• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုးကန့်အဖွဲ့ကို အာဏာသိမ်းစစ်တပ် တိုက်လေယာဉ်များသုံး၍ ထိုးစစ်ဆင်

by ဧရာဝတီ
15 December 2021
in သတင်း
A A
MNDAA တပ်ဖွဲ့ဝင်တဦး  / The KoKang

MNDAA တပ်ဖွဲ့ဝင်တဦး / The KoKang

16k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုန်းကိုးဒေသရှိ ကိုးကန့်တပ်ဖွဲ့ဟု လူသိများသော မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ် (MNDAA) ၏ တပ်စခန်းများကို ရဟတ်ယာဉ်၊ တိုက်လေယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီဘက်က မုန်းကိုးမြို့နယ် တရုတ် – မြန်မာနယ်စပ်အနီး ရှိကျိကျတောင်တန်းရှိ MNDAA ၏ ရှေ့တန်း တပ်စခန်းဖြစ်သော မန်ရန်တပ်စခန်းကို ဒီဇင်ဘာ ၁၃ ရက်နေ့က ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များသုံး၍ ဦးတည်တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
223
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
485
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
191

တိုက်ပွဲနှင့် ပတ်သက်၍ MNDAA ၏ ပြန်ကြားရေးဌာနတာဝန်ရှိသူ တဦးက “တရုတ်စံတော်ချိန် မနက် ၅ နာရီခွဲကတည်းက စတယ်။ စစ်မြေပြင်ထိုးစစ်ဆင်မှုက ၆ ကြိမ်ရှိတယ်ဗျ။ လေယာဉ်နဲ့ လာဗုံးကြဲတာက ၁၀ ကြိမ်လာတယ်ဗျ။ လက်နက်ကြီးနဲ့ပစ်တာက ၃၃၆၄ ကြိမ်ပစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်တို့ကို အသုံးပြုသည့် အပြင် မြေပြင်စစ်ကြောင်းများလည်း အသုံးပြုတိုက်ခိုက်ကြောင်း သိရသည်။ တိုက်ပွဲများမှာ ယနေ့မနက်ပိုင်းထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်း MNDAA ဘက်က ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုများအတွင်း MNDAA ဘက်က ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်ကောင်စီ၏ ထိုးစစ်ကို ခုခံတွန်းလှန်နိုင်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ်များဘက်ကမူ သေဆုံးသူ ၃ ဦးရှိကြောင်း ၎င်းက ဆိုသည်။

MNDAA ပြန်ကြားရေး က “ကျနော်တို့က စစ်ကောင်စီကို အရင်ကတည်းက တိုက်လာတာဆိုတော့ ဘယ်လိုတိုက်ရမလဲသိပါတယ်။ အရင်ကတော့ အခုလို လက်နက်ကြီးနဲ့ပစ်ရင် ခံရတာပေါ့။ အခုကတော့ စစ်ရေးအတွေ့အကြုံတော်တော်ရှိလာပြီဆိုတော့ ဘယ်လိုရှောင်ရမယ်ဆိုတာ သိလာတာပေါ့။ ဒါကြောင့် လက်နက်ကြီးတွေနဲ့ ဖိပစ်နေပေမယ့်လည်း ကျနော်တို့ဘက်က ရှောင်နိုင်တာပါ” ဟု ပြောသည်။

စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ကာ မုန်းကိုးနှင့် ပန်ဆိုင်းဒေသများသို့ စစ်အင်အားဖြည့်တင်းမှုများ တောက်လျှောက် ပြုလုပ်ပြီးနောက် ၆ ရက်အကြာတွင် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောာင်း MNDAA ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးက ရှင်းပြသည်။

မြေပြင်ထိုးစစ်ကို စစ်ကောင်စီ၏ ပဲခူးအခြေစိုက် တပ်မ ၇၇ နှင့် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများက ဦးဆောင်ကာ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း၊ မြေပြင်ထိုးစစ်တွင် အောင်မြင်မှုနည်းသဖြင့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပါ ပူးတွဲသုံးလာခြင်းဖြစ်ကြောင်း MNDAA ထံမှသိရသည်။

ဒီဇင်ဘာလ ၁၃ ရက်က ဖြစ်ပွားသည့် မုန်းကိုးတိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၁၄ ရက်တိုင်အောင် တစုံတရာ သတင်းထုတ်ပြန်လာခြင်း မရှိပေ။

မြန်မာနိုင်ငံ အခြေစိုက် စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူ တဦးကမူ စစ်ကောင်စီအနေနှင့် မုန်းကိုးဒေသတွင် ခြေကုပ်မြဲရန် ကြိုးပမ်းနေသည့် MNDAA ကို ခြေကုပ်မရစေရန် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သုံးသပ်သည်။ ထိုသို့ တိုက်ခိုက်နေသော်လည်း MNDAA ကို ရှင်းလင်းနိုင်ရန်မှာ လက်ရှိအချိန်တွင် မလွယ်ကူတော့ ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ အခြေစိုက် စစ်ရေးနှင့်နိုင်ငံရေးလေ့လာသူ တဦးက “ကိုးကန့်က ခြေကုပ်ရသွားပြီထင်တယ်။ တပ်က ရှင်းဖို့ မဖြစ်နိုင်တော့ဘူး။ အဓိကက စစ်တပ်မှာ တပ်အင်အား မလုံ လောက်တာ ပြဿနာရှိနေတာ။ နောက်တခုက စစ်တပ်က တိုက်ရည်ခိုက်ရည် ကျနေတယ်။ အခုမှ ဖွဲ့တဲ့ PDF ကိုတောင် လေကြောင်း ပစ်ကူ၊ အမြောက်ပစ်ကူနဲ့ တိုက်နေရတာ။ ကိုးကန့်က စစ်ရည်ဝနေတဲ့ တပ်ဆိုတော့ ပိုမလွယ်ဘူးပေါ့” ဟု ပြောသည်။

MNDAA ခြေကုပ်ရသွားသည့် မုံးကိုးခွင်သည် သံလွင်မြစ်အနောက်ခြမ်းရှိ မုံးကိုးနှင့် ဖောင်းဆိုင်မှသည် တောင်ဘက် မုံးယား၊ မုံးဟောင်ဒေသနှင့် တာမိုးညဲ၊ နားလဲဒေသ သာမက သိန္ဒီ- ကွမ်လုံ ကားလမ်းအထိကျယ်ပြန့်သည့် လှုပ်ရှားခွင် ဖြစ်ကြောင်း ပြောသည်။

ယင်းနယ်မြေတွင် ခြေကုပ်ရသွားသည့် MNDAA သည် သံလွင်မြစ် အရှေ့ခြမ်းရှိ ကိုးကန့်ဒေသသို့ အလွယ်တကူ ဝင်ရောက် လှုပ်ရှားနိုင်ပြီး ကိုးကန့်ဒေသ စိုးမိုးရေးကိုပါ လုပ်ဆောင်လာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး လေ့လာသူတဦးက သုံးသပ်သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း အာဏာသိမ်း စစ်ကောင်စီတပ်သည် ပြည်တွင်းစစ်ရေးတိုက်ပွဲများတွင် ထိရောက်သည့် နယ်မြေစိုးမိုးမှုမလုပ်နိုင်ဘဲ စိတ်ဓာတ်ပျက် ပြားနေသည့် တပ်ဖွဲ့ဝင်များအား စိတ်ဓာတ်မြှင့်တင်နိုင်ရန် MNDAA ကို တိုက်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

ဒေါက်တာ လှကျော်ဇော က “စစ်တပ်က သူတို့ရဲ့ ပျက်ပြားနေတဲ့ စိတ်ဓာတ်ကို ထိန်းညှိဖို့အတွက် အလွယ်တကူ ရနိုင်မယ့် စခန်းတွေဘာတွေ ၊ အနည်းဆုံး စိတ်ဓာတ်ရေးရာ မြှင့်ပေးနိုင်မယ့် ဝါဒဖြန့်ချီရေး လုပ်ပေးနိုင်မယ့် အားနည်းတဲ့ တိုင်းရင်းသားအဖွဲ့တွေကို စမ်းတိုက်ကြည့်တဲ့ သဘောပါပဲ” ဟု ဆိုသည်။

သို့သော်လက်တွေ့ တွင် MNDAA ကို လုံးဝရှင်းလင်းပစ်နိုင်ရန် မလွယ်တော့ကြောင်း ဒေါက်တာလှကျော်ဇောက ပြောသည်။

၎င်းကဆက်၍ “ဗမာ့တပ်မတော်က အနှစ် ၂၀ လောက်မတိုက်ဘဲနေတာဆိုတော့ စစ်စွမ်းရည်က ကျနေတယ်။ စစ်တပ်က လက်နက်ပဲ ဝယ်စုတာ။ စစ်ရေးနည်းဗျူဟာတို့ နည်းပညာတို့ကိုဘာမှ မြှင့်တာမရှိဘူး။ စစ်တပ်က တပ်မှူးတွေကလည်း ငွေရှာဖို့ပဲ စဉ်းစားနေတာ။ တကယ်တိုက်ခိုက်ရေးကျွမ်းတဲ့သူတွေကလည်း မရှိတော့ဘူး။ အဲဒါကြောင့် မြေပြင်မှာ သူတို့က မတိုက်နိုင်ဘဲ လေယာဉ်နဲ့ တိုက်တာပေါ့။ စစ်တပ်က တော်တော်ဖရိုဖရဲဖြစ်နေပုံရပါတယ်” ဟု ဆိုသည်။

ဆက်လက်၍ ဒေါက်တာလှကျော်ဇောက မုန်းကိုးဒေသသည် အစဉ်အလာအားဖြင့် ကိုးကန့်ဒေသဖြစ်သဖြင့် MNDAA ဘက်ကလည်း အခြေစိုက်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်းဆိုသည်။

၎င်းက “မုန်းကိုးက ကိုးကန့် က တောက်လျှောက်ကိုင်ထားသလိုဖြစ်တာပေါ့။ ကျမတို့ ဗ.က.ပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ကို သူတို့က မောင်းထုတ်လိုက်ပြီးနောက် ၈၉၊ ၉၀ မှာ ကိုးကန့်တပ်တွေက တောက်လျှောက်ကိုင်ထားသလိုဖြစ်တယ်။ အစဉ်အလာအရ သူတို့နယ်မြေလိုဖြစ်တယ်။ ဗိုလ်ခင်ညွန့်က ကိုးကန့်ကို သွေးခွဲပြီး သူတို့ နဲ့တည့်တဲ့ လူတွေကို အဲဒီဒေသတွေ ပေးပြီးတဲ့နောက်မှာ MNDAA ဘက်က အဲဒီနယ်မြေတွပြန် လိုချင်နေတာဖြစ်မှာပေါ့” ဟု ဆိုသည်။

MNDAA သည် မုန်းကိုးကို အခြေခံနယ်မြေတခုဖြစ် သတ်မှတ်ကာ စစ်ရေးလှုပ်ရှားရုံသာမက လူထုကြား အုပ်ချုပ်ရေးယန္တရားကိုပါ ထူထောင်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်က KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လထံ MNDAA ၏ စစ်ဦးစီးချုပ်က ပေးပို့သော စာတစောင်တွင် မုန်းကိုး၌ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကို ထူထောင်တော့မည် ဖြစ်ကြောင်း၊ မုန်းကိုးသည် ကိုးကန့်တပ်၏ နယ်မြေဟောင်းတခု ဖြစ်ကြောင်း ရေးသားထားသည်။

MNDAA ၏ မုန်းကိုးတွင် အခြေစိုက်နိုင်ရန် ကြိုးပမ်းမှုကို စစ်ကောင်စီဘက်က လက်မခံဘဲ ဆက်လက်တိုက်ခိုက်နေပါက မုန်းကိုးဒေသတွင် တိုက်ပွဲများ ဆက်ဖြစ်နေမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ခန့်မှန်းကြသည်။

MNDAA ဘက်ကလည်း မုန်းကိုးသို့ စစ်ကောင်စီဘက်က ဆက်လက်ထိုးစစ်ဆင်လာပါက တိုက်ပွဲများ ဆက်ဖြစ်နိုင်ကြောင်း ပြောကြားသည်။

MNDAA ပြန်ကြားရေးကတော့ “တိုက်ပွဲက ဆက်တိုက်ပြင်းထန်နေမှာပဲ လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်အားဖြည့်တင်းမှုတွေက အဆက်မပြတ်လုပ်နေတာပဲ။ ဒရုန်းနဲ့ ထောက်လှမ်းတာတို့ ရဟတ်ယာဉ်နဲ့ ထောက်လှမ်းတာတွေလည်း ရှိတယ်။ သူတို့စစ်တပ်အင်အားတွေလည်း အဆက်မပြတ်ဖြည့်တင်းနေတာပဲ။ တိုက်ပွဲက ဆက်တိုက်ဖြစ်နိုင်တယ်လို့ မြင်တယ်ဗျ။ အကယ်၍ သူတို့က ဆက်တိုက်နေဦးမယ်ဆိုရင် ကျနော်တို့က ကောင်းကောင်းခုခံသွားမှာပဲ” ဟု ဆိုသည်။

You may also like these stories:

မုံးကိုးတွင် MNDAA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေ

MNDAA နှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ခန့် သေဆုံး

Your Thoughts …
Tags: MNDAAကိုးကန့်စစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
Beauty Blogger တဦးဖြစ်တဲ့ ဝင်းမင်းသန်း

Beauty Blogger ဝင်းမင်းသန်း ကျန်းမာရေးအခြေအနေအား ကောလဟလ မဖြန့်ဖို့ မိသားစုပြော

၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရသည့် ရန်ကုန်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခု  / ဧရာဝတီ

ဘဏ်စနစ်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ အခက်အခဲဖြစ်

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate