အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့ တွင် ယနေ့ နံနက်အစောပိုင်းမှ စတင်ကာ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက သ ပိတ်ခံတပ် နေရာများကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် မြို့ တခုလုံးသို့ စီးနင်း၍ နေရာအနှံတွင် လိုက်လံ ပစ် ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မနက်ပိုင်းတွင် မြို့ထဲသို့ ဝင်ရောက် တိုက်ခိုက်စဉ် အသက် ၇ နှစ်အရွယ် ကလေးတဦး ကျည်ထိသွားခဲ့ပြီး လမ်းမပေါ်ထွက် လာသည့် လူငယ်တဦးကိုလည်း ဖမ်းဆီးပြီးနောက် ယင်းလူငယ်၏ နေအိမ်တွင် Gas သေနတ် တွေ့ရှိသည်ဟုဆိုကာ လမ်း မပေါ်ရှိ ဓာတ်တိုင်တခုတွင် ကြိုးချည်ခံထားရကြောင်း တမူးဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
“မနက် ၆ နာရီခွဲမှာ တမူးရဲ့ အဓိက သပိတ်ခံတပ်ဖြစ်တဲ့ အလောင်းဘုရား လမ်းမက ဇမ္ဗူရတနာ ဘုန်းကြီး ကျောင်းနား လေးက ခံတပ်ကို ဝင်ဖြိုတယ်။ အင်အားချင်း မမျှတဲ့အတွက် ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ခန တပ်ဆုတ်ပေးထားတဲ့ အ ချိန်မှာ အလောင်းဘုရားလမ်းကနေ တောက်လျှောက်ဝင်လာပြီးတော့ ခံတပ်ကို RPG နဲ့ ၂ ချက် ထုတယ်။ ထုပြီးမှ ဘူဒိုဇာ ကားတွေနဲ့ ထိုးခွဲပြီးတော့မှ တောက်လျှောက်လမ်းတွေ ပွင့်သွားတယ်”ဟု တမူးဒေသခံက ပြောပြသည်။
ယင်းလမ်းများ ပွင့်သွားသည့်အခါ လမ်းတလျှောက်ရှိ ခံတပ်များနှင့် ၎င်းတို့ကို ခုခံမည့် နေရာဟု ထင်သည့်နေရာအားလုံး
ကို လိုက်လံ ပစ်ခတ်ခဲ့ကြောင်း၊ ယခု တခေါက်တွင် စစ်ကောင်စီတပ်များမှာ အင်အားအလွန်များပြီး တပ်ရင်းတရင်းလုံး ရွေ့ လာသည့် သဘော ဖြစ်ကြောင်း ဆိုသည်။
ပြန်လည် ခုခံပြီး တိုက်ခိုက်သည့် အဖွဲ့ တချို့ ရှိသော်လည်း အနည်းငယ်သာ ဖြစ်ကြောင်း၊ နေ့လယ် ၁၁ နာရီခန့်တွင် တမြို့ လုံးသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ရပ်ကွက်ထဲရှိ ကတ္တရာလမ်းမများပေါ်သို့ ရောက်ရှိလာကြောင်း သိရသည်။
“ဒီမှာပဲ စခန်းချပြီးတော့ မြို့သိမ်းပွဲ လုပ်မယ့် ပုံစံမျိုး။ ကျနော်တို့ အဖွဲ့တွေက အင်အားချင်း မမျှတဲ့အတွက် ခနရှောင်ပေး ထားတာ။ ထိပ်တိုက် မရင်ဆိုင်သေးဘူး။ ပြောရရင် သူတို့ တမူးမြို့ထဲကို ဝင်စီးနိုင်ပြီးတော့ တမူးကျသွားပြီဆိုတဲ့ ပုံစံမျိုး မ ဟုတ်သေးဘူးဆိုတာ အသိပေးချင်တယ်”ဟု တမူးဒေသခံက ပြောသည်။
အင်တာနက်လိုင်းမှာ နံနက် ၁၁ နာရီအထိ ပြတ်တောက်ခဲ့ပြီးနောက် အိန္ဒိယဆင်းကတ်မှ လိုင်းပြန်ရကြောင်း၊ နေ့လယ်ပိုင်း တွင် ဈေတန်း ၁၂ ရပ်ကွက် ရာအိမ်မှူးအိမ် ဝင်ရောက် ဖျက်စီးခံရကြောင်း၊ တမူးမြို့ Grace ဆေးရုံထဲသို့ ဝင်ရောက် စီးနင်း ပြီး ပစ္စည်းများ ဖျက်ဆီးခံရသလို ဖုန်းများလည်း အသိမ်းခံရကြောင်း မြို့ ခံများက ပြောသည်။
“နောက်ဆုံး အခြေအနေကတော့ သူတို့ တမြို့လုံးကို ဝင်စီးထားတယ်။ ပြီးတော့ မဲမဲမြင်ရာကို လိုက်ပစ်နေတာ။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ ဟိုနေ့က သူတို့ဘက်က အကျများလို့ အခုလို ပြန်လုပ်တာပါ။ လက်ရှိတော့ စန္ဒကူးရပ်ကွက်ဘက်
မှာ တပ်စွဲထားပါတယ်”ဟု တမူးမြို့ ခံတဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့က တမူးမြို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် ဒေသခံများကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦး ထက်မနည်း သေဆုံးသွားခဲ့ကြောင်း ဒေသခံများဘက်မှ ကြားသိရ သည်။
Tamu Security Group ၏ ဖော်ပြချက်အရ ယင်းနေ့တွင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
You may also like these stories:
စစ်အာဏာသိမ်းခြင်းက နေ့သစ်ဆီ လမ်းဖွင့်ပေးခဲ့သည်
တမူးတွင် တပ်က ပြည်သူတဦးကို ပစ်သတ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်
စစ်တပ်က ပစ်ခတ်ခဲ့သည့် ပဲခူးဖြစ်စဉ်တွင် သေဆုံးသူ ၇၀ ကျော်ရှိလာ