• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

ကမ္ဘာပေါ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃ သန်း ကျော်ပြီ

by Aurora
19 April 2021
in Coronavirus Update
A A
ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ၃ သန်း ကျော်လွန်ခဲ့ပါပြီ။

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ၃ သန်း ကျော်လွန်ခဲ့ပါပြီ။

13.5k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ၃ သန်းကျော်လွန်လာချိန်မှာ ကူးစက်လူနာပေါင်း ၁၄၂ သန်းကျော် ရှိပါပြီ။ နိုင်ငံအများအပြားမှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိပေမယ့် အိန္ဒိယ၊ ဘရာဇီးနဲ့ ပြင်သစ်နိုင်ငံတွေမှာတော့ ဗိုင်းရပ်စ် ကူးစက်မှုဒဏ် ရိုက်ခတ်ခံနေရပါတယ်။

ဧပြီ ၁၇ ရက်မှာ ဂျွန်ဟော့ကင်းတက္ကသိုလ်ကနေ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက်ဟာ ယူကရိန်းနိုင်ငံ၊ ကီးယက်မြို့(သို့) ဗင်နီဇွဲလားနိုင်ငံ၊ ကရာကက်စ်မြို့ (သို့) ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့ လူဦးရေတွေနဲ့ ညီမျှပြီး အမေရိကန်နိုင်ငံ၊ ချီကာဂို လူဦးရေ ၂ ဒသမ ၇ သန်းထက်တောင် များပြားနေတယ်လို့ ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
143
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

၂၀၂၁ ခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ သန်း ကျော်လွန်ခဲ့ချိန်မှာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ကာကွယ်ဆေး ထိုးနှံမှုတွေ စတင်ခဲ့ပါတယ်။ ဒီနေ့အချိန်ထိ ကမ္ဘာပေါ်မှာ ကာကွယ်ဆေး ထိုးနှံပေးနိုင်ပြီဖြစ်တဲ့ နိုင်ငံ ၁၉၀ ကျော်လွန်လာပါပြီ။

ဒါပေမဲ့လည်း ဘရာဇီးနိုင်ငံမှာတော့ မျိုးကွဲသစ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူဟာ နေ့စဉ် ၃,၀၀၀ နီးပါးရှိနေဆဲပါ။ ဒါဟာ တကမ္ဘာလုံး အတိုင်းအတာရဲ့ ၄ ပုံ ၁ ပုံ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က သတိပေး ပြောဆိုလိုက်ပါတယ်။ နေ့စဉ် ကူးစက်နှုန်းဟာလည်း ၇၀,၀၀၀ နီးပါး ရှိပါတယ်။

အလားတူပဲ အိန္ဒိယနိုင်ငံမှာလည်း နေ့စဉ်ကူးစက်မှုနှုန်း တရှိန်ထိုး ပြန်မြင့်တက်နေပါတယ်။ အမြင့်ဆုံးစံချိန်အဖြစ် ၂၄ နာရီအတွင်း ကူးစက်လူနာ ၂၆၁,၅၀၀ ကူးစက်ခံရတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ နေ့စဉ် သေဆုံးလူနာ အရေအတွက်ကလည်း ၁,၅၀၀ ဝန်းကျင် ရှိပါတယ်။ မြို့တော် နယူးဒေလီမှာတင် ၂၄ နာရီအတွင်း ကူးစက်လူနာ ၂၄၀,၀၀၀ ကျော် စံချိန်တင် ရှိနေတာပါ။

ဥရောပတိုက်က ပြင်သစ်နိုင်ငံမှာလည်း ဘရာဇီးနိုင်ငံကလာသူ ခရီးသွားအားလုံးကို ဧပြီ ၂၄ ရက်ကစလို့ တင်းကျပ်တဲ့ Quarantine ၁၀ ရက် ဝင်ရမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဘရာဇီးအပြင် ချီလီ၊ တောင်အာဖရိကနဲ့ အာဂျင်တီးနားက ဝင်ရောက်လာမယ့်သူ အားလုံးဟာလည်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။

၂၄ နာရီအတွင်း ကူးစက်မှုနှုန်း အမြင့်ဆုံးကို ပြန်တက်လာတဲ့ တူရကီနိုင်ငံမှာ ကူးစက်လူနာပေါင်း ၆၂,၆၀၆ ဦး နဲ့ စံချိန်တင် ကူးစက်နေပါတယ်။ သေဆုံးသူကတော့ နေ့စဉ် ၃၀၀ နီးပါး ရှိနေပါတယ်။ မွတ်စလင် ဘာသာဝင်တွေရဲ့ Ramadan ဥပုသ်လမှာ ကူးစက်မှုတွေ ပိုမြင့်တက်မလာအောင် သမ္မတက တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ၂ ပတ်ကြာ တစိတ်တပိုင်း Lockdown ချ ကန့်သတ်ထားရပါတယ်။

ကမ္ဘာပေါ်မှာ ကူးစက်မှု အနည်းဆုံးနိုင်ငံများ စာရင်းမှာ ပါခဲ့တဲ့ အရှေ့တောင်အာရှရှိ ကမ္ဘောဒီးယားနိုင်ငံမှာတော့ နေ့စဉ်ကူးစက်နှုန်း ၆၀၀ ကျော်လာတာကြောင့် မင်္ဂလာအခမ်းအနား ကျင်းပလေ့ရှိတဲ့ ခန်းမတွေမှာတောင် COVID-19 ကူးစက်လူနာတွေကို ကုသပေးနေရပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းက စတင်ကာ ကူးစက်မှုနှုန်း မြင့်တက်လာခဲ့ပြီး၊ လက်ရှိအချိန်ထိ ကူးစက်လူနာပေါင်း ၆,၃၈၉ ဦးရှိကာ သေဆုံးသူကတော့ ၄၃ ဦး ရှိပါတယ်။

နိုင်ငံအများအပြားမှာ ကူးစက်မှုနှုန်းတွေ ပြန်မြင့်တက်နေပေမယ့် အစ္စရေးနိုင်ငံမှာတော့ အများပြည်သူနေရာ Outdoor တွေမှာ အကာအကွယ် နှာခေါင်းစည်း Mask တပ်ဆင်ရမယ်ဆိုတဲ့ တနှစ်ကျော်ကြာ ချမှတ်ထားတဲ့ စည်းကမ်းချက်ကို ပယ်ဖျက်ပေးလိုက်ပါပြီ။

နိုင်ငံတွင်းက လူဦးရေ အကုန်လုံးနီးပါးကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးပြီးချိန်မှာ အခုလို လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်တာပါ။ အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ အလုံပိတ် Indoor နဲ့ လူစုလူဝေးများတဲ့ ပြင်ပနေရာတွေမှာတော့ တပ်ဆင်ရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု အများဆုံးနိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး ကူးစက်လူနာပေါင်း ၃၂ သန်းကျော်နဲ့ သေဆုံးသူ ၅၈၀,၀၀၀ ကျော် ရှိပါတယ်။ ဒုတိယနေရာက အိန္ဒိယမှာ ကူးစက်လူနာ ၁၅ သန်းကျော်နဲ့ သေဆုံးသူ ၁၈၀,၀၀၀ နီးပါး ရှိလာပါပြီ။ တတိယနေရာ ဘရာဇီးနိုင်ငံကတော့ ကူးစက်လူနာ ၁၃ သန်း ကျော်နဲ့ သေဆုံးသူ ၃၈၀,၀၀၀ နီးပါး ရှိပါတယ်။

Ref: Aljazeera

You may also like these stories:

အိန္ဒိယမှာ ကိုဗစ် နေ့စဉ်ကူးစက်မှု ၁၆၀,၀၀၀ ကျော် စံချိန်တင် မြင့်တက်

စင်ကာပူမှာ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသား လုပ်သားတဦးထံ COVID-19 တွေ့ရှိ

တောင်ကိုရီးယားမှာ ဇန်နဝါရီနောက်ပိုင်း ကိုဗစ် နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်လာ

Your Thoughts …
Tags: COVID-19ကိုဗစ်ကိုဗစ် ကာကွယ်ဆေးကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာသေဆုံးသူအမေရိကန်နိုင်ငံအိန္ဒိယ
Aurora

Aurora

Contributor

Similar Picks:

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.4k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

ထိုးစစ်ရှိန် ပိုမြင့်လာသည့် ရခိုင်စစ်မျက်နှာ

by အေးချမ်းဆု
22 October 2024
9.8k

မြန်မာပြည် အခြားစစ်မျက်နှာများ၏ အရှိန်အဟုန်များနှင့်ပါ ပေါင်းစပ်ပါက ၂၀၂၅ ခုနှစ်တွင် ရခိုင်၌ သစ်လွင်သည့် အခြေအနေတရပ်ကို မြင်ရမည်မှာ မလွဲမသွေ ဖြစ်ပေလိမ့်မည်။

Next Post
Makeup Artist ညီညီမောင် (စမ်းချောင်း) / Nyi Nyi Maung's Facebook

သင်္ကြန်ပွဲ သွားခဲ့တဲ့အပေါ် ညီညီမောင် (စမ်းချောင်း) ပြန်ဖြေရှင်း

ယနေ့ မြင်းခြံမြို့တွင် စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်နေဆဲ ဖြစ်သည် / CJ

မြင်းခြံ ပစ်ခတ်မှု သေဆုံးသူ၏ အလောင်း ကောက်၍ မရသေး

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved