စစ်ကောင်စီ၏ အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ် (တပ်မ-၁၁) မှ နည်းဗျူဟာမှူးတဦး သိပ်မကြာမီကာလက ကျောက်ဖြူတိုက်ပွဲအတွင်း သေဆုံး (စစ်ကောင်စီအခေါ် ကျဆုံး) သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ထိုဗျူဟာမှူး သေဆုံးသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အသိမိတ်ဆွေများက ဆက်သွယ်မေးမြန်းကြသည်။ အကြောင်းက နည်းဗျူဟာမှူးအဆင့်ကို ဗိုလ်မှူးချုပ်အဆင့်အထိ ပေးထားသလားဆိုသည့် မေးခွန်းကို မေးကြသည်။
ဗျူဟာမှူးရာထူးသည် ယာယီ နည်းဗျူဟာမှူး ကာလတွင် ဒုတိယ ဗိုလ်မှူးကြီးများဖြစ်ကြပြီး တနှစ်ပြည့်မြောက်မှသာ ဗိုလ်မှူးကြီးအဆင့်တိုးကို ရကြသည်။ သို့သော် ကျောက်ဖြူတွင် သေဆုံးခဲ့သည့် ဗျူဟာမှူး၏ နာရေးဖိတ်စာတွင် “ဗိုလ်မှူးချုပ်” အဆင့်ဖြင့် ဖော်ပြထားသည်။ ထိုကြောင့် မေးမြန်းလာသူများအား ရှင်းပြဖြစ်ပါသည်။
စစ်ခေါင်းဆောင်အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းလောက်ကတည်းကစပြီး တိုက်ပွဲအတွင်း သေဆုံး (ကျဆုံး) သူများကို ခံစားခွင့်ပိုရရန် အဆင့်တိုးအဖြစ် ပေးခဲ့ကြောင်း၊ အလျဉ်းသင့်သလို ဘွဲ့ထူးဂုဏ်ထူး၊ သူရဲကောင်းမှတ်တမ်းဝင်၊ ချီးကျုးဂုဏ်ပြုများလည်း ပေးကြောင်း ပြန်ရှင်းပြဖြစ်ပါသည်။
စစ်ခေါင်းဆောင်အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းလောက်ကတည်းကစပြီး တိုက်ပွဲအတွင်း သေဆုံး (ကျဆုံး) သူများကို ခံစားခွင့်ပိုရရန် အဆင့်တိုးအဖြစ် ပေးခဲ့ကြောင်း၊ အလျဉ်းသင့်သလို ဘွဲ့ထူးဂုဏ်ထူး၊ သူရဲကောင်းမှတ်တမ်းဝင်၊ ချီးကျုးဂုဏ်ပြုများလည်း ပေးကြောင်း ပြန်ရှင်းပြဖြစ်ပါသည်။
လတ်တလော ကျောက်ဖြူတိုက်ပွဲတွင် သေဆုံးခဲ့သည့် တပ်မ ၁၁ မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မျိုးအောင် (၄၅ နှစ်) သည် အလုပ်သင်ဗိုလ်သင်တန်း (အလသဗ) အမှတ်စဉ် (၂၈) ဆင်း ဖြစ်သည်။ အလသဗ (၂၈) သည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၄၃) သင်တန်းဆင်းများနှင့် တနှစ်တည်း တက္ကသိုလ်ဝင်တန်း အောင်ခဲ့သူများ ဖြစ်သည်။
အဆိုပါ ဗိုလ်လောင်း အမှတ်စဉ်မှ သင်တန်းဆင်း ထိပ်ပိုင်းအရာရှိကြီးများသည် ဗိုလ်မှူးကြီးအဆင့်သာ ရှိနေကြသေးသည်။ ထို့ကြောင့်လည်း မိတ်ဆွေများက ဗိုလ်မှူးချုပ်အဆင့်နှင့် ဖော်ပြထားသည့် နာရေးဖိတ်စာကိုတွေ့သည့်အခါ ဒွိဟဖြစ်ပြီး စိတ်ဝင်တစားလာ၍ မေးမြန်းကြခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးနှင့် နောက်ပိုင်းကာလများတွင် သေဆုံး (ကျဆုံး) ခဲ့ကြသည့် ဗိုလ်မှူးချုပ်အဆင့် တပ်မမှူး/စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခမှူး) များအား တဆင့်မြင့် ဗိုလ်ချုပ်အဆင့်ဖြင့် ကျဆုံးခံစားခွင့်များပေးခဲ့သည်။ ထို့ပြင် ဗိုလ်ကြီးအဆင့်နှင့် သေဆုံးခဲ့သူများကို ဗိုလ်မှူးအဆင့်သို့လည်းကောင်း၊ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူးအဆင့်များကို ဒုတိယ ဗိုလ်မှူးကြီးအဆင့်သို့လည်းကောင်း၊ ဒုတိယ ဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးများအား ဗိုလ်မှူးကြီးအဆင့်သို့လည်းကောင်း၊ ဗိုလ်မှူးကြီးအဆင့်များကို ဗိုလ်မှူးချုပ်အဆင့်သို့လည်းကောင်း အသီးသီး တိုးမြှင့်ပေးခဲ့ကြောင်း တွေ့ ရသည်။
ထိုကဲ့သို့ စစ်မြေပြင်တွင် အသက်ဆုံးရှုံးသည်အထိ ဆောင်ရွက်ခဲ့ကြသူများကို အဆင့်တိုးပေးခြင်းသည် သေသွားခဲ့လျှင်ပင် ကျန်ရစ်သူမိသားစုအနေဖြင့် ခံစားခွင့်ပိုရသည်ဆိုသည့် အတွေးကို စစ်ကောင်စီတပ်တွင်းသို့ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
ထိုကဲ့သို့ စစ်မြေပြင်တွင် အသက်ဆုံးရှုံးသည်အထိ ဆောင်ရွက်ခဲ့ကြသူများကို အဆင့်တိုးပေးခြင်းသည် သေသွားခဲ့လျှင်ပင် ကျန်ရစ်သူမိသားစုအနေဖြင့် ခံစားခွင့်ပိုရသည်ဆိုသည့် အတွေးကို စစ်ကောင်စီတပ်တွင်းသို့ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
တဖက်တွင်လည်း လက်နက်မချ၊ ဘက်မပြောင်းဘဲ နီးစပ်ရာ တပ်စခန်းရှိရာသို့ မရောက် ရောက်အောင် ပြန်လည် ဆုတ်ခွာ ထွက်ပြေးလာသူများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိထိရောက်ရောက် အရေးယူ အပြစ်ပေးပြသည်။
မည်သို့သော အင်အားသာလွန်သည့် ရန်သူလက်မှ လွတ်မြောက်အောင် မည်သို့မည်ပုံ ကြိုးစား၍ အသက်စွန့်ကာ ဆုတ်ခွာခဲ့ပါစေ ဆုတ်ခွာလာသည့် ခေါင်းဆောင်ပိုင်းများကို မဖြစ်မနေ အရေးယူပြခဲ့သည်။ သို့သော် စစ်တပ်တွင် အင်အားမရှိသဖြင့် အခြားအဆင့် စစ်သည်များကိုမူ အရေးမယူဘဲ ခေါင်းဆောင်သစ်နှင့် ပြန်လည်စုဖွဲ့ပြီး စစ်ပြန်တိုက်ခိုင်းကြသည်။ ခေါင်းဆောင်ဟောင်းများမှာမူ စစ်ခုံရုံးနှင့် ရင်ဆိုင်ကြရသည်။
စစ်တရားရုံးတွင် တရားခံဘက်က အချိန်ကာလ မည်မျှအထိ ခုခံခဲ့ပါသည်ဆိုကာ လျှောက်လဲချက် တင်စေကာမူ စစ်တရားရုံး အမိန့်အတိုင်း ပြစ်ဒဏ် ခပ်ကြီးကြီး ကျခံကြရသည်။ စစ်တရားရုံးများသည် ပြဋ္ဌာန်းထားသည့် စစ်ဥပဒေထက် တပ်ချုပ် မင်းအောင်လှိုင်က အတည်ပြုထားသည့် ပြစ်ဒဏ်အတိုင်းသာ ချမှတ်ကြရသည်။
တပ်ချုပ်အမိန့်သည် အပြီးအပြတ်ဖြစ်သဖြင့် ပြစ်ဒဏ်အပေါ် စောဒကတက်၍ မရဘဲ ချသမျှ ပြစ်ဒဏ်ကို ခံကြရသည်။ ထိုသို့ ပြုလုပ်ခြင်းသည် ကျန်ရှိသည့် စစ်တပ်အရာရှိများအနေဖြင့် အမိန့်မရဘဲ ဆုတ်ခွာ ထွက်ပြေးခြင်း မရှိအောင် အကြောက်တရား သွင်းပေးခြင်းဟုလည်း ဆိုနိုင်သည်။
ထို့သို့သော အခြေအနေတွင် စစ်တပ်အရာရှိကြီးများသည် ရှေ့တန်းတွင် “သေမင်း” နှင့် နောက်တန်းတွင် “စစ်ခုံရုံး” တို့အကြားတွင် ရပ်တည်လုပ်ကိုင်နေရ၏။ ထို့ကြောင့်လည်း စစ်တပ်အရာရှိကြီးများသည် သေမှသာ ရဖို့သေချာသည့် ဘွဲ့ထူးဂုဏ်ထူးနှင့် စစ်မြေပြင်အဆင့်တိုး ရရှိရေးထက် စစ်မတိုက်ရသည့် နေရာများသို့ ပြောင်းရွှေ့ရရေးကိုသာ ကြံဆောင်လာကြသည်။
နဂိုကတည်းကပင် စစ်တပ်တွင် ယူနီဖောင်းကို လုပ်စားဖို့သာ စိတ်ဝင်စားကြသူ အများစုရှိနေခြင်းကြောင့် စစ်တိုက်ရန်ကိစ္စကို ခပ်ကင်းကင်းသာ နေလိုကြသည်မှာလည်း သဘာဝကျသည်ဟု ဆိုရမည်။ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များနှင့် အမျိုးတော်သူများ၊ တပည့်တော်သူများ၊ မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များနှင့်ရင်းနှီးသူများသည် စစ်မတိုက်ရသည့်နယ်မြေ (ဥပမာ- ရှမ်းအရှေ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) လက်အောက်ခံတပ်များ)၊ ခြေလျင်/ခြေမြန် မဟုတ်သည့် လက်ရုံးဝန်ထမ်းတပ်များ၊ သင်တန်းကျောင်းများနှင့် စစ်ရုံးအပါအဝင် အထိုင်ရုံးများတွင် နေရာရရေး တိုးဝှေ့လာကြသည်။

မည်သို့သော အကြောင်းအရာနှင့်တူသနည်းဆိုပါက မှောင်ခိုလက်မှတ်ရောင်းသည့် ခေတ်ကကဲ့သို့ပင် ရာထူးတိုးရေးထက် အထိုင်နေရာကောင်းရရေးသည် လူဝင်များသည့် ရုပ်ရှင်အတွက် မှောင်ခိုလက်မှတ်လို ဈေးကြီးလာသည်။ ပိုင်မှဆိုင်မှ လိုက်နိုင်မှ နေရာရနိုင်သည်။
တကယ် စစ်ဆင်ရေး ကြမ်းတမ်းသောနေရာများတွင်လည်း အဆိုပါ ရေပေါ်ဆီအရာရှိများ ရှိမနေခဲ့ပေ။ ဥပမာ- ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်၏ သားသည် စစ်တပ်တွင် အရာရှိငယ် ဖြစ်သည်။ ကြာအင်းဆိပ်ကြီး အခြေစိုက် ခမရ ၂၈၄ တွင် တာဝန်ကျနေသော်လည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက နောက်တန်းနေရာကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်က ဝင်တိုက်ချိန်တွင် နောက်တန်းဌာနချုပ်တွင်ရော ရှေ့တန်းတွင်ပါ ရှိမနေဘဲ မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တွင် တွဲဖက်တာဝန်နှင့် ရှိနေခဲ့သည်ကို တွေ့ရသည်။
တကယ် စစ်ဆင်ရေး ကြမ်းတမ်းသောနေရာများတွင်လည်း အဆိုပါ ရေပေါ်ဆီအရာရှိများ ရှိမနေခဲ့ပေ။ ဥပမာ- ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်၏ သားသည် စစ်တပ်တွင် အရာရှိငယ် ဖြစ်သည်။ ကြာအင်းဆိပ်ကြီး အခြေစိုက် ခမရ ၂၈၄ တွင် တာဝန်ကျနေသော်လည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက နောက်တန်းနေရာကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်က ဝင်တိုက်ချိန်တွင် နောက်တန်းဌာနချုပ်တွင်ရော ရှေ့တန်းတွင်ပါ ရှိမနေဘဲ မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တွင် တွဲဖက်တာဝန်နှင့် ရှိနေခဲ့သည်ကို တွေ့ရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ သူ့အတွက် စစ်တိုက်ပေးချင်အောင်၊ မဆုတ်တမ်း ခုခံပေးအောင် ဘွဲ့ထူးဂုဏ်ထူးများ တဆင့်မြင့်ရာထူးများပေး၍ ဆွဲဆောင်နေဆဲဖြစ်သလို မလိုက်နာသူများကို ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးလျက်ရှိသည်။
သို့သော်လည်း စစ်တပ်မှ အရာရှိအများစုသည် စစ်မတိုက်ရသည့်အလုပ်နှင့် မလုပ်မရှုပ်မပြုတ် နေရာများတွင်သာ နေရာရရေး ကြိုးစားနေကြလေသည်။ အထူးသဖြင့် စစ်အာဏာသိမ်းကာလအတွင်း စစ်မတိုက်ရသည့် နေရာများတွင် ရသလောက် ခိုကပ်နေမည်၊ မရလျှင် အရပ်ဘက်ဌာနဆိုင်ရာများသို့ ပြောင်းမည်ဆိုသည့် အတွေးများသာ ပွားများနေကြလေသည်။
ယခုနှစ်အတွင်း နောက်ဆုံး ပြုလုပ်ထားသည့် စစ်ကောင်စီတပ်တွင်း၌ ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိကြီးများ ပြောင်းရွှေ့သည့်ဘုတ်တွင်လည်း အများစုမှာ အထိုင်တပ်နေရာများသို့သာ ပြောင်းရွှေ့ခဲ့ကြောင်း တွေ့ရသည်။ ထိုအပြောင်းအရွှေ့အား အသေးစိတ်အခြေအနေကို လေ့လာကြည့်မိပါသည်။
ပြောင်းရွှေ့မိန့်များအရ ပြောင်းရွှေ့ခဲ့ကြသူများမှ အောက်ပါအတိုင်းဖြစ်သည်။














