• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြောက်ပိုင်း EAO အဖွဲ့အချို့ NCA အလုပ်မဖြစ်ကြောင်း စစ်ကောင်စီကို ပြော

by ဧရာဝတီ
16 December 2021
in သတင်း
A A
MNDAA တပ်ဖွဲ့ဝင်တဦး  / The KoKang

MNDAA တပ်ဖွဲ့ဝင်တဦး / The KoKang

18.3k
VIEWS
Share on FacebookShare on Twitter

မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) အချို့က တနိုင်ငံလုံး အပစ်ရပ် စာချုပ် (NCA) သည် အလုပ်မဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို ပြော ကြားခဲ့သည်။

ဒီဇင်ဘာလ ၁၅ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) အုပ်ချုပ်သော မိုင်း လားမြို့တွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီ၏ ကိုယ်စားလှယ်များ ကြား ပြုလုပ်သည့် အလွတ်သဘော တွေ့ဆုံပွဲ၌ အစည်းအဝေး တက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က ပြောခြင်းဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
33
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
68
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
275

စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေး လိုချင်သည့် စိတ်အပြည့်အဝရှိမှသာ လက်ရှိပဋိပက္ခကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ စစ်ကောင်စီဘက်က ကောင်းမွန်သည့် သဘောထားတခု အရင်ပြသရန်လိုကြောင်း အစည်းအဝေး တက်သည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့၏ ကိုယ်စားလှယ်က ပြောသည်။

အဆိုပါ တွေ့ဆုံပွဲကို “ဝ” ပြည် သွေးစည်း ညီညွတ်ရေးတပ် (UWSA)၊ ရက္ခိုင်စစ်တပ် (AA)၊ ပလောင် (တအာင်း) အမျိုး သားလွတ်မြောက်ရေးတပ် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကေရစီ မဟာမိတ်တပ် (MNDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နှင့် မိုင်းလားအဖွဲ့တို့ တက်ရောက်ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။

မြန်မာနိုင်ငံသို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန် လာရောက်စဉ်တွင် အာဏာသိမ်းစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြောက်ပိုင်းမဟာမိတ် EAO များနှင့် ဆွေးနွေးခွင့်ရရေး တရုတ်နိုင်ငံဘက်က စီစဉ်ပေးရန် မေတ္တာရပ်ခံခဲ့သောကြောင့် တရုတ်နိုင်ငံဘက်က ဆွေးနွေးပွဲကို စီစဉ်ပေးခြင်းလည်းဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ် (KIA) အနေနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့ကို အမျိုးသား စည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေး ကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်ခြင်းဖြစ်ပြီး စစ်ဘက်အင်အား စုစုပေါင်း ၄၀ ကျော် ဖြင့် မိုင်းလားသို့ရောက်ရှိလာခြင်း ဖြစ်ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့တွင် (NSPNC) အဖွဲ့ အတွင်းရေးမှူးဖြစ်သော ဒု ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒု ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်သက်၊ ဒုတိယ ဗိုလ်မှူးကြီး ဝင်းဗိုလ်ချစ်၊ ဗိုလ်မှူး ဝင်းသက်ပိုင်နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိများ ပါဝင်ကြောင်း သိရသည်။

ဆွေးနွေးပွဲသည် စစ်ကောင်စီ၏ အကူအညီ တောင်းခံမှုကြောင့် တရုတ်နိုင်ငံဘက်က ကမကထ လုပ်စီမံခြင်းဖြစ်ပြီး တရုတ် ကိုယ်စားလှယ်တဦးလည်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ဆိုသည်။

ဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်က မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်ဆက်နိုင်ရန် ဆွေး နွေးပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့အချို့နှင့် ဖြစ်ပွားနေသော မြေပြင် ပဋိပက္ခများ လျှော့ချချင်ကြောင်း၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့များ၏ ဆန္ဒအမှန်ကို နားထောင်ချင်ကြောင်း ပြောကြားသည်။

ထို့ပြင် စစ်ကောင်စီအဖွဲ့က လူ့အသက်ထက် အရေးကြီးသည်မှာ ဘာမှမရှိ ဆိုသည့် မူဝါဒအရ ကိုဗစ်ကာကွယ်ရေးနှင့် ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့များ လိုအပ်သည်တို့ကို ကူညီလိုကြောင်း ကမ်းလှမ်းသည်။ ယင်းပြင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် မကြာခဏ တွေ့ဆုံဆွေးနွေးရေးကိုလည်း လိုလားကြောင်း စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ တာဝန် ရှိသူများက နှစ်လိုဖွယ် ကောင်းသည့် လေသံဖြင့် ပြောဆိုသည်ဟု ဧရာဝတီက စုံစမ်းသိရသည်။

ဧရာဝတီ၏ သတင်းရင်းမြစ်များကမူ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့သည့် AA ကိုယ်စားလှယ်အဖွဲ့ကို အထူးဖော်ရွေ ယဉ်ကျေးစွာ ပြောဆို ဆက်ဆံကြောင်း ဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ဖူးသည် ဟုဆိုသည့် စစ်ကောင်စီ၏ အကြီးတန်း ကိုယ်စား လှယ်တဦးကလည်း မြောက်ပိုင်း မဟာမိတ်အဖွဲ့များအနေနှင့် တွေ့ဆုံ ဆွေးနွေးရမည်ကို မကြောက်သင့်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးပွဲမှ အဖြေရမည် မရမည် မသေချာသော်လည်း ညှိနှိုင်းပါများလာပါက တဖက်နှင့်တဖက် တူညီသည့် အချက်များ ရှိလာပြီး ညှိနှိုင်းရ အဆင်ပြေလာမည် ဖြစ်ကြောင်း ပြောသည်။

အမည်မဖော်လိုသည့် ဧရာဝတီ၏ သတင်းရင်းမြစ်အချို့ကမူ စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ဘက်သို့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့များ ရပ်တည်သွားမည်ကို အထူး စိုးရိမ်နေသဖြင့် ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးနိုင်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ပြောသည်။

You may also like these stories:

လေးကေ့ကော်တိုက်ပွဲတွင် ပြည်သူရာချီပိတ်မိနေပြီး စစ်ဘေးရှောင်များ ထပ်မံတိုးလာနေ

စစ်ကောင်စီ ဖိနှိပ်မှုကြောင့် လူထုဆန့်ကျင်မှုများ ပိုမိုအားကောင်းလာ

ကိုးကန့်အဖွဲ့ကို အာဏာသိမ်းစစ်တပ် တိုက်လေယာဉ်များသုံး၍ ထိုးစစ်ဆင်

မုံးကိုးတွင် MNDAA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေ

Your Thoughts …
Tags: NCAစစ်ကောင်စီမြောက်ပိုင်း မဟာမိတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လေးကေ့ကော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်တွေလမ်းမှာ ဖြတ်တိုက်ခံရ (ရုပ်/သံ)

လေးကေ့ကော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်တွေလမ်းမှာ ဖြတ်တိုက်ခံရ (ရုပ်/သံ)

စစ်တွေ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်း  / RSCCI

ဘင်္ဂလားဒေ့ရှ်ပြန် စက်လှေသမားများထံမှ ကိုဗစ်ပိုး ဆက်တိုက်တွေ့နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate