• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်ကောင်စီဆန့်ကျင်ရေး ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် အရှိန်ရနေပြီလား

by မောင်ကဝိ
2 July 2024
in သူ့အတွေး သူ့အမြင်
A A
စစ်ကောင်စီဆန့်ကျင်ရေး ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် အရှိန်ရနေပြီလား

--

2.6k
VIEWS
Share on FacebookShare on Twitter

ပဲခူးမြို့က ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို မကြာသေးမီက ပစ်ခတ် သတ်ဖြတ်မှုနောက်ပိုင်းမှာ စစ်ကောင်စီကို သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ကြပါတယ်။

သက်တော် ၇၈ နှစ်ရှိပြီဖြစ်ပြီး ထင်ရှားတဲ့ စာချ၊ ကျမ်းပြု ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဟာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းမှာ ကားနဲ့ခရီးသွားနေတုန်း ဇွန်လ ၁၉ ရက်နေ့မှာ ပစ်သတ်ခံရပါတယ်။

ဒါဟာ စစ်ကောင်စီက သုံးနှစ်ကျော် အကြမ်းဖက်မှုနောက်ပိုင်း သံဃာတော်တွေအတွက် ဆန့်ကျင်ကြောင်းပြသဖို့ နောက်ဆုံး ကောက်ရိုးမျှင် ဖြစ်ပါတယ်။

ဒီသတ်ဖြတ်မှုကို တော်လှန်ရေးအင်အားစုတွေက ကျူးလွန်တာလို့ စစ်ကောင်စီက ကနဦးမှာ အပြစ်တင်ပါတယ်။

ဒါပေမယ့် ဆရာတော် သတ်ဖြတ်ခံရချိန်မှာ အတူရှိနေတဲ့ ကန်သုံးဆင့်ဆရာတော်က စစ်ကောင်စီရဲ့လိမ်လည်မှုကို ဖွင့်ချပြီးနောက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရားဝင် တောင်းပန်စာ ထုတ်ပြန်ရပါတယ်။

မင်းအောင်လှိုင်ရဲ့ တောင်းပန်စာဟာ အလုပ်မဖြစ်ပါဘူး။ အလုပ်မဖြစ်တဲ့အပြင် ရဟန်းရှင်လူတွေကြားမှာ ဒေါသတွေ ထွက်စေခဲ့ပါတယ်။ စစ်ကောင်စီက မြန်မာမှာ အဆင့်အမြင့်ဆုံး သံဃာ့အာဏာပိုင်အဖွဲ့ဖြစ်တဲ့ နိုင်ငံတော် သံဃနာယက အဖွဲ့ဝင်ဟောင်း သတ်ဖြတ်ခံရတဲ့ ဆရာတော်ကို အပြစ်တင်ပြီး ဆရာတော် စီးလာတဲ့ယာဉ်ဟာ လုံခြုံရေးစည်းမျဉ်းတွေ မလိုက်နာဘူးလို့ ပြောပါတယ်။

ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနဲ့ အခြားဆရာတော်တွေကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီက သတ်ဖြတ်၊ ဖမ်းဆီး၊ ထောင်ချ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ကြပါတယ်။

ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနဲ့ အခြားဆရာတော်တွေကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီက သတ်ဖြတ်၊ ဖမ်းဆီး၊ ထောင်ချ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ကြပါတယ်။

ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ခြင်းဟာ တော်လှန်ရေး အမာခံဒေသ ဒီပဲယင်း၊ ဆားလင်းကြီးနဲ့ တန့်ဆည် မြို့နယ်တွေကို အလျင်အမြန် ပျံ့နှံ့သွားပါတယ်။ သပိတ်မှောက် သံဃာတော်တွေက တနိုင်ငံလုံးရှိ သံဃာတော်တွေ အလားတူ သပိတ်မှာ ပါဝင်ဖို့ တောင်းဆိုပါတယ်။

ပါဠိလို ပတ္တနိက္ကုဇ္ဇန ကံဆောင်တယ်လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ သပိတ်မှောက်ခြင်းမှာ ဘာသာရေး စည်းကမ်းကို ချိုးဖောက်သူတွေထံက အလှူဒါနကို ငြင်းပယ်ခြင်းနဲ့ သူတို့အတွက် နာရေး၊ သာရေးတွေလို ဘာသာရေး အစဉ်အလာတွေ လုပ်ဆောင်ပေးဖို့ ငြင်းဆန်ခြင်း ပါဝင်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် သံဃာတော်များက စစ်ကိုင်းသံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကို ထောက်ခံကြောင်း ချီတက်ပြသစဉ်

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ သံဃာတော်အများစု ပါဝင်တဲ့ ဗုဒ္ဓဘာသာရေးပုဂ္ဂိုလ် အနည်းဆုံး ၄၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြပါတယ်။ စစ်ကောင်စီဟာ ထင်ရှားတဲ့ ဆရာတော်တွေအပါအဝင် အခြား ဗုဒ္ဓဘာသာရေး ပုဂ္ဂိုလ် ၁၀၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့ အဲဒီအဖွဲ့ရဲ့ အချက်အလက်တွေက အတည်ပြုပါတယ်။

“ခွင့်လွှတ်စရာအကြောင်း မရှိဘူး။ ဒါကြောင့် ကံဆောင်သပိတ်မှောက်တာ” လို့ ချောင်းဦးမြို့နယ်က ရွှေဝါရောင်ဆရာတော် ဦးဇာနေယျက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

သမိုင်းဝင် ကံဆောင်သပိတ်များ

၁၉၈၈ ခုနှစ်နောက်ပိုင်း ဘာသာရေး ကံဆောင်သပိတ်များဖြစ်တဲ့ ၁၉၉၀ ကံဆောင်သပိတ်နဲ့ ၂၀၀၇ ကံဆောင်သပိတ်၊ အခု ၂၀၂၄ ခုနှစ် ကံဆောင်သပိတ်များ အားလုံးဟာ စစ်အုပ်စုတွေအောက်မှာ ပေါ်ပေါက်ခဲ့တာပါ။ ၁၉၉၀ နဲ့ ၂၀၀၇ ကံဆောင် သပိတ်တွေမှာ သံဃာတော် ထောင်ချီပါဝင်ခဲ့ပြီး ၂၀၀၇ ခုနှစ် ကံဆောင်သပိတ်ကိုတော့ ရွှေဝါရောင်တော်လှန်ရေးလို့ လူသိများပါတယ်။

၁၉၉၀ ပြည့်နှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ ပြုလုပ်တဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှု ဒုတိယ နှစ်ပတ်လည် အထိမ်းအမှတ် မန္တလေးက ဆွမ်းလောင်းပွဲမှာ စစ်အုပ်စုက သံဃာတော်တွေကို ရိုက်နှက် ပစ်ခတ်ပါတယ်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာ စစ်တပ်က မကွေးတိုင်း၊ ပခုက္ကူမြို့က ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ဖြိုခွဲပြီး သံဃာတော် သုံးပါးကို ဓာတ်တိုင်မှာ ကြိုးနဲ့ချည်ကာ ရိုက်နှက်ပါတယ်။ အဲဒီလို ဗုဒ္ဓဘာသာကို အပြင်းအထန် စော်ကားတဲ့အတွက် သံဃာတော်တွေ အလုံးအရင်း ဆန္ဒပြပြီး လမ်းမတွေမှာ တရားတော်တွေ ရွတ်ဆိုကြပါတယ်။

အဲဒီလို ဖြိုခွဲမှုကြောင့် မန္တလေးက သံဃာတော်တွေ အလုံးအရင်း ကံဆောင် သပိတ်မှောက်ပါတယ်။ နောက်ပိုင်း ဘုန်းကြီးကျောင်းတွေကို စီးနင်းမှုတွေမှာ သံဃာတော် ရာနဲ့ချီ ဖမ်းဆီး ထောင်ချခံရပါတယ်။

ရန်ကုန်က သံဃာတော်တွေလည်း အဲဒီ ကံဆောင်သပိတ်မှောက်ရာမှာ ပူးပေါင်းပါဝင်ကြပါတယ်။ အဲဒီတုန်းက ဖမ်းဆီး ထောင်ချခံရတဲ့ ဆရာတော်တပါးကတော့ အင်းစိန်ရွာမ ဆရာတော် ဦးတိလောကာဘိဝံသဖြစ်ပြီး နောက်ပိုင်းမှာ မဘသလို့ခေါ်တဲ့ အမျိုးသားရေး အစွန်းရောက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလှုပ်ရှားမှု ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးစီးပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အုပ်စုက ဖြိုခွဲပေးမယ့် အဲဒီ ကံဆောင်သပိတ်ဟာ မရပ်ဆိုင်းခဲ့ပါဘူး။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
776
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3.1k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

၂၀၀၇ ခုနှစ်မှာလည်း သံဃာတော်တွေဟာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လို့ခေါ်တဲ့ အရင်စစ်အုပ်စု အောက်မှာ ဈေးနှုန်းတွေ မြင့်မားခြင်းကို ကန့်ကွက်ဆန္ဒပြဖို့ လမ်းမတွေပေါ်ကို ထွက်လာကြပြန်ပါတယ်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာ စစ်တပ်က မကွေးတိုင်း၊ ပခုက္ကူမြို့က ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ဖြိုခွဲပြီး သံဃာတော် သုံးပါးကို ဓာတ်တိုင်မှာ ကြိုးနဲ့ချည်ကာ ရိုက်နှက်ပါတယ်။ အဲဒီလို ဗုဒ္ဓဘာသာကို အပြင်းအထန် စော်ကားတဲ့အတွက် သံဃာတော်တွေ အလုံးအရင်း ဆန္ဒပြပြီး လမ်းမတွေမှာ တရားတော်တွေ ရွတ်ဆိုကြပါတယ်။

၁၉၉၀ ပြည့်နှစ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သောအခါ ဗိုလ်ချုပ်မှူးကြီး စော‌မောင် (အလယ်) နှင့် အဖွဲ့ဝင်များ သွားရောက် တောင်းပန်လျှောက်ထားစဉ်

စစ်အုပ်စုကလည်း ဖြိုခွဲမှုတွေနဲ့ တုံ့ပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အဆိုအရ တနိုင်ငံလုံးက ဘုန်းကြီးကျောင်းပေါင်း ၅၂ ကျောင်းကို ဝင်ရောက်စီးနင်းပြီး သံဃာတော် အပါး ၆၀၀ နီးပါး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဒီတုန်းက ဖြိုခွဲမှုတွေကို အခု စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ရဲချုပ် ခင်ရီက ဦးဆောင်ခဲ့ပါတယ်။

ဘာဆက်ဖြစ်မလဲ

အခုနောက်ဆုံးဖြစ်နေတဲ့ ကံဆောင်သပိတ်မှောက်ပွဲတွေဟာ တော်လှန်ရေး အမာခံဒေသ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာပဲ ဖြစ်နေပြီး စစ်ကောင်စီကို ခြိမ်းခြောက်နိုင်အောင် တနိုင်ငံလုံးကို မကူးစက်သေးဘူးဆိုတာ သတိပြုဖို့ အရေးကြီးပါတယ်။

အဲဒီလို ဖြိုခွဲနိုင်တာတွေကြောင့် ၂၀၀၇ ခုနှစ်ကလို မြို့ကြီးတွေမှာ သံဃာတော်တွေ အလုံးအရင်း ဆန္ဒပြတာမျိုး အခု ဖြစ်ဖို့ တော်တော် မလွယ်ပါဘူး။ သံဃာအသိုက်အဝန်းကလည်း သွေးကွဲနေတယ်။ တဖွဲ့က စစ်ကောင်စီကို ထောက်ခံပြီး အခြားတဖွဲ့က ဆန့်ကျင်တယ်။

ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သူလို့ သူတို့ကိုယ်သူတို့ခေါ်နေတဲ့ စစ်ကောင်စီခေါင်းဆောင်တွေဟာ လက်ပိုက် ကြည့်နေမှာ မဟုတ်ပါဘူး။ ကံဆောင်သပိတ်မှာ ပါဝင်တဲ့ သံဃာတော်တွေကို နိုင်ငံရေးအရ ဆန့်ကျင်သူလို့ပဲ မြင်မှာပါ။ ဒီသံဃာတော်တွေကို မဖြိုခွဲခင် သံဃာဟန်ဆောင်ထားတဲ့ အကြမ်းဖက်သမားတွေလို့ပဲ တံဆိပ်ကပ်မှာပါ။

အဲဒီလို ဖြိုခွဲနိုင်တာတွေကြောင့် ၂၀၀၇ ခုနှစ်ကလို မြို့ကြီးတွေမှာ သံဃာတော်တွေ အလုံးအရင်း ဆန္ဒပြတာမျိုး အခု ဖြစ်ဖို့ တော်တော် မလွယ်ပါဘူး။ သံဃာအသိုက်အဝန်းကလည်း သွေးကွဲနေတယ်။ တဖွဲ့က စစ်ကောင်စီကို ထောက်ခံပြီး အခြားတဖွဲ့က ဆန့်ကျင်တယ်။

ဒါပေမယ့် ဇွန်လ ၂၈ ရက်နေ့အထိ စစ်ကောင်စီကို သံဃာတော်တွေ ကံဆောင်သပိတ်မှောက်တဲ့ မြို့နယ်အရေအတွက်က ရွှေဝါရောင် တော်လှန်ရေး စတင်ခဲ့တဲ့ မကွေးတိုင်းက ပခုက္ကူမြို့နယ် အပါအဝင် ၈ မြို့နယ်အထိ ရှိပါတယ်။ အဲဒီမြို့မှာ သံဃာတော် ထောင်နဲ့ချီ သီတင်းသုံးပါတယ်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးကာလ ရန်ကုန်တွင် ဆန္ဒပြနေသည့် သံဃာတော်များ

ကံဆောင်သပိတ်တွေ နောက်ထပ် မြို့နယ်တွေကို ဆက်လက် ပျံ့နှံ့၊ မပျံ့နှံ့ဆိုတာဟာ အရမ်းထူးခြားတဲ့ ကိစ္စဖြစ်လို့ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲပါတယ်။

စစ်ကောင်စီဆန့်ကျင်ရေးမှာ ထင်ရှားတဲ့ ဆရာတော် မင်းသုညက “သံဃာတော်တွေ ချောင်းဦး၊ ဒီပဲယင်း၊ ဆားလင်းကြီးနဲ့ တန့်ဆည်မှာ ကံဆောင်သပိတ်မှောက်နေတယ်။ အခြား သံဃာတော်တွေပူးပေါင်းဖို့ ဆရာတော် တိုက်တွန်းတယ်။ ကျုပ်တို့တွေက ပြည်သူနဲ့တရားမျှတမှုနဲ့ အတူ ရပ်တည် တော်လှန်ရင် စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး မကြာမီ ဒုက္ခတွေက လွတ်မြောက်မယ်” လို့ မိန့်ပါတယ်။

သံဃာတော်တွေဟာ စစ်ကောင်စီဘက်က ရပ်တည်မလား ဒါမှမဟုတ် သူတို့တတ်နိုင်သမျှ နေ့စဉ် ဆွမ်းကပ်နေတဲ့ ပြည်သူတွေနဲ့ ရပ်တည်မလား ဆိုတာ မြန်မာပြည်သူတွေ စောင့်ကြည့်နေကြပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပါ မောင်ကဝိ၏ Is The Buddhist Clergy’s Boycott of Myanmar’s Regime Gaining Momentum? ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကိုင်းသံဃာများ ကံဆောင်သပိတ်လုပ်ဆောင်လာ

စစ်ကောင်စီကို သံဃာတော်တွေ သပိတ်မှောက် (ရုပ်/သံ)

ဝင်းနိမ္မိတာရုံဆရာတော် ပစ်သတ်ခံရမှု စစ်သည်တဦး၏ သုံးသပ်ချက်

ဝင်းနိမ္မိတာရုံဆရာတော် အသတ်ခံရမှု စစ်ခေါင်းဆောင် တောင်းပန်

ဝင်းနိမ္မိတာရုံ ဆရာတော် အသတ်ခံရမှု မဟနတို့ နှုတ်ဆိတ်နေဟု သံဃာများ ဝေဖန်

ဝန်ချတောင်းပန်မယ်ဆိုရင်တောင် ကြေအေးစရာ အကြောင်းမရှိတော့ဘူး (ရုပ်/သံ)

Your Thoughts …
Tags: ကံဆောင်သပိတ်ကန်သုံးဆင့်ဆရာတော်စစ်ကောင်စီစစ်အာဏာသိမ်းမှုပတ္တနိက္ကုဇ္ဇနကံဘဒ္ဒန္တ မုနိန္ဒာဘိဝံသဘာသာရေးမဘသရွှေဝါရောင်တော်လှန်ရေးဝင်းနိမ္မိတာရုံဆရာတော်
မောင်ကဝိ

မောင်ကဝိ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဦးသိန်းစိန်လည်း မကယ်နိုင်

ဦးသိန်းစိန်လည်း မကယ်နိုင်

ငပလီမှ နောက်ဆုံးလက်ကျန် ခလရ ၅၅ ကို AA စစ်ဆင်

ငပလီမှ နောက်ဆုံးလက်ကျန် ခလရ ၅၅ ကို AA စစ်ဆင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved