• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

အိန္ဒိယမှာ ကိုဗစ် နေ့စဉ်ကူးစက်မှု ၁၆၀,၀၀၀ ကျော် စံချိန်တင် မြင့်တက်

by Aurora
12 April 2021
in Coronavirus Update
A A
အိန္ဒိယမှာ ကျန်းမာရေးဝန်ထမ်း သန်း ၉၀ ကျော်နဲ့ ၄၅ နှစ်နဲ့အထက် လူကြီးတွေကို ကိုဗစ် ကာကွယ်ဆေး တကြိမ် ထိုးနှံပေးပြီး ဖြစ်ပါတယ်။

အိန္ဒိယမှာ ကျန်းမာရေးဝန်ထမ်း သန်း ၉၀ ကျော်နဲ့ ၄၅ နှစ်နဲ့အထက် လူကြီးတွေကို ကိုဗစ် ကာကွယ်ဆေး တကြိမ် ထိုးနှံပေးပြီး ဖြစ်ပါတယ်။

53.4k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်မှုနှုန်း စံချိန်သစ်အဖြစ် ၁၆၈,၉၁၂ ဦးရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်ဇယားမှာ ဖော်ပြထားပါတယ်။ ဒါဟာ တနေ့တည်း COVID-19 ကူးစက်မှု အမြင့်ဆုံး စံချိန်လည်း ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အိန္ဒိယမှာ COVID-19 ကူးစက်လူနာပေါင်း ၁၃ သန်းခွဲကျော် ရှိသွားပါပြီ။ နေ့စဉ်ကူးစက်မှုနှုန်း တရှိန်ထိုး ပြန်မြင့်တက်လာတာကြောင့် ကမ္ဘာပေါ်မှာ ကူးစက်မှု အမြင့်ဆုံး ဒုတိယနေရာကို ပြန်ရောက်လာခဲ့ပါပြီ။ မတ်လ ၁၂ ရက်က ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၉၀၄ ဦး ရှိတာကြောင့် စုစုပေါင်း ၁၇၀,၀၀၀ ကျော်ရှိလာပြီလို့ ဖော်ပြထားပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
143
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယဟာ ကူးစက်လူနာပေါင်း ၁၃ သန်းခွဲကျော်နဲ့ ဒုတိယနေရာကို ပြန်ရောက်သွားပြီး တောင်အမေရိကတိုက်မှာ အဆိုးဆုံးကူးစက်နေတဲ့ ဘရာဇီးနိုင်ငံကတော့ ၁၃ ဒသမ ၄၈ သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ အမေရိကန်ကတော့ အခုချိန်ထိ ကူးစက်လူနာပေါင်း ၃၁ ဒသမ ၂ သန်းကျော်နဲ့ ကမ္ဘာ့ကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်နေဆဲပါ။

အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ တပတ်အတွင်း စံချိန်တင် ကူးစက်မှုပေါင်း ၈၇၃,၀၀၀ ကျော် ရှိခဲ့တယ်လို့ မှတ်တမ်း တင်ထားပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ကူးစက်မှုနှုန်း ပြန်ကျဆင်းသွားစဉ်တုန်းကထက်စာရင် ၇၀ ရာခိုင်နှုန်းထိ ပြန်မြင့်တက်လာတာပါ။

ဘရာဇီးနိုင်ငံကတော့ လွန်ခဲ့တဲ့ တပတ်အတွင်း ကူးစက်လူနာ ၅၀၀,၀၀၀ နီးပါး ရှိခဲ့ပါတယ်။ COVID-19 ကာကွယ်ဆေး ထိုးနှံမှုတွေ အရှိန်ဟုန်မြှင့်နေတဲ့ အမေရိကန်ကတော့ တပတ်အတွင်း ကူးစက်လူနာ ၄၉၀,၀၀၀ ကျော်နဲ့ ယခင်ကထက် ၉ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။

မနှစ်က စက်တင်ဘာလမှာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံး ဒုတိယနေရာ ရောက်လာခဲ့ပြီး၊ ၂၀၂၁ နှစ်ဆန်းပိုင်း ဇန်နဝါရီထိ ကူးစက်နှုန်း ပြန်ကျဆင်းသွားတာကြောင့် တတိယနေရာ ရောက်ခဲ့ပါသေးတယ်။ အခုတော့ လူစုလူဝေးနဲ့ ဘာသာရေးပွဲတော်တွေ၊ ပြည်နယ် ရွေးကောက်ပွဲတွေကြောင့် နေ့စဉ် ကူးစက်နှုန်းဟာ ပြန်မြင့်လာနေပါတယ်။

ဖက်ဒရယ်အစိုးရကတော့ ဒုတိယအကြိမ် နိုင်ငံတဝန်း Lockdown ချကန့်သတ်ဖို့ကို မထုတ်ပြန်သေးပါဘူး။ မနှစ်က တနိုင်ငံလုံး Lockdown ချ ကန့်သတ်ခဲ့စဉ်မှာ စီးပွားရေးကဏ္ဍကို ရိုက်ခတ်ခဲ့တာကြောင့် ပြည်နယ် အစိုးရတွေအလိုက် ရောဂါပျံ့နှံ့ ထိန်ချုပ်ရေးပိုင်းကို လုပ်ဆောင်ဖို့ ပြောဆိုထားပါတယ်။

ကာကွယ်ဆေး ထိုးနှံခဲ့တဲ့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ

အိန္ဒိယမှာ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို အရှိန်ဟုန်မြင့် လုပ်ဆောင်နေဆဲမှာ ဝန်ကြီးချုပ် မိုဒီ လည်း COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံလိုက်ပါတယ်။ မတ်လ ၁ ရက်က ပထမဆုံးအကြိမ် ထိုးခဲ့ပြီး ဧပြီ ၈ ရက်မှာ ဒုတိယအကြိမ် ထိုးနှံခဲ့တာပါ။

ဇန်နဝါရီလကစလို့ COVID-19 ကာကွယ်ဆေး ထိုးနှံရေး စတင်ခဲ့တဲ့ အိန္ဒိယမှာ ကျန်းမာရေးဝန်ထမ်း သန်း ၉၀ ကျော်နဲ့ ၄၅ နှစ်နဲ့အထက် လူကြီးတွေကို တကြိမ် ထိုးနှံပေးပြီး ဖြစ်ပါတယ်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံ အတွက် ရောဂါခုခံစွမ်းရရှိဖို့ ပြည့်မီအောင် လုပ်ဆောင်နေပေမယ့် ၁၁ သန်းကျော်သာ ကာကွယ်ဆေး ၂ ကြိမ် ထိုးပေးထားနိုင်တာပါ။ ပြည်နယ်အများစုမှာတော့ ကာကွယ်ဆေး ပြတ်လပ်မှုနဲ့ လူငယ်တွေကိုပါ ထိုးပေးနိုင်ဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။

Ref: Aljazeera

You may also like these stories:

စင်ကာပူမှာ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသား လုပ်သားတဦးထံ COVID-19 တွေ့ရှိ

AstraZeneca ကို သွေးခဲမှုနဲ့ ဆက်နွယ်နေပေမယ့် အကြောင်းရင်းမှန် အတည်မပြုနိုင်သေး

တောင်ကိုရီးယားမှာ ဇန်နဝါရီနောက်ပိုင်း ကိုဗစ် နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်လာ

Your Thoughts …
Tags: COVID-19စံချိန်တင်နေ့စဉ်ကူးစက်မှုအိန္ဒိယ
Aurora

Aurora

Contributor

Similar Picks:

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.4k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

ထိုးစစ်ရှိန် ပိုမြင့်လာသည့် ရခိုင်စစ်မျက်နှာ

by အေးချမ်းဆု
22 October 2024
9.8k

မြန်မာပြည် အခြားစစ်မျက်နှာများ၏ အရှိန်အဟုန်များနှင့်ပါ ပေါင်းစပ်ပါက ၂၀၂၅ ခုနှစ်တွင် ရခိုင်၌ သစ်လွင်သည့် အခြေအနေတရပ်ကို မြင်ရမည်မှာ မလွဲမသွေ ဖြစ်ပေလိမ့်မည်။

Next Post
အခင်းဖြစ်ပွားခဲ့သည့် တာမွေမြို့နယ် သီတာလမ်းမှတ်တိုင်အနီးရှိ ဗိစ္စမိလ္လာဟ် ဗလီ / CJ

လက်ပြန်ကြိုးတုပ် သေဆုံးနေသည့် ဗလီမော်ဇင် ကိုယ့်ကိုယ်ကိုယ်သတ်သေ ဟု ရဲ မှတ်ချက်ပေး

ပြီးခဲ့သည့် ရက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် လူထုက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်နေပုံ / C J

ဖားကန့်သပိတ်စစ်ကြောင်းကို ဖြိုရန် လာသည့် စစ်တပ်ယာဉ်တန်း မိုင်းခွဲခံရ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved