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ အဲဒီလို သိမ်းပိုက်နိုင်ခဲ့သော်လည်း မြန်မာစစ်တပ်ဖက်က အထိအခိုက် များခဲ့ပါသည်။
မြန်မာစစ်တပ်အနေနဲ့ကရင်ပြည်နယ်အတွင်း ၁၉၈၈ ခုနှစ်နှင့် ၁၉၉၅ ခုစ်များတွင်စစ်ဆင် ရေးကြီး နှစ်ကြိမ် ပြုလုပ်ခဲ့ပါသည်။အဲဒီစစ်ဆင်ရေးကြီးတွေ လုပ်တဲ့အခါ တိုက်ခိုက်ရေးတပ်မ ၈ မ ထိ သုံးခဲ့ရပါသည်။ တိုက်ခိုက်ရေး တပ်မတမတွင် တပ်ရင်းပေါင်း ၁၀ ရင်းရှိပါသည်။ အဲဒီတပ်ရင်း ၁၀ ရင်းထဲကမှာ စစ်ဆင်ရေးတခုလျှင် တပ်ရင်း ၇ ရင်းဖြင့် စစ်ထွက်ခဲ့ရသည်။ အဲဒီခေတ်အခါက တပ်ရင်းတရင်းတွင် စစ်သည်အင်အား ၇၀၀ ကျော်ရှိပြီးရှေ့တန်း ထွက်သည့် အင်အားမှာ ၅၀၀ ဝန်းကျင်ထိ အနည်းဆုံးရှိခဲ့ပါသည်။
စစ်ဆင်ရေးဝင်သည့် တပ်မတမလျှင် စစ်သည်အင်အား ၃၅၀၀ ခန့်ရှိပြီး တပ်မ ၈ မဖြင့် စစ်ဆင်ရေး လုပ်သည့်အတွက် ကရင်ပြည်နယ်ကို တိုက်ဖို့စစ်သည်အင်အား ၂သောင်းခွဲကျော်ဖြင့် တိုက်ခိုက်ခဲ့ရသည်။
ကရင်ပြည်နယ်ကို ၁၉၈၈ ခုနှစ် စစ်ဆင်ရေးလုပ်သည့်အချိန်က စစ်ဆင်ရေးကို ဦးစီးသူမှာ ဒုတိယဗိုလ်ချုပ်ကြီး မောင်လှဖြစ်ပါသည်။ ၁၉၉၅ ခုနှစ်စစ်ဆင်ရေးမှာတော့ ဒုတိယဗိုလ်ချုပ်ကြီးကက်စိန်က ဦးစီးခဲ့ပါသည်။ ၁၉၈၈ ခုနှစ် ကရင်ပြည်နယ်အတွင်းစစ်ဆင်ရေးဝင်သည့်အချိန်က စစ်ဆင်ရေး တွေကို ကြီးကြပ်ရသူမှာ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးဖြစ်ပါသည်။
ထို ကြောင့် ကရင်ပြည်နယ်အတွင်းပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများကို ဦးစီးရသည့် သုံးဦးစလုံးမှာ တိုက်ခိုက်ရေး အတွေ့အကြုံများ စွာရှိခဲ့သည့် ဗိုလ်ချုပ်များဖြစ်သည်။ ထို့အပြင် ထိုအချိန်က သက်ဆိုင်ရာတပ်ရင်း တပ်ဖွဲ့အလိုက် တာဝန်ယူရသည့် အရာရှိစစ်သည်များမှာလည်း တိုက်ခိုက်ရေး အတွေ့အကြုံမရှိပဲ အရာရှိဖြစ်လာသူများ မဟုတ်ကြပါ။ စစ်သည်များအနေနဲ လည်း တိုက်ခိုက်ရေး အတွေ့အကြုံရှိသော စိတ်ဓါတ်ခိုင်မာသော စစ်သည်များ ဖြစ်ကြသည်။ ထို့ကဲ့သို့သောအခြေအနေဖြင့် တိုက်ခိုက်ခဲ့ရလို့KNU ၏ အဓိက စခန်းများ ကျသွားခဲ့သော်လည်း စစ်တပ်သည် အထိအခိုက် အကျအဆုံး များပြားစွာ ရှိခဲ့သည်။
မြန်မာ စစ်တပ် စတင်တည်ထောင်သည့် အချိန်ကနေ ၁၉၈၈ ခုနှစ်အထိ လစဉ် တပ်သားသစ် စုဆောင်းရရှိမှုနှင့် စစ်သည်ပြုန်းတီးမှုအင်အားမှာ တပ်သားသစ် စုဆောင်းရရှိမှုက များခဲ့ပါသည်။ သို့သော်လည်း ကရင်ပြည်နယ်တွင် စစ်ဆင်ရေးများပြုလုပ် ပြီးနောက်ပိုင်း တပ်မတော်တခုလုံး၏ လအလိုက် စစ်သည် စုဆောင်းရရှိမှုနှင့်ပြုန်းတီးအင်အားမှာ လေးလတကြိမ် စာရင်းချုပ်သည့်အခါ မျှခြေဖြစ်လာခဲ့ပါသည်။
မြန်မာ စစ်တပ် စတင်တည်ထောင်သည့် အချိန်ကနေ ၁၉၈၈ ခုနှစ်အထိ လစဉ် တပ်သားသစ် စုဆောင်းရရှိမှုနှင့် စစ်သည်ပြုန်းတီးမှုအင်အားမှာ တပ်သားသစ် စုဆောင်းရရှိမှုက များခဲ့ပါသည်။ သို့သော်လည်း ကရင်ပြည်နယ်တွင် စစ်ဆင်ရေးများပြုလုပ် ပြီးနောက်ပိုင်း တပ်မတော်တခုလုံး၏ လအလိုက် စစ်သည် စုဆောင်းရရှိမှုနှင့်ပြုန်းတီးအင်အားမှာ လေးလတကြိမ် စာရင်းချုပ်သည့်အခါ မျှခြေဖြစ်လာခဲ့ပါသည်။ စစ်သားသစ်စုဆောင်းရရှိမှုမှာ သတ်မှတ်ထားသည့်နှုန်းထားအတိုင်း လစဉ်ရရှိခဲ့သော်လည်း တိုက်ပွဲကျဆုံးမှုနှင့် ခွင့်မဲ ပျက်ကွက်မှု များလာခဲ့ပါသည်။ ခွင့်မဲ့ပျက်ကွက်ဆိုသည်မှာ တပ်ကထွက်ပြေးခြင်းကို ဆိုလိုပါသည်။
ကရင်ပြည်နယ်ကို ဒုတိယအကြိမ် စစ်ဆင်ရေးလုပ်ခဲ့သည့် ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာတော့ တပ်စစ်သားသစ် စုဆောင်းရရှိမှုနဲ့စစ်သည်ပြုန်းတီးအင်အား နှစ်ခုကို နှိုင်းယှဉ်ပါက ပြုန်းတီးအင်အားက များလာခဲ့ပါသည်။ တပ်မတော်တွင် တိုက်ပွဲကျသူ ရောဂါဖြင့်သေဆုံးသူ တပ်မတော်မှ ထွက်ခွင့်တင်ပြီး ထွက်ခွါသူ ခွင့်မဲ့ပျက်ကွက်သူ (စစ်ပြေး) နှင့် ပြစ်မှုကျူးလွန်လို့တပ်ကထုတ်ရသူများကို ပြုန်းတီးအင်အား ခေါ်ပါသည်။
တပ်မတော်တွင် ပြုန်းတီးအင်အားများလာသည့်အတွက် ထိုအချိန်က စစ်တိုင်းမှူးများက မြို့နယ် စစ်အုပ်ချုပ်ရေး ဥက္ကဌများမှ တဆင့် စစ်သားစုဆောင်းခိုင်းတာတွေ ရှိလာခဲ့ပါသည်။ တပ်ရင်းမှူးတဦးအနေနဲ့တလလျင် တပ်သားသစ်တဦး မစုနိုင်ပါက ရာထူးတိုး ရပ်ဆိုင်းတာတွေထိ အရေးယူလာခဲ့ပါသည်။ ထို့အချိန်ကစလို မြန်မာစစ်တပ်တွင် စစ်သားသစ် ဝယ်ယူစုဆောင်းရသည့် အခြေအနေဖြစ်လာခဲ့ပါသည်။
ကရင်တိုင်းရင်းသားများသည် ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက အင်္ဂလိပ်စစ်တပ်တွင် ဝင်ရောက် စစ်မှုထမ်းခဲ့ကြသလို ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါမှာလည်း မဟာမိတ်တပ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုခေတ်အခါက စစ်ရေးအတွေ့အကြုံ တိုက်ခိုက်ရေး အတွေ့အကြုံများသည့် ကရင်စစ်သည် တွေထဲက ဗိုလ်ချုပ်စမစ်ဒွန်းအား မြန်မာတပ်မတော်ရဲ့ ပထမဆုံးကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
တောတောင်ထူထပ်ပြီး ဒေသခံလူထုထောက်ခံမှု ကောင်း သော KNU အနေနဲ့ပြည်သူ့စစ်မဟာဗျူဟာ သုံးကာ တပ်မတော်ကို နှစ် ၆၀ နီးပါး ခုခံတွန်းလှန်ခဲ့သည်။ သို့သော်လည်း ၁၉၉၆ ခုနှစ်နောက်ပိုင်းမှာတော့ KNU တပ်ဖွဲ့အတွင်း သဘောထားကွဲလွဲမှု မတူညီတဲ့ဘာသာရေး အမြင်တွေ ကြောင့် kNU ကနေ ခွဲထွက်တဲ့ အဖွဲ့၃ ဖွဲ့ထိ ရှိလာခဲ့ပြီး KNU လည်း ယခင်ကလောက် အင်အားမကောင်းတော့ပေ။ သို့သော်လည်း အခုအချိန်ထိ KNU တပ်မဟာ ၇ ခုဖြင့် ကိုယ်ပိုင်လွတ်မြောက်နယ်မြေတည်ဆောက်ထားဆဲ ရှိပါသည်။
သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက် KNU အနေနဲ့နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် အစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ၂၀၁၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၅ ခုနှစ်မှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အောက်တိုဘာမှာလက်မှတ်ရေးထိုးခဲ့သည့်အတွက် ကရင်ပြည်နယ်တွင်း သေနတ်သံ အတော်တိတ်သွားခဲ့ပါသည်။
သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက် KNU အနေနဲ့နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် အစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ၂၀၁၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၅ ခုနှစ်မှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အောက်တိုဘာမှာလက်မှတ်ရေးထိုးခဲ့သည့်အတွက် ကရင်ပြည်နယ်တွင်း သေနတ်သံ အတော်တိတ်သွားခဲ့ပါသည်။
သို့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ နယ်မြေအချို့တွင် စစ်တပ်နဲ့KNU/KNLA တပ်ဖွဲ့တွေကြား ခပ်စိပ်စိပ် တိုက်ပွဲဖြစ်လာခဲ့ပြီး စစ်တပ်က တပ်မဟာ ၅ ဒေသကို ဗုံးကြဲတာတွေ လုပ်ခဲ့သည်။ အဲဒီနောက်ပိုင်းမှာတော့ KNU ထိန်းချုပ်နယ်မြေတော် တော်များ များတွင် တပ်မတော်နဲ့KNU တပ်ဖွဲ့တွေကြား ထိတွေံ တိုက်ပွဲဖြစ်ပွါးလာခဲ့သည်။
သိုသော်လည်း ရင်ဆိုင်တိုက်ပွဲပုံစံ စစ်ဆင်ရေးပုံစံမျိုးမဟုတ်သေးပါ။ ဒါပေမယ့် လေးကေ့ကော်တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့၌ KNU ထိန်းချုပ်နယ်မြေအတွင်း ခိုလှုံခွင့်ပေးထားတဲ့ ပြည်မက နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်တပ်က အင်အားသုံးဖမ်းဆီးခဲ့သည်။ ထိုကဲ့သို့ဖမ်းဆီးမှုနဲ့ပတ်သက်လို့ KNU အနေနဲ့အစည်းအဝေးကျင်းပဆွေးနွေးပြီး စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့သည့်အတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေနဲ့KNU/KNLA ကြား တိုက်ပွဲဖြစ်ပွါးလာခဲ့ပါသည်။
KNU အနေဖြင့် သူရဲ့ဂုဏ်သိက္ခာအတွက် တကြော့ပြန်တိုက်ပွဲဆင်နွဲရပြန်ပါသည်။လေးကေကော်က စခဲ့သည့်တိုက်ပွဲတွင် KNU ဖက်က အသာစီးရခဲ့သလို စစ်ကောင်စီတပ်သားတွေ အထိနာခဲ့ပြီး တပ်ရင်းမှူးအဆင့်ထိ ကျခဲ့သည်။ ထို့အပြင် ထွက်ပြေးသူ ဖမ်းမိသူများစွာလည်း ရှိခဲ့သည်။ ထိတွေ့တိုက်ပွဲ ၃ ရက်ခန့်ဖြစ်ပွါးပြီးတဲ့ နောက် စစ်ကောင်စီတပ်သား ၆၀ နီးပါး ကျဆုံးခဲ့ပြီး ဖမ်းဆီးရမိသူ ၂၀ နီးပါးရှိသည်။
နိုဝင်ဘာလအတွင်း KNU/KNLA တပ်တွေနှင့် စစ်ကောင်စီတပ်တို့ကြားဖြစ်ပွါးခဲ့သည့် တိုက်ပွဲတွင် စစ်ကေင်စီဖက်က ၁၉၀ ဦးသေဆုံးပြီး ၁၅၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့KNU ဗဟိုမှထုတ်ပြန်ထားသော အချက်အလက်အရ သိရပါသည်။
ယခင်က KNU နဲ့ရင်ဆိုင်ခဲ့သော တိုက်ခိုက်ရည်ကောင်းသည့်မြန်မာတပ်မတော်သည် ယခုအခါ စွမ်းဆောင်ရည် သိသိကျဆင်းသွားခဲ့သည်။လေတပ်မပါလျှင် စစ်မတိုက်တဲ့အခြေအနေထိဖြစ်လာခဲ့သည်။ ထို့အပြင် စစ်မတိုက်ဖူးသူများသည်ပင် တပ်မတော်ရဲ့ ထိပ်တန်းဗိုလ်ချုပ်များဖြစ်လာနေသည်။ လက်ရှိတပ်မတော်တွင် စစ်ဆင်ရေးတွေကို အဓိကကိုင်တွယ်ရသည့် စစ်ဦးစီးအရာရှိချုပ်ကြည်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာ စစ်ရေးအတွေ့အကြုံနည်းပါးသူဖြစ်သည်။
တပ်မတမရဲ့ စစ်ထွက်အင်အားနှင့် တပ်ရင်တရင်းရဲ့ စစ်ထွက်အင်အားမှာလည်း ၁၉၈၈ ခုနှစ်ကနဲ့နှိုင်းယှဉ်လျှင် ၇၀ ရာခိုင်နှုန်းခန့် လျှော့နည်းသွားခဲ့ပါသည်။ တပ်ရင်း ၁၀ ရင်းဖြင့် ဖွဲ့စည်းထား သော တိုက်ခိုက် ရေးတပ်မ တမ စစ်သည်အင်အားမှာ ၂ ထောင် အောက်ရောက်ရှိသွားခဲ့ပါပြီ။
ထို့အပြင် တပ်မတမရဲ့ စစ်ထွက်အင်အားနှင့် တပ်ရင်တရင်းရဲ့ စစ်ထွက်အင်အားမှာလည်း ၁၉၈၈ ခုနှစ်ကနဲ့နှိုင်းယှဉ်လျှင် ၇၀ ရာခိုင်နှုန်းခန့် လျှော့နည်းသွားခဲ့ပါသည်။ တပ်ရင်း ၁၀ ရင်းဖြင့် ဖွဲ့စည်းထား သော တိုက်ခိုက် ရေးတပ်မ တမ စစ်သည်အင်အားမှာ ၂ ထောင် အောက်ရောက်ရှိသွားခဲ့ပါပြီ။
သို့သော် လက်နက်ကြီး ပစ်အားနှင့် လေကြောင်းပစ်ကူအင်အားတော့ ယခင်ကထက် ပိုမို အသုံးပြုနိုင်လာသည်။ ဒါပေမယ့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေသည် ကချင် ရှမ်းမြောက် စစ်ကိုင်း ချင်းနဲ့ကယားနဲ့မကွေးတိုင်းတွေမှာပါ စစ်မျက်နှာဖွင့်တိုက်နေရသည်။ တပ်မတော်သမိုင်းတွင် စစ်တပ်က ခွင့်မဲ့ပျက်ကွက်သူ အင်အားမှာ ယခင်က လုံးဝမရှိခဲ့သည့် အခြေအနေကိုရောက်ရှိလာနေသည်။ တပ်ရင်း ၁၀ ရင်းစာလောက် ပြည်သူဖက်ကိုခိုလှုံလာကြ သည်။
စစ်တပ်ဖက်က အခုလိုအခြေအနေရှိသလို KNU ဖက်ကလည်း
ကရင်တိုင်းရင်းသားများ၏ ထောက်ခံမှုအပြည့် ရထားသည့်အပြင် ယခင်က လုံးဝမရခဲ့သည့် ပြည်မက ဗမာ တိုင်းရင်းသားများနှင့်ပြည်ပရောက် ကရင်မဟုတ်သည့် တိုင်းရင်းသားတွေရဲ့ထောက်ခံမှုကိုပါ ရရှိလာနေသည်။ တိုက်ပွဲဝင်စစ်သည် တွေရဲ့ စိတ် ဓါတ်သည်လည်း အမြင့်ဆုံးအဆင့်ကိုရောက်ရှိလာနေသည်။
နွေဦးတော်လှန်ရေးပြီးတဲ့နောက် ကရင်တိုင်းရင်းသားလူငယ်များနှင့် ဗမာတိုင်းရင်းသားလူငယ်တွေဟာ KNU/KNLA တပ်ဖွဲ့ထဲ ဝင်ရောက်စစ်မှုထမ်းလာခဲ့ကြသည်။ ပြည်မမှာနေထိုင်သော ဗမာတိုင်းရင်းသားအများစုဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တွေကလည်း KNU တပ်သားတွေနဲ့ပူးပေါင်း တိုက် ပွဝင်လာကြသည်။ လက်နက်ခဲယဉ်းလိုအပ်ချက်ရှိသော်လည်း တိုက်ပွဲဝင်လို စိတ်က ပြင်းထန်လွန်းနေကြ သည်။
ထို့အပြင် စစ်တပ်က အာဏာသိမ်းတာကို လက်မခံလို့CDM လုပ်လာတဲ့ စစ်သားများနှင့် စစ်ဆေး ဆရာဝန်တွေကလည်း
KNU/KNLA တပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်လာကြသည်။ဖရဲသီးလို့ခေါ်သည့် စစ်အာဏာသိမ်းမှုကို လက်မခံသည့် စစ်သားများဆီက အဖိုးတန်သတင်းတွေကိုလည်း ရရှိလာကြသည်။ ဒါ့အပြင် စစ်အာဏာသိမ်းမှု လက်မခံသည့် သာမန်ပြည်သူလူထုထံမှာလည်း စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု သတင်းတွေကို ရရှိလာကြသည်။
ထိုကဲ့သို့ သော အခြေအနေတွေ လေးကေကော် တိုက်ပွဲဟာ လေးရက်တာအတွင်းမှာပင် စစ်တပ်စခန်းအချို့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ တပ်တွေအားလုံး ဆိုင်ထားသလို KNU ခေါင်းဆောင်တွေကလည်း KNLA တပ်အားလုံးကို ပစ်မိန့်ပေးထားလိုက်သည်။ စစ်ကောင်စီဖက်ကလဲ တပ်အင်အားတိုးချဲ့လာလာသလို လေကြောင်းက ဗုံးကြဲတာတွေလည်း လုပ်လာသည်။
လေးကေ့ကော်မှစခဲ့သည့် စစ်မီးသည် ငြိမ်းမသွားပဲ ကရင်တပြည်နယ်လုံး ပျံ့နှံ့သွားမည့် အလားအလာရှိနေသည်။ တကယ်လို့ကရင်တပြည်နယ်လုံးထိ စစ်မီးပျံ့နှံ့ခဲ့ပါက လက်ဖက်ရည် ဆိုင်များတွင် သို့မဟုတ် မြန်မာလူထုကြားတွင် ဘယ်လိုဘန်းစကားမျိုး ပေါ်လာဦးမည်ကို စိတ်ဝင်စားနေမိတော့သည်။
လေးကေ့ကော်မှစခဲ့သည့် စစ်မီးသည် ငြိမ်းမသွားပဲ ကရင်တပြည်နယ်လုံး ပျံ့နှံ့သွားမည့် အလားအလာရှိနေသည်။ တကယ်လို့ကရင်တပြည်နယ်လုံးထိ စစ်မီးပျံ့နှံ့ခဲ့ပါက လက်ဖက်ရည် ဆိုင်များတွင် သို့မဟုတ် မြန်မာလူထုကြားတွင် ဘယ်လိုဘန်းစကားမျိုး ပေါ်လာဦးမည်ကို စိတ်ဝင်စားနေမိတော့သည်။
You may also like these stories:
အာဏာသိမ်းတပ်၏ စည်းကမ်းမဲ့ တိုက်ခိုက်မှုများ ရပ်ရန် နိုင်ငံတကာသံရုံးများ တောင်းဆို
ကရင်ပြည်နယ်တိုက်ပွဲ ဒုဗိုလ်ချုပ်ကြီးအောင်စိုး ဘယ်လိုကိုင်တွယ်မလဲ
မြောက်ပိုင်း EAO အဖွဲ့အချို့ NCA အလုပ်မဖြစ်ကြောင်း စစ်ကောင်စီကို ပြော