ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့က ဖမ်းဆီးထားတဲ့ မိုးကုတ်မြို့က စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း လွတ်မြောက်ရေး အတွက် ညီဖြစ်သူ ဦးကျော်လင်းက ရန်ကုန်မြို့၊ Rose Garden Hotel မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
TNLA က ဦးကျော်ဝင်းကို ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာ အခုအချိန်အထိ မိသားစုကို အကြောင်းကြားခြင်းမရှိသလို ဆက်သွယ်လာခြင်းလည်းမရှိသေးဘူးလို့ ဦးကျော်လင်းက ဆိုပါတယ်။
ဒါ့ကြောင့် ဦးကျော်ဝင်းရဲ့ မိသားစုတွေအနေနဲ့ TNLA အပါအဝင် တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အဖွဲ့ခေါင်းဆောင်ထံကို စာပို့ပြီး အကူအညီတောင်းထားတယ်လို့လည်း ဆိုပါတယ်။
ရိုက်ကူး/တည်းဖြတ် – ကျော်သူရ











