နီပေါနိုင်ငံ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/နီပေါနိုင်ငံ Covering Burma and Southeast Asia Wed, 19 Jul 2023 01:11:15 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png နီပေါနိုင်ငံ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/နီပေါနိုင်ငံ 32 32 ဧဝရတ်တောင် တက်နေတဲ့ တောင်တက်သမားတဦး ကိုဗစ် ကူးစက်ခံရ https://burma.irrawaddy.com/lifestyle/coronavirus/2021/04/26/241121.html Mon, 26 Apr 2021 06:39:55 +0000 https://burma.irrawaddy.com/lytbox/?p=241121 ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်မြို့တော် ခတ္တမန္ဒူမှာရှိတဲ့ ဆေးရုံကလည်း ဧဝရတ်တောင်တက်သမားတဦးမှာ COVID-19 ကူးစက်ခံထားရတယ် ဆိုတာ အတည်ပြုပေးခဲ့ပါတယ်။]]> ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်

နီပေါနိုင်ငံက ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို တက်ဖို့ ကြိုးစားနေတဲ့ နော်ဝေးနိုင်ငံသား တောင်တက်သမားတဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး တောင်ရဲ့ တောင်တက်ရာသီမှာ လူဝင်များဖို့ နီပေါဘက်က မျှော်လင့်နေချိန်လည်း ဖြစ်ပါတယ်။

မနှစ်ကလည်း COVID-19 ကြောင့် တောင်တက်ရာသီမှာ လူမဝင်ခဲ့ရတဲ့ နီပေါမှာ ဒီနှစ်ထဲတော့ ဗိုင်းရပ်စ် ကူးစက်မှုရှိလာခဲ့ရင် ကုသပေးနိုင်ဖို့ အခက်အခဲရှိတဲ့ကြားက ကမ္ဘာအနှံ့ တောင်တက်သမားတွေကို လာရောက်ဖို့အတွက် Quarantine စည်းကမ်းချက်တွေကိုပါ ဖြေလျော့ပေးခဲ့တာပါ။

“ကျနော် COVID-19 ကူးစက်ခံထားရတယ်။ အခုတော့ အဆင်ပြေပါတယ်။ ဆေးရုံမှာလည်း ဂရုစိုက် ကုသပေးကြတယ်” လို့ COVID-19 ကူးစက်ခံထားရသူ နော်ဝေးနိုင်ငံသား Erlend Ness က ဆိုရှယ်မီဒီယာကတဆင့် ပြောပြပါတယ်။

ဧဝရတ်တောင်တက်လမ်းကြောင်းပေါ်က အခြေစိုက်စခန်းမှာ စောင့်နေတဲ့ Ness ကို ကယ်ဆယ်ရေးရဟတ်ယာဉ်နဲ့ သွားရောက် ခေါ်ဆောင်ပြီး နီပေါ နိုင်ငံမြို့တော် ခတ္တမန္ဒူရှိ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။ နော်ဝေး မီဒီယာ NRK နဲ့ အင်တာဗျူးမှာတော့ Ness က သူနဲ့အတူ ပါလာတဲ့ ဒေသခံ Sherpa မှာပါ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။

“ရေခဲတောင် အမြင့်နေရာတွေဆီ ရောက်နေတဲ့ တောင်သမား တဦးတယောက်ကိုမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာမျိုး မဖြစ်စေချင်ပါဘူး။ အမြင့်ပေ မီတာ ၈,၀၀၀ ကျော်နေရာတွေမှာဆို ကယ်ဆယ်ရေးရဟတ်ယာဉ်နဲ့ လာခေါ်ပေးဖို့ မလွယ်ဘူး” လို့ Ness က ပြောပြပါတယ်။

တောင်တက်သမားတွေမှာ တောင်ပေါ်အမြင့် ပိုရောက်လေ အသက်ရှုရခက်ခဲလေဖြစ်လို့ ဘယ်လို ဗိုင်းရပ်စ် ကူးစက်မှုမျိုးမှ မကူးစက်ဖို့ လိုပါတယ်။ “တောင်တက်မယ့်သူတွေ ရောဂါကူးစက် မခံရအောင် ပြင်ဆင်သွားဖို့ လိုပါတယ်။ ကျနော်ဆိုရင် ကြိုတင်ကာကွယ်မှုတွေ သေချာမလုပ်ခဲ့လို့ ကံမကောင်းခဲ့ဘူး” လို့ Ness က ဆိုပါတယ်။

မြို့တော် ခတ္တမန္ဒူမှာရှိတဲ့ ဆေးရုံကလည်း ဧဝရတ်တောင်တက်သမားတဦးမှာ COVID-19 ကူးစက်ခံထားရတယ် ဆိုတာ အတည်ပြုပေးခဲ့ပါတယ်။ “အသေးစိတ်တော့ ပြောပြပေးလို့ မရဘူး။ ဧဝရတ်တောင်က ခေါ်လာတဲ့သူ တချို့ ကိုဗစ် ကူးစက်ခံထားရတယ်ဆိုတာ မှန်ပါတယ်” လို့ ဆေးရုံရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တဦးက ပြောပြပါတယ်။

နီပေါနိုင်ငံဟာ ယခုနှစ် တောင်တက်ရာသီမှာ တောင်တက်သမား ၃၇၇ ဦးကို ခွင့်ပြုပေးထားပြီး ၂၀၁၉ ခုနှစ်က ၃၈၁ ဦးထက် ကျော်လွန်နိုင်ဖို့ မျှော်မှန်းနေပါတယ်။ တောင်ခြေမှာ လူစုလူဝေး မဖြစ်အောင် နီပေါခရီးသွားဝန်ကြီးဌာနက စည်းကမ်းချက်တွေ ထုတ်ပြန်ထားသလို၊ စီစဉ်သူတွေဘက်ကလည်း တောင်ပေါ်တက်မယ့် တကြိမ်မှာ လူဦးရေ ကန့်သတ်သွားတာမျိုး လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

Ref: Times of India

You may also like these stories:

အိန္ဒိယမှာ ကိုဗစ်ကူးစက်လူနာ ၃၃၀,၀၀၀ ကျော်နဲ့ ဒုတိယနေ့ စံချိန်တင် မြင့်တက်

ထိုင်းမှာ ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကြောင့် ကာကွယ်ဆေး ရရှိရေး တိုးမြင့်

ကမ္ဘာပေါ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃ သန်း ကျော်ပြီ

]]>
ဧဝရက်တောင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင် https://burma.irrawaddy.com/lifestyle/travel/2020/08/04/227397.html Tue, 04 Aug 2020 08:40:44 +0000 https://burma.irrawaddy.com/lytbox/?p=227397 ဧဝရက်တောင်လက်ရှိ အချိန်မှာတော့ နီပေါမှာ COVID-19 ကူးစက်ခံရသူပေါင်း ၂ သောင်းကျော် ရှိနေပြီး ၅၇ ယောက် သေဆုံးခဲ့ပါတယ်။]]> ဧဝရက်တောင်

ကိုဗစ်ကာလအတွင်း နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းထားခဲ့ရပါတယ်။ နီပေါမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကစပြီး ကန့်သတ်မှုတွေကို ပြန်လည် ဖြေလျှော့ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း မကြာခင်အချိန်အတွင်း နီပေါနိုင်ငံရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ ဧဝရက်တောင်ကို နိုင်ငံတကာ ခရီးသွားတွေ တက်ရောက်နိုင်တော့မယ်လို့ သိရပါတယ်။

နီပေါအစိုးရအနေနဲ့ လာမယ့် သြဂုတ်လ ၁၇ ရက်နေ့ကစပြီး နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ပြန်လည် ပြေးဆွဲသွားဖို့ စီစဉ်ထားပါတယ်။ ခရီးသွားလုပ်ငန်းဆောင်ရွက်နေတဲ့ Mira Acharya ကလည်း မကြာခင်ရက်ပိုင်းအတွင်း နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေကို ပြန်လည် စတင်သွားမယ်လို့ တရားဝင် ပြောကြားခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ နီပေါမှာ COVID-19 ကူးစက်ခံရသူပေါင်း ၂ သောင်းကျော် ရှိနေပြီး ၅၇ ယောက် သေဆုံးခဲ့ပါတယ်။ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ နီပေါအစိုးရဟာ COVID-19 လုံခြုံရေးနဲ့ ပတ်သက်ပြီး ခရီးသွား ဧည့်သည်တွေအတွက် လုံခြုံရေးစည်းမျဉ်းတွေကို ရေးဆွဲနေတယ်လို့ သိရပါတယ်။

COVID-19 ရောဂါ နီပေါနိုင်ငံကို ကူးစက်လာပြီးနောက်ပိုင်းမှာတော့ မတ်လကတည်းက ခရီးသွားလုပ် ငန်းတွေ ယာယီ ရပ်ဆိုင်းထားခဲ့ရပါတယ်။ နှစ်စဉ် လာရောက် လည်ပတ်တဲ့ ခရီးသွား အရေအတွက် သန်းနဲ့ချီ ရှိခဲ့ပေမယ့် ကိုဗစ်ကာလအတွင်းမှာတော့ ဝင်ငွေများစွာ ဆုံးရှုံးခဲ့ရပါတယ်။

ဧဝရက်တောင်ထိပ်ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟိမဝန္တာတောင်တန်းပေါ်မှာ တည်ရှိနေပြီး ကမ္ဘာပေါ်က အမြင့်ဆုံးတောင်စာရင်းမှာ ပါဝင်နေတဲ့ တောင်တတောင်လည်း ဖြစ်ပါတယ်။ လူများစုကတော့ ဧဝရက်တောင်ကို တန်ခိုးကြီးတဲ့ တောင်တတောင်အဖြစ် ယူဆထားကြပါတယ်။

တောင်တက်သမားတွေအနေနဲ့လည်း ဧဝရက်တောင်ကို တက်နိုင်ဖို့ဆိုတာ အကြီးဆုံး အိပ်မက်တခုပါ။ ဒါကြောင့်လည်း တောင်တက်သမားအများစုက ဧဝရက်တောင်ကို တက်ဖို့ နီပေါနိုင်ငံကို လာရောက်လည်ပတ်လေ့ ရှိကြပါတယ်။

နီပေါနိုင်ငံဟာ ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ လုံးအနက် ၈ လုံးကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံတကာ တောင်တက်ခရီးသွားတွေကနေ ဝင်ငွေ အများအပြားရရှိနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

Ref: timesofindia

You may also like these stories:

လန်ဒန်ရှိ အထင်ကရ လည်ပတ်စရာနေရာတွေ ပြန်ဖွင့်ပြီ

ဘာလီခရီးသွားလုပ်ငန်းများ ပြန်စတင်မည်

ဟာဝိုင်ယီ ခရီးသွားလုပ်ငန်းများ စက်တင်ဘာလတွင် ပြန်စမည်

]]>
COVID-19 ကူးစက်မှု မြင့်တက်နေတဲ့ နိုင်ငံများမှ အစားအစာ တင်သွင်းခွင့် နီပေါအစိုးရ ပိတ်ပင် https://burma.irrawaddy.com/lifestyle/trend/2020/04/08/220241.html Wed, 08 Apr 2020 04:29:10 +0000 https://burma.irrawaddy.com/lytbox/?p=220241 နီပေါနိုင်ငံက ဈေးတနေရာ နီပေါအစိုးရအနေနဲ့ စားနပ်ရိက္ခာ တင်သွင်းခွင့်မပြုတဲ့ နိုင်ငံတွေကတော့ တရုတ်၊ အီတလီ၊ အီရန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ပြင်သစ် ၊ ဂျာမနီနဲ့ စပိန်နိုင်ငံတို့ပါ။]]> နီပေါနိုင်ငံက ဈေးတနေရာ

COVID-19 ကပ်ရောဂါဟာ တကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါ တမျိုးပါ။ လက်ရှိအချိန်အထိ ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ စုစုပေါင်း ၁,၄၃၃,၅၈၈ ယောက်ရှိပြီး သေဆုံးသူပေါင်း ၈၂,၀၇၈ ယောက် ရှိသွားပါပြီ။

COVID-19 ရောဂါကနေ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၃၀၅,၀၂၀ ယောက်သာ ရှိပါသေးတယ်။ ရောဂါကူးစက်ခံရသူ အရေအတွက်နဲ့ နှိုင်းယှဉ်ကြည့်ရင် ကျန်းမာရေး ပြန်ကောင်းလာသူအရေအတွက်က နည်းပါးပါတယ်။

နီပေါအစိုးရကတော့ COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ နိုင်ငံ ၈ နိုင်ငံကို စားနပ်ရိက္ခာတွေကို ပြည်တွင်းသွင်းခွင့် မပြုတော့ပါဘူး။ အစားအစာတွေကနေတဆင့် COVID-19 ကူးစက်မှုကို လျှော့ချနိုင်ဖို့ဖြစ်တယ်လို့ နီပေါနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ဝန်ကြီးဌာနက အဆင့်မြင့်အရာရှိ တဦးက ပြောပါတယ်။

နီပေါအစိုးရအနေနဲ့ စားနပ်ရိက္ခာ တင်သွင်းခွင့်မပြုတဲ့ နိုင်ငံတွေကတော့ တရုတ်၊ အီတလီ၊ အီရန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ပြင်သစ် ၊ ဂျာမနီနဲ့ စပိန်နိုင်ငံတို့ပါ။

ဒီနိုင်ငံတွေဟာ COVID-19 ဒဏ်ကို အများဆုံးခံစားခဲ့ရတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် နီပေါအစိုးရအနေနဲ့ စားနပ်ရိက္ခာ တင်သွင်းမှုကို ယာယီဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။ အစားအစာတွေကနေ COVID-19 ကူး စက်နိုင်တယ်ဆိုတဲ့ သက်သေ အထောက်အထားတော့ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်ထိ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ ၂၂ ဦး တွေ့ရှိထားပြီး သေဆုံးသူ ၂ ဦးရှိပြီလို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

Ref: thestar

You may also like these stories:

ကိုဗစ် ပျောက်အောင် Dettol သောက်ပြီး လူသေဆုံးတဲ့ သတင်းက သတင်းတုဟု ဆို

တရုတ်နိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်လာတဲ့ နိုင်ငံ ၅ နိုင်ငံ

COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဂျပန်မှာ အရေးပေါ်အခြေအနေ ကြေညာမည်

]]>
COVID-19 လူနာ ၂ ဦး တွေ့ခဲ့တာကြောင့် နီပေါနိုင်ငံ တပတ်ကြာ Lockdown လုပ်မည် https://burma.irrawaddy.com/lifestyle/trend/2020/03/25/219066.html Wed, 25 Mar 2020 06:12:50 +0000 https://burma.irrawaddy.com/lytbox/?p=219066 တနိုင်ငံလုံး Lockdown ချထားမယ့် အစီအစဉ်ကို နီပေါနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး Ishwar Pokhrel က ကြေညာခဲ့ပါတယ်။ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က တနိုင်ငံလုံး Lockdown ချထားမယ့် အစီအစဉ်ကို နီပေါနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး Ishwar Pokhrel က ကြေညာခဲ့ပါတယ်။]]> တနိုင်ငံလုံး Lockdown ချထားမယ့် အစီအစဉ်ကို နီပေါနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး Ishwar Pokhrel က ကြေညာခဲ့ပါတယ်။

အခုချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါဟာ တကမ္ဘာလုံးကို ခြိမ်းခြောက်လာတဲ့ ကပ်ရောဂါတမျိုး ဖြစ်လာခဲ့ပါပြီ။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာလည်း ကူးစက်ခံရသူ ၃ ဦးအထိ ရှိသွားပါပြီ။ မြန်မာနိုင်ငံမှာ တွေ့ရှိထားတဲ့ ကူးစက်ခံရသူတွေဟာ ပြည်ပကနေ ပြန်လည် ဝင်ရောက်လာသူတွေလို့ သိရပါတယ်။

နီပေါနိုင်ငံအနေနဲ့ ဒုတိယမြောက် COVID-19 ကူးစက်ခံထားရသူကို တွေ့လာရတဲ့အတွက် မတ်လ ၃၁ နေ့အထိ တနိုင်ငံလုံးကို Lockdown လုပ်ထားမယ်လို့ သိရပါတယ်။ COVID-19 ဟာ ကူးစက်မြန်တဲ့ရောဂါ ဖြစ်တာကြောင့် နီပေါနိုင်ငံက လေကြောင်းလိုင်းတွေ အားလုံးကို ပိတ်ထားသလို အိန္ဒိယနဲ့ တရုတ်နိုင်ငံနယ်စပ်ကို ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေအားလုံးလည်း ပိတ်ထားတယ်လို့ သိရပါတယ်။

နယ်စပ်မှာ သွားရောက် အလုပ်လုပ်နေကြတဲ့ နီပေါနိုင်ငံသားတွေလည်း နိုင်ငံကို ပြန်ဝင်လာနေကြပါ တယ်။ ဒီလို ဝင်ရောက်လာတဲ့ နီပေါနိုင်ငံသားတွေကိုလည်း နီပေါကျန်းမာရေးဦးစီးဌာနက သတိထားပြီး ကိုင်တွယ် ဆောင်ရွက်နေပါတယ်။ နယ်စပ်က ဝင်ရောက်လာသူ အားလုံးကို ကိုယ်အပူချိန်တိုင်းကိရိယာနဲ့ အပူချိန် တိုင်းပေးနေတယ်လို့ သိရပါတယ်။

အခုလို အချိန်မျိုးမှာ ပြည်ပက ဝင်ရောက်လာသူတွေအနေနဲ့ အစိုးရ ကျန်းမာရေးဦးစီးဌာနနဲ့ ပူးပေါင်း  ဆောင်ရွက်သင့်ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှလည်း ကိုယ့်နိုင်ငံဟာ COVID-19 ဘေးအန္တ ရာယ်ကနေ လွတ်ကင်းနိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က တနိုင်ငံလုံး Lockdown ချထားမယ့် အစီအစဉ်ကို နီပေါနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး Ishwar Pokhrel က ကြေညာခဲ့ပါတယ်။ ဒီကနေ့ အချိန်ထိတော့ နီပေါနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၂ ယောက် ရှိသွားခဲ့ပါပြီ။ နီပေါအစိုးရအနေနဲ့လည်း COVID-19 ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။

တနိုင်ငံလုံးကို Lockdown လုပ်ထားပေမယ့် အစားအသောက်နဲ့ ဟင်းသီးဟင်းရွက် ရောင်းသူတွေကိုတော့ ခွင့်ပြုပေးထားမယ်လို့ သိရပါတယ်။ Lockdown လုပ်ထားချိန်မှာ “ညမထွက်ရ” အမိန့်ကိုလည်း နီပေါအစိုးရက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Ref: nepalitimes

You may also like these stories:
]]>
တရုတ်ခရီးသွားတွေ အသုံးပြုတဲ့ အွန်လိုင်းငွေပေးချေမှု စနစ်ကို နီပေါနိုင်ငံမှာ တားမြစ် https://burma.irrawaddy.com/lifestyle/travel/2019/09/17/204162.html Tue, 17 Sep 2019 09:41:54 +0000 https://burma.irrawaddy.com/lytbox/?p=204162 ကမ္ဘာအနှံ့ လည်ပတ်ကြတဲ့ တရုတ်ခရီးသွားများဒီငွေပေးချေမှုစနစ်ဟာ တရုတ်နိုင်ငံမှာသာ တရားဝင်သုံးလို့ရတဲ့ စနစ်ပါ။ ဒီစနစ်ကို အသုံးပြုတဲ့အတွက်ကြောင့် ခရီးသွားလုပ်ငန်းကနေ ရရှိမယ့် ဝင်ငွေတွေဟာ တရုတ်နိုင်ငံကိုသာ ပြန်ရောက်သွားပါတယ်။]]> ကမ္ဘာအနှံ့ လည်ပတ်ကြတဲ့ တရုတ်ခရီးသွားများ

အရှေ့တောင်အာရှနိုင်ငံ အများစုကို တရုတ်ခရီးသွားတွေ လာရောက် လည်ပတ်လေ့ ရှိကြပါတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်လည်း တရုတ်နိုင်ငံပြင်ပကို ခရီးထွက်ကြတဲ့ တရုတ်နိုင်ငံသားတွေ အများကြီးရှိနေပါတယ်။ ဒီနှစ်အစောပိုင်းမှာဆိုရင်လည်း ထိုင်းနိုင်ငံကို တရုတ်နိုင်ငံသားတွေနဲ့ ဂျပန်နိုင်ငံသားအများစု လာရောက် လည်ပတ်ခဲ့ကြပါတယ်။

ကမ္ဘာ့ခရီးသွားလာရေး လုပ်ငန်းအဖွဲ့ကြီးရဲ့ အဆိုအရ ကမ္ဘာအနှံ့ လည်ပတ်ကြတဲ့ တရုတ်ခရီးသွားတွေ အများအပြား ရှိနေပါတယ်။ တရုတ်ခရီးသွားဟာ ကမ္ဘာအနှံ့ လည်ပတ်နေကြပေမယ့် ငွေပေးချေမှုစနစ်မှာဆိုရင် အွန်လိုင်းငွေပေးချေမှုစနစ်ဖြစ်တဲ့ WeChat Pay နဲ့ AliPay စနစ်ကိုသာ အသုံးပြုလေ့ ရှိကြပါတယ်။

ဒီငွေပေးချေမှုစနစ်ကြောင့်လည်း သက်ဆိုင်ရာနိုင်ငံတွေမှာ ဝင်ငွေဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေရပါတယ်။ တရုတ်နိုင်ငံသားတွေဟာ ကမ္ဘာအနှံ့ လည်ပတ်နေကြပေမယ့် တရုတ်နိုင်ငံသားတွေပိုင်ဆိုင်တဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ နေထိုင် စားသောက်လေ့ ရှိကြပါတယ်။ တရုတ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း လုပ်ဆောင်နေကြသူတွေက စီမံပေးထားတဲ့ အတိုင်းသာ နေထိုင်ကြပါတယ်။

နီပေါနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ တရုတ်ခရီးသွားတွေကလည်း ဒီစနစ်အတိုင်းသာ ပြုမူနေထိုင်လေ့ ရှိကြပါတယ်။ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ အခြားစီးပွားရေးလုပ်ငန်းတွေမှာဆိုရင်လည်း WeChat Pay နဲ့ AliPay စနစ်ကိုသာ အသုံးပြုကြပါတယ်။

ဒီငွေပေးချေမှုစနစ်ဟာ တရုတ်နိုင်ငံမှာသာ တရားဝင်သုံးလို့ရတဲ့ စနစ်ပါ။ ဒီစနစ်ကို အသုံးပြုတဲ့အတွက်ကြောင့် ခရီးသွားလုပ်ငန်းကနေ ရရှိမယ့် ဝင်ငွေတွေဟာ တရုတ်နိုင်ငံကိုသာ ပြန်ရောက်သွားပါတယ်။

ကျန်တဲ့ နိုင်ငံတွေမှာတော့ တရားမဝင်တဲ့ ငွေပေးချေမှုစနစ် ဖြစ်တဲ့အတွက်ကြောင့် နီပေါအစိုးရက တရုတ်ခရီးသွားတွေ သုံးလေ့သုံးထရှိတဲ့ WeChat Pay နဲ့ AliPay ကို ခွင့်မပြုတော့ပါဘူး။ နီပေါအစိုးရအနေနဲ့ ဝင်ငွေတွေ ဆုံးရှုံးခဲ့ရတဲ့ ဒီငွေပေးချေမှုစနစ်ကို အသုံးပြုခွင့်မပေးတော့ဘူးလို့ နီပေါနိုင်ငံ ဗဟိုဘဏ်ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

Nepal Rastra ဘဏ်က ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ Laxmi Prapanna Niroula ကလည်း “ဒီငွေပေးချေ မှုစနစ်က တရားမဝင်တဲ့အတွက် တရုတ်သွားတွေကို အသုံးပြုခွင့်ပေးမှာ မဟုတ်တော့ဘူး။ တရုတ် ခရီးသွားတွေအနေနဲ့ ဒီစနစ်ကိုအသုံးပြုပြီး ငွေချေတာကိုတွေ့ရင် သတ်မှတ်ထားတဲ့ ပြစ်ဒဏ် ခံရမယ်”လို့ ပြောပါတယ်။

နီပေါနိုင်ငံရဲ့ အထင်ကရနေရာတွေ ဖြစ်တဲ့ ဧဝရက်တောင်နဲ့ မြတ်စွာဘုရားဖွားမြင်ရာ လုမ္ဗိနီဥယျာဉ်ကို ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည်ပေါင်း ၁ ဒဿမ ၁ သန်း လာရောက်ခဲ့ပြီး ၁၅၃,၀၀၀ ယောက်က တရုတ်ခရီးသွားတွေ ဖြစ်ကြပါတယ်။

တရုတ်ခရီးသွားတွေဟာ တရုတ်ပြည်မှာ ဘဏ်စာရင်းတွေ ဖွင့်ထားကြပြီး ငွေပေးချေတဲ့ စနစ်မှာတော့ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကိုသာ အသုံးပြုတဲ့အတွက် ခရီးသွားလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေပါတယ်။

ဒါကြောင့်လည်း နီပေါအစိုးရ နီပေါနိုင်ငံကို လာရောက်တဲ့ တရုတ်ခရီးသွားတွေကို ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကို အသုံးပြုခွင့် ပိတ်ပင်လိုက်တာပါ။ မြန်မာနိုင်ငံမှာလည်း ဒီစနစ်ကပေးတဲ့ဒဏ်ကို ခံနေရတဲ့အတွက် အစိုးရအနေနဲ့ ပါဝင်ဖြေရှင်းသင့်နေပါတယ်။ တခြားနိုင်ငံတွေမှာ သက်ဆိုင်ရာ အစိုးရတွေက ဒီစနစ်ကို တားမြစ်မှုတွေ လုပ်လာတာ တွေ့နေရပါတယ်။

Ref. Reuters, Japantime, Thehimalayantimes

You may also like these stories:

၂၀၂၀ ခရီးသွားနှစ်အတွက် ကြယ် ၅ ပွင့် ဟိုတယ်တွေ တိုးချဲ့ဆောက်လုပ်နေတဲ့ နီပေါနိုင်ငံ

ဧဝရက်တောင်ဝန်းကျင် ပလတ်စတစ်အသုံးပြုမှုကို တားမြစ်တော့မည်

ဧဝရက် တောင်တက်သမားတွေ သေဆုံးပြီးနောက် နီပေါနိုင်ငံက စည်းမျဉ်းအသစ်များ ထုတ်ပြန်

နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအကြောင်း တစေ့တစောင်း

တရုတ် ခရီးသွားတွေရဲ့ ဇီးရိုးဘတ်ဂျက် ဒဏ်ကို ခံနေရတဲ့ မြန်မာနဲ့ အာဆီယံဒေသ

ဇီးရိုးဘတ်ဂျက်ကို နှိမ်နင်းမယ်လို့ ကမ္ဘောဒီးယား ခရီးသွားဝန်ကြီး ကတိပြု

]]>
၂၀၂၀ ခရီးသွားနှစ်အတွက် ကြယ် ၅ ပွင့် ဟိုတယ်တွေ တိုးချဲ့ဆောက်လုပ်နေတဲ့ နီပေါနိုင်ငံ https://burma.irrawaddy.com/lifestyle/travel/2019/09/12/203608.html Thu, 12 Sep 2019 06:08:55 +0000 https://burma.irrawaddy.com/lytbox/?p=203608 နီပေါနိုင်ငံမှာ ရှိတဲ့ ကြယ် ၅ ပွင့်အဆင့် ဟိုတယ်ကြယ် ၅ ပွင့်အဆင့် ဟိုတယ်တွေ ဆောက်လုပ်ရာမှာ စီးပွားရေးလုပ်ငန်းရှင်တွေက အမေရိကန် ဒေါ်လာ သန်း ၃၉၀ ကျော် ရင်းနှီးမြှုပ်နှံထားကြပါတယ်။]]> နီပေါနိုင်ငံမှာ ရှိတဲ့ ကြယ် ၅ ပွင့်အဆင့် ဟိုတယ်

နီပေါနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဟိန္ဒိူဘာသာဝင်တွေအတွက် အရေးပါတဲ့ နိုင်ငံ တနိုင်ငံပါ။ နီပေါနိုင်ငံမှာရှိတဲ့ လုမ္ဗိနီဥယျာဉ်ဟာ ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်တော်မူခဲ့တဲ့ ဒေသဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာ ဘုရားဖူး တွေ နီပေါနိုင်ငံကို သွားရောက်လေ့ ရှိကြပါတယ်။ ဘုရားဖူးဧည့်သည် မဟုတ်သူတွေကတော့ နီပေါနိုင်ငံကို တောင်တက်ဖို့အတွက် လာရောက်လေ့ ရှိကြပါတယ်။

ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက်တောင်ကို ပိုင်ဆိုင်ထားတဲ့ နီပေါနိုင်ငံဟာ ကမ္ဘာ့အမြင့်ဆုံး တောင် ၁၀ လုံးမှာလည်း ၈ လုံး ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် နီပေါနိုင်ငံက ခရီးသွားလုပ်ငန်းကို အထူး အာရုံစိုက်လေ့ ရှိပါတယ်။ ခရီးသွားလုပ်ငန်းဟာ နီပေါနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ အများဆုံး ရရှိတဲ့လုပ်ငန်းတခုပါပဲ။

နီပေါနိုင်ငံဟာ ခရီးသွားလုပ်ငန်းကနေ နှစ်စဉ် ဝင်ငွေ အမေရိကန် ဒေါ်လာ ၄၇၁ သန်း ရရှိနေပါတယ်။ အထူးသဖြင့်တော့ လုမ္ဗိနီဥယျာဉ်ကို လာရောက်ကြတဲ့ ဘုရားဖူး ဧည့်သည်တွေဆီက ဝင်ငွေ ပိုမိုရရှိနေပါတယ်။ ဒါကြောင့်လည်း နီပေါအစိုးရက ၂၀၁၂ ခုနှစ်ကို “လုမ္ဗိနီ ခရီးသွားနှစ်” အဖြစ် ကြေညာခဲ့ပါတယ်။

“လုမ္ဗိနီ ခရီးသွားနှစ်”အဖြစ် ကြေညာခဲ့တဲ့ အကြောင်းရင်းကတော့ ဘုရားဖူးဧည့်သည်တွေ ပိုမိုလာရောက် လည်ပတ်နိုင်ဖို့ အတွက်ပါ။ လာမယ့် ၂၀၂၀ ခုနှစ်ကိုလည်း နီပေါအစိုးရက “Visit Nepal 2020” ဆိုတဲ့ ပရိုဂရမ်တခု ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

ဒါကြောင့် ၂၀၂၀ ခုနှစ်မှာ လာရောက်ကြမယ့် နိုင်ငံတကာ ခရီးသွားတွေအတွက် ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေကို တိုးချဲ့ ဆောက်လုပ်နေပါတယ်။ ကြယ် ၅ ပွင့်အဆင့် ဟိုတယ်တွေ ဆောက်လုပ်ရာမှာ စီးပွားရေးလုပ်ငန်းရှင်တွေက အမေရိကန် ဒေါ်လာ သန်း ၃၉၀ ကျော် ရင်းနှီးမြှုပ်နှံထားကြပါတယ်။

နီပေါနိုင်ငံအနှံ့ ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ ဟိုတယ်ပေါင်း အနည်းဆုံး ၁၂ လုံး ဆောက်လုပ်သွားဖို့ ရှိနေပါတယ်။ အထူးသဖြင့်တော့ နီပေါနိုင်ငံရဲ့ Siddharthanagar မြို့ (ယခင်အခေါ် Bhairahawa မြို့) မှာဖြစ်ပြီး နီပေါနိုင်ငံရဲ့ ဒုတိယအကြီးဆုံး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ဆောက်ဖို့လည်း Siddharthanagar မြို့ကို သတ်မှတ်ထားပါတယ်။

Siddharthanagar မြို့ဟာ ဗုဒ္ဓဘာသာ ဘုရားဖူး ဧည့်သည်တွေအတွက် အရေးကြီးတဲ့ လုမ္ဗနီ၊ ကပိလဝတ် စတဲ့ ဒေသတွေကို သွားရောက်ဖို့ အချက်အခြာ ကျတဲ့ မြို့တမြို့ပါ။ နီပေါနိုင်ငံမြို့တော် ဖြစ်တဲ့ ခတ္တမန္ဒူမြို့မှာတော့ ခရီးသွားလာရေးဦးစီဌာနရဲ့ ဦးဆောင်မှုနဲ့ ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ ဟိုတယ်အတော်များများ ဆောက်လုပ်နေခဲ့ပါတယ်။

၂၀၂၀ ခုနှစ်ရောက်ရင်တော့ ဘုရားဖူး ဧည့်သည်တွေနဲ့ နိုင်ငံတကာခရီး သွားတွေဟာ နီပေါအစိုးရစီမံထားတဲ့အတိုင်း ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေမှာ အဆင်ပြေပြေ တည်းခိုနိုင်ပါတော့မယ်။ ၂၀၂၀ ခုနှစ်မှာ နိုင်ငံတကာ ခရီးသွားပေါင်း ၂ သန်းလာရောက်မယ်လို့ နီပေါအစိုးရက မျှော်လင့်ထားပါတယ်။

၂၁ ရာစု ရောက်လာတာနဲ့အမျှ ခရီးသွားလုပ်ငန်းတွေက ပိုမိုအခြေအနေကောင်းမွန်လာခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနဲ့ဆိုရင်လည်း နိုင်ငံတကာ ခရီးသွားအရေအတွက်က တနှစ်ထက် တနှစ် တိုးလာခဲ့ပါတယ်။ ဒါကြောင့်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေက ဗီဇာကင်းလွတ်ခွင့် ပေးတာမျိုးတွေနဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်လာကြပါတယ်။

Ref. 12go.asia

]]>
ဧဝရက် တောင်တက်သမားတွေ သေဆုံးပြီးနောက် နီပေါနိုင်ငံက စည်းမျဉ်းအသစ်များ ထုတ်ပြန် https://burma.irrawaddy.com/lifestyle/travel/2019/08/16/201009.html Fri, 16 Aug 2019 08:41:12 +0000 https://burma.irrawaddy.com/lytbox/?p=201009 နီပေါအစိုးရက တောင်တက်သမားတွေ လိုက်နာရမယ့် စည်းကမ်းချက်အသစ်တွေ ထပ်မံ ထုတ်ပြန်လိုက်ပါတယ်နီပေါနိုင်ငံဟာ ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ လုံးအနက် ၈ လုံးကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ တောင်တက်သမားတွေဆီကနေ နီပေါနိုင်ငံဟာ ဝင်ငွေအများအပြား ရရှိခဲ့ပါတယ်။]]> နီပေါအစိုးရက တောင်တက်သမားတွေ လိုက်နာရမယ့် စည်းကမ်းချက်အသစ်တွေ ထပ်မံ ထုတ်ပြန်လိုက်ပါတယ်

တောင်တက်သမားတွေအတွက် ဧဝရက်တောင်ကို တက်နိုင်ဖို့က အကြီးဆုံး အိပ်မက် တခုပါ။ ဒါကြောင့် တောင်တက်သမားအများစုဟာ ဧဝရက်တောင်ကို တက်ဖို့ နီပေါနိုင်ငံကို လာရောက်လေ့ ရှိကြပါတယ်။ လူသေဆုံးမှုတွေ ဖြစ်လာပြီးနောက်မှာတော့ နီပေါအစိုးရက တောင်တက်သမားတွေ လိုက်နာရမယ့် စည်းကမ်းချက်အသစ်တွေကို ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။

နီပေါနိုင်ငံ အစိုးရ အကြံပေးပုဂ္ဂိုလ်တဦးကလည်း တောင်တက်သမားတွေအနေနဲ့ ဧဝရက်တောင်ကို တက်တဲ့အခါ အမြင့် ၆၅၀၀မီတာ (၂၁,၃၂၅ ပေ) အထိသာ တက်ရောက်သင့်ကြောင်း အကြံပြု ထားပါတယ်။ တောင်တက်သမားတွေအနေနဲ့ နောက်ထပ် လိုက်နာသင့်တဲ့ အချက်တွေကတော့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိ ဖို့လိုအပ်သလို ဧဝရက်တောင်ကို တက်ဖို့ ကျွမ်းကျင်တဲ့ လမ်းညွှန်တွေကို ငှားရမ်းကြဖို့ပါပဲ။

အခုလို အကြံပေးချက် အသစ်တွေ၊ စည်းကမ်းအသစ်တွေ ပေါ်ပေါက်လာရတာ အကြောင်း ရှိပါတယ်။ ဒီနှစ် အစောပိုင်းတုန်းက ဧဝရက်တောင်ကို တက်ခဲ့ကြတဲ့ တောင်တက်သမား ၁၁ ဦး သေဆုံး (သို့မဟုတ်) ပျောက်ဆုံး သွားခဲ့ပါတယ်။

တောင်တက်သမား ၉ ဦးက နီပေါနိုင်ငံဘက်အခြမ်းမှာ သေဆုံး (သို့မဟုတ်) ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ကျန် ၂ ဦးကတော့ တိဘက်အခြမ်း မှာ သေဆုံး(သို့မဟုတ်) ပျောက်ဆုံးသွားခဲ့ပါတယ်။ သူတို့တွေဟာ ပြီးခဲ့တဲ့ မေလအတွင်းက အမြင့်ပေ ၈၈၅၀ မီတာ (၂၉,၀၃၅ ပေ) မှာ သေဆုံး(သို့မဟုတ်) ပျောက်ဆုံးခဲ့ကြပါတယ်။

“ကျနော်တို့အနေနဲ့ ဥပဒေနဲ့ စည်းကမ်းချက်အသစ်တွေ ပြင်ဆင်သတ်မှတ်ရပါလိမ့်မယ်။ ဧဝရက်တောင်ရဲ့ လုံခြုံရေး၊ စီမံခန့်ခွဲရေးနဲ့ ပတ်သက်ပြီးတော့လည်း ဂုဏ်သိက္ခာရှိရှိ ဆက်လက် ဆောင်ရွက်ရပါလိမ့်မယ်” လို့ နီပေါနိုင်ငံရဲ့ ခရီးသွားဝန်ကြီး Yogesh Bhattari က သတင်းထောက်တွေကို ပြောပါတယ်။

နီပေါနိုင်ငံဟာ ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ လုံးအနက် ၈ လုံးကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ တောင်တက်သမားတွေဆီကနေ နီပေါနိုင်ငံဟာ ဝင်ငွေအများအပြား ရရှိခဲ့ပါတယ်။

စည်းကမ်းအသစ်တွေ ပြင်ဆင် သတ်မှတ်နိုင်ရေးအတွက် အစိုးရအရာကြီးတွေ၊ တောင်တက် ကျွမ်းကျင်သူတွေနဲ့ တောင်တက်အသင်း အေဂျင်စီတွေတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါသေးတယ်။ ဆွေးနွေးချက် ရလဒ်ကတော့ ဧဝရက်တောင်ကို တက်မယ့် တောင်တက်သမားတွေအနေနဲ့ ဒေါ်လာ ၁၁,၀၀၀ ပေးဆောင်ရမှာ ဖြစ်သလို ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ လမ်းညွှန်တွေကိုလည်း ငှားရမ်းရပါလိမ့်မယ်။

နီပေါအစိုးရရဲ့ အစီရင်ခံစာအရ ဒီနှစ် တောင်တက်ရာသီအတွင်း ခွင့်ပြုချက်ပေါင်း ၃၈၁ ခု ခွင့်ပြုပေးခဲ့တယ် လို့ ဖော်ပြထားပါတယ်။

Ref. BBC , The Guardian

You may also like these stories:

နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအကြောင်း တစေ့တစောင်း

လူ အသေအပျောက် များလာပြီ ဖြစ်တဲ့ ဧဝရတ် တောင်တက်ခရီးစဉ်

နီပေါတွင် ဦးသန့် ရုပ်တု စိုက်ထူမည်

]]>
နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအကြောင်း တစေ့တစောင်း https://burma.irrawaddy.com/lifestyle/travel/2019/06/21/195597.html Fri, 21 Jun 2019 11:07:46 +0000 https://burma.irrawaddy.com/lytbox/?p=195597 နီပေါနိုင်ငံနီပေါနိုင်ငံရဲ့ ရာသီဥတုက အအေးပိုတဲ့ ရာသီဥတုဖြစ်ပြီး ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် ရှေးကျတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ တည်ရှိရာ နေရာလည်း ဖြစ်ပါတယ်။]]> နီပေါနိုင်ငံ

နီပေါနိုင်ငံအတွက် ခရီးသွားလုပ်ငန်းဟာ နိုင်ငံခြားဝင်ငွေ ရရှိဖို့အတွက် အကြီးမားဆုံးသော ကဏ္ဍတခုပါ။ ကမ္ဘာ့အမြင့်ဆုံးတောင် ၁၀ လုံးစာရင်းမှာ နီပေါနိုင်ငံက တောင် ၈ လုံး ပါဝင်ပါတယ်။ နီပေါနိုင်ငံဟာ တောင်တက် ဝါသနာပါသူတွေအတွက် အဓိကအရေးပါတဲ့ နိုင်ငံပါပဲ။ ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်တဲ့ ဧဝရက်တောင်ကလည်း နီပေါနိုင်ငံအတွင်းမှာ ရှိပါတယ်။

နီပေါနိုင်ငံရဲ့ ရာသီဥတုက အအေးပိုတဲ့ ရာသီဥတုဖြစ်ပြီး ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် ရှေးကျတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ တည်ရှိရာ နေရာလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ၊ ဂေါတမမြတ်စွာဘုရား ဖွားမြင်ရာ လုမ္ဗိနီအင်ကြင်း ဥယျာဉ်ကလည်း နီပေါနိုင်ငံအတွင်းမှာ တည်ရှိပါတယ်။

နီပေါနိုင်ငံဟာ ရှေးဟောင်း ယဉ်ကျေးမှုတွေ ပေါများတဲ့ နေရာ တနေရာ ဖြစ်ပေမယ့်လည်း အာရှနိုင်ငံတွေ ထဲမှာတော့ ဆင်းရဲတဲ့ နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နေတုန်းပါ။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းက နီပေါနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းကို လျှော့ချပေးနိုင်တဲ့ အဓိက စီးပွားရေးလုပ်ငန်းလည်း ဖြစ်နေပါတယ်။ နီပေါနိုင်ငံဟာ  ခရီးသွားလုပ်ငန်းတွေကနေ တနှစ်ကို ဒေါ်လာ ၄၇၁ သန်းလောက် ဝင်ငွေ ရှိနေပါတယ်။

၂၀၁၂ ခုနှစ်ကစလို့ နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ တဖြည်းဖြည်း တိုးတက်လာခဲ့ပါတယ်။ နီပေါ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ရဲ့ အစီရင်ခံစာအရဆိုရင် ၂၀၁၂ ခုနှစ်မှာ နီပေါနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွား အရေအတွက်က ၅၉၈,၂၀၄ ယောက် ရှိခဲ့ပါတယ်။ နီပေါအစိုးရက ၂၀၁၁ ခုနှစ်ကို နီပေါနိုင်ငံ ခရီးသွားနှစ်အဖြစ် ကြေညာခဲ့ပြီး နိုင်ငံတကာ ခရီးသွားပေါင်း ၁ သန်းကျော် လာရောက်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ကိုလည်း လုမ္ဗိနီခရီးသွားအဖြစ် ကြေညာခဲ့သလို ၂၀၂၀ ခုနှစ်ကိုလည်း နီပေါနိုင်ငံ ခရီးသွားနှစ်အဖြစ်ကြေညာဖို့ နီပေါအစိုးရက စီစဉ်ထားပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ နိုင်ငံတကာ ခရီးသွားပေါင်း ၂ သန်းကျော် လာရောက်ကြဖို့ နီပေါအစိုးရက မျှော်လင့်ထားပါတယ်။

၂၀၁၇ ခုနှစ် စာရင်းတွေအရဆိုရင် နိုင်ငံတကာခရီးသွားဧည့်သည် စုစုပေါင်းရဲ့ ၇၀ ဒဿမ ၃ ရာခိုင်နှုန်းဟာ ဘုရားဖူးခရီးသွား ဧည့်သည်တွေ ဖြစ်ပြီး ၃၄ ဒဿမ ၅ ရာခိုင်နှုန်းကတော့ အားလပ်ရက် ခရီးထွက်လာကြသူတွေ ဖြစ်ပါတယ်။ ၁၃ ဒဿမ ၁ ရာခိုင်နှုန်းကတော့ တောင်တက်ဖို့ လာရောက်ကြသူတွေ ဖြစ်ပြီး ၁၈ ရာခိုင်နှုန်းကတော့ စီးပွားရေးလုပ်ငန်းနဲ့ ညီလာခံတွေ တက်ဖို့ လာရောက်ကြသူတွေပဲ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ နီပေါနိုင်ငံကို လာရောက် လည်ပတ်ကြသူ အရေအတွက်က ၁၅ ဒဿမ ၃ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း နီပေါနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာခရီးသွား အရေအတွက်က ၄၄၅,၁၀၉ ယောက် ရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ ပထမ ၄ လအတွင်းမှာ လာရောက်ခဲ့တဲ့ နိုင်ငံတကာ ခရီးသွား အရေအတွက်ထဲမှာ အိန္ဒိယနိုင်ငံက လာရောက်ခဲ့တဲ့ ခရီးသွား အရေအတွက်က ၄၄,၈၂၇ ယောက် ရှိခဲ့ပြီး တရုတ်နိုင်ငံက ၆၄,၅၇၈ ယောက်ရှိခဲ့ပါတယ်။ အဲဒီ ၄ လ အတွင်းမှာ ထိုင်း၊ သီရိလင်္ကာ၊ တောင်ကိုရီးယားနိုင်ငံတွေကလည်း လာရောက် လည်ပတ်ခဲ့ကြပါတယ်။ ဥရောပနိုင်ငံတွေကလည်း ၈၅,၀၂၇ ယောက် လာရောက်ခဲ့ကြပါတယ်။ အခြား အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေကလည်း နီပေါနိုင်ငံအတွင်းကို လာရောက် လည်ပတ်မှုတွေ ရှိခဲ့ပါတယ်။

နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ Rana အာဏာရှင် အုပ်ချုပ်ရေးစနစ် ပြီးဆုံးသွားတဲ့ ၁၉၅၀ နောက်ပိုင်း နှစ်တွေ ရောက်မှ စတင်နိုင်ခဲ့ပါတယ်။ ၁၉၅၀ ခုနှစ် မတိုင်ခင်တုန်းကတော့ နီပေါနိုင်ငံကို လာရောက် လည်ပတ်ခွင့်ရကြတဲ့ လက်တဆုပ်စာ လူတွေဟာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာသာ လည်ပတ်ခွင့် ရရှိခဲ့ကြပါတယ်။

တောင်တက်ဖို့ လာရောက်ကြသူတွေကိုလည်း မီတာ ၈၀၀၀ ထက် ပိုတက် ခွင့်မပြုခဲ့ပါဘူး။ Rana အာဏာရှင် အုပ်ချုပ်တဲ့ခေတ် ပြီးဆုံးသွားတဲ့အခါမှာတော့ နယူးဇီလန်က တောင်တက်သမားဖြစ်တဲ့ Sir Edmund Hillary နဲ့ နီပေါနိုင်ငံသားTenzing Norgay ဆိုသူတို့ နှစ်ယောက်ဟာ ဧဝရက်တောင်ထိပ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

သူတို့ဟာ ၁၉၅၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှာ ဧဝရက်တောင်ကို တက်နိုင်ခဲ့ကြပြီး Time မဂ္ဂဇင်းက ရွေးချယ်ပေးခဲ့တဲ့ ၂၀ ရာစုရဲ့ သြဇာအရှိဆုံး လူအယောက် ၁၀၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ သူတို့ ၂ ယောက် ရဲ့ လုံ့လကြောင့် ဧဝရက်တောင်ကို တက်နိုင်ခဲ့ သတင်းက နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင် နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို သူတို့ နှစ်ယောက်က စတင်ခဲ့တယ်လို့ နီပေါနိုင်ငံသားတွေက ယူဆထားကြပါတယ်။ ၁၉၅၅ ခုနှစ်မှာတော့ နီပေါအစိုးရက နိုင်ငံတကာ ခရီးသွားတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး ပြည်ဝင်ခွင့်ဗီဇာတွေ ထုတ်ပေးခဲ့ပါတယ်။

Ref. nepalisansar, nepalexpeditions.biz, explorehimalaya

You may also like these stories:

၂၀၁၉ ခုနှစ်မှာ မြန်မာ့ခရီးသွားလုပ်ငန်း ပိုမို တိုးတက်လာမယ်လို့ မျှော်မှန်း

မဖြစ်မနေ လည်ပတ်သင့်တဲ့ အရှေ့တောင်အာရှ နေရာများစာရင်းမှာ ပုဂံ ထိပ်ဆုံးက ပါဝင်

မွတ်စလင် ခရီးသွားဈေးကွက်ကို ထပ်မံချဲ့ထွင်ဖို့ ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ

နိုင်ငံတကာ ခရီးသွားတွေကို အစားအသောက်ကောင်းတွေနဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေတဲ့ သီရိလင်္ကာနိုင်ငံ

]]>
ကွယ်လွန်သူရဲ့ အရိုးပြာတွေကို ရေမျှောဖို့ လူတွေလာလေ့ရှိတဲ့ ဗာရာဏသီက ဂင်္ဂါမြစ် https://burma.irrawaddy.com/lifestyle/travel/2019/01/30/181892.html Wed, 30 Jan 2019 10:33:52 +0000 https://burma.irrawaddy.com/lytbox/?p=181892 ဘာသာရေးအရဆိုရင်လည်း ကွယ်လွန်သူရဲ့အရိုးပြာတွေကို ဂင်္ဂါမြစ်မှာ ရေမျှောဖို့ ဗာရာဏသီကို လာလေ့ ရှိကြပါတယ်ဗာရာဏသီမြို့ဟာ ရှေးဟောင်းယဉ်ကျေးမှုတွေရှိတဲ့ နေရာတနေရာဖြစ်ပြီး ၁၂ ရာစုလောက်ကဆောက်ခဲ့တဲ့ အဆောက်အဦတချို့ကိုလည်း မြင်တွေ့နိုင်ပါတယ်။]]> ဘာသာရေးအရဆိုရင်လည်း ကွယ်လွန်သူရဲ့အရိုးပြာတွေကို ဂင်္ဂါမြစ်မှာ ရေမျှောဖို့ ဗာရာဏသီကို လာလေ့ ရှိကြပါတယ်

ဗာရာဏသီနဲ့ နီပေါနိုင်ငံဟာ စိတ်အတွင်းပိုင်းက ငြိမ်းချမ်းမှုကို ရှာတဲ့နေရာမှာ တူညီသလောက်ပါပဲ။ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ အဲဒီနေရာ ၂ နေရာလုံးဟာ ကိုးကွယ်ယုံကြည်မှုဟာ ဆန့်ကျင်ဘက်တွေလို့ ဆိုကောင်းဆိုနိုင်ပေမယ့် တူညီတဲ့ ယုံကြည်မှုတွေကတော့ ရှိပါတယ်။ အဲဒါကတော့ အစဉ်အလာ ယုံကြည်မှုဖြစ်တဲ့ ဘာသာတရားကို မမှိတ်မသုန်ယုံကြည်လေ့ရှိကြတာပါပဲ။

ကိုးကွယ်ယုံကြည်မှုမှာ ဆန့်ကျင်ဘက်တွေလို့ ပြောရတဲ့ အကြောင်းက ဒီလိုပါ။ ဟိန္ဒူဘာသာရဲ့ အဓိကကျတဲ့ နတ်ဘုရားတွေထဲ တပါးအပါအဝင်ဖြစ်တဲ့ Shiva (သီဝ) နတ်ဘုရားက ဖျက်ဆီးခြင်း သဘောဆောင်တဲ့ နတ်ဘုရားတပါးဖြစ်ပြီး ဗုဒ္ဓဘာသာတွေကိုးကွယ်ကြတဲ့ ဂေါတမ မြတ်စွာဘုရားကတော့ အလုံးစုံကိုသိနိုင်တဲ့ သဗ္ဗညုတ ဉာဏ်တော်ကိုရပြီး သံသရာထဲက ထွက်မြောက်သွားနိုင်ခဲ့လို့ပါ။

ကိုးကွယ်ယုံကြည်မှုဆိုင်ရာမှာ ဆန့်ကျင်ဘက်တွေလို့ ဆိုကောင်းဆိုနိုင်ပေမယ့် ဒီလူ့အဖွဲ့အစည်းနှစ်ခုဟာ သက်ဆိုင်ရာဘာသာတရားရဲ့ ယဉ်ကျေးမှုနဲ့ ထုံးတမ်းဓလေ့တွေကလည်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပါတယ်။ ဒါကြောင့်လည်း ဗာရာဏသီကနေ နီပေါကို သွားတဲ့ခရီးစဉ်ဟာ စိတ်ဝင်စားစရာကောင်းပြီး မတူကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို တွေ့ရမှာအမှန်ပါပဲ။

ဗာရာဏသီမြို့ဟာ ရှေးဟောင်းယဉ်ကျေးမှုတွေရှိတဲ့ နေရာတနေရာဖြစ်ပြီး ၁၂ ရာစုလောက်ကဆောက်ခဲ့တဲ့ အဆောက်အဦတချို့ကိုလည်း မြင်တွေ့နိုင်ပါတယ်။ တချို့အဆောက်အဦတွေဟာ ဘာသာရေးအဆောက်အဦတွေ ဖြစ်နေတဲ့အတွက် ဗာရာဏသီသားတွေရဲ့ ယုံကြည်မှုကို အကောင်းဆုံး သက်သေခံနေတဲ့ အဆောက်အဦတွေပါ။

ဗာရာဏသီမြို့ဟာ အိန္ဒိယနိုင်ငံရဲ့ အမှတ်အသားတခုဖြစ်သလို အစဉ်အလာမပျက် စည်ကားနခဲ့တဲ့မြို့တမြို့ပါ။ နောက်ပြီး ဗာရာဏသီဟာ ဟိန္ဒူဘာသာ ကိုးကွယ်သူဦးရေ အများဆုံးမြို့တမြို့လည်း ဖြစ်နေပါသေးတယ်။

ဘုရားဖူးဧည့်သည်တွေဟာ အပြစ်တွေကနေ ဆေးကြောဖို့ ဂင်္ဂါမြစ်မှာ လာရောက် ရေချိုးကြသလို ဘာသာရေးအရဆိုရင်လည်း ကွယ်လွန်သူရဲ့အရိုးပြာတွေကို ဂင်္ဂါမြစ်မှာ ရေမျှောဖို့ ဗာရာဏသီကို လာလေ့ ရှိကြပါတယ်။ ဒါဟာ ရှေးကျတဲ့ထုံးစံတခုလို့ ဆိုကောင်းဆိုနိုင်ပေမယ့် လူတချို့အတွက်တော့ အရေးပါတဲ့ နေရာမှာ ရှိနေတုန်းပါပဲ။

လူတွေအတွက် အရေးကြီးတဲ့ နေခြင်းနဲ့ သေခြင်းမှာ ဗာရာဏသီသားတွေကလည်း သံသရာထဲ နောက်ထပ်တဖန် ပြန်မလာဖို့ မျှော်လင့်ချက်ထားကြပါတယ်။ ။

Ref:msn

]]>