သတင်း

SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း ပြန်လွတ်ဖို့ UWSA ထံ မိသားစု အကူအညီတောင်း

Want create site? Find Free WordPress Themes and plugins.

တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)မှ ဖမ်းထားသော မိုးကုတ်စံပြမုန့်တိုက် (SP)နှင့် ကျောက်မျက်လုပ်ငန်းရှင် ဦးကျော်ဝင်း လွတ်မြောက်ရေး မိသားစုက “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ထံကို အကူအညီတောင်းထားကြောင်း သိရသည်။

ယနေ့ နေ့လည် ၂ နာရီက ရန်ကုန်မြို့ Rose Garden ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ဦးကျော်ဝင်း၏ ညီ ဦးကျော်လင်းက လားရှိုးမြို့ရှိ “ဝ” ဆက်ဆံရေးရုံးမှ တဆင့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်း ရေ းကော်မတီ(FPNCC) ဥက္ကဋ္ဌ UWSA ၏ ခေါင်းဆောင်ထံ ဦးကျော်ဝင်း အမြန်ဆုံးပြန်လည်လွှတ်မြောက်ရေး အကူအညီပေးရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများကို ပြောသည်။

ယခုကဲ့သို့ UWSA က ဦးဆောင်သည့် FPNCC သို့ ကြားဝင်ဖြေရှင်းပေးရန် မေတ္တာရပ်ခံတောင်း ဆိုခြင်းမှာ ယခင် ကလည်း TNLA က ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်လည်လွှတ်မြောက်ရေး ကိစ္စရပ်များကို ကြားဝင်ဖြေရှင်းခဲ့ရာတွင် ပြေလည်မှုများ ရရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဦးကျော်လင်းက ဆိုသည်။

၎င်းက “ အခုအချိန်အထိ TNLA ဘက်က မိသားစုဆီကို ငွေကြေးတောင်းခံခြင်းမရှိသလို ဘာဆက်သွယ်မှုမှလည်း မလုပ်ပါဘူး။ ကျနော်တို့ဘက်ကလည်း ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရသေးပါဘူး ” ဟု ဆိုသည်။

မိုးကုတ်စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို TNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ပြီးခဲ့သည့် ၂၀၂၀ ဒီဇင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း မိုးကုတ်မြို့တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယခု ၁ လကျော်ကြာချိန်အထိ ဖမ်းဆီး ထိန်းသိမ်းထားခံရခြင်းဖြစ်သည်။

ဦးကျော်ဝင်းတို့ မိသားစုအနေဖြင့် TNLA အဖွဲ့ ထံသို့ ယခင်ကတည်းကလည်း အခွန်ပေးဆောင်ရခြင်းမျိုး မရှိခဲ့သလို ယခုလို ဖမ်းဆီးခြင်းသည် မည့်သည်ကိစ္စရပ်ကြောင့်ဖြစ်ခြင်းကို မိသားစုအနေဖြင့် လုံးဝ သိရှိရခြင်းမရှိသေးကြောင်း ဦးကျော်လင်းက ပြောဆိုသည်။

ယနေ့ ရန်ကုန်မြို့ Rose Garden ဟိုတယ်တွင် ပြုလုပ်သည့် ဦးကျော်ဝင်းလွတ်မြောက်ရေး သတင်းစာရှင်းလင်းပွဲ တွင် ညီဖြစ်သူ ဦးကျော်လင်းက သတင်းသမားများကို အခြေအနေအား ရှင်းပြနေစဉ်(ကျော်သူရ၊ ဧရာဝတီ)

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းတွင်လည်း တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မ တော်(TNLA)မှ ဖမ်းဆီးထားသည့် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်ကိစ္စနှင့်ပတ်သက်ပြီး “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က ကြားဝင် စေ့စပ် ညှိနှိုင်းပေးပြီးနောက် TNLA ဘက်က ပြန်လည်လွှတ်ပေးခဲ့သည်။

ယခုသတင်းကိစ္စနှင့်ပတ်သက်ပြီး တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ထံ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော် လည်း ဆက်သွယ်၍ မရခဲ့ပေ။

၂၀၂၀ခုနှစ်ကုန်ပိုင်းတွင် TNLA က မိုးကုတ်မြို့နေ လုပ်ငန်းရှင်များကို ပြန်ပေးဆွဲ ငွေတောင်းသည့် ဖြစ်စဉ်များသည် ခပ်စိတ်စိတ် ဖြစ်ပွားခဲ့ရာ ဒေါ်ခင်မြင့်ဌေး ဆိုသူကိုလည်း ချဲရောင်းသည်ကို အကြောင်းပြကာ ၁၀ ရက်ကြာဖမ်းဆီး နှိပ်စက်သဖြင့် မိသားစုက ကျပ်သိန်း ၆၅၀ ဖြင့် ပြန်လည်ရွေးယူခဲ့ရသည်။

မိုးကုတ်လုပ်ငန်းရှင်တချို့မှာမူ ၎င်းတို့၏ ဖုန်းများသို့ စာတို(SMS ) ပေးပို့ကာ ခြိမ်းခြောက် တောင်း ခံရမှုများရှိပြီး ငွေတောင်းခံရသူ အများစုက အသက်အန္တရာယ် စိုးရိမ်မှုနှင့် ထပ်မံဖမ်းဆီးခံရမည်ကို ကြောက်ကြ သဖြင့် တိုးတိုး တိတ်တိတ်သာ ဖြေရှင်းနေကြသလို မြို့ခံလုပ်ငန်းရှင်တချို့ကလည်း မိုးကုတ်မြို့ကနေ တခြား ဒေသများသို့ ပြောင်းရွှေ့နေကြသည်။

ထိုသို့ ဖမ်းဆီး နှိပ်စက်ငွေညှစ် လူပြန်ပေးကဲ့သိုသော ဥပဒေမဲ့လုပ်ရပ်များကြောင့် လက်နက်ကိုင်အဖွဲ့များကို မိုးကုတ်မြို့ခံများက အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသလို လူ့အခွင့်ရေးလှုပ်ရှားသူများကလည်း ရှုံချပြစ်တင်ကြသည်။

အလားတူ မိုးကုတ်နယ်တဝိုက် လှုပ်ရှားနေသည့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)ကလည်း လူ ၁၆ ယောက်ကို မူးယစ်ဆေးဝါး ရောင်းဝယ်သူများဟု ခေါင်းစဉ်တပ်ကာ ဖမ်းဆီးထားသည်။

You may also like these stories:

ချဲ ရောင်းတာကို အကြောင်းပြပြီး ပြန်ပေးဆွဲနေသလို ဖြစ်နေတယ်

SSPP အဖွဲ့က မိုးကုတ်ဒေသခံ ၁၆ ဦးကို မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ဖမ်းဆီး

လူထုအား ဖမ်းဆီး ငွေညှစ်သည့် လက်နက်ကိုင်များကို လူ့အခွင့်အရေး လှုပ်ရှားသူများဝေဖန်

လူထုအား ဖမ်းဆီး ငွေညှစ်သည့် လက်နက်ကိုင်အဖွဲ့များကို မိုးကုတ်မြို့ခံများ ဆန္ဒပြ

နန်းမိုဟွမ်ကို ပြန်လွှတ်ပေးရန် TNLA သဘောတူဟု FPNCC အတည်ပြု

နန်းမိုဟွမ်ကို TNLA က ထောင် ၃ နှစ်ချဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading