မန္တလေးခရိုင်အတွင်း ဒီဇင်ဘာ ၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန် Stay at Home ၂ ပတ် ကာလသတ်မှတ်ထားပြီး မြို့နယ်ထွေအုပ်ရုံးအချို့တွင် မြို့နယ်ဝင်ထွက်ကဒ်များပြုလုပ်ရာ အဆင်မပြေ ကြံ့ကြာမှုများရှိနေကြောင်းသိရသည်။
အချို့သောမြို့နယ်များတွင် မြို့နယ်ဝင်ထွက်ကဒ်များပါရှိသော်လည်း ရပ်ကွက်အချို့ရှိ စီစစ်ရေးအဖွဲ့များက လမ်းများပိတ်ထားကာ ဖြတ်သန်းသွားလာခွင့်မပြုသည့်အတွက် အများပြည်သူ သွားလာရေးတွင် အဆင်မပြေ ကြံ့ကြာမှုများရှိနေသည်။
ရိုက်ကူး – ဇော်ဇော်
တည်းဖြတ် – ငြိမ်းဇော်












