သတင်း

ဖားကန့်သပိတ်စစ်ကြောင်းကို ဖြိုရန် လာသည့် စစ်တပ်ယာဉ်တန်း မိုင်းခွဲခံရ

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဆန္ဒပြနေသည့် လူထု သပိတ်စစ်ကြောင်း ကို ဖြိုခွင်းရန် လာသည့် စစ်တပ်နှင့်ရဲ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရသည်ဟု သတင်းရရှိသည်။

ဒေသခံတဦးက “စစ်တပ်နဲ့ရဲ ကားက ၅ စီး လာတာ။ ဖားကန့်ကနေ အထွက် အေးမြသာယာနဲ့ မော်တောင်းကြားမှာ ဖြစ်တာ။ ရဲကားကတော့ မြောက်တတ်သွားတယ်။ သူတို့ ဘယ်လောက်ထိခိုက်လဲဆိုတော့ ကျနော်တို့လည်း မသိရသေးဘူး။ အဲ့ဒီ့နေရာကို အခု အကုန်ပိတ်ချထားတယ်”ဟု ပြောသည်။

ဖားကန့်က ရာနှင့်ချီသည့် လူထုသည် နေ့စဉ်စုဝေးကာ ဖားကန့်မြို့တွင်း စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ဆန့်ကျင် ဆန္ဒပြ နေကြရာ စစ်တပ်နှင့်ရဲက လိုက်လံဖြိုခွင်းသဖြင့် နေ့စဉ် နေရာများရွှေ့ကာ ဆန္ဒပြနေရခြင်း ဖြစ်သည်။

ယနေ့မနက်ပိုင်းကလည်း ဖားကန့်မြို့တွင်း လူစုရန် လုံခြုံရေးအရ အဆင်မပြေသဖြင့် စံပြရွာအနီးရှိ မှော်ထဲတွင် ရပ်ကွက် ပေါင်းစုံ၊ ရွာပေါင်းစုံမှ ထောင်နှင့်ချီသည့် လူထုက စုဝေးကာ ဆန္ဒပြလျက်ရှိသည်။

လူထုသပိတ်စစ်ကြောင်းရှိရာဘက်သို့ စစ်တပ်နှင့်ရဲကားများ လာစဉ် မနက် ၁၀ နာရီခွဲခန့်တွင် လမ်းခုလတ်၌ မိုင်းခွဲ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရသည့် စစ်တပ်နှင့်ရဲယာဉ်တန်းတွင် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေနှင့် မည်သူက တိုက်ခိုက်ခြင်းဖြစ်ကြောင်းကို ဧရာဝတီမှ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

You may also like these stories:

မိုးမောက်တွင် KIA နှင့် စစ်တပ် တိုက်ပွဲပြင်းထန်၊ အရပ်သား ၃ ဦး သေဆုံး

တမူးမြို့ကို စစ်ကောင်စီတပ်များက ဝင်ရောက် စီးနင်း တိုက်ခိုက်

စစ်အာဏာသိမ်းခြင်းက နေ့သစ်ဆီ လမ်းဖွင့်ပေးခဲ့သည်

Did you find apk for android? You can find new Free Android Games and apps.
Loading