တရုတ်က မြန်မာ့ပြည်တွင်းပဋိပက္ခများတွင် ကြားဝင်ရန် နည်းလမ်းများ၊ စွမ်းရည်နှင့် စိတ်ထက်သန်မှုရှိသည့် တခုတည်းသော ပြင်ပအင်အားကြီးနိုင်ငံဖြစ်ကြောင်း ထပ်မံပြသလိုက်သည်။
ကုန်းတွင်းပိတ် အနောက်မြောက်ပြည်နယ်များ – လက်တွေ့တွင် ကျန်တနိုင်ငံလုံးကို – အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ပေးသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) လုံခြုံရေးအတွက် တရုတ်သည် ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများ အဆုံးသတ်စေရန် လုပ်ဆောင်ခဲ့သည်။
ကိုးကန့်အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ၎င်း၏အနီးကပ် မဟာမိတ် ပလောင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် ၎င်းတို့ ရှေ့ဆက်ချီတက်ခြင်းကို ရပ်ဆိုင်းထားပြီး “မန္တလေးသို့ ချီတက်ခြင်း” သို့မဟုတ် ပြင်ဦးလွင်သို့ ရှေ့တိုးခြင်း ရှိမည် မဟုတ်တော့ပေ။ ထိုကိစ္စသည် လွန်ခဲ့သောတနှစ်က လေ့လာသူများ ကြိုတင်ခန့်မှန်းထားသည့်ကိစ္စ ဖြစ်သည်။
ဖုန်တဲရင် (ဖုန်တာရွှင်) တရုတ်သို့ “ဆေးကုသခံရန်” သွားပြီးနောက် ဒီဇင်ဘာလ အစောပိုင်းတွင် MNDAA က မြန်မာစစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာသည်။ ပဋိပက္ခဖြေရှင်းရေးကို “တရုတ်အစိုးရ၏ ခုံသမာဓိအဖြစ် ဆောင်ရွက်မှုအောက်တွင်” ပြုလုပ်မည်ဟု MNDAA က ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြောသည်။
TNLA သည်လည်း အလားတူကြေညာချက်မျိုးကို နိုဝင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ဖူးပြီး ၎င်းတို့သည် တရုတ် ကြားဝင်စေ့စပ်ရေး အားထုတ်မှုများနှင့် အမြဲတမ်း ပူးပေါင်းဆောင်ရွက်ပြီး ရလဒ်ကောင်းများရရန် ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသည်။
ညီနောင်မဟာမိတ်အဖွဲ့၏ တတိယမြောက်အဖွဲ့ဝင်ဖြစ်ပြီး ရခိုင်ပြည် တခုလုံးနီးပါးကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် (AA) ကလည်း ၎င်းတို့သည်မြောက်ပိုင်းမှ မဟာမိတ်များနည်းတူ မြန်မာစစ်တပ်နှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကြေညာသည်။
ပွဲမပြီးသေးဘဲ လက်ရှိအချိန်အထိ မြန်မာ့ပြည်တွင်းစစ်များတွင် တရုတ်၏ လွှမ်းမိုးသည့်အခန်းကဏ္ဍကို မည်သူမှ စိန်မခေါ်နိုင်သေးပေ။ အနောက်တိုင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးအုပ်စုများသည် အခွင့်အလမ်းများကို ရှာဖွေနေနိုင်သော်လည်း ပြည်ပကျွမ်းကျင်သူများကို လခပေး ခေါ်ယူရန်ထက် မပိုနိုင်ပေ။
ပွဲမပြီးသေးဘဲ လက်ရှိအချိန်အထိ မြန်မာ့ပြည်တွင်းစစ်များတွင် တရုတ်၏ လွှမ်းမိုးသည့်အခန်းကဏ္ဍကို မည်သူမှ စိန်မခေါ်နိုင်သေးပေ။ အနောက်တိုင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးအုပ်စုများသည် အခွင့်အလမ်းများကို ရှာဖွေနေနိုင်သော်လည်း ပြည်ပကျွမ်းကျင်သူများကို လခပေး ခေါ်ယူရန်ထက် မပိုနိုင်ပေ။
အလားအလာရှိသော ဒေသတွင်း ပါဝင်ပတ်သက်သူများကို ကြည့်လျှင်လည်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် ၎င်း၏ အစွမ်းအစမဲ့ ဘုံသဘောတူညီချက် ငါးချက်ထံမှ မည်သည့် အပြုသဘောဆောင်သည့် အရာကိုမှ မမျှော်လင့်နိုင်ပေ။
ထိုဘုံသဘောတူညီချက် ငါးချက်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက် လအနည်းငယ်အကြာတွင် ချမှတ်ပြီး အကြမ်းဖက်မှုချက်ချင်း ရပ်ဆိုင်းရေး၊ သက်ဆိုင်သူ အားလုံးအကြား အပြုသဘောဆွေးနွေးရေးနှင့် တိုက်ခိုက်မှုကြောင့် ထိခိုက်သောနေရာများသို့ လူသားချင်းစာနာမှု အကူအညီပေးရေးတို့ကို တောင်းဆိုသော်လည်း ထိုရည်မှန်းကြီးမားသည့် အကြံပြုချက်များကို မည်သို့ အကောင်အထည်ဖော်မည်ဆိုသည့် စီမံချက် မပါဝင်ပေ။
အာဆီယံသည် ၎င်း၏ ၅၈ နှစ် သမိုင်းအတွင်း အဖွဲ့ဝင်နိုင်ငံတခု၏ ပြည်တွင်း အကျပ်အတည်းကို ဖြေရှင်းရန် အလှမ်းဝေးပြီး မည်သည့် နှစ်နိုင်ငံပြဿနာကိုဖြစ်စေ၊ အဖွဲ့ဝင်နိုင်ငံအတွင်း အချို့အကြား အငြင်းပွားမှုများကိုဖြစ်စေ မည်သည့် ပြဿနာတခုမှ မဖြေရှင်းနိုင်ခဲ့ပေ။
ထိုသို့ဖြစ်နေသည့်တိုင် အနောက်နိုင်ငံများသည် ယူကရိန်းမှ စစ်ပွဲနှင့် အရှေ့အလယ်ပိုင်းမှ ဖြေရှင်းမရသေးသည့် ပြဿနာများသည် ၎င်းတို့ ဦးစားပေးစာရင်းတွင် ပါဝင်နေသောကြောင့် မြန်မာပြဿနာကို အာဆီယံသို့ လွှဲပေးထားသည်။
သို့သော် တရုတ်သြဇာ အကန့်အသတ်ဖြင့်သာရှိသည့် ဝှက်ဖဲများလည်း ရှိသေးသည်။ မြန်မာနိုင်ငံမြောက်ဖျားမှ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နှင့် ဆက်ဆံရန်မှ အခြားရွေးစရာ မရှိသလောက်ပင် ဖြစ်သော်လည်း နယ်စပ်မြို့ ပန်ဝါကို မသိမ်းပိုက်ရန် တရုတ်တို့၏ အောက်တိုဘာလက တောင်းဆိုမှုကို လျစ်လျူရှုသည်။

ထိုဒေသသည် ၁၉၈၉ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးယူပြီး ၎င်းတို့ဒေသကို သစ်ခုတ်ခြင်း၊ ဘိန်းစိုက်ခြင်းနှင့် မြေရှားသတ္တုတူးဖော်ခြင်း အချက်အခြာနေရာအဖြစ် ပြောင်းလဲခဲ့ကြသည့် ကွန်မြူနစ်ဟောင်း စစ်ဘုရင်များ၏ ပိုင်နက် ဖြစ်သည်။
ယနေ့တွင် KIA သည် ပန်ဝါကိုသာမက တရားဝင်နယ်စပ်ဂိတ် ကန်ပိုက်တီ (ကံပိုင်တည်) နှင့် ပတ်ဝန်းကျင်ဒေသများကိုပါ ထိန်းချုပ်ထားသည်။ တရုတ်သည် ကရင်နှင့် ကရင်နီ တော်လှန်ရေးအင်အားစုများ လှုပ်ရှားနေသည့် ထိုင်းနယ်စပ်ဒေသများတွင် သို့မဟုတ် နိုင်ငံအနောက်ပိုင်းမှ ချင်းတော်လှန်ရေးအင်အားစု လှုပ်ရှားသည့် ဒေသများတွင် သြဇာပိုမိုနည်းပါးသည်။
မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများသည် အခြေခံမေးခွန်း သုံးခု ဖြစ်စေသည်။
တိုင်းရင်းသား တော်လှန်ရေး တပ်မတော်များ၏ ဗမာမဟာမိတ်များသည် မည်သည်တို့ကို အောင်မြင်မည်ဟု လက်တွေ့ကျကျ မျှော်လင့်ထားသနည်း၊ တရုတ်နိုင်ငံ၏ ရေရှည် ဦးတည်ချက်များက မည်သည်တို့နည်း၊ တရုတ်သြဇာကို ရင်ဆိုင်ရန် သို့မဟုတ် အနည်းဆုံး တုံ့ပြန်ရန် မည်သည့် ပြင်ပအင်အားစုမှ မရှိတော့ဘူးလားဆိုသည့် မေးခွန်း သုံးခုဖြစ်သည်။
တိုင်းရင်းသား တော်လှန်ရေး တပ်မတော်များ၏ ဗမာမဟာမိတ်များသည် မည်သည်တို့ကို အောင်မြင်မည်ဟု လက်တွေ့ကျကျ မျှော်လင့်ထားသနည်း၊ တရုတ်နိုင်ငံ၏ ရေရှည် ဦးတည်ချက်များက မည်သည်တို့နည်း၊ တရုတ်သြဇာကို ရင်ဆိုင်ရန် သို့မဟုတ် အနည်းဆုံး တုံ့ပြန်ရန် မည်သည့် ပြင်ပအင်အားစုမှ မရှိတော့ဘူးလားဆိုသည့် မေးခွန်း သုံးခုဖြစ်သည်။
စစ်ကောင်စီကို ငြိမ်းချမ်းစွာ ဆန့်ကျင်ရန် ကြိုးစားသည့် လူငယ်အများအပြားနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ အပါအဝင် ဗမာလူမျိုးစုလွှမ်းမိုးသည့် တော်လှန်ရေးတပ်ဖွဲ့ အများအပြားသည် ထိုအချိန်မှစတင်ပြီး တိုင်းရင်းသားတပ်မတော်များနှင့်အတူ တိုက်ပွဲဝင်နေသည်။
PDF တပ်ဖွဲ့ အများအပြားသည် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း ကျေးလက်ဒေသများတွင်ပင် တော်လှန်ရေးအလံ လွှင့်ထူကြသည်။ သို့သော် တိုင်းရင်းသားတပ်မတော်များအတွက် PDF များသည် ၎င်းတို့နှင့် စစ်ကောင်စီအကြား ကြားခံဇုန်မျှသာ ဖြစ်နေသေးသည်။
နေပြည်တော်မှ စစ်သားများ ရှေ့တက် မလာစေရန် ထိန်းချုပ်ထားခြင်းဖြင့် တိုင်းရင်းသားတပ်မတော်များသည် ၎င်းတို့ဒေသအသီးသီးတွင် ၎င်းတို့ချုပ်ကိုင်မှုကို ခိုင်မာအောင် လုပ်နိုင်သည်။ ဥပမာအားဖြင့် မြောက်ပိုင်းတွင် ယခု လှုပ်ရှားနေသည့် PDF များကို လေ့ကျင့်ထောက်ပံ့သည့် KIA သည် မန္တလေးသို့ ချီတက်ရန် စိတ်မဝင်စားဘဲ နေပြည်တော်သို့ ချီတက်ရန်လည်း စိတ်မဝင်စား၊ ရန်ကုန်သို့ ချီတက်ရန်ဆိုလျှင် စိတ်ဝင်စားမှု ပိုမိုနည်းသည်။
တရုတ်နိုင်ငံ၏ သေနင်္ဂဗျူဟာ ရည်မှန်းချက်သည် ရှင်းလင်းသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို ကာကွယ်ရမည်ဖြစ်ပြီး တရုတ်သည် ထိုသို့လုပ်ရန် နှစ်ဖက် ခွကစားနေကာ မြန်မာစစ်တပ်နှင့် တော်လှန်ရေးအင်အားစု အများအပြားအတွက် အဓိကလက်နက် ထောက်ပံ့သူဖြစ်နေသည်။
MNDAA, TNLA နှင့် AA တို့သည် တရားဝင်အရ ကြားနေသည့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှတဆင့်ရသည့် တရုတ်လုပ်သေနတ်များဖြင့် လက်နက်တပ်ဆင်ထားကြသည်။ တနည်းအားဖြင့် ဆိုပါက တရုတ်သည် မြန်မာစစ်တပ်အပေါ်တွင်သာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ်တွင်လည်း မည်သူမှ မယှဉ်နိုင်သည့်နည်းဖြင့် သြဇာရှိသည်။
တချိန်တည်းတွင် တော်လှန်ရေးအင်အားစုများ ထုတ်ပြန်ကြေညာထားသည့် ပန်းတိုင်ဖြစ်သော ခိုင်မာသည့်၊ ငြိမ်းချမ်းသည့်၊ ဒီမိုကရေစီကျသည့် ဖက်ဒရယ်မြန်မာ ပေါ်ပေါက်ရေးသည် တရုတ်၏ သေနင်္ဂဗျူဟာ အကျိုးစီးပွား မဟုတ်ပေ။
မြန်မာ အင်အားနည်းနေသမျှ ကာလပတ်လုံး တရုတ်သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း ငြိမ်းချမ်းရေး တည်ဆောက်သူအဖြစ် တရားဝင်ကစားပွဲတွင် ကစားနိုင်ပြီး မည်သည့်အစိုးရ အာဏာရသည်ဖြစ်စေ ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးနိုင်သည်။
မြန်မာ အင်အားနည်းနေသမျှ ကာလပတ်လုံး တရုတ်သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း ငြိမ်းချမ်းရေး တည်ဆောက်သူအဖြစ် တရားဝင်ကစားပွဲတွင် ကစားနိုင်ပြီး မည်သည့်အစိုးရ အာဏာရသည်ဖြစ်စေ ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးနိုင်သည်။
တဖက်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုရှိပြီး အခြားတဖက်တွင် တိုင်းရင်းသားတပ်မတော်များကို သွယ်ဝိုက် ထောက်ခံမှုရှိသည်။ မြန်မာသည် အားကောင်းသော၊ ငြိမ်းချမ်းသော ဒီမိုကရက်တစ်နှင့် ဖက်ဒရယ်မြန်မာ ဖြစ်လာပါက တရုတ်သည် ပထမဆုံး ထိခိုက်သည့်နိုင်ငံ ဖြစ်မည်။ ၎င်း၏သြဇာကို ဆုံးရှုံးသွားမည် ဖြစ်သည်။
သို့သော် တရုတ်သည် နယ်စပ်ဒေသများတွင် ပြင်းထန်သော မတည်ငြိမ်မှုနှင့် ဒုက္ခသည်များ အလုံးအရင်း ဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့် အခြေအနေကို လက်မလွှတ်လိုပေ။ ထို့ပြင် ထိုကိစ္စသည် ပုံမှန်အားဖြင့် အကျိုးအမြတ်များသည့် နယ်စပ်ကုန်သွယ်ရေးကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်သည်။
အနောက်တိုင်း ငြိမ်းချမ်းရေးသမားများ၊ အာဆီယံ၊ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် ထိုပြည်တွင်းစစ်လမ်းကြောင်းကို သြဇာသက်ရောက်နိုင်သည့် အနေအထားတွင် မရှိပေ။
မြန်မာပြည်တွင်းစစ်သည် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း အပြင်းထန်ဆုံးနှင့် အကျယ်ပြန့်ဆုံး ဖြစ်ပြီး ထိုစဉ်က စစ်အုပ်စုသည် လွန်စွာ အထီးကျန်သောကြောင့် စစ်အုပ်စုကို “ရန်ကုန်အစိုးရ” ဟု ခေါ်သည်။
တရုတ်သြဇာလွှမ်းမိုးမှု ထိန်းချုပ်ရေးတွင် အလွန် စိတ်ဝင်စားသည့်တိုင် ဂျပန်သည်လည်း မြန်မာသို့ ငြိမ်းချမ်းရေး ဆောင်ယူရန် အားထုတ်မှုများ လုံးဝ မအောင်မြင်ပေ။
အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်နှင့် ဝင်ရောက် မစွက်ဖက်ရေးမူများနှင့် တသီးတခြားဖြစ်နေသော အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည်လည်း မြန်မာမှ စစ်ပွဲများ၏ ပထဝီနိုင်ငံရေး အကျိုးဆက်များကို ဖြေရှင်းရန် ရှင်းလင်းသော သေနင်္ဂဗျူဟာရှိမှသာ သက်ဆိုင်ရာအခန်းကဏ္ဍများမှ ဝင်ပါကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ၎င်းတို့နိုင်ငံရှိ စခန်းများတွင် အင်အားချိနဲ့နေသည့် ရိုဟင်ဂျာမွတ်ဆလင် ၁ သန်းကျော်အတွက်နှင့် AA က ရခိုင်ပြည်နယ်တခုလုံးကို သိမ်းပိုက်လိုက်လျှင် မည်သို့ဖြစ်မည်ကို စိုးရိမ်သည်မှာ သဘာဝကျသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ၎င်းတို့နိုင်ငံရှိ စခန်းများတွင် အင်အားချိနဲ့နေသည့် ရိုဟင်ဂျာမွတ်ဆလင် ၁ သန်းကျော်အတွက်နှင့် AA က ရခိုင်ပြည်နယ်တခုလုံးကို သိမ်းပိုက်လိုက်လျှင် မည်သို့ဖြစ်မည်ကို စိုးရိမ်သည်မှာ သဘာဝကျသည်။
ဘင်္ဂလားဒေ့ရှ်သည် ရခိုင်နှင့် ချင်းပြည်နယ်များတွင် မလုံခြုံသောနယ်စပ် ၂၇၁ ကီလိုမီတာ ထိစပ်နေပြီး ထိုဒေသများမှ ဖြစ်ပေါ်တိုးတက်မှုများသည် ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးကို တိုက်ရိုက် သက်ရောက်မှုရှိမည် ဖြစ်သည်။

မြန်မာမှ အိန္ဒိယ၏ အကျိုးစီးပွားများသည် အဓိက စိုးရိမ်ပူပန်မှု လေးခုကြောင့် လှုပ်ရှားမှုဖြစ်စေသည်။
ပထမတခုမှာ အိန္ဒိယ၏ အရှေ့ဘက် နိုင်ငံများသို့ ဦးတည်လုပ်ဆောင်ရေး “အရှေ့မျှော်မူဝါဒ” ဖြစ်သည်။ မြန်မာသည် အိန္ဒိယနှင့် အကျိုးအမြတ်များသည့် ဈေးကွက်များဖြစ်သော အရှေ့တောင်အာရှနှင့် အချိတ်အဆက် ဖြစ်ကြောင်း ထင်ရှားသည်။
အိန္ဒိယမှ လုံခြုံရေးတာဝန်ရှိသူများကလည်း အာသံ၊ မဏိပူရနှင့် နာဂသူပုန်များ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဝေးကွာသော တောင်တန်းများတွင် ဘေးကင်းလုံခြုံသော ခိုလှုံရာနေရာများ မရအောင်လည်း လုပ်ချင်ကြသည်။
သူပုန်များသည် ထိုနေရာများမှတဆင့် အိန္ဒိယ၏ မတည်ငြိမ်သော အရှေ့မြောက်ဒေသတွင် တိုက်ခိုက်မှုများ ပြုလုပ်ပြီး လက်နက်မှောင်ခို တင်သွင်းကြသည်။
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှ မတည်ငြိမ်မှုများသည် မြန်မာနယ်စပ်နှင့် ကပ်လျက် မဏိပူရသို့ ကူးစက်နေပြီး ဖြစ်သည်။
တတိယအချက်မှာ အိန္ဒိယ၏ လျှင်မြန်စွာ ကျယ်ပြန့်နေသော စီးပွားရေးသည် စွမ်းအင်လိုအပ်ပြီး မြန်မာမှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့၊ ရေအားလျှပ်စစ်ကိုပင် တင်သွင်းရန် စိတ်ဝင်စားကြောင်း ပြသသည်။ နယ်စပ်တလျှောက် စစ်ပွဲများ ဖြစ်နေသမျှ ထိုကိစ္စများသည် မဖြစ်နိုင်ပေ။
နောက်ဆုံးအချက်မှာ အိန္ဒိယသည် အခြားမည်သည့် အိမ်နီးချင်း နိုင်ငံထက်မဆို မြန်မာတွင် တရုတ် သြဇာလွှမ်းမိုးမှုကို အတိုင်းအတာတခုကို ထိန်းညှိထားလိုသည်။
စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များကို ဖမ်းဆီးပြီး တင်းကျပ်သော အာဏာရှင်စနစ် ပြန်လည် ကျင့်သုံးသည့် အာဏာသိမ်းပြီး ဖေဖော်ဝါရီလတွင် လေးနှစ်ပြည့်မည်ဖြစ်သည်။
စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များကို ဖမ်းဆီးပြီး တင်းကျပ်သော အာဏာရှင်စနစ် ပြန်လည် ကျင့်သုံးသည့် အာဏာသိမ်းပြီး ဖေဖော်ဝါရီလတွင် လေးနှစ်ပြည့်မည်ဖြစ်သည်။
ယခုနှစ်တွင် စစ်ကောင်စီသည် တနိုင်ငံလုံးတွင် ပြန့်ကျဲနေသည့် အမျိုးမျိုးသော တိုင်းရင်းသားနှင့် နိုင်ငံရေး တော်လှန်ရေးအင်အားစုများကို ချေမှုန်းနိုင်မည့် အလားအလာ သိပ်မရှိပါ။
သို့သော် တော်လှန်ရေးအင်အားစုများသည်လည်း စစ်အုပ်စုကို ဖြုတ်ချနိုင်လောက်အောင် ခိုင်မာ ညီညွတ်လိမ့်မည်လားဟုလည်း သံသယဖြစ်စရာရှိသည်။ ယခု သေနင်္ဂဗျူဟာ အကျပ်အတည်းသည် ဆက်လက် ဖြစ်ပေါ်နေနိုင်သော်လည်း အရာရာသည် တရုတ်၏ နောက်ထပ် လှုပ်ရှားမှုအပေါ် တွင်လည်း မူတည်နေနိုင်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ China and the Wars in Myanmar ကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် အာရှအကြောင်း ဆယ်စုနှစ် လေးခုနီးပါး ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
တရုတ်အရေး အဖြေရှာရန် လိုအပ်နေသည့် မြန်မာ့တော်လှန်ရေး
“ဇင်ယော်” လှုပ်ရှားမှု ဒုတိယပိုင်းစမယ်လို့ တရုတ်ကြေညာ (ရုပ်/သံ)
မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး
အထိနာ စစ်ကောင်စီနှင့် အလံဖြူ စစ်တပ်အပေါ် ၂၀၂၄ လည်ပြန် သုံးသပ်ချက်
၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ














