လူကုန်ကူးမှုနဲ့ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ဆရာတော် ဦးက္ကန္ဒက ကျောင်းထိုင်ခဲ့တဲ့ ပုသိမ်မြို့၊ အမှတ် ၁၄ နယ်မြေ၊ ပန်းဆက်ရပ်ကွက်က သာသနာ့ ဓမ္မဂုဏ်ရည်ကျောင်းတိုက်ကို မြို့နယ်သံဃာ့နာယကအဖွဲ့နဲ့ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူတွေက မနေ့ကညနေပိုင်းမှာ ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။
ကျောင်းတိုက်ကို ချိတ်ပိတ်လိုက်တာကြောင့် အဲဒီကျောင်းမှာ သီတင်းသုံးနေတဲ့ သံဃာတော် ၄ ပါးနဲ့ သီလရှင် ၃ပါးတို့မှာ ကျောင်းတိုက်က ဆင်းပေးခဲ့ရပြီး အခြားသော ဘုန်းကြီးကျောင်းတိုက်တွေမှာ ပြောင်းရွှေ့သီတင်းသုံးနေရပါတယ်။
ရခိုင်ပြည်နယ်က နိုင်ငံသားအထောက်အထားမဲ့ မွတ်စလင်တွေကို သယ်ဆောင်လာရင်း ပြည်မြို့မှာ တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့လို့ ဆရာတော်နဲ့ ကားဒရိုင်ဘာတို့မှာ ထွက်ပြေး တိမ်းရှောင်နေပြီး ဧရာဝတီတိုင်းရဲတပ်ဖွဲ့နဲ့ ပဲခူးတိုင်းရဲတပ်ဖွဲ့က ပူးပေါင်းရှာဖွေနေပါတယ်။
ရိုက်ကူး – ဆလိုင်းသန့်စင်
တည်းဖြတ် -အောင်ခိုင်မျိုး