မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် တခုတည်းသော အသက် ၁၂နှစ်အောက် ကလေးငယ်များအတွက် အသက်အာမခံ အမျိုးအစားဖြစ်သည်။ စာသင်သားအသက်အာမခံသည် အာမခံထားသူ(ကလေး)၏ ပညာရေးအတွက် အသက်(၁၇)နှစ် ပြည့်သည့်အချိန်မှ စ၍ တနှစ်တကြိမ်ကျစီဖြင့် အကျိုးခံစားခွင့်ကို ၄နှစ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Grand Guardian Life Insurance Company Limit(GGLI)မှ စာသင်သားအသက်အာမခံသစ်ကို မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁ရက်နေ့က စတင်မိတ်ဆက်ခဲ့သည်။ စာသင်သား အသက်အာမခံသည် သားသမီးများ၏ အနာဂတ်ကို ပညာရေးဖြင့် စိတ်ချသေချာလိုသည့် မိဘတိုင်းအား စိတ်အေးချမ်းမှု ပေးရန်ရည်ရွယ်ထားသည်ဟု သိရသည်။











